မိန်းကလေးများက ကမ်းလွန်ရေနံတူးစင် ဆောက်လုပ်ရေးလုပ်ငန်းတွင် ရေအောက် ဝရိန်ဆော်သော အလုပ်၌ လစာဒေါ်လာ သိန်းချီရသောကြောင့် သွားရောက်လုပ်ကိုင်တော့မည်ဟု ဖခင် ၊ အစ်ကို ၊ ချစ်သူတို့အား လိမ်လည်နောက်ပြောင်မှု TikTok တွင် ခေတ်စားနေ

မိန်းကလေးများက ကမ်းလွန်ရေနံတူးစင် ဆောက်လုပ်ရေးလုပ်ငန်းတွင် ရေအောက် ဝရိန်ဆော်သော အလုပ်၌ လစာဒေါ်လာ သိန်းချီရသောကြောင့် သွားရောက်လုပ်ကိုင်တော့မည်ဟု ဖခင် ၊ အစ်ကို ၊ ချစ်သူတို့အား လိမ်လည်နောက်ပြောင်မှု TikTok တွင် ခေတ်စားနေ - Property News in Myanmar from iMyanmarHouse.com
13 Mar 2024 11:46 am တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကောလိပ်စီမံအုပ်ချုပ်ရေးဌာန ဝန်ထမ်းတစ်ဦးဖြစ်သူ ဂျာကီရာ မီရှဲ (Jahkira Michelle) သည် အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သည်။

သူက ဖခင်ထံ ဖုန်းခေါ်ကာ ရေအောက်တွင် ဝရိန်ဆော်သည့် အလုပ်၌ အလုပ်သင်အဖြစ် ရက်သတ္တ ၆ ပတ် လုပ်ကိုင်မည်ဖြစ်ကြောင်း နောက်ပြောင် ပြောကြားခဲ့သည်။

ဖခင် မည်သို့တုံ့ပြန်သည်ကို သိလိုခဲ့ခြင်း ဖြစ်သည်။

သူ၏ ဖခင်က “ငွေက သမီးကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်ဘူး”ဟု ပြောခဲ့သည်။

“ပုံမှန် ဝရိန်ဆော်ရတဲ့ အလုပ်မျိုးမဟုတ်ဘဲ ကမ်းလွန်ရေပြင်အောက်မှာ လုပ်ရတာမျိုးက အန္တရာယ်များပါတယ်။ ကျွန်မ တကယ်ရေမကူးတတ်ပါဘူး”ဟု Michelle က Fortune သတင်းဌာနသို့ ပြောသည်။

အဆိုပါ နောက်ပြောင်မှုမှာ TikTok တွင် Trend ဖြစ်နေပြီး မိန်းကလေး အများအပြားသည် ၎င်းတို့၏ ဖခင်များ၊ အစ်ကိုများနှင့် ချစ်သူများထံ ဖုန်းဆက်ကာ ကမ်းလွန်ရေနံတူးစင်တစ်ခုတွင် ဒေါ်လာ သိန်းဂဏန်းလစာ ရမည့် အလုပ်တစ်ခုရကြောင်း ဖုန်းဆက် နောက်ပြောင်ကြသည်။

၎င်းတို့က ဖုန်းဆက်နောက်ပြောင်ရာတွင် ရေအောက်၌ ဝရိန်သမား (သို့မဟုတ်) အလုပ်သင်အဖြစ် ရက်သတ္တ ၆ ပတ် နေထိုင်ရမည်ဖြစ်ကြောင်း ပြောဆိုကြပြီး ၎င်းတို့ချစ်ရသူများ၏ တုံ့ပြန်ပုံများကို ပြောပြကြသည်။

ထိုသို့ မိန်းကလေးများက ပြောလိုက်လျှင် တုံ့ပြန်ပုံအမျိုးမျိုးရှိရာ စိတ်ထိခိုက်သွားခြင်း၊ ရုတ်တရက် ငြိမ်သက်သွားခြင်းများ ရှိသည်။

အချို့က တားဆီးပိတ်ပင်ကြပြီး အချို့ကမူ အားပေးကြသည်။ သို့သော် လစာမြင့်မားမှုနှင့်အတူ ရေနံတူးစင် အလုပ်သမားများအနေနှင့် ထိခိုက်ဒဏ်ရာရရှိမှု ၊ သေဆုံးနိုင်မှု အန္တရာယ်ကြီးမားကြောင်း ပြောကြားမှုများလည်း ရှိသည်။

