Minimalist ဆန်တဲ့ ကိုယ်ပိုင်ရိပ်မြုံလေးဖန်တီးရင်း ပျော်ရွှင်လိုက်ရအောင်
Minimalist ဆန်တဲ့ ကိုယ်ပိုင်ရိပ်မြုံလေးဖန်တီးရင်း ပျော်ရွှင်လိုက်ရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
31 Mar 2024 3:27 pm တွင် တင်ခဲ့သည်
696 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
တစ်စုံတစ်ရာကို ကြိုးစားဖန်တီးနေချိန်၊ အသစ်တစ်ခုခုကို စမ်းကြိုးစားကြည့်နေချိန်ထွက်တဲ့ Dopamine ဟော်မုန်းဓာတ်ဟာ ပျော်ရွှင်မှုကိုဖြစ်စေပါတယ်။ အလုပ်ကပင်ပန်းပြီး အိမ်ပြန်လာတဲ့အချိန် သန့်ရှင်းသပ်ရပ်နေတဲ့ အခန်းအပြင်အဆင်လေးဟာ စိတ်ကို တမဟုတ်ချင်း လန်းဆန်းသွားစေနိုင်ပါတယ် ။ စိတ်ကို အေးချမ်းငြိမ်သက်စေပြီး သန့်ရှင်းအဆင့်မြင့်တဲ့ အသွင်ကိုဆောင်တဲ့ Minimalist ဆန်ဆန် ကိုယ်ပိုင်ရိပ်မြုံလေးကို ဒီကနေ့ ဖန်တီးကြည့်လိုက်ရအောင်...
နံရံတွေကို သန့်ရှင်းပစ်ပါ
ကာလာထူထူအရောင်တွေကို ဖယ်ထုတ်ပစ်လိုက်ပြီးတော့ နံရံတွေကို အသစ်ပြန်လည်ဖန်တီးပါ။ ဟိုတွဲလဲ ဒီတွဲလဲ ငွေကုန်ကြေးကျများအောင် ချိတ်ထားနေစရာမလို။ အဖြူရောင်၊ အသားရောင်ဖြစ်အောင် နံရံကို ဆေးသုတ်လိုက်ရုံပါပဲ။ ရိုးရှင်းအေးချမ်းလွန်းတဲ့ အရောင်လေးဟာ နေထိုင်မှုကို ပိုမိုတင့်တယ်စေပါလိမ့်မယ်။
နေရာယူတဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ပစ်
မလိုအပ်တဲ့ စားပွဲအကြီးကြီးတွေ ဆိုဖာအထူကြီးတွေက ဧည့်ခန်းမှာပြည့်နေရင် ကြာလာတော့ စိတ်ညစ်ညူးစရာ ဖြစ်လာပြီလေ။ ဆိုတော့ စားပွဲငယ်အသန့်လေး တစ်လုံးကို ဆိုဖာခုံနည်းနည်းလေးချပြီး သပ်ရပ်မှုနဲ့အတူ လှပနေအောင်ပြင်ဆင်လို့ ရနိုင်ပါတယ်။ ပုံနမူနာလေးတွေ ထည့်ပေးထားတာမို့ စမ်းကြည့်ကြည့်ပါနော်။
ရှင်းလင်းတိပတဲ့ မီးရောင်
မီးဆိုင်းအကြီးကြီးတွေက အနံ့တွေများ၊ ပစ္စည်းတွေများတဲ့ မီးဖိုချောင်အတွက်ဆို အလွန်ပဲ ရှုပ်ထွေးနေမှာပေါ့နော်။ ဆိုတော့ မီးလုံးနဲ့ပတ်သက်ပြီး အလှဆင်တဲ့နေရာမှာ မီးဆိုင်းတွေအစား ရှင်းလင်းတိပတဲ့ မီးလုံးအသေးလေးတွေ မျက်နှာကြက်မှာ ကပ်ထားလိုက်တာက ပိုပြီး နေရာကျယ်စေမယ့် အပြင် စိတ်ငြိမ်စေပါတယ်။ လုပ်ငန်းဆောင်တာတွေကို အိမ်ကနေပဲ ကြီးကြပ်ရတဲ့အခါမျိုးမှာ အလင်းငြိမ်ငြိမ်ထားခြင်းဟာ အတွေးရှင်းရှင်းကို ထွက်ပေါ်စေပါတယ် ။
သဘာဝကို ထည့်သွင်းပါ
Minimalist ရဲ့ သဘောတရားဟာ မလိုအပ်တဲ့ပစ္စည်းတွေကို အတိုင်းအတာတစ်ခုအထိ လျော့ချပစ်ခြင်းပါပဲ။ သို့သော် မထည့်မဖြစ် ထည့်သွင်းရမယ့် အပိုပစ္စည်းလေးတွေ ရှိပါတယ်။ သဘာဝအစိမ်းရောင် အပင်လေးတွေပါ။ ပန်းပင်လှလှလေးတွေ အရွက်လှလေးတွေတွေ့ရင် ဖန်ပုလင်းလေးနဲ့ ထိုးစိုက်ထားလိုက်ပါ။ အိမ်ထဲမှာနေပြီး စိတ်လက်အေးချမ်းချင်တယ်ဆိုရင် အိမ်တွင်းအပင်လေးတွေကို ထည့်သွင်းထားသင့်ပါတယ်။
သဘာဝအလင်းကို များနိုင်သမျှ များများ
အိမ်ထဲမှာ ကိုယ့်ကိုယ်ကို အလုံမပိတ်ထားပါနဲ့။ သဘာဝနဲ့ များများထိတွေ့ဖို့နဲ့ လျှပ်စစ်မီးရောင်တွေရဲ့ အပူတွေကနေ လွတ်ကင်းဖို့အတွက် သဘာဝအလင်းရောင်ရစေဖို့ ပြတင်းပေါက် ကြီးကြီးတွေ အလဲလှယ်လုပ်ပြီး လင်းထင်းစေလိုက်ပါ။ မှန်ပြတင်းပေါက်မှာ လိုသလို အလင်းအတိုးအလျော့ လုပ်နိုင်ဖို့ လိုက်ကာကြီးကြီးထားလိုက်ရင် အဆင်ပြေသွားပါပြီနော် ။
ကဲ ပိုက်ဆံမကုန်ဘဲ အိမ်တွင်းဒီဇိုင်းကို အမိုက်ဆုံးဆန်းသစ်ဖို့အတွက် အခုပဲ စာ Try လိုက်တော့နော် ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သဘာဝကို ထည့်သွင်းပါ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service