ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2 May 2024 12:21 pm တွင် တင်ခဲ့သည်
1658 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
BLACKPINK အဖွဲ့မှ Lisa ၏ ပရိသတ်များက သူမကို ဂျပန်တွင် ချစ်သူကောင်လေးဟု ယူဆရသူ Frederic Arnault နှင့်အတူ တွေ့ရရာ အဆိုပါဓာတ်ပုံများ အွန်လိုင်းတွင် ဂယက်ရိုက်ပျံ့နှံ့ခဲ့သည်။
Lisa ၏ ပရိသတ်များက အွန်လိုင်းတွင် ဓာတ်ပုံများစွာကို သက်သေအဖြစ် တင်ခဲ့ကြသည်။
Lisa နှင့် Frederic တို့ တရားဝင်တွဲနေပြီဟု ဆိုနိုင်ပါသလား။
ယခင်ကမူ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီဟူသော ကောလာဟလများ ရှိခဲ့ဖူးသည်။
Lisa နှင့် Frederic တို့၏ ဓာတ်ပုံများကို ဧပြီလ ၂၁ ရက်က တရုတ်သတင်းမီဒီယာတစ်ခုမှ စတင်ဖော်ပြခဲ့ခြင်း ဖြစ်ကာ တရုတ်ပြည်တွင်း လူမှုကွန်ရက် Weibo တွင် များစွာပျံ့နှံ့ခဲ့သည်။
ဓာတ်ပုံများထဲတွင် Lisa သည် ချစ်သူကောင်လေးဟု သတင်းထွက်နေသူ Frederic Arnault နှင့်အတူ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဟိုတယ်တစ်ခုထဲမှ ထွက်လာပုံကို တွေ့ရသည်။
((လီဆာ ဝယ်ယူလိုက်သော လော့စ်အိန်ဂျလိစံအိမ်))
တောင်ကိုရီးယား မိန်းကလေးအဖွဲ့ BLACKPINK မှ ပေါ့ပ်ကြယ်ပွင့် Lisa သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၉၅ သန်းဖြင့် မကြာသေးမီက ဝယ်ယူလိုက်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ ထိုင်းလူမျိုး ရက်ပ်အဆိုတော်၊ အဆိုတော်၊ အကသမား Lisa ၏ အမည်ရင်းမှာ Lalisa Manobal ဖြစ်ပြီး Blackpink နှင့် ၂၀၁၆ ခုနှစ်တွင် စတင်ပွဲထွက်ခဲ့သည်။
ယင်းနောက် ၂၀၂၁ ခုနှစ်တွင် သူ၏ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ် Lalisa ကို ထုတ်ဝေခဲ့သည်။
တကိုယ်တော်အခွေ ထုတ်ဝေပြီးနောက်ပိုင်း RCA Records တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ခွင့် ရရှိခဲ့သည်။
Lisa သည် လာမည့်နှစ်တွင် HBO ရုပ်ရှင်လိုင်းမှ အလွန်အောင်မြင်နေသော ဇာတ်လမ်းတွဲ The White Lotus တွင် ပွဲထွက်ပါဝင်ကာ ရုပ်ရှင်လောကသို့ စတင်ခြေချမည် ဖြစ်သည်။
အိမ်ခြံမြေမှတ်တမ်းများအရ Lisa သည် လော့စ်အိန်ဂျလိမှ စံအိမ်ကို မတ်လလယ်ပိုင်းတွင် အပြီးသတ် ဝယ်ယူ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီအိမ်က အံ့ဖွယ်အိမ်တစ်လုံးပါပဲ” ဟု အရောင်းဈေးကွက်တင်ပေးသော Keller Williams အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Lori Harris က ပြောသည်။
“ခေတ်မီဟန်ပန်တွေနဲ့ ပြန်လည်မွမ်းမံထားမှုတွေရှိပေမယ့် ခေတ်ဟောင်းကမ္ဘာရဲ့ အငွေ့အသက်တွေလည်း ခံစားရမှာ ဖြစ်ပါတယ်။”
အကျယ်အဝန်း ၁ ဒသမ ၃ ဧကရှိသည့် ကျယ်ပြောသောခြံဝန်းကြောင့် အလွန်ပင် တသီးတသန့် ဆန်ကာ တောင်ကုန်းများနှင့် လှပသောရှုမျှော်ခင်းများက ဝန်းပတ်ထားကြောင်းလည်း အကျိုးဆောင် Harris က ပြောသည်။
အိမ်ခြံမြေမှတ်တမ်းအရ ရောင်းချလိုက်သူမှာ လော့စ်အိန်ဂျလိအခြေစိုက် ဒီဇိုင်းကုမ္ပဏီဖြစ်သော House of Rolison က ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုကုမ္ပဏီက ယခုစံအိမ်ကို ၂၀၂၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
၁၉၂၄ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ကို ယင်းကုမ္ပဏီက ဝယ်ယူပြီးနောက်ပိုင်း ပြုပြင်မွမ်းမံမှုများ ကြီးမားစွာပြုလုပ်ခဲ့ပြီး အင်္ဂလိပ်ကျေးလက်စံအိမ်တစ်လုံးအသွင် မွမ်းမံခဲ့သည်။
((Lisa ဝယ်ယူလိုက်သော စံအိမ်အပေါ် ကိုရီးယား လူမှုကွန်ရက်သုံးစွဲသူတို့ အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပြုမှုများ))
“အိမ်က လှလိုက်တာ”
“အားကျလိုက်တာ”
“ဒီအိမ်က ဂမ်နမ်မှာရှိတဲ့တိုက်ခန်းထက် ဈေးသက်သာနေပါလား”
“အဲ့ဒီအိမ်မှာ အလုပ်လုပ်ချင်လိုက်တာ”
“အိမ်ဝယ်ရင် အမေရိကန်မှာနေဖို့ ဗီဇာရမလား သိချင်ပါတယ်”
“ထင်ထားတာထက်တောင် ဈေးသက်သာနေတော့ တကယ်အားကျပါတယ်”
“အိမ်က အရမ်းလှတယ်”
“ငါလည်း အဲ့ဒီအိမ်မှာ နေချင်လိုက်တာ”
“ဒီအိမ်ဈေးကို တွေ့တော့ ကိုရီးယားက အိမ်ဈေးတွေ ဘယ်လောက်ဈေးကြီးနေလဲဆိုတာ သိလာတယ်”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: K-netizens react to BLACKPINK's Lisa purchasing a home in Beverly Hills, California (allkpop, mansionglobal)
[Zawgyi]
“အိမ်က လှလိုက်တာ”
“အားကျလိုက်တာ”
“အိမ်က အရမ်းလှတယ်”
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service