Michelle ၏ ဖခင်သည် ဘဝသက်တမ်းအများစု ဝရိန်သမားအဖြစ် အသက်မွေးခဲ့ခြင်း ဖြစ်သည်။

သူသည် မေရီလန်းပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။

“သူက ဒီအလုပ်ကို မကြိုက်ဘူး”ဟု Michelle က ပြောသည်။

ဝရိန်သမားအလုပ်မှာ ၁၀ နှစ်ခန့် အသက်တိုစေကြောင်း ဖခင်က ပြောသည်ဟု သူမက ဆိုသည်။

အလုပ်ပင်ပန်းမှုနှင့် ပူလောင်သော သတ္တုချောင်း အသုံးပြုရမှုများကြောင့် ဖခင်ကြီးက မိမိအား ထိုအလုပ် မလုပ်စေလိုကြောင်း ပြောသည်။

အခြားသော TikTok အသုံးပြုသူတစ်ဦးဖြစ်သည့် အိုလီဗီယာ ပရီဝစ်သည် အသက် ၂၅ နှစ်အရွယ် မိန်းကလေး တစ်ဦးဖြစ်ပြီး ကင်တပ်ကီ ဇာတိဖြစ်သည်။

လက်ရှိတွင်မူ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်ပြီး အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအဖြစ် လုပ်ကိုင်နေသည်။

သူမသည် Miss Kentucky Teen USA အဖြစ် မယ်ဘွဲ့ ရရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်သို့ ရုတ်တရက် ရွှေ့ပြောင်းရန် အကြောင်းပေါ်လာကြောင်း ဖခင်ကြီးအား ပြောထားပြီး မကြာမီတွင်ပင် TikTok တွင် Trend ဖြစ်နေသော နောက်ပြောင်မှုကို သိလာခဲ့သည်။

ဖခင်ကြီးက အိုလီဗီယာအား ပြောခဲ့သည်မှာ ကယ်လီဖိုးနီးယားတွင် လူနေမှုစရိတ် ကြီးမြင့်သောကြောင့် အလုပ်တစ်ခု လိုအပ်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုအခါ အိုလီဗီယာက TikTok တွင် ကျော်ကြားနေသော နောက်ပြောင်ပုံအတိုင်း ဖခင်ကြီးအား ပြောခဲ့သည်။

သူ့ဖခင်၏ တုံ့ပြန်မှုမှာ အလွန်ဖခင် ပီသသည်။

သမီးဖြစ်သူ၏ စကားကို ကြားရချိန်တွင် အချိန်အတန်ကြာ ငြိမ်သက်သွားခဲ့ပြီး “ဒီအလုပ်က ငါ့သမီးလုပ်ချင်မယ့် အလုပ်မျိုးမဟုတ်ပါဘူး”ဟု ပြောခဲ့သည်။

ထိုအခါ အိုလီဗီယာက ရက်သတ္တ ၆ ပတ် လုပ်ကိုင်ရုံဖြင့် ဒေါ်လာ ၁၈၅၀၀၀ ရရှိမည်ဖြစ်ကြောင်း ပြောခဲ့ရာ သူ၏ ဖခင်က “ချီးတဲ့မှပဲ… သမီး နင် ဝရိန်ဆော်တာတွေ မလုပ်ပါဘူး”ဟု ပြန်လည်ပြောကြားခဲ့သည်။

ကနဦးတွင် အိုလီဗီယာက အဆိုပါ ဗွီဒီယိုကို သူငယ်ချင်းများအတွက်သာ မျှဝေရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် Public တင်ရန် ဆုံးဖြတ်ခဲ့သည်။

သူမ၏ ဗွီဒီယိုသည် အလွန်ပျံ့နှံခဲ့ပြီး ကြည့်ရှုမှု အကြိမ်ရေ ၄ ဒသမ ၅ သန်းအထိ ရှိနေသည်။

အခြားသူများမှာလည်း အိုလီဗီယာ၏ ဗွီဒီယိုကို ကြည့်ကာ ၎င်းတို့၏ မိသားစုနှင့် သူငယ်ချင်းများက မည်သို့ တုံ့ပြန်သည်ကို စမ်းသပ်လိုစိတ်များ ပေါ်ပေါက်လာကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

  Ref: Young women are pranking their dads by saying they’re going to work on oil rigs. The responses are heartwarming: ‘Money can’t bring your life back.’ (finance)

[Zawgyi]

မိန္းကေလးမ်ားက ကမ္းလြန္ေရနံတူးစင္ ေဆာက္လုပ္ေရးလုပ္ငန္းတြင္ ေရေအာက္ ဝရိန္ေဆာ္ေသာ အလုပ္၌ လစာေဒၚလာ သိန္းခ်ီရေသာေၾကာင့္ သြားေရာက္လုပ္ကုိင္ေတာ့မည္ဟု ဖခင္ ၊ အစ္ကို ၊ ခ်စ္သူတို႔အား လိမ္လည္ေနာက္ေျပာင္မႈ TikTok တြင္ ေခတ္စားေန

