တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရှိနေ

တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရှိနေ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2024 11:35 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 
တရုတ်ပြည်မှ ဖက်ရှင်ဘလော့ဂါ မိန်းကလေးတစ်ဦး ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ချစ်ရေးဆိုခံခဲ့ရပုံ ဗွီဒီယိုဖိုင် တစ်ခုမှာ တရုတ်ပြည် လူမှုကွန်ရက်သုံးစွဲသူတို့အကြား ပျံ့နှံ့ကျော်ကြားနေပြီး ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ကျော် ရှိနေသည်။
 
ရှုယန် အမည်ရှိ အဆိုပါ မိန်းကလေးကို ဆရာမရှုဟုသာ လူသိများသည်။
ရှုယန်သည် တချိန်က သတင်းစာတိုက်တစ်ခုတွင် မထင်မရှား အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးသာ ဖြစ်သည်။
 
ယခုအခါတွင်မူ တရုတ်ပြည်မကြီး လူမှုကွန်ရက်များတွင် Follower သန်း ၂၀ ခန့်ရှိသော ဆယ်လီတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
 
သူ၏ ချစ်သူကောင်လေးမှာလည်း ဘလော့ဂါတစ်ဦးပင် ဖြစ်သည်။
ထိုကောင်လေး၏ အမည်မှာ ဟန်ဇိုင်း (အမည်ရင်းမဟုတ်) ဟုသာ သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ဟန်ဇိုင်းက ရှုယန်အား ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ချစ်ရေးဆိုခဲ့ပြီး သူမက လက်ခံခဲ့ကြောင်း Net Ease သတင်းဌာနက ဖော်ပြသည်။
 
(ရှုယန်သည် သတင်းစာတိုက်တစ်ခုတွင် မထင်မရှား အလုပ်သင်ဝန်ထမ်းတစ်ဦးအဖြစ် ဘဝစတင်ခဲ့သည်။ ဓာတ်ပုံ- Douyin/深夜徐老师)
 
ဟန်းဇိုင်းက ရှုယန်ကို ချစ်ရေးဆိုမည့်အကြောင်း ပြောပြမထား။ 
အီဖဲလ်မျှော်စင်အနီးရှိ ဟိုတယ်တစ်ခုတွင် စီးပွားဘက်တစ်ဦးနှင့် တွေ့ဆုံရန် ရှိကြောင်းသာ ရှုယန်၏ လက်ထောက်တစ်ဦးမှတဆင့် အကြောင်းကြားထားသည်။
 
ရှုယန်က ထိုဟိုတယ်၏ လသာဆောင်သို့ ထွက်လာချိန်တွင် လသာဆောင်မှာ ပန်းပွင့်များဖြင့် အလှဆင်ထားပြီး ဟန်ဇိုင်းမှာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားကာ လက်ထဲတွင် နှင်းဆီပန်းတစ်စီး ကိုင်ထားသည်ကို တွေ့ခဲ့ရ သည်။
 
“အရင်တုန်းက အီဖဲလ်မျှော်စင်ကြီးကို ကြယ်စုံတဲ့ ညအောက်မှာ မမြင်ဖူးသေးဘူးလို့ ဟန်ဇိုင်းကို ပြောခဲ့ဖူး တယ်။ ဒီနေ့ အီဖဲလ်မျှော်စင်ကြီး မီးတွေလင်းလာတဲ့အချိန်မှာ ကျွန်မဟာ စေ့စပ်ထားတဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့ပါတယ်”ဟု ရှုယန်က Weibo တွင် ရေးသားခဲ့သည်။
 
Douyin လူမှုကွန်ရက်တစ်ခုတည်းတွင်ပင်လျှင် အဆိုပါ ချစ်ရေးဆိုသည့် ဗွီဒီယိုဖိုင်မှာ Like ပေးသူ  ၁ ဒသမ ၃ သန်းရှိခဲ့ပြီး Weibo နှင့်Bilibili တို့အပါအဝင် တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်အားလုံးတွင် ကြည့်ရှုမှု အကြိမ်ရေ စုစုပေါင်း သန်း ၆၀ ကျော်ရှိခဲ့ရာ တရုတ်ပြည်တွင် ရှုယန်၏ ကျော်ကြားမှု အတိုင်းအတာကို ပြသနေသည်။
 
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်ကမူ ရှုယန်မှာ သတင်းစာတစ်စောင်တွင် အလုပ်သင်တစ်ဦးမျှသာ ဖြစ်ပြီး လစာ ယွမ် ၈၀၀ (ကန်ဒေါ်လာ ၁၁၀) မျှသာ ရသည်။
 
ရှုယန်သည် တရုတ်ပြည် ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ ကျိနန်တက္ကသိုလ်မှ တရုတ်စာပေအဓိကဖြင့် ကျောင်းပြီးခဲ့သည်။
 
သတင်းခန်းထဲတွင် ရှုယန်၏ တာဝန်မှာ သတင်းများကို WeChat တွင် မတင်မီ တည်းဖြတ်ရခြင်း ဖြစ်သည်။
 
