သုဘရာဇာဘဝမှကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူရော့စတီးဝပ် ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၇) - Property News in Myanmar from iMyanmarHouse.com
3551 Views

သုဘရာဇာဘဝမှကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူရော့စတီးဝပ် ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၇)

[Unicode]

ရော့စတီးဝပ်ကို ကမ္ဘာပေါ်ရှိ ဂီတမြတ်နိုးသူတိုင်းသိကြသည်။

ရော့ခေတ်ဦးတွင် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အဆိုတော်ကြီးဖြစ်၏။ ဂီတဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မှုများအတွက် အင်္ဂလန်ဘုရင်မကြီးက သူကောင်းပြုခြင်းခံရသူလည်း ဖြစ်သည်။

သူသည် ကမ္ဘာပေါ်ရှိ မည်သည့်နာမည်ကျော်ပုဂ္ဂိုလ်ထက်မဆို ဘဝနာသူတစ်ဦးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုလျှင် ကမ္ဘာကျော်အဆိုတော်မဖြစ်မီက ရော့စတီးဝပ်သည် သုဘရာဇာလုပ်ကာ အသက်မွေးခဲ့ရခြင်းကြောင့်ပင်။

ရော့ဒ်စတီးဝပ်သည် လန်ဒန်တွင် မွေးဖွားကြီးပြင်းသူဖြစ်ပြီး စကော့လူမျိုးတစ်ဦး ဖြစ်သည်။

ရော့စတီးဝပ်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြောက်ပိုင်း၊ ဟိုက်ဂိတ်အရပ်၊ အာ့ချ်ဝေးလမ်း၊ အိမ်အမှတ် ၅၀၇ တွင် ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် မွေးဖွားသည်။

မိဘများမှာ ရောဘတ်စတီးဝပ်နှင့် အယ်လ်စီ ဂျီးလ်ဘတ်တို့ဖြစ်ကြပြီး မွေးချင်း ၅ ဦးရှိသည့်အနက် အငယ်ဆုံးဖြစ်သည်။

ဖခင်မှာ စကော့လူမျိုးဖြစ်ပြီး အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကာ မိခင်မှာ လန်ဒန်မြောက်ပိုင်း ဟော်လိုဝေးအထက်ပိုင်းတွင် ကြီးပြင်းသည့် အင်္ဂလန်သူတစ်ဦးဖြစ်သည်။

ရော့စတီးဝပ်၏ မိခင်နှင့် ဖခင်တို့သည် ၁၉၂၈ တွင် လက်ထပ်ခဲ့ကြပြီး စကော့တလန်တွင် နေထိုင်စဉ်ကာလများအတွင်း သားနှစ်ဦး သမီးနှစ်ဦးထွန်းကားခဲ့ပြီး ဖြစ်သည်။

စကော့တလန်မှ လန်ဒန်မြောက်ပိုင်း ဟိုက်ဂိတ်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ် ကာလအတွင်း ရော့စတီးဝပ်ကို မွေးဖွားခဲ့ခြင်းဖြစ်ကာ အခြားမွေးချင်းများနှင့် ၈ နှစ်ကွာပြီး အငယ်ဆုံးဖြစ်သည်။ သူတို့ မိသားစု၏ အခြေအနေမှာ မရှိမရှား အခြေအနေမျိုး ဖြစ်၏။

ရော့စတီးဝပ်သည် ဟိုက်ဂိတ်မူလတန်းကျောင်းတွင် တက်ရောက်စဉ်အတွင်း ကျောင်းစာ၌ ထူးချွန်သည့် မှတ်တမ်းမှတ်ရာများ မရှိချေ။

မူလတန်းပြီးသောအခါ ရော့စတီးဝပ်သည် ဝီလျံ ဂရင်းရှော အလယ်တန်းကျောင်းတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။

စတီးဝပ် ဆယ်ကျော်သက်အရွယ်တွင် ဖခင်ဖြစ်သူသည် အိမ်ခြံမြေလုပ်ငန်းရပ်နားလိုက်ပြီး အာ့ချ်ဝေးလမ်းရှိ သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်ကလေးတစ်ခုကို ဝယ်လိုက်ရာ စတီးဝပ်မှာ သတင်းစာပို့သမား ဖြစ်လာရပြန်သည်။

