ခပ်အူကြောင်ကြောင်နိုင်တဲ့ ပုံစံမျိုးပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခု ခုပဲဖြစ်ဖြစ်၊ လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ လက်မခံလောက်တဲ့ သတင်းတစ်ခုပဲဖြစ်ဖြစ် ကြားလိုက်ရရင် မျက်ခုံးပင့်မေးငေါ့တတ်ကြ မှာအမှန်ပါပဲ။ သာမန်မဟုတ်တဲ့ဖြစ်ရိုးဖြစ်စဉ်တွေက လက်တလော လူ့ပတ်ဝန်းကျင်မှာ လက်မခံနိုင်ကြတာသဘာဝပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က အမျိုးသမီး တစ်ဦး ရဲ့ လုပ်ရပ်ကိုကြည့် ပြီး ရူးတယ်လို့၊ အူကြောင်ကြောင်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ အချစ်မှာဘောင်တွေ၊ စည်းမျဉ်း စည်းကမ်း တွေမရှိတဲ့အကြောင်းကို သက်တမ်း ၁၀၇ နှစ်ရှိတဲ့ အိမ် စုတ်ကြီး တစ်လုံးအပေါ် တကယ့်ချစ် ခြင်းမေတ္တာသက်ဝင်သွားခဲ့ပြီး လက် ထပ်လိုက်ခဲ့တဲ့ဖြစ်ရပ်နဲ့ပဲ သက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။
အမျိုးသမီး ဘေဘီသက်တမ်းရင့်အိုဟောင်းနွမ်းနေပြီး မကြာမီမှာ ဖျက်ဆီးဖြိုလဲပစ်တော့မယ့် အိမ်ကြီးအပေါ်မှာ မေတ္တာသက်ဝင်သွား ခဲ့ရာကနေ နောက်ဆုံးမှာ လက်ထပ်လိုက်တဲ့အထိတောင်ဖြစ်သွားခဲ့ ရတာပဲဖြစ်ပါတယ်။ ယင်းမှာ ဒီအတိုင်းမပြုမပြင်ပဲ ပစ်ထားမယ့်အိမ် ကြီးအတွက် နှမြောစိတ်ကြောင့် သူမနဲ့လက်ထပ်ပြီးလိုက်ပါက နှစ် လိုစရာကောင်းတဲ့ အိမ်တစ်လုံးဖြစ်လာအောင် ပြုပြင်ထိန်းသိမ်းချင် တဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါတယ်။
သူမရဲ့ဒီလိုမျိုးစိတ်ကူးအတွက်လည်း အားပေး ထောက်ခံသူများစွာ ရရှိခဲ့ပြီး ထိုလူအများရဲ့ အားပေးတိုက်တွန်းမှုများကြောင့် မင်္ဂလာ ဆောင်သတို့သမီးဝတ်စုံ ဝတ်ဆင်ကာ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲတစ်ခု ကို လူအများရှေ့မှာ လက်တွေ့ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)