အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားရှိ သက်ကြီးရွယ်အို အိမ်ရာတွင် အသက် ၉၆ နှစ်အရွယ် အဘွားအိုက သူမ၏ အခန်းကို လက်ငင်းပေးချေငွေ ဒေါ်လာ ၂၅၀,၀၀၀ ၊ လစာ ဒေါ်လာ ၅၀၀၀ ပေးကာ နေထိုင်ခဲ့ သော်လည်း ပိုင်ရှင်သစ်တို့က ဒေါ်လာ ၁၁၀,၀၀၀ မပေးလျှင် အိမ်ပေါ်မှဆင်းပေးရန် ပြောကြားလာ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားရှိ သက်ကြီးရွယ်အို အိမ်ရာတွင် အသက် ၉၆ နှစ်အရွယ် အဘွားအိုက သူမ၏ အခန်းကို လက်ငင်းပေးချေငွေ ဒေါ်လာ ၂၅၀,၀၀၀ ၊ လစာ ဒေါ်လာ ၅၀၀၀ ပေးကာ နေထိုင်ခဲ့ သော်လည်း ပိုင်ရှင်သစ်တို့က ဒေါ်လာ ၁၁၀,၀၀၀ မပေးလျှင် အိမ်ပေါ်မှဆင်းပေးရန် ပြောကြားလာ - Property News in Myanmar from iMyanmarHouse.com
11 Sep 2024 10:58 am တွင် တင်ခဲ့သည်
638 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သက်ကြီးရွယ်အို အိမ်ရာတွင် နေထိုင်သော အဘွားအို တစ်ဦးမှာ ၃ ရက်အတွင်း ပြောင်းရွှေ့ပေးရန် သတိပေးစာ ပေးခြင်းခံရသည်။

ဒေါ်လာ ၁၁၀၀၀၀ မပေးပါက သူမ ၂၂ နှစ်ကြာနေထိုင်ခဲ့သောအိမ်မှ ဆင်းပေးရန် ပြောကြားလာခြင်း ဖြစ်သည်။

ဂျင်း ဂျက်ခ်အမည်ရှိ အဘွားအိုက ပြောသည်မှာ ၂၀၀၂ ခုနှစ်တွင် California-Nevada Methodist Homes နှင့် တသက်တာ စာချုပ်ချုပ်ထားကြောင်း ပြောသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Pacific Grove ရှိ Forest Hill Manor သူနာပြုအိမ်တွင် မိမိ၏ ကျန်ရှိသည့် ဘဝတသက်တာ နေထိုင်သွားရန် စာချုပ်ချုပ်ထားခြင်းဖြစ်ကြောင်း ဂျင်းဂျက်ခ်က ပြောသည်ဟု KSBW သတင်းဌာနက ဖော်ပြသည်။

ထိုအိမ်တွင် နေထိုင်ရန် အဘွားအိုဂျင်းဂျက်ခ်က လက်ငင်းပေးသွင်းငွေ ကန်ဒေါ်လာ ၂၅၀,၀၀၀ ပေးခဲ့ပြီး သူမ စုဆောင်းထားငွေ ကုန်သွားချိန်အထိ တစ်လလျှင် အိမ်ငှားခ ဒေါ်လာ ၅၀၀၀ လည်း ပေးခဲ့ရသည်။

(ကယ်လီဖိုးနီးယားပြည်နယ်၊ Pacific Grove ရှိ Forest Hill Manor သူနာပြုအိမ်တွင် မိမိ၏ ကျန်ရှိသည့် ဘဝတသက်တာ နေထိုင်သွားရန် စာချုပ်ချုပ်ထားခြင်းဖြစ်ကြောင်း ဂျင်းဂျက်ခ်က ပြောသည်။ ဓာတ်ပုံ-KSBW 8)

California-Nevada Methodist Homes ဒေဝါလီခံသွားပြီး အဆိုပါအဆောက်အအုံကို Pacific Grove Senior Living ထံ ၂၀၂၂ ခုနှစ်အတွင်း ရောင်းချလိုက်ပြီးနောက် ပြဿနာများ ရှုပ်ထွေးလာသည်။

