သုဘရာဇာဘဝမှ ကမ္ဘာကျော်အဆိုတော်ဖြစ်လာသူ ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိမှ စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ဒေါ်လာ ၆ သန်း ဈေးလျှော့ပေးလာ
သုဘရာဇာဘဝမှ ကမ္ဘာကျော်အဆိုတော်ဖြစ်လာသူ ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိမှ စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ဒေါ်လာ ၆ သန်း ဈေးလျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
19 Feb 2024 11:03 am တွင် တင်ခဲ့သည်
512 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မည်မျှပင် အထွတ်အထိပ်ရောက်နေသည့်အရာဖြစ်စေ တစ်နေ့တွင် ပြန်လည်ကျဆင်းခြင်းနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်ဟူသော လောကနိယာမ ရှိသည်။
ထိုသဘောတရားအပေါ် ဆာဘွဲ့ရ ဗြိတိန်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်၏ လော့စ်အိန်ဂျလိမှ ခြံဝန်းကျယ်ကြီး သည်လည်း မကျော်လွှားနိုင်ခဲ့။
(မှတ်ချက်။ ရော့ဒ်စတီးဝပ်၏ ဘဝဇာတ်ကြောင်းကို imyanmarhouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
လွန်ခဲ့သော ၂ လက အလွန်များပြားသည့် ဈေးနှုန်းဖြင့် ဈေးခေါ်ခဲ့သော်လည်း ယခုအခါ ခေါ်ဈေးမှ ဒေါ်လာ ၆ သန်း ဈေးလျှော့ပေးလာရသည်။
စိမ်းဝါရောင်ရှိသော စံအိမ်ကြီးသည် ပြီးခဲ့သောဇွန်လက ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ပထမဆုံး အရောင်းဈေးကွက် ဝင်ခဲ့သည်။
ယင်းနောက် ဒီဇင်ဘာလသို့ရောက်သောအခါ ကန်ဒေါ်လာ သန်း ၈၀ အထိ ဈေးနှုန်းတိုးမြှင့် ဈေးခေါ်ခဲ့သည်။
ထို့နောက် ရောင်းမထွက်သောကြောင့် ယခုရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ၇၄ သန်းသို့ လျှော့ချပေးလာ ခြင်း ဖြစ်သည်။
ယခုစံအိမ်ရောင်းထွက်ပါက အသက် ၇၉ နှစ်ရှိပြီဖြစ်သော ရော့ဒ်စတီးဝပ်အတွက် များစွာ မြတ်စွန်းမည် ဖြစ်သည်။
၃ ဧက နီးပါးကျယ်ဝန်းသော ခြံဝန်းကို ရော့ဒ်စတီးဝပ်က ၁၉၉၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၀၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ကြီးမားသောစံအိမ်ကြီးများ ဆောက်လုပ်ရာတွင် ဘုရင်တစ်ဆူဟု နာမည်ကျော်သော ဗိသုကာ ပညာရှင် Richard Landry က ဒီဇိုင်းရေးဆွဲပေးကာ ၁၉၉၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
(ဓာတ်ပုံ-Anthony Barcelo)
လော့စ်အိန်ဂျလိမြို့တွင် ကမ္ဘာကျော်များ နေထိုင်ရာ သီးသန့်ဂိတ်ဝန်းခတ်ဝန်းတစ်ခုဖြစ်သော Beverly Park ၌ တည်ရှိပြီး ရှည်လျားသော ကိုယ်ပိုင်ယာဉ်မောင်းလမ်းကလေးတစ်ခု၏ အဆုံးတွင် စံအိမ်တည်ရှိကာ အိပ်ခန်း ၉ ခန်း ပါဝင်သည်။
စံအိမ်အကျယ်အဝန်း စတုရန်းပေ ၂၈၀၀၀ ရှိပြီး Firdman Group International အိမ်ခြံမြေကုမ္ပဏီမှ Tomer Fridman က အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။
စံအိမ်အတွင်း စကျင်ကျောက်ကြမ်းခင်းများ ၊ ကော်လံတိုင်များ ၊ မှန်ပုံခွက် (သို့မဟုတ်) လှိုင်းတွန့် သစ်နံရံများ ၊ မီးလင်းဖိုများနှင့် အနုစိတ်ဖောင်းရစ်လက်ရာများဖြင့် ခမ်းနားစွာ မွမ်းမံထားသည်။
(Firdman Group International )
စံအိမ်အပြင်ဘက်တွင် စတုရန်းပေ ၄၅၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ် ၊ Full-size အားကစားလေ့ကျင့် ခန်းမ ၊ ရေကူးကန်၊ Spa ၊ နားနေ နေရာများ ၊ ပန်းဥယျာဉ်များ ၊ အကင်နေရာနှင့် မီးလင်းဖိုပါသော Outdoor ဖျော်ဖြေရေးနေရာနှင့် ဘောလုံးကွင်းတစ်ခုတို့ ပါဝင်သည်။
(ဆက်စပ်သတင်း)
သုဘရာဇာဘဝမှ ကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူ ရော့ဒ်စတီးဝပ် ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ (အပိုင်း ၇)
https://www.imyanmarhouse.com/news/read/497407
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rod Stewart Cuts $6 Million off the Price of His Yellow Los Angeles Mansion (Firdman Group International )
Photo Credit: (Firdman Group International )
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Magical World Apartment
Emerald Bay Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service