ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ခမ်းနားသည့် သမိုင်းကြောင်းများရှိသော အမေရိကရွှေခေတ် စံအိမ်ကြီးတစ်လုံး လျှော့ဈေးဖြင့် အရောင်းဈေးကွက်ပြန်ဝင်လာသည်။
(မှတ်ချက်။ ၁၈၇၀ မှ ၁၉၀၀ ပြည့်နှစ်အထိ ကာလကို အမေရိကရွှေခေတ်ဟု ခေါ်ကြသည်။ ဥရောပသားများ အမေရိကသို့ အလုံးအရင်းရွှေ့ပြောင်းအခြေချကြသော ကာလဖြစ်သည်)
နယူးယောက်မြို့လယ် အထင်ကရပန်းဥယျာဉ်ကြီးဖြစ်သော Central Park ဘေးတွင် တည်ရှိပြီး စတုရန်းပေ ၁၀၃၀၀ ကျယ်ဝန်းသော စံအိမ်ကြီးမှာ ယခင်က ကုလသမဂ္ဂဆိုင်ရာ အီတလီသံအမတ်ကြီးများ၏ စံအိမ်ဖြစ်ခဲ့ဖူးရုံမျှမက Calvin Klein နှင့် Gucci မိသားစုတို့လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။
ယခုအခါ ကန်ဒေါ်လာ ၁၆ သန်းဈေးခေါ်ထားရာ ယခင်ဈေးနှုန်းအောက် ဒေါ်လာ ၃ ဒသမ ၅ သန်း ဈေးလျှော့ပေးထားခြင်းလည်း ဖြစ်သည်။
စံအိမ်ရောင်းချပေးရန် တာဝန်ယူထားသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် George Vanderploeg နှင့် Stuart Brannan တို့ဖြစ်ကြောင်း StreetEasy က ဖော်ပြသည်။
Vanderploeg က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်မှာ လက်ရှိပိုင်ရှင်တို့သည် ကနဦးတွင် ၎င်းတို့ဘာသာ ဈေးနှုန်းသတ်မှတ် အရောင်းဈေးကွက်တင်ခဲ့ပြီး နောက်ပိုင်းတွင် Douglas Elliman သို့ အရောင်းအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
(▲ စံအိမ်၏ ရှေ့မျက်နှာစာမြင်ကွင်း။ ဓာတ်ပုံ-Mike Tauber and Douglas Elliman)
(▲ ခမ်းနားထည်ဝါသော အဝင်ခန်းမကြီးနှင့် လှေကား။ ဓာတ်ပုံ-Mike Tauber and Douglas Elliman)
(▲ စာကြည့်ခန်းအတွင်း မီးလင်းဖိုတစ်ခုပါသည်။ ဓာတ်ပုံ-Mike Tauber and Douglas Elliman)
အီတလီအစိုးရသည် ဤစံအိမ်ကြီးကို ၁၉၉၁ ခုနှစ်တွင် ဖက်ရှင်ထိပ်သီး Calvin Klein ထံမှ ဝယ်ယူခဲ့သည်။
နယူးယောက်အိမ်ခြံမြေမှတ်တမ်းများအရ Calvin Klein သည် စံအိမ်ကို ဝယ်ယူခဲ့ပြီး ၃ နှစ်အကြာတွင် အီတလီအစိုးရထံ ရောင်းချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းမတိုင်မီက ပိုင်ဆိုင်ခဲ့သည်မှာ Gucci မိသားစုနှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။
neo-Georgian ဗိသုကာဟန်ဖြင့် ၁၉၀၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၆ ထပ်အဆောက်အအုံဖြစ်ကာ အနံ ၇၇ ပေအထိ ရှည်လျားသည်။
(မှတ်ချက်။ နယူးယောက်မှ အဆောက်အအုံအများစုမှာ ၂၅ ပေ× ၅၀ ပေ ဖြစ်သည်)
စံအိမ်၏ အဝင်ခန်းမမှ ဝင်သွားလျှင် ကြီးမားသည့် ဧည့်ခန်းကြီးနှင့် ညစာစားခန်းတို့သို့ ရောက်ရှိမည်ဖြစ်သည်။
ညစာစားခန်းမှာ လူ ၁၆ ဦးခန့် စားသောက်နိုင်သော အကျယ်အဝန်းရှိသည်။
(▲ ကျယ်ပြောသော ညစာစားခန်းမှာ လူဦးရေ တစ်ဒါဇင်ကျော် စားသောက်နိုင်သည့် အကျယ်အဝန်းရှိသည်။ ဓာတ်ပုံ-Mike Tauber and Douglas Elliman)
(▲ ကျယ်ပြောသော နားနေခန်း။ ဓာတ်ပုံ- Mike Tauber and Douglas Elliman)
(▲ အိပ်ခန်း ၆ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Mike Tauber and Douglas Elliman)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You can buy the Gilded Age former home of the Gucci family, Calvin Klein and Italian ambassadors for $16M Photo Credit- Mike Tauber and Douglas Elliman