Pacific Grove သည် အကျိုးအမြတ်အတွက် တည်ထောင်ထားသောအဖွဲ့ဖြစ်သည်။

Pacific Grove က Forest Hill Manor ကို ဝယ်ယူရာတွင် တသက်တာ စာချုပ်ချုပ်ထားသော နေထိုင်သူများ၏ စာချုပ်များအပေါ် ဆက်လက်လိုက်နာသွားမည်ဟူသော သဘောတူညီချက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခင် အတိုင်း ဆက်လက်နေထိုင်ရမည်ဟု ဂျင်းဂျက်ခ်က မျှော်လင့်ခဲ့သည်။

သို့သော် Pacific Grove ၏ မိခင်ကုမ္ပဏီဖြစ်သော ဆန်ဒီယေဂိုအခြေစိုက် Pacifica Senior Living က အသက် ၉၆ နှစ်အရွယ် ဂျင်းဂျက်ခ်ကို ၃ ရက်အတွင်း ဒေါ်လာ ၁၁၀,၀၀၀ ပေးရန်နှင့် မပေးပါက နှင်ထုတ်ခံရမည် ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။

“အဘွားတုန်လှုပ်သွားခဲ့ပါတယ်။ Forest Hill Manor ကို ပြောင်းရွှေ့လာခဲ့တဲ့ ရည်ရွယ်ချက်က အဘွားရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်ခုလုံး စောင့်ရှောက်မှု ရယူဖို့ ဖြစ်ပါတယ်” ဟု အဘွားအို ဂျင်းဂျက်ခ်က ပြောသည်။

(California-Nevada Methodist Homes ဒေဝါလီခံသွားပြီး အဆိုပါအဆောက်အအုံကို Pacific Grove Senior Living ထံ ၂၀၂၂ ခုနှစ်အတွင်း ရောင်းချလိုက်သည်။ ဓာတ်ပုံ-KSBW 8)

“သူ စုဆောင်းထားသမျှငွေအားလုံးကို ဒီနေရာမှာ နေရဖို့ သုံးစွဲထားခဲ့ပါတယ်။ ဒီမှာ ဥပဒေအကျိုးဆက်တွေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်ဂရုမစိုက်ပါဘူး။ ဒါက ကိုယ်ကျင့်တရားအရ ထည့်မတွက်တာပဲ ဖြစ်ပါတယ်” ဟု Pacific Grove Senior Living ၏ နေထိုင်သူများအသင်း ဥက္ကဌဖြစ်သူ Bob Sadler က KSBW သို့ ပြောသည်။

Alliance for Aging ၏ ပရောဂျက်မန်နေဂျာ Elizabeth Campos က ပြောသည်မှာမူ ယခုနှင်ထုတ်သည့် သတိပေးစာကို သက်ကြီးရွယ်အိုများ အိမ်ရာတို့အား ကြီးကြပ်ရသည့် ကယ်လီဖိုးနီးယားပြည်နယ် အစိုးရအဖွဲ့၏ Community Care Licensing Division က အတည်ပြုထားခြင်းမရှိကြောင်း ပြောသည်။

(ဂျင်းဂျက်ခ် လက်မှတ်ရေးထိုးထားသော တသက်တာ စောင့်ရှောက်မှု သဘောတူညီချက်မှာ ယခင်ပိုင်ရှင်များ နှင့်သာ ချွင်းချက်မရှိ လက်ခံမည်ဖြစ်သော်လည်း Pacific Senior Living က လက်မခံချေ။ ဓာတ်ပုံ-KSBW 8)

အဘွားအို ဂျင်းဂျက်ခ်သည် ယခုနှစ် ဇူလိုင်လတွင် အသက် ၉၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ယခုအိမ်မှ ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ပြောသည်။

“ကျွန်မ မသွားပါဘူး။ သူတို့ ကျွန်မကို ဒီမှာ မြေမြှုပ်ဖို့ပဲ ရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မမှာ သွားစရာ နေရာမရှိပါဘူး။ ကျွန်မ ပိုက်ဆံတွေအားလုံး သူတို့ဆီမှာပါ” ဟု ဂျင်းဂျက်ခ်က KSBW သို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 96-year-old California woman facing eviction from seniors home unless she coughs up $110K to new owners: ‘I’m not going’ (nypost) Photo Credit- KSBW 8

[Zawgyi]