၎င်းတို့၏ မိသားစုမှာလည်း အဆိုပါဆိုင်ကလေး၏ ထပ်ခိုးကလေးတွင် နေထိုင်ခဲ့ကြသည်။ စတီးဝပ်တို့မိသားစုသည် ဘောလုံးရူးသွပ်ကြသည့် မိသားစုဖြစ်သည်။

စတီးဝပ်၏ ဖခင်သည် ဒေသတွင်း အပျော်တမ်းဘောလုံးအသင်းမှ ကစားသမားတစ်ဦးဖြစ်ပြီး စတီးဝပ်ကို နာမည်ကျော်ဘောလုံးသမား ဖြစ်စေလိုသည်။

စတီးဝပ်သည် ဆွေမျိုးမိသားစုများထဲတွင် ဘောလုံးပါရမီအပါဆုံးတစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ ကျောင်းဘောလုံးအသင်းတွင်လည်း အသင်းခေါင်းဆောင်ဖြစ်ခဲ့ကာ ကွင်းလယ်ဗဟိုနေရာတွင် ကစားခဲ့သည်။

ထိုစဉ်က စတီးဝပ်အားပေးသည့် ဘောလုံးအသင်းမှာ အာဆင်နယ် ဖြစ်ပြီး နောက်ပိုင်းတွင်မူ စကော့လူမျိုး အများအပြားပါဝင်လာသည့် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့သည်။

ဂီတဖြင့် ကျော်ကြားမည့်ဇာတာပါလာသော စတီးဝပ်သည် ဘောလုံးအရည်အသွေးရှိစေကာမူ ဘောလုံးတွင်အောင်မြင်ရန် ကံမပါခဲ့ဟု ဆိုရမည် ဖြစ်သည်။

သူကိုယ်တိုင်ကလည်း ကာယဖြင့်လုပ်ရသောအလုပ်များဖြင့် အသက်မမွေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီတွင် ဖခင်ဖြစ်သူက စတီးဝပ်ကို ဂစ်တာတစ်လက် ဝယ်ပေး၏။

အဆိုပါဂစ်တာသည် စတီးဝပ်ကို ကမ္ဘာကျော်တစ်ဦးဖြစ်လာစေမည့် လမ်းကြောင်း အစပျိုးပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

စတီးဝပ်၏ ဘဝတွင် ပထမဆုံးဝယ်ယူနားထောင်ခဲ့သည့် တေးအယ်လ်ဘမ်မှာ အက်ဒီကို့ချ်ရန်၏ C'mon Everybody ဖြစ်ပြီး ပထမဆုံးဂစ်တာတီးလေ့ကျင့်ခဲ့သည့် သီချင်းမှာ ကျေးလက်တေးတစ်ပုဒ်ဖြစ်သော It Takes a Worried Man to Sing a Worried Song သီချင်းဖြစ်သည်။

အသက် ၁၅ နှစ်အရွယ်တွင် ကျောင်းစာကို ကျောခိုင်းလိုက်ပြီးနောက် ပုံနှိပ်တိုက်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့၏။ တစ်ကမ္ဘာလုံးရှိ နေအိမ်တိုင်းလိုလိုတွင် ရော့စတီးဝပ်၏ တေးသံများလွှမ်းမိုးခဲ့သည်အထိ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူတစ်ဦး၏ ဘဝမှာ ထိတ်လန့်ဖွယ်ရာကောင်းလောက်အောင် ကြမ်းတမ်းနေလိမ့်မည်ဟု မည်သူမျှ တွေးထင်ကြမည် မဟုတ်ချေ။

ပုံနှိပ်တိုက်တွင် နံရံကပ်ပိုစတာများ ရိုက်နှိပ်ရသည့်အလုပ်ကိုလုပ်ရာတွင် စတီးဝပ်မှာ အရောင်ကန်းသူ (အရောင်များခွဲခြားနိုင်စွမ်း မရှိခြင်း) တစ်ဦးဖြစ်ခြင်းကြောင့် မကြာမီတွင်ပင် ယင်းအလုပ်မှ ထွက်ခဲ့ရသည်။

