ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ - Property News in Myanmar from iMyanmarHouse.com
27 Jan 2025 12:25 pm တွင် တင်ခဲ့သည်
536 ကြိမ် ကြည့်ရှု့ပြီး

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများကို ကီဗင်ကော့စနာက ခါးခါးသီးသီး ငြင်းပယ်လိုက်သည်။ မိမိ မည်သည့်အရာမှ ရှာဖွေနေခြင်းမရှိကြောင်းလည်း ၎င်းက ပြောသည်။ အသက် ၇၀ အရွယ်ရှိပြီဖြစ်သော ကီဗင်ကော့စနာသည် လက်ရှိအားဖြင့် Single ဘဝဖြင့် ဖြတ်သန်းနေသည်။

ပြီးခဲ့သောနှစ်အတွင်း အသက် ၅၀ အရွယ်ရှိ ဇနီးဖြစ်သူ ခရစ္စတင်း ဘန်းဂါ့တ်နာနှင့် ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း Single ဖြစ်နေခြင်း ဖြစ်သည်။

ကီဗင်ကော့စနာသည် ၎င်းအောက် ၁၅ နှစ်အသက်ငယ်သူ ဂျနီဖာလိုပက်ကို မျက်စိကျနေကြောင်း ကောလာဟလသတင်းများ ရှိသည်။

ခရစ္စမတ်ကာလက အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့တွင် ဂျနီဖာလိုပက်နှင့် ကီဗင်ကော်စနာတို့ နှစ်ဦးကို အတူတွေ့ခဲ့ရပြီးနောက်ပိုင်း ၎င်းတို့ ချစ်ကြိုက်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ကီဗင်ကော့စနာ၏ ပြောရေးဆိုခွင့်ရှိသူကမူ အဆိုပါ ကောလာဟလများကို ခါးခါးသီးသီး ငြင်းပယ်လိုက်သည်။

၎င်းက People မဂ္ဂဇင်းသို့ ပြောသည်မှာ ကီဗင်ကော့စနာသည် မည်သူနှင့်မျှ ချစ်ကြိုက်နေခြင်းမရှိကြောင်း ပြောသည်။

ကီဗင်ကော့စနာသည် ဂျနီဖာလိုပက်ဇ်၏ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်မှ ကန်ဒေါ်လာ ၆၈ သန်းတန် စံအိမ်ကြီးတွင် စတည်းချနေခြင်းမရှိဟုဆိုလျှင် မည်သည့်နေရာတွင် နေထိုင်သနည်း။ အောက်တွင် ကီဗင်ကော့စနာ ပိုင်ဆိုင်ထားသော စံအိမ်များကို ဖော်ပြထားပါသည်။

((ကယ်လီဖိုးနီးယားပြည်နယ်၊ Carpinteria မြို့ ကမ်းခြေစံအိမ်))

(ကီဗင်ကော့စနာသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Carpinteria မြို့ရှိ ကြီးမားသောစံအိမ်ကြီးကို ၁၉၈၈ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ ယင်းနောက်ပိုင်း ပထမဇနီး စင်ဒီ ဆေးလ်ဗားနှင့် အခြေချနေထိုင်ခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် လမ်းခွဲခဲ့သည်။ ဓာတ်ပုံ-Getty Images)

(Carpinteria မြို့မှ စံအိမ်ကို ကီဗင်ကော့စနာက ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ကို မသိရချေ။ ကာလပေါက်ဈေးမှာမူ ကန်ဒေါ်လာ ၁၄၅ သန်းခန့် တန်ကြေးရှိသည်။ ဓာတ်ပုံ-realtor)

(ခြံအကျယ် ၁ ဒသမ ၄ ဧကရှိပြီး ပင်မစံအိမ်အပြင် အခြားနေအိမ် ၂ လုံးပါဝင်သေးကာ ပစိဖိတ်သမုဒ္ဒရာ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Costner)

(ကီဗင်ကော့စနာနှင့် ခရစ္စတင်း ဘန်းဂါ့တ်နာတို့ ကွာရှင်းချိန်တွင် နေအိမ်ကို မည်သူပိုင်ဆိုင်သွားသနည်းဟု ပရိသတ်တို့က မေးမြန်းကြသည်။ ဓာတ်ပုံ-Getty Images)

((La Canada Flintridge မြို့စံအိမ်))

(Carpinteria မြို့စံအိမ်ကို ဝယ်ယူပြီး တစ်နှစ်အကြာတွင် ကီဗင်ကော့စနာနှင့် ခရစ္စတင်းတို့စုံတွဲသည် ကယ်လီဖိုးနီးယားပြည်နယ်၊ La Canada Flintridge မြို့ရှိ စံအိမ်ကို ၁၉၈၉ ခုနှစ်တွင် ထပ်မံ ဝယ်ယူခဲ့သည်။)

(ဤစံအိမ်ကို ဗိသုကာပညာရှင် John Mclnnes က ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်)

(အီတလီ မြေထဲပင်လယ်ဟန်များ လွှမ်းခြုံထားသော ပင်မစံအိမ်မှာ အကျယ်အဝန်း ၆၇၅၄ စတုရန်းပေရှိသည်)

(ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့သော်လည်း ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၂ ဒသမ ၆၉ သန်းမျှဖြင့် ရောင်းချခဲ့သည်)

((လော့စ်အိန်ဂျလိစံအိမ်))

(ဆေးလ်ဗားနှင့် ၁၉၉၄ ခုနှစ်တွင် ကွာရှင်းခဲ့ပြီးနောက် ကီဗင်ကော့စနာသည် လော့စ်အိန်ဂျလိရှိ စပိန်ဗိသုကာဟန်စံအိမ်ကို ၁၉၉၅ ခုနှစ်တွင် ကန်ဒေါ်လာ ၃ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Getty Images)

((ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့မှ မွေးမြူရေးခြံကြီး))

(ကီဗင်ကော့စ်နာ၏ ကယ်လီဖိုးနီးယားစံအိမ်များမှာ အထင်ကြီးဖွယ်ရာဖြစ်သော်လည်း သူ၏ အိမ်ခြံမြေများအနက် အခမ်းနားဆုံးမှာ ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့မှ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး ဖြစ်သည်။ ဓာတ်ပုံ-Realtor)

(ကီဗင်ကော့စ်နာနှင့် ခရစ္စတင်းတို့သည် အက်စ်ပန်မှ မွေးမြူရေးခြံကြီးကို ၂၀၀၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၃၀၀၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါခြံကြီးတွင် ၂၀၀၄ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြသည်။ ဓာတ်ပုံ-Realtor)

(ကော်လိုရာဒိုရှိ မွေးမြူရေးခြံမှာ အက်စ်ပန်မြို့လယ်မှ ကားဖြင့် မိနစ်ပိုင်းသာ သွားရသည်။ ဓာတ်ပုံ-Realtor)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Kevin Costner’s $200 Million-Plus Property Portfolio as He Responds to Jennifer Lopez Romance Rumors

Photo Credit: Getty Images, realtor,costner

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service