ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Jan 2025 10:35 am တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဘောလိဝုဒ်မင်းသမီးလေးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုက်ပြီးနောက် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ရာ အဆိုပါ ထုတ်လုပ်သူက မင်းသမီးအား ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခဲ့သည်။ ယင်းနောက်ပိုင်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးသွားခဲ့ရရှာသည်။

ဘောလိဝုဒ်သည် ရုပ်ရှင်ပရိသတ်၏ နှလုံးသားများကို ဖမ်းစားနိုင်မည်ဆိုပါက အောင်မြင်မှု၊ ကျော်ကြားမှု၊ ငွေကြေးဥစ္စာတို့ ရရှိနိုင်မည့် နေရာဖြစ်သည်။

သို့သော် ပွဲဦးထွက်တွင် ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားမှုများရခဲ့သော်လည်း နောင်အခါတွင် ကြေကွဲဖွယ် ဇာတ်သိမ်းခဲ့ရသည့် သာဓကများစွာလည်း ရှိနေသည်။

ထိုသူတို့သည် အောင်မြင်မှု လျင်မြန်စွာရခဲ့သည့်နည်းတူ ငွေကြေး၊ ကျော်ကြားမှု၊ ကြယ်ပွင့်ဘဝတို့ကို လျင်မြန်စွာပင် ပြန်လည်ဆုံးရှုံးသွားကြသည်။

ထိုသို့သော သူများအနက် အထင်ရှားဆုံး သာဓကမှာ ရုပ်ရှင်မင်းသမီး ဗီမီ၏ ကြေကွဲဖွယ် ဘဝ ဖြစ်သည်။

((ဗီမီ၏ ဘောလိဝုဒ် ပွဲဦးထွက် အောင်မြင်မှုကြီး ))

ယနေ့ခေတ်တွင် အများစုက ဗီမီ၏ အမည်ကို ကြားဖူးကြမည် မဟုတ်ချေ။

ဗီမီသည် ၁၉၆၀ ပြည့်လွန် နှောင်းပိုင်းကာလများက ပရိသတ်များ၏ သဲသဲလှုပ် ချစ်ခင်အားပေးခံခဲ့ရသူ ဖြစ်သည်။

ဂီတဒါရိုက်တာ ရာဗီက ဗီမီကို ပါတီပွဲတစ်ခုတွင် တွေ့ရှိသွားသည်။

သူ၏ စွဲလမ်းနှစ်လိုဖွယ် ရုပ်ရည်ကြောင့် ဗီမီသည် ရုပ်ရှင်မင်းသမီးအဖြစ် မြေတောင်မြှောက်ပေးခြင်းခံရကာ Hamraaz အမည်ရှိ ရုပ်ရှင်ကားတွင် ဘောလိဝုဒ် ဂန္ထဝင် ကြယ်ပွင့်ကြီး Sunil Dutt နှင့် တွဲဖက်သရုပ်ဆောင်ပြီး ဘောလိဝုဒ်သို့ စတင်ခြေချခဲ့သည်။

အဆိုပါရုပ်ရှင်မှာ ထိုခေတ်ထိုကာလက အလွန်ကြီးမားသည့် အောင်မြင်မှုကြီး ရရှိခဲ့သည်။

ရုပ်ရှင်မင်းသမီးများစွာမှာ ပွဲဦးထွက် ဇာတ်ကားတွင် ဗီမီကဲ့သို့ ကြီးမားသည့် အောင်မြင်မှုမျိုး မရကြ။

((ဗီမီ၏ အောင်မြင်မှု အထွတ်အထိပ်))

ဗီမီ ဘောလိဝုဒ်သို့ ဝင်ချိန်တွင် စက်မှုလုပ်ငန်းရှင်ကြီးတစ်ဦး၏ သားဖြစ်သူ Shiv Agarwal နှင့် လက်ထပ်ထားပြီးဖြစ်ကာ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားသည်။

ဗီမီ၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ရာ နာမည်ကြီး ရုပ်ရှင်ကြယ်ပွင့်များ၊ ဒါရိုက်တာ များက ၎င်းတို့နှင့် တွဲဖက်ရိုက်ကူးရန် ကမ်းလှမ်းမှုများစွာ ရှိလာသည်။

ထိုသို့ အလွန်ကျော်ကြား အောင်မြင်သွားခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်မင်းသား Ashok Kumar နှင့် တွဲဖက်ကာ Aabroo ရုပ်ရှင်ဇာတ်ကား၊ Shashi Kapoor နှင့် တွဲဖက်ကာ Patanga ရုပ်ရှင်ဇာတ်ကားတို့ကဲ့သို့ အထင်ကရ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးခဲ့သည်။

နောက်ပိုင်းတွင် ဗီမီသည် ဘောလိဝုဒ်၏ သရုပ်ဆောင်ကြေး အမြင့်မားဆုံး ရုပ်ရှင်မင်းသမီး ဖြစ်လာခဲ့သည်။

((ဗီမီ၏ မမျှော်လင့်သော ကျဆုံးခန်း))

ဗီမီသည် ထိုသို့ အောင်မြင်မှု ကြီးမားစွာ ရနေချိန်တွင် ကျဆုံးမှုက တံခါးလာခေါက်နေသည်ကို သူ့အနေဖြင့် ကြိုတင် မသိနိုင်ခဲ့။

ဝက်ဝက်ကွဲ အောင်မြင်သည့် ရုပ်ရှင်အနည်းငယ် ထွက်ရှိပြီးနောက် ဗီမီ၏ ရုပ်ရှင်တို့မှာ ရုပ်ရှင်ရုံများတွင် အနိုင်နိုင်ပြသနေရသည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။

၁၉၇၀ ပြည့်လွန် အစောပိုင်းကာလများတွင် ဗီမီ စန်းကျကာ မှေးမှိန်သွားသည်။

ယင်းနောက်ပိုင်း ဧည့်သရုပ်ဆောင် (သို့မဟုတ်) Kahin Aar Kahin Paar ကဲ့သိို့ ရုပ်ရှင်တွင် အမည်ပင် ဖော်ပြခြင်း မခံရသော Dancer အဖြစ် ပါဝင်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။

((ပြည့်တန်ဆာ အဖြစ် သွတ်သွင်းခံရခြင်း))

ဗီမီသည် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီးနောက်ပိုင်း ဆိုးရွားသည့် ကျဆုံးခန်းဆိုက်စေမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည်။

ဗီမီသည် ဂျော်လီအမည်ရှိ ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်။ သူ၏ အချစ်ဇာတ်လမ်းမှာ သာယာလှပမည်ဟု ဗီမီက မျှော်လင့်ခဲ့သော်လည်း ဆန့်ကျင်ဘက် ရလဒ်နှင့်သာ ရင်ဆိုင်ခဲ့ရသည်။

News 18 သတင်းဌာန၏ ဖော်ပြချက်အရ ဂျော်လီက ဗီမီကို ပြည့်တန်ဆာ ဘဝသို့ သွတ်သွင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ဗီမီက ထိုဘဝမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လုပ်ငန်းသစ်တစ်ခု စတင်ခဲ့သည်။

((လုပ်ငန်းသစ်မှာလည်း ကျရှုံးခဲ့))

ကာလကတ္တားမြို့တွင် အထည်လုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့။

အကြွေးဆပ်ရန် ထိုလုပ်ငန်းကို ရောင်းချလိုက်ရသည်။

အသက် ၃၀ ကျော် အရွယ်တွင်ပင် မင်းသမီးမှာ လူမွဲ ဖြစ်သွားသည်။

ထို့ကြောင့် အရက်ကိုသာ ဖိသောက်ခဲ့ရာ ကျန်းမာရေးထိခိုက်လာသည်။ ၁၉၇၇ ခုနှစ်တွင် ဗီမီသည် အသည်းရောဂါဖြင့် ဆုံးပါးသွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်သာ ရှိသေးသည်။

ကွယ်လွန်ချိန်တွင် ကြေကွဲဖွယ် တစ်ဦးတည်းသာရှိနေပြီး သူ၏အလောင်းကိုလည်း ကုန်သည်တစ်ဦး၏ တွန်းလှည်းဖြင့် သင်္ချိုင်းသို့ သယ်ယူခဲ့သည်ဟု ဆိုသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This superstar faced violent domestic abuse, was pushed into prostitution, lost all her money, died at a young age, her dead body was carried on… (india.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service