 
(အီဖဲလ်မျှော်စင်ကြီးအနီး ချစ်ရေးဆိုခံခဲ့ရပုံ။ ဓာတ်ပုံ- Douyin/深夜徐老师)
 
 
လအတန်ကြာတွင် ရှုယန်သည် အခြားမီဒီယာကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့ရာ လစာယွမ် ၁၃၀၀၀ (ကန်ဒေါ်လာ ၁၈၀၀ ခန့်) ရရှိခဲ့သည်။
 
နေ့ဘက်တွင် ထိုကုမ္ပဏီ၌ လုပ်ကိုင်ပြီး ညဘက်တွင် WeChat တွင် တင်ရန် သတင်းဆောင်းပါးများ ရေးသား ကာ အပိုဝင်ငွေရှာသည်။
 
၂၀၁၅ ခုနှစ်တွင် အလုပ်မှထွက်ခဲ့ပြီး အချိန်ပြည့်ဘလော့ဂါတစ်ဦးအဖြစ် အချစ်နှင့် ချစ်မှုရေးရာ ဆက်ဆံရေးများအကြောင်း ရေးသားခဲ့သည်။
 
သူမ၏ ဆောင်းပါးများသည် အွန်လိုင်းတွင် အလွန်လူကြိုက်များခဲ့ပြီး လစဉ်ဝင်ငွေ ယွမ် ၅၀,၀၀၀ (ကန်ဒေါ်လာ ၇,၀၀၀ ခန့်) ရှိခဲ့သည်။
 
သို့သော် ဘဝအတွေ့အကြုံနည်းသေးသောကြောင့် ထိုအကြောင်းရပ်အပေါ် မကြာမီတွင် မိမိအနေဖြင့် စိတ်ဝင်စားမှု နည်းသွားကြောင်း သူမက ပြောသည်။
 
နောက်ပိုင်းတွင် အလှအပနှင့် ဖက်ရှင်အကြောင်းများကို အတွေ့အကြုံ ဗဟုသုတမရှိဘဲ ရေးသားခဲ့သည်။
 
ကနဦးတွင် ဝေဖန်ခံရသော်လည်း နောက်ပိုင်းတွင် လူကြိုက်များလာခဲ့သည်။
 
“ကျွန်မ တစ်ရက်ကို နာရီပေါင်းများစွာ နှစ်ပေါင်းအတန်ကြာ အလုပ်လုပ်ခဲ့ပြီး နားရက်မယူခဲ့ပါဘူး။ အိမ်ကို နေ့တိုင်း ညသန်းခေါင်လောက်မှ ပြန်ရောက်တယ်။ ရှန်ကျန်း (ကွမ်တုံပြည်နယ်) ရဲ့ လမ်းတွေဟာ နေ့ဘက်မှာ ဘယ်လိုမြင်ကွင်းမျိုးရှိတယ်ဆိုတာ ကျွန်မ မသိခဲ့ပါဘူး” ဟု ရှုယန်က ပြောသည်။
 
ရှုယန်သည် ယန်မီ၊ ကျောက်လုစီးနှင့် ရှုယီလုံတို့ အပါအဝင် တရုတ်ပြည်၏ အထင်ကရ ကြယ်ပွင့်များစွာကို တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ပြီး အချို့သော ကြယ်ပွင့်များနှင့် အလွန်ခင်မင်ရင်းနှီးသည်။
 
ရှုယန်သည် ဘလော့ဂါသစ်များကို ကူညီပေးရန်အတွက်လည်း Yanchi Culture အမည်ရှိ ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။
 
 
(ဟန်ဇိုင်းက ချစ်ရေးဆိုမည်ကို ရှုယန်ကြိုတင်သိရှိခဲ့ခြင်း မရှိချေ။ ဓာတ်ပုံ- Douyin/深夜徐老师)
 
 
လက်ရှိအားဖြင့် ရှုယန်သည် ရှန်ဟိုင်းမြို့လယ်တွင် စတုရန်းမီတာ ၃၀၀ ရှိ အိမ်တစ်လုံး ငှားရမ်းနေထိုင်လျက် ရှိပြီး ဘဝကို Luxury ကျကျ ဖြတ်သန်းနေသည်။
 
သူစီးသော ဖိနပ်တစ်ရံ၏ တန်ဖိုးသည်ပင်လျှင် ယွမ်ငွေ ၄၀,၀၀၀ (ကန်ဒေါ်လာ ၅,၅၀၀) ခန့် ရှိသည်။
 
“လူတွေက သူဘယ်လောက်ချမ်းသာတယ်ဆိုတာပဲ အာရုံစိုက်ကြတယ်။ သူဘယ်လောက်ကြိုးစားတယ်၊ ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာကိုေတာ့ ထည့်မတွက်ကြဘူး” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: From humble intern to fashion icon, China KOL Xu Yan has 20 million fans (scmp)

 
Photo Credit- Douyin/深夜徐老师

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service