ရင်မောစရာ မြန်မာနိုင်ငံ အိမ်ခြံမြေ

ရင်မောစရာ မြန်မာနိုင်ငံ အိမ်ခြံမြေ - Property News in Myanmar from iMyanmarHouse.com
19 Jan 2015 12:06 pm တွင် တင်ခဲ့သည်
2393 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည် ရက်ပိုင်းအတွင်း စာရေးသူ၏ facebook စာမျက်နှာပေါ်တွင်မိတ်ဆွေတစ်ဦးတင်လိုက်သည့် စာတစ်ပိုင်းကို တွေ့ရသည်။
လှည်းတန်းတွင်ရှိသည့် နယူးဝင်း ဘီယာဆိုင်ကြီးကို SAMSUNG ဖုန်းပြခန်းဖွင့်ရန်အတွက် တစ်လလျှင် သိန်း ၁၂၀ ဖြင့်ငှားလိုက်သည်ဆိုခြင်းပင်။

ထိုအကြောင်းကြောင့် ကျွန်တော့်အနေဖြင့် အံ့သြဘနန်းဖြစ်ခဲ့ရသည်။ပြည်တွင်းသို့ ဝင်ရောက်လာသော ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက်ကွန်ပြူတာနှင့် ပတ်သက်၍၊ ဖုန်းနှင့် ပတ်သက်၍၊ ဝန်ဆောင်မှုပိုင်းများနှင့်ပတ်သက်သော လုပ်ငန်းစုများသည် ပြည်တွင်းဝယ်လိုအားများခြင်းကြောင့်အမြတ်အစွန်းရရန် သောချာပါသော်လည်း
အခြားသောရင်းနှီးမြှုပ်နှံမှုများအတွက်မူ ယင်းပမာဏသည် များသည်ဟု ဆိုရချေမည်။

ထို့ကြောင့်လည်း ပြန်ထွက်သွားသော အချို့ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိနေချေသည်။ နိုင်ငံတွင်း၌ နိုင်ငံရေးမူဝါဒ
ပြောင်းလဲခဲ့ပြီးသည့် လေးနှစ်နှစ်တာကာလအတွင်းတွင်ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများဖြင့်
စီးပွားရေးမူဝါဒများလည်း ပြောင်းလဲလာခဲ့သည်။ သို့သော်မည်သည့်ရင်းနှီးမြှုပ်နှံမှုကိုမဆို အသုံးစရိတ်အတွက် ကုန်ပစ္စည်း
ရောင်းချမှုဈေးနှုန်းသည် ဆိုင်ခန်းငှားရမ်းခ (သို့) ဆိုင်အတွက်ပြင်ဆင်စရိတ်တို့ကဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့သည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် မည်သည့်နေရာ၌ စီမံကိန်းဟူသောအသံကလေးထွက်လာသည်နှင့် တမဟုန်ချင်း မြင့်တက်သွားသည်မှာ
အိမ်ခြံမြေဈေးနှုန်းပင်ဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်လာရသည်မှာလည်း အချို့သောစီးပွားလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးခဝါချမှုကြောင့် ဖြစ်သည်။ ငွေမည်းကိုငွေဖြူပြောင်းလဲရာ၌ အလွယ်ဆုံးနှင့် အလျှင်မြန်ဆုံးဖြစ်သော အိမ်ခြံမြေဈေးကွက်ကို ချယ်လှယ်လိုက်ခြင်းပင်။

ထို့အတူ နယ်ဒေသများအတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်း ပါးခြင်းကြောင့်ရန်ကုန်သို့သာ လာရောက်လုပ်ကိုင်လာကြရာ ရန်ကုန်သည် တစ်နှစ်ထက်တစ်နှစ်
လူနေထူထပ်လာနေသည်။ လူနေ ထူထပ် လာခြင်းနှင့် အမျှ နေစရာအိမ်အတွက်ပါ လိုအပ်ချက် မြင့်တက်လာခြင်း ဖြစ်သည်။ မမျှတသော အိမ်ရာများနှင့် လူဦးရေ အချိုး
တို့သည် သည်နေရာတွင် ပေါ်လွင်လာလေသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်အတွင်းက ရန်ကုန်မြို့၏ မြို့နယ်အလိုက် အိမ်ခြံမြေ ဈေးနှုန်းများကို သတ်မှတ် ပေးခဲ့သည်။ ထို့အပြင်အခွန်စည်းကျပ်မှုများလည်း ပြုလုပ်ခဲ့သည်။
သို့သော် ပြည်တွင်းအခွန်ဦးစီးဌာန၏ စံနှုန်း သတ်မှတ်ချက် များသည် အိမ်ခြံမြေဈေးကွက်ကို ထိရောက်သော ထိန်းချုပ်မှု တစ်ခုတော့ မဖြစ်ခဲ့ပေ။