ပုံနှိပ်တိုက်မှ အလုပ်ထွက်ခဲ့ရပြီးနောက်ပိုင်း လျှပ်စစ်သမားတစ်ဦး၏ လက်ထောက်လုပ်ခဲ့ပြန်သည်။ မည်သည့်အလုပ်တွင် ဝင်ရောက်လုပ်ကိုင်နေရသည်ဖြစ်စေ ယင်းအလုပ်တို့မှာ ယာယီအလုပ်များသာဖြစ်ပြီး ရော့စတီးဝပ်၏ အနာဂတ်အိပ်မက်မှာ ဂီတသာဖြစ်သည်။

“မနက်ဆိုရင် ခြောက်နာရီလောက်မှာ အိပ်ယာက ထရတယ်။ ပြီးရင်တစ်ခြားကလေးတွေနဲ့အတူ သတင်းစာတွေ လိုက်ပို့ရပါတယ်။ အကုန်လုံးက အသက် ၉ နှစ်၊ ၁၀ နှစ်လောက်တွေပဲ ရှိသေးတယ်”ဟု ရော့စတီးဝပ်က ပြန်ပြောင်းပြောကြားခဲ့ဖူးသည်။

စနေကဲ့သို့ အများသူငါအားလပ်ရက်များတွင် ရော့စတီးဝပ်သည် လန်ဒန်မြောက်ပိုင်း ဟိုက်ဂိတ် သင်္ချိုင်းတွင် မြေပုံတူးဖော်သည့် အလုပ်လုပ်ကိုင်ခဲ့ရပြီး ယင်းအလုပ်မှ ပေါင်ငွေအနည်းငယ်ရလေ့ရှိသည်။

မြောက်ပိုင်းဖင့်ချ်လေဟုခေါ်သည့်အရပ်ရှိ သုဘရာဇာအိမ်တွင် အကူအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ထိုအချိန်ကမူ သင်္ချိုင်းတွင် မြေပုံတူးနေသည့် သုဘရာဇာကလေးသည် နောင်တချိန်တွင် ကမ္ဘာပေါ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားသည့် အဆိုတော်ကြီးတစ်ဦးဖြစ်လာလိမ့်မည်ဟု မိဘဆွေမျိုးမိတ်ဆွေများအပါအဝင် မည်သူကမျှ တွေးထင်မထားခဲ့ကြချေ။

ရော့စတီးဝပ်၏ ထူးခြားချက်မှာ အက်ရှရှအသံဖြစ်၏။

ရော့စတီးဝပ်သည် သူငယ်ချင်းတစ်ဦးနှင့်အတူ ဂီတနယ်တွင် အဆက်အသွယ်များရရှိရန်အတွက် ၁၈ လ ခန့် ဥရောပတစ်ခွင် လှည့်လည်သွားလာခဲ့ကြသည်။

ပဲရစ်မြို့သို့သွားကြရာတွင် စိန့်မြစ်ရှိ တံတားများအောက်တွင် အိပ်စက်ကြရ၏။ ပဲရစ်မှ ဘာစီလိုနာသို့ သွားကြပြန်သည်။

နောက်ဆုံးတွင်ကား စပိန်တွင်ရှိနေစဉ် အလုပ်လက်မဲ့အဖြစ် ဖမ်းဆီးခံရကာ ၁၉၆၃ တွင် အင်္ဂလန်သို့ ပြန်ပို့ခြင်း ခံခဲ့ရသည်။

၁၉၆၃ ခုနှစ်၊ အောက်တိုဘာတွင် R&B အဖွဲ့တစ်ခုဖြစ်သော The Dimensions အမည်ရှိ တေးဂီတအဖွဲ့ဖြင့် အဆက်အသွယ်ရခဲ့ပြီး ဟာမိုနစ်ကာ (ဘာဂျာ) ပလေယာ၊ အချိန်ပိုင်း အဆိုတော်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါဝိုင်း၌ ၎င်း၏အခန်းကဏ္ဍ နည်းပါးလှသောကြောင့် နှုတ်ထွက်ခဲ့သည်။