ေကာလိပ္စီမံအုပ္ခ်ဳပ္ေရးဌာန ဝန္ထမ္းတစ္ဦးျဖစ္သူ ဂ်ာကီရာ မီရွဲ (Jahkira Michelle) သည္ အသက္ ၂၃ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးျဖစ္သည္။

သူက ဖခင္ထံ ဖုန္းေခၚကာ ေရေအာက္တြင္ ဝရိန္ေဆာ္သည့္ အလုပ္၌ အလုပ္သင္အျဖစ္ ရက္သတၱ ၆ ပတ္ လုပ္ကိုင္မည္ျဖစ္ေၾကာင္း ေနာက္ေျပာင္ ေျပာၾကားခဲ့သည္။

ဖခင္ မည္သုိ႔တုံ႔ျပန္သည္ကို သိလိုခဲ့ျခင္း ျဖစ္သည္။

သူ၏ ဖခင္က “ေငြက သမီးကို အသက္ျပန္ရွင္ေအာင္ မလုပ္ေပးႏိုင္ဘူး”ဟု ေျပာခဲ့သည္။

“ပံုမွန္ ဝရိန္ေဆာ္ရတဲ့ အလုပ္မ်ဳိးမဟုတ္ဘဲ ကမ္းလြန္ေရျပင္ေအာက္မွာ လုပ္ရတာမ်ဳိးက အႏၱရာယ္မ်ားပါတယ္။ ကၽြန္မ တကယ္ေရမကူးတတ္ပါဘူး”ဟု Michelle က Fortune သတင္းဌာနသို႔ ေျပာသည္။

အဆုိပါ ေနာက္ေျပာင္မႈမွာ TikTok တြင္ Trend ျဖစ္ေနျပီး မိန္းကေလး အမ်ားအျပားသည္ ၎တို႔၏ ဖခင္မ်ား၊ အစ္ကိုမ်ားႏွင့္ ခ်စ္သူမ်ားထံ ဖုန္းဆက္ကာ ကမ္းလြန္ေရနံတူးစင္တစ္ခုတြင္ ေဒၚလာ သိန္းဂဏန္းလစာ ရမည့္ အလုပ္တစ္ခုရေၾကာင္း ဖုန္းဆက္ ေနာက္ေျပာင္ၾကသည္။

၎တို႔က ဖုန္းဆက္ေနာက္ေျပာင္ရာတြင္ ေရေအာက္၌ ဝရိန္သမား (သို႔မဟုတ္) အလုပ္သင္အျဖစ္ ရက္သတၱ ၆ ပတ္ ေနထုိင္ရမည္ျဖစ္ေၾကာင္း ေျပာဆိုၾကျပီး ၎တို႔ခ်စ္ရသူမ်ား၏ တုံ႔ျပန္ပံုမ်ားကို ေျပာျပၾကသည္။

ထိုသို႔ မိန္းကေလးမ်ားက ေျပာလုိက္လွ်င္ တုံ႔ျပန္ပံုအမ်ိဳးမ်ဳိးရွိရာ စိတ္ထိခိုက္သြားျခင္း၊ ရုတ္တရက္ ျငိမ္သက္သြားျခင္းမ်ား ရွိသည္။

အခ်ဳိ႕က တားဆီးပိတ္ပင္ၾကျပီး အခ်ဳိ႕ကမူ အားေပးၾကသည္။ သို႔ေသာ္ လစာျမင့္မားမႈႏွင့္အတူ ေရနံတူးစင္ အလုပ္သမားမ်ားအေနႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈ ၊ ေသဆံုးႏိုင္မႈ အႏၱရာယ္ၾကီးမားေၾကာင္း ေျပာၾကားမႈမ်ားလည္း ရွိသည္။

Michelle ၏ ဖခင္သည္ ဘဝသက္တမ္းအမ်ားစု ဝရိန္သမားအျဖစ္ အသက္ေမြးခဲ့ျခင္း ျဖစ္သည္။

သူသည္ ေမရီလန္းျပည္နယ္ရွိ ေဆာက္လုပ္ေရး လုပ္ငန္းခြင္မ်ားတြင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ခဲ့သည္။