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားရွိ သက္ၾကီးရြယ္အို အိမ္ရာတြင္ အသက္ ၉၆ ႏွစ္အရြယ္ အဘြားအိုက သူမ၏ အခန္းကို လက္ငင္းေပးေခ်ေငြ ေဒၚလာ ၂၅၀,၀၀၀ ၊ လစာ ေဒၚလာ ၅၀၀၀ ေပးကာ ေနထုိင္ခဲ့ ေသာ္လည္း ပိုင္ရွင္သစ္တို႔က ေဒၚလာ ၁၁၀,၀၀၀ မေပးလွ်င္ အိမ္ေပၚမွဆင္းေပးရန္ ေျပာၾကားလာ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္ရွိ သက္ၾကီးရြယ္အို အိမ္ရာတြင္ ေနထုိင္ေသာ အဘြားအို တစ္ဦးမွာ ၃ ရက္အတြင္း ေျပာင္းေရႊ႕ေပးရန္ သတိေပးစာ ေပးျခင္းခံရသည္။

ေဒၚလာ ၁၁၀၀၀၀ မေပးပါက သူမ ၂၂ ႏွစ္ၾကာေနထိုင္ခဲ့ေသာအိမ္မွ ဆင္းေပးရန္ ေျပာၾကားလာျခင္း ျဖစ္သည္။

ဂ်င္း ဂ်က္ခ္အမည္ရွိ အဘြားအိုက ေျပာသည္မွာ ၂၀၀၂ ခုႏွစ္တြင္ California-Nevada Methodist Homes ႏွင့္ တသက္တာ စာခ်ဳပ္ခ်ဳပ္ထားေၾကာင္း ေျပာသည္။

ကယ္လီဖိုးနီးယားျပည္နယ္၊ Pacific Grove ရွိ Forest Hill Manor သူနာျပဳအိမ္တြင္ မိမိ၏ က်န္ရွိသည့္ ဘဝတသက္တာ ေနထိုင္သြားရန္ စာခ်ဳပ္ခ်ဳပ္ထားျခင္းျဖစ္ေၾကာင္း ဂ်င္းဂ်က္ခ္က ေျပာသည္ဟု KSBW သတင္းဌာနက ေဖာ္ျပသည္။

ထိုအိမ္တြင္ ေနထိုင္ရန္ အဘြားအိုဂ်င္းဂ်က္ခ္က လက္ငင္းေပးသြင္းေငြ ကန္ေဒၚလာ ၂၅၀,၀၀၀ ေပးခဲ့ျပီး သူမ စုေဆာင္းထားေငြ ကုန္သြားခ်ိန္အထိ တစ္လလွ်င္ အိမ္ငွားခ ေဒၚလာ ၅၀၀၀ လည္း ေပးခဲ့ရသည္။

(ကယ္လီဖိုးနီးယားျပည္နယ္၊ Pacific Grove ရွိ Forest Hill Manor သူနာျပဳအိမ္တြင္ မိမိ၏ က်န္ရွိသည့္ ဘဝတသက္တာ ေနထိုင္သြားရန္ စာခ်ဳပ္ခ်ဳပ္ထားျခင္းျဖစ္ေၾကာင္း ဂ်င္းဂ်က္ခ္က ေျပာသည္။ ဓာတ္ပံု-KSBW 8)

California-Nevada Methodist Homes ေဒဝါလီခံသြားျပီး အဆိုပါအေဆာက္အအံုကို Pacific Grove Senior Living ထံ ၂၀၂၂ ခုႏွစ္အတြင္း ေရာင္းခ်လုိက္ျပီးေနာက္ ျပႆနာမ်ား ရႈပ္ေထြးလာသည္။

Pacific Grove သည္ အက်ဳိးအျမတ္အတြက္ တည္ေထာင္ထားေသာအဖြဲ႔ျဖစ္သည္။

Pacific Grove က Forest Hill Manor ကို ဝယ္ယူရာတြင္ တသက္တာ စာခ်ဳပ္ခ်ဳပ္ထားေသာ ေနထိုင္သူမ်ား၏ စာခ်ဳပ္မ်ားအေပၚ ဆက္လက္လိုက္နာသြားမည္ဟူေသာ သေဘာတူညီခ်က္ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ယခင္ အတိုင္း ဆက္လက္ေနထိုင္ရမည္ဟု ဂ်င္းဂ်က္ခ္က ေမွ်ာ္လင့္ခဲ့သည္။