ကမ္ဘာတွင် စီးပွားရေးအဖွံ့ဖြိုးဆုံး အမေရိကန်နိုင်ငံ၏အိမ်ခြံမြေဈေးနှုန်းများနှင့် ယှဉ်ကြည့်ပါက မြန်မာနိုင်ငံ ရန်ကုန်မြို့၏အိမ်ခြံမြေဈေးနှုန်းသည် ပို၍ ကြီးမြင့်နေသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ တစ်ပေပတ်လည် မြေတစ်ကွက်လျှင် ၄၉၇ ဒေါ်လာဖြစ်ခဲ့သည်။ ယင်းပမာဏသည် ၂၀၁၃ ခုနှစ်ကပေါက်ဈေးထက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် တစ်ပေပတ်လည် အိမ်ခြံမြေဈေးနှုန်းသည် ငါးသိန်း နီးပါးမျှဖြစ်ချိန်တွင် ရန်ကုန်မြို့၏ အိမ်ခြံမြေ တစ်ပေပတ်လည်
ဈေးနှုန်းသည် ကျပ်ဆယ်သိန်းကျော်ခန့် ဈေးပေါက်နေသည်။ ထက်ဝက်နီးပါး
များနေသေးသည်။

ထို့သို့ များပြားနေသော အိမ်ခြံမြေဈေးနှုန်းများကို ယခု ၂၀၁၅ ခုနှစ်တွင်
ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းအခွန်ဌာနမှ မည်ကဲ့သို့
ပြုလုပ်မည်ကို စာရေးသူ မသိသေးချေ။ သို့သော် အောက်တိုဘာ ရောက်လာလျှင်တော့ စံနှုန်းသတ်မှတ်ချက် ထုတ်ပြန်ပေးပေလိမ့်မည်။

မည်မျှ အကျိုးသက်ရောက်မည်နည်း။ မဟာရန်ကုန်မြို့တော်ကြီးတွင် ထူထပ်လာသောလူဦးရေအချိုးအတွက် အိမ်ရာပေါင်းသောင်းဂဏန်းမျှ နှစ်စဉ်လိုအပ်လျက်ရှိသည်။
ယခု ရန်ကုန်မြို့ရှိ အိမ်ငှားရမ်းခသည်အနည်းဆုံး တစ်သိန်းနီးပါးနှင့်အထက်တွင် ရှိသည်။

လက်ရှိ နိုင်ငံတွင်ရှိနေသော ဝန်ထမ်းများ၏ ဝင်ငွေအချိုးနှင့် အထွေထွေ အသုံးစရိတ်အချိုးကို နှိုင်းယှဉ်ကြည့်ပါက နေစရိတ်အချိုးသည် သာလွန် နေပေသည်။
ထို့အတူ ပြန်ထွက်သွားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ အကြောင်းပြချက်သည်လည်း အိမ်ခြံမြေ ငှားရမ်းခ နှုန်းထား ကြီးမြင့်ခြင်း ကြောင့်ပင် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များတွင်တစ်စိတ်တပိုင်းအရ အဆောက်အအုံ ကဏ္ဍသည် ပါဝင်လျက်ရှိရာ ဆိုင်ခန်းတစ်ခန်း၊ ကုမ္ပဏီတစ်ခုဖြစ်ရန်
အခြေခံအကျဆုံး ကဏ္ဍတွင် ငွေအလုံးအရင်းနှင့် မြှုပ်နှံထားရပါက ဝင်ရောက်လာသော ပြည်ပရင်းနှီး မြှုပ်နှံသူများအတွက်စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်နေသည်။

ထို့ကြောင့် ယခု ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်လာမည့် အကျိုးရှိသော
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာမသွားစေရန်ဆိုလျှင်မြင့်တက် နေသော အိမ်ခြံမြေဈေးနှုန်းများကို တိကျသော ဥပဒေများ၊ ချမှတ်ပြီးသား ဥပဒေများကို
အသက်ဝင်စေရမည်ဖြစ်သလို အခွန်စည်းကျပ်မှု ကိုလည်းထိရောက်စွာ ကိုင်တွင်နိုင်ရန် လိုအပ်ပေသည်။

သို့မဟုတ်လျှင် အခြေခံဝန်ထမ်းများ၏ ကြီးမြင့်လာနိုင်သော နေစရိတ်များနှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်လာစေသော ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ အခြေအနေ ကြောင့်
စီးပွားမြို့တော် မဟာ ရန်ကုန်ကြီးသည် အနာဂတ်ကာလတွင်ရင်မောစရာ ဖြစ်လာနိုင်ပါကြောင်း။

သုနောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service