“သူက ဒီအလုပ္ကုိ မၾကိဳက္ဘူး”ဟု Michelle က ေျပာသည္။

ဝရိန္သမားအလုပ္မွာ ၁၀ ႏွစ္ခန္႔ အသက္တိုေစေၾကာင္း ဖခင္က ေျပာသည္ဟု သူမက ဆိုသည္။

အလုပ္ပင္ပန္းမႈႏွင့္ ပူေလာင္ေသာ သတၱဳေခ်ာင္း အသံုးျပဳရမႈမ်ားေၾကာင့္ ဖခင္ၾကီးက မိမိအား ထိုအလုပ္ မလုပ္ေစလိုေၾကာင္း ေျပာသည္။

အျခားေသာ TikTok အသံုးျပဳသူတစ္ဦးျဖစ္သည့္ အုိလီဗီယာ ပရီဝစ္သည္ အသက္ ၂၅ ႏွစ္အရြယ္ မိန္းကေလး တစ္ဦးျဖစ္ျပီး ကင္တပ္ကီ ဇာတိျဖစ္သည္။

လက္ရွိတြင္မူ ဖေလာ္ရီဒါျပည္နယ္တြင္ ေနထုိင္ျပီး အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးအျဖစ္ လုပ္ကိုင္ေနသည္။

သူမသည္ Miss Kentucky Teen USA အျဖစ္ မယ္ဘြဲ႔ ရရွိခဲ့သူတစ္ဦးလည္း ျဖစ္သည္။

ကယ္လီဖိုးနီးယားျပည္နယ္သို႔ ရုတ္တရက္ ေရႊ႕ေျပာင္းရန္ အေၾကာင္းေပၚလာေၾကာင္း ဖခင္ၾကီးအား ေျပာထားျပီး မၾကာမီတြင္ပင္ TikTok တြင္ Trend ျဖစ္ေနေသာ ေနာက္ေျပာင္မႈကို သိလာခဲ့သည္။

ဖခင္ၾကီးက အိုလီဗီယာအား ေျပာခဲ့သည္မွာ ကယ္လီဖုိးနီးယားတြင္ လူေနမႈစရိတ္ ၾကီးျမင့္ေသာေၾကာင့္ အလုပ္တစ္ခု လိုအပ္လိမ့္မည္ ျဖစ္ေၾကာင္း ေျပာခဲ့သည္။

ထိုအခါ အိုလီဗီယာက TikTok တြင္ ေက်ာ္ၾကားေနေသာ ေနာက္ေျပာင္ပံုအတုိင္း ဖခင္ၾကီးအား ေျပာခဲ့သည္။

သူ႔ဖခင္၏ တုံ႔ျပန္မႈမွာ အလြန္ဖခင္ ပီသသည္။

သမီးျဖစ္သူ၏ စကားကို ၾကားရခ်ိန္တြင္ အခ်ိန္အတန္ၾကာ ျငိမ္သက္သြားခဲ့ျပီး “ဒီအလုပ္က ငါ့သမီးလုပ္ခ်င္မယ့္ အလုပ္မ်ဳိးမဟုတ္ပါဘူး”ဟု ေျပာခဲ့သည္။

ထုိအခါ အိုလီဗီယာက ရက္သတၱ ၆ ပတ္ လုပ္ကိုင္ရံုျဖင့္ ေဒၚလာ ၁၈၅၀၀၀ ရရွိမည္ျဖစ္ေၾကာင္း ေျပာခဲ့ရာ သူ၏ ဖခင္က “ခ်ီးတဲ့မွပဲ… သမီး နင္ ဝရိန္ေဆာ္တာေတြ မလုပ္ပါဘူး”ဟု ျပန္လည္ေျပာၾကားခဲ့သည္။

ကနဦးတြင္ အိုလီဗီယာက အဆုိပါ ဗြီဒီယိုကို သူငယ္ခ်င္းမ်ားအတြက္သာ မွ်ေဝရန္ စဥ္းစားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ Public တင္ရန္ ဆံုးျဖတ္ခဲ့သည္။

သူမ၏ ဗြီဒီယိုသည္ အလြန္ပ်ံ႕ႏွံခဲ့ျပီး ၾကည့္ရႈမႈ အၾကိမ္ေရ ၄ ဒသမ ၅ သန္းအထိ ရွိေနသည္။

အျခားသူမ်ားမွာလည္း အိုလီဗီယာ၏ ဗြီဒီယိုကို ၾကည့္ကာ ၎တို႔၏ မိသားစုႏွင့္ သူငယ္ခ်င္းမ်ားက မည္သို႔ တုံ႔ျပန္သည္ကို စမ္းသပ္လိုစိတ္မ်ား ေပၚေပါက္လာၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Young women are pranking their dads by saying they’re going to work on oil rigs. The responses are heartwarming: ‘Money can’t bring your life back.’ (finance)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service