၁၉၆၄ အောက်တိုဘာတွင်မူ ရော့စတီးဝပ်၏ အရည်အသွေးကို သတိပြုမိသည့် ထုတ်လုပ်သူတစ်ဦးနှင့် တွေ့ဆုံခဲ့ကာ ယင်းထုတ်လုပ်သူ၏ မြေတောင်မြှောက်ပေးမှုကြောင့် ပထမဆုံးဆင်ဂယ်ဓာတ်ပြားဖြစ်သော Good Morning Little Schoolgirl ကို သီဆိုထုတ်လုပ်နိုင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင်ကား sailing နှင့် First cut is the deepest ကဲ့သို့ သီချင်းများဖြင့် တစ်ကမ္ဘာလုံးတွင် တဟုန်ထိုးကျော်ကြားသွားတော့သည်။

ရိုးလင်းစတုန်းမဂ္ဂဇင်းကြီး၏ စစ်တမ်းကောက်ယူမှုအရ ရော့စတီးဝပ်၏ လူကြိုက်အများဆုံး သီချင်းများမှာ Have you ever seen the rain ၊ sailing နှင့် First cut is the deepest သီချင်းများဖြစ်ပြီး ယင်းသီချင်းများကို အဆိုတော်ဇော်ဝင်းထွဋ်က ဖက်ရှင်မလေး၊ ရွက်လွှင့်ခြင်း၊ စီးကရက်မီးခိုးများဟူသည့်အမည်များဖြင့် ပြန်လည်သီဆိုခဲ့ရာတွင်လည်း အောင်မြင်မှုများရရှိခဲ့သည်။

မြန်မာနိုင်ငံမှာ နာမည်ကျော်ဂစ်တာသမား စောဘွဲ့မှူးက ရော့စတီးဝပ်အောင်မြင်မှုကြီးဟူ၍ သူ၏ ရွှေပေါက်တူးသီချင်းတွင် ထည့်သွင်းရေးသားခဲ့ဖူးသည်။

“လူအရှင်ကို ဂူသွင်းမြှုပ်နှံခြင်းလား××××ဝါသနာကို ဖုတ်ကြဉ်းသဂြိုဟ်ခြင်းလား××” “ရွှေပေါက်တူးရဲ့ အောင်မြင်မှုကြီး”ဟု စောဘွဲ့မှူးက တင်စားခဲ့သည်။

ရှေးယခင်က သုဘရာဇာတို့ကို အယုတ်နိမ့်ဆုံးလူတန်းစားအဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း အဆိုပါအယူသီးမှု များကို သရုပ်ဆောင်ကိုကျော်သူက ကမကထပြု တိုက်ဖျက်ခဲ့သောကြောင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းတွင်မှ မြန်မာတို့၏ mind-set များ အတန်အသင့်ပြောင်းလဲလာကြသည်။

နာရေးကူညီမှုအသင်းကြီး၏ အဝင်ဝတွင် ကဗျာရှည်တစ်ပုဒ်ကို ဆိုင်းဘုတ်ထောင်ထားရာ အဆိုပါကဗျာတွင် “ဟိုး..ယခင်က…စွဲထင်ခဲ့ကြတဲ့၊ အနိမ့်ကျဆုံးဂုဏ်ပုဒ်…သုဘရာဇာအလုပ်ကို…..အမြင့်မြတ်ဆုံးစိတ်နှလုံးသား…ဗြဟ္မစိုရ်တရားနဲ့ ပေးဆပ်နေကြ…” ဟူ၍ သုဘရာဇာအပေါ် လူတို့၏ သဘောထားကို မီးမောင်းထိုးပြထားသည်။

ရော့စတီးဝပ်သည် ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံးအနုပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးသီချင်းအယ်လ်ဘမ်ပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီး ဖြစ်သည်။

သူ၏ တေးအယ်လ်ဘမ်များသည် ဗြိတိန်အရောင်းရဆုံး နံပါတ် ၁ နေရာကို ၆ ခွေဆက်တိုက် ရပ်တည်ခဲ့ပြီး ဆင်ဂယ်တေးအယ်လ်ဘမ် ၆၂ ခုအနက် ၃၁ ခုမှာ Top Ten စာရင်းဝင်ခဲ့ပြီး ယင်းတို့အနက် ၆ ခွေမှာ နံပါတ် ၁ ချိတ်ဆွဲခဲ့သည်။