သို႔ေသာ္ Pacific Grove ၏ မိခင္ကုမၸဏီျဖစ္ေသာ ဆန္ဒီေယဂိုအေျခစိုက္ Pacifica Senior Living က အသက္ ၉၆ ႏွစ္အရြယ္ ဂ်င္းဂ်က္ခ္ကို ၃ ရက္အတြင္း ေဒၚလာ ၁၁၀,၀၀၀ ေပးရန္ႏွင့္ မေပးပါက ႏွင္ထုတ္ခံရမည္ ျဖစ္ေၾကာင္း အေၾကာင္းၾကားစာ ေပးပို႔ခဲ့သည္။

“အဘြားတုန္လႈပ္သြားခဲ့ပါတယ္။ Forest Hill Manor ကို ေျပာင္းေရႊ႕လာခဲ့တဲ့ ရည္ရြယ္ခ်က္က အဘြားရဲ႕ က်န္ရွိတဲ့ ဘဝသက္တမ္းတစ္ခုလံုး ေစာင့္ေရွာက္မႈ ရယူဖို႔ ျဖစ္ပါတယ္” ဟု အဘြားအို ဂ်င္းဂ်က္ခ္က ေျပာသည္။

(California-Nevada Methodist Homes ေဒဝါလီခံသြားျပီး အဆိုပါအေဆာက္အအံုကို Pacific Grove Senior Living ထံ ၂၀၂၂ ခုႏွစ္အတြင္း ေရာင္းခ်လုိက္သည္။ ဓာတ္ပံု-KSBW 8)

“သူ စုေဆာင္းထားသမွ်ေငြအားလံုးကို ဒီေနရာမွာ ေနရဖုိ႔ သံုးစြဲထားခဲ့ပါတယ္။ ဒီမွာ ဥပေဒအက်ဳိးဆက္ေတြ ဘယ္လုိရွိတယ္ဆိုတာ ကၽြန္ေတာ္ဂရုမစိုက္ပါဘူး။ ဒါက ကိုယ္က်င့္တရားအရ ထည့္မတြက္တာပဲ ျဖစ္ပါတယ္” ဟု Pacific Grove Senior Living ၏ ေနထိုင္သူမ်ားအသင္း ဥကၠဌျဖစ္သူ Bob Sadler က KSBW သို႔ ေျပာသည္။

Alliance for Aging ၏ ပေရာဂ်က္မန္ေနဂ်ာ Elizabeth Campos က ေျပာသည္မွာမူ ယခုႏွင္ထုတ္သည့္ သတိေပးစာကို သက္ၾကီးရြယ္အိုမ်ား အိမ္ရာတို႔အား ၾကီးၾကပ္ရသည့္ ကယ္လီဖုိးနီးယားျပည္နယ္ အစိုးရအဖြဲ႔၏ Community Care Licensing Division က အတည္ျပဳထားျခင္းမရွိေၾကာင္း ေျပာသည္။

(ဂ်င္းဂ်က္ခ္ လက္မွတ္ေရးထိုးထားေသာ တသက္တာ ေစာင့္ေရွာက္မႈ သေဘာတူညီခ်က္မွာ ယခင္ပိုင္ရွင္မ်ား ႏွင့္သာ ခၽြင္းခ်က္မရွိ လက္ခံမည္ျဖစ္ေသာ္လည္း Pacific Senior Living က လက္မခံေခ်။ ဓာတ္ပံု-KSBW 8)

အဘြားအို ဂ်င္းဂ်က္ခ္သည္ ယခုႏွစ္ ဇူလိုင္လတြင္ အသက္ ၉၆ ႏွစ္ျပည့္ခဲ့ျပီျဖစ္ျပီး ယခုအိမ္မွ ေျပာင္းေရႊ႕ရန္ အစီအစဥ္မရွိေၾကာင္း ေျပာသည္။

“ကၽြန္မ မသြားပါဘူး။ သူတို႔ ကၽြန္မကို ဒီမွာ ေျမျမွွဳပ္ဖို႔ပဲ ရွိပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မမွာ သြားစရာ ေနရာမရွိပါဘူး။ ကၽြန္မ ပိုက္ဆံေတြအားလံုး သူတို႔ဆီမွာပါ” ဟု ဂ်င္းဂ်က္ခ္က KSBW သို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 96-year-old California woman facing eviction from seniors home unless she coughs up $110K to new owners: ‘I’m not going’ (nypost) Photo Credit- KSBW 8

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service