Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း - Property News in Myanmar from iMyanmarHouse.com
25 Nov 2024 12:13 pm တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

Eminem ၏ သီချင်းများနှင့် မြန်မာပရိသတ် များစွာရင်းနှီးသည်။

Eminem ၏ Shake That အမည်ရှိသီချင်းကို စိုင်းစိုင်းခမ်းလှိုင်က တောဂေါ်လီဟု ပြန်လည်သီဆိုခဲ့ဖူးသည်။ ထို့အပြင် Eminem ၏ Rabbit run ကို စိုင်းစိုင်းခမ်းလှိုင်ကပင် ကြေညာရန်မလိုဟု ပြန်လည်သီဆိုထား သေးသည်။

Eminem ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်ရုပ်ရှင်မင်းသမီး Brittany Murphy လည်း ပါဝင်သော 8 Mile အမည်ရှိ ရုပ်ရှင်ဇာတ်ကား ရုံတင်ခဲ့ဖူးသည်။

8 Mile ဟူသော ရွေ့လျားအိမ်စခန်းတွင် Eminem ကြီးပြင်းခဲ့ပုံကို ရိုက်ကူးပြသထားခြင်းဖြစ်သည်။

ရိုက်ကူးစရိတ် ဒေါ်လာ ၄၁ သန်းကုန်ကျပြီး ရုံတင်ပြသရာတွင် ဒေါ်လာ ၂၄၂ ဒသမ ၉ သန်းရခဲ့ရာ စီးပွားရေးအရ အောင်မြင်ခဲ့သည့် ဇာတ်ကားဖြစ်သည်။

ရုပ်ရှင်ထဲတွင် ထိုသို့ရိုက်ကူးပြသခဲ့သော်လည်း Eminem သည် Continental Mobile Village တွင် အမှန်တကယ် နေထိုင်ခဲ့ဖူးခြင်း မရှိချေ။

Eminem နေခဲ့ဖူးသည်မှာ အခြား trailer park တစ်ခုတွင်ဖြစ်သည်။

အဓိကအားဖြင့် ငယ်ဘဝဖြတ်သန်းခဲ့သည်မှာ မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့၊ Greensbriar အရပ်၊ Dresden လမ်း၊ အမှတ် ၁၉၉၄၆ ရှိ နေအိမ်တွင် ဖြစ်သည်။

8 Mile ရုပ်ရှင်ထဲတွင် ရိုက်ကူးပြသထားသည်မှာ Eminem အမှန်တကယ်နေထိုင်ခဲ့ဖူးသည့်နေရာကို ပြသခြင်းမျိုး မဟုတ်ဘဲ ငယ်ဘဝက နေထိုင်ခဲ့ရပုံကို ရည်ညွှန်းပုံဖော်ပြသသည့်သဘောသာဖြစ်သော်လည်း သူ၏ ကမ္ဘာအရပ်ရပ်မှ ပရိသတ်များမှာ မီချီဂန်ပြည်နယ်ရှိ 8 Mile trailer park သို့ ဘုရားဖူးထွက်သည့်သဖွယ် အလုံးအရင်း လာရောက်ကြည့်ရှုမှုများ ရှိနေသည်။

ရုပ်ရှင်ထဲတွင် ပြသထားသည့် trailer အိမ်မှာလည်း Eminem ငယ်စဉ်က နေထိုင်ခဲ့သည့်အိမ်မဟုတ်ဘဲ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ယူဆောင်လာသည့်အိမ်သာ ဖြစ်သည်။

Eminem အမှန်တကယ်နေထိုင်ခဲ့သော ငယ်ဘဝအိမ်မှာ ဒက်ထရွိက်မြို့၊ dresden လမ်းတွင် တည်ရှိသည့်နေအိမ်ဖြစ်ပြီး Eminem ၏ The Marshall Mathers LP2 တေးအယ်လ်ဘမ် Cover တွင် ဖော်ပြခဲ့ဖူးသည်။

 

(ဓာတ်ပုံ-Pop-music.ca)

 

၂၀၁၇ ခုနှစ်အတွင်း Eminem ၏ ပရိသတ်တစ်ဦးဖြစ်သူ Shelly Hazlett အမည်ရှိ အမျိုးသမီးတစ်ဦးက Eminem ၏ ကလေးဘဝနေအိမ်ကို ဝယ်ယူကာ Eminem အတွက်ပြတိုက်အဖြစ် ပြောင်းလဲသွားရန် ကြိုးစားနေစဉ် နေအိမ်မှာ မီးသင့်လောင်ခဲ့သည်။

Shelly ၏ ဝယ်ယူရန်ကမ်းလှမ်းမှုကို နေအိမ်ပိုင်ဆိုင်ထားသော Michigan Land Bank က လက်ခံခဲ့ခြင်း မရှိချေ။

ဘန်ဂလိုဟန်ဆောက်လုပ်ထားသော နေအိမ်ဖြစ်ပြီး နေအိမ်တည်ရှိရာလမ်းတွင် လူမနေသောအိမ်ပေါင်း အလုံး ၇၀ ကျော်ရှိနေရာ Eminem ၏ နေအိမ်လည်း တစ်လုံးအပါအဝင်ဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် မီးသင့်ခဲ့ပြီးနောက် နေအိမ်၏ structure မှာ ဘေးအန္တရာယ်ရှိသောကြောင့် နိုဝင်ဘာလလယ်ပိုင်းတွင် မီချီဂန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က နေအိမ်ကို ဖြိုချခဲ့ကာ မြေနေရာကို လေလံတင်ရောင်းချခဲ့သည်။

 

(Eminem ၏ နေအိမ်ကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖြိုချခဲ့ပုံ။ ဓာတ်ပုံ-mlive)

 

လေလံတင်ရာတွင် Eminem ၏ ကလေးဘဝနေထိုင်ခဲ့သောနေရာဖြစ်ကြောင်း သတင်းများ ပျံ့နှံ့ခဲ့သောကြောင့် လေလံဆွဲမှုအကြိမ်ရေ ၁၂၀ ကျော်ရှိခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က Eminem ထံ ဆက်သွယ်ခဲ့သေးပြီး လေလံဆွဲရန် စိတ်ဝင်စားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ Eminem က ဝယ်ယူရန် စိတ်မဝင်စားခဲ့ချေ။

နေအိမ်မီးလောင်သွားသောကြောင့် စိတ်မချမ်းသာဖြစ်ရကြောင်း Eminem က ပြောခဲ့သည်။

((ပျားမွေးမြူရေးစခန်းဖြစ်လာ))

Detroit Hives ကို တည်ထောင်ထားသော Timothy Paule Jackson နှင့် Nicole Lindsey တို့စုံတွဲက ဒက်ထရွိုက်ရှိ မြေကွက်လွတ် ၃ ခုကို ဝယ်ယူကာ ပျားမွေးမြူရေးစခန်းအဖြစ် ပြောင်းလဲရန် ၂၀၁၇ ခုနှစ်တွင် ခြေလှမ်းစတင်ခဲ့သည်။

Detroit Hives သည် အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့တစ်ခုဖြစ်သည်။

ဒက်ထရွိုက်မြို့၊ Osborn အရပ်ရှိ မြေကွက် ၃ ခုကို Detroit Black Farmerland Fund ၏ အကူအညီရယူကာ ဒေါ်လာ ၃၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါမြေကွက် ၃ ခုတွင် Dresden လမ်း၊ အမှတ် ၁၉၉၄၆ မြေကွက်လည်းပါဝင်ရာ တချိန်က Eminem ငယ်ဘဝနေထိုင်ခဲ့သော နေအိမ်တည်ရှိခဲ့သည့်နေရာဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Eminem's childhood home in Detroit demolished by State of Michigan; 19946 Dresden lot for sale (mlive, allabouteminem, huffpost)

Photo Credit-Popmusic, mlive

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service