ရော့စတီးဝပ်၏ အစောပိုင်းသီချင်းများသည် ရော့ခ်၊ ဖော့ဖ်၊ ဆိုးလ်နှင့် R&B တို့ ရောယှက်နေသည်။ ၂၀၀၈ ခုနှစ်တွင် Billboard မဂ္ဂဇင်းကြီးက သမိုင်းတစ်လျှောက် ထိပ်တန်းအနုပညာရှင် ၁၀၀ ဦးစာရင်းတွင် ရော့စတီးဝပ်ကို ထည့်သွင်းဖော်ပြခဲ့သည်။

Q မဂ္ဂဇင်းကြီး၏ သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံးအဆိုတော် ၁၀၀ ဦးစာရင်းတွင်လည်း ရော့စတီးဝပ် ပါဝင်ခဲ့သည်။ ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးကလည်း သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံးအဆိုတော် ၁၀၀ ဦးစာရင်းတွင် ရော့စတီးဝပ်ကို နံပါတ် ၅၉ နေရာတွင် ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း ဆန်းဒေးတိုင်းမ်တွင် ဖော်ပြချက်အရ ရော့စတီးဝပ်၏ ကြွယ်ဝမှုမှာ ပေါင်သန်း ၁၅၀ ရှိပြီး ဗြိတိန်ဂီတလောကတွင် ၂၀ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

သုဘရာဇာဘ၀မွကမၻာေက်ာ္အဆိုေတာ္ၾကီးျဖစ္လာသူေရာ့စတီး၀ပ္ ျခံဳၾကားမွဘံုဖ်ားသို႔တက္လွမ္းခဲ့ၾကသည့္ ကမၻာေက်ာ္ပုဂၢိဳလ္မ်ား (အပိုင္း-၇)

ေရာ့စတီး၀ပ္ကို ကမၻာေပၚရွိ ဂီတျမတ္ႏိုးသူတိုင္းသိၾကသည္။

ေရာ့ေခတ္ဦးတြင္ ကမၻာကို ကိုင္လႈပ္ခဲ့ေသာ အဆိုေတာ္ၾကီးျဖစ္၏။ ဂီတျဖင့္ ႏိုင္ငံ့ဂုဏ္ေဆာင္ႏိုင္မႈမ်ားအတြက္ အဂၤလန္ဘုရင္မၾကီးက သူေကာင္းျပဳျခင္းခံရသူလည္း ျဖစ္သည္။

သူသည္ ကမၻာေပၚရွိ မည္သည့္နာမည္ေက်ာ္ပုဂၢိဳလ္ထက္မဆို ဘ၀နာသူတစ္ဦးျဖစ္သည္ဟု ဆိုရမည္ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုလွ်င္ ကမၻာေက်ာ္အဆိုေတာ္မျဖစ္မီက ေရာ့စတီး၀ပ္သည္ သုဘရာဇာလုပ္ကာ အသက္ေမြးခဲ့ရျခင္းေၾကာင့္ပင္။

ေရာ့ဒ္စတီး၀ပ္သည္ လန္ဒန္တြင္ ေမြးဖြားၾကီးျပင္းသူျဖစ္ျပီး စေကာ့လူမ်ဳိးတစ္ဦး ျဖစ္သည္။

ေရာ့စတီး၀ပ္ကို အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕ေျမာက္ပိုင္း၊ ဟိုက္ဂိတ္အရပ္၊ အာ့ခ်္ေ၀းလမ္း၊ အိမ္အမွတ္ ၅၀၇ တြင္ ၁၉၄၅ ခုႏွစ္၊ ဇန္န၀ါရီလ ၁၀ ရက္တြင္ ေမြးဖြားသည္။

မိဘမ်ားမွာ ေရာဘတ္စတီး၀ပ္ႏွင့္ အယ္လ္စီ ဂ်ီးလ္ဘတ္တို႔ျဖစ္ၾကျပီး ေမြးခ်င္း ၅ ဦးရွိသည့္အနက္ အငယ္ဆံုးျဖစ္သည္။

ဖခင္မွာ စေကာ့လူမ်ဳိးျဖစ္ျပီး အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္သူျဖစ္ကာ မိခင္မွာ လန္ဒန္ေျမာက္ပိုင္း ေဟာ္လိုေ၀းအထက္ပိုင္းတြင္ ၾကီးျပင္းသည့္ အဂၤလန္သူတစ္ဦးျဖစ္သည္။

ေရာ့စတီး၀ပ္၏ မိခင္ႏွင့္ ဖခင္တို႔သည္ ၁၉၂၈ တြင္ လက္ထပ္ခဲ့ၾကျပီး စေကာ့တလန္တြင္ ေနထိုင္စဥ္ကာလမ်ားအတြင္း သားႏွစ္ဦး သမီးႏွစ္ဦးထြန္းကားခဲ့ျပီး ျဖစ္သည္။

စေကာ့တလန္မွ လန္ဒန္ေျမာက္ပိုင္း ဟိုက္ဂိတ္သို႔ ေျပာင္းေရႊ႕လာခဲ့ျပီးေနာက္ပိုင္း ဒုတိယကမၻာစစ္ၾကီး ျဖစ္ပြားေနစဥ္ ကာလအတြင္း ေရာ့စတီး၀ပ္ကို ေမြးဖြားခဲ့ျခင္းျဖစ္ကာ အျခားေမြးခ်င္းမ်ားႏွင့္ ၈ ႏွစ္ကြာျပီး အငယ္ဆံုးျဖစ္သည္။ သူတို႔ မိသားစု၏ အေျခအေနမွာ မရွိမရွား အေျခအေနမ်ဳိး ျဖစ္၏။

ေရာ့စတီး၀ပ္သည္ ဟိုက္ဂိတ္မူလတန္းေက်ာင္းတြင္ တက္ေရာက္စဥ္အတြင္း ေက်ာင္းစာ၌ ထူးခၽြန္သည့္ မွတ္တမ္းမွတ္ရာမ်ား မရွိေခ်။

မူလတန္းျပီးေသာအခါ ေရာ့စတီး၀ပ္သည္ ၀ီလ်ံ ဂရင္းေရွာ အလယ္တန္းေက်ာင္းတြင္ ဆက္လက္ပညာဆည္းပူးခဲ့သည္။

စတီး၀ပ္ ဆယ္ေက်ာ္သက္အရြယ္တြင္ ဖခင္ျဖစ္သူသည္ အိမ္ျခံေျမလုပ္ငန္းရပ္နားလိုက္ျပီး အာ့ခ်္ေ၀းလမ္းရွိ သတင္းစာ၊ ဂ်ာနယ္အေရာင္းဆိုင္ကေလးတစ္ခုကို ၀ယ္လိုက္ရာ စတီး၀ပ္မွာ သတင္းစာပို႔သမား ျဖစ္လာရျပန္သည္။

၎တို႔၏ မိသားစုမွာလည္း အဆိုပါဆိုင္ကေလး၏ ထပ္ခိုးကေလးတြင္ ေနထိုင္ခဲ့ၾကသည္။ စတီး၀ပ္တို႔မိသားစုသည္ ေဘာလံုး႐ူးသြပ္ၾကသည့္ မိသားစုျဖစ္သည္။

စတီး၀ပ္၏ ဖခင္သည္ ေဒသတြင္း အေပ်ာ္တမ္းေဘာလံုးအသင္းမွ ကစားသမားတစ္ဦးျဖစ္ျပီး စတီး၀ပ္ကို နာမည္ေက်ာ္ေဘာလံုးသမား ျဖစ္ေစလိုသည္။

စတီး၀ပ္သည္ ေဆြမ်ဳိးမိသားစုမ်ားထဲတြင္ ေဘာလံုးပါရမီအပါဆံုးတစ္ဦးျဖစ္သည္ဟု ဆိုႏိုင္သည္။ ေက်ာင္းေဘာလံုးအသင္းတြင္လည္း အသင္းေခါင္းေဆာင္ျဖစ္ခဲ့ကာ ကြင္းလယ္ဗဟိုေနရာတြင္ ကစားခဲ့သည္။

ထိုစဥ္က စတီး၀ပ္အားေပးသည့္ ေဘာလံုးအသင္းမွာ အာဆင္နယ္ ျဖစ္ျပီး ေနာက္ပိုင္းတြင္မူ စေကာ့လူမ်ဳိး အမ်ားအျပားပါ၀င္လာသည့္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အားေပးခဲ့သည္။

ဂီတျဖင့္ ေက်ာ္ၾကားမည့္ဇာတာပါလာေသာ စတီး၀ပ္သည္ ေဘာလံုးအရည္အေသြးရွိေစကာမူ ေဘာလံုးတြင္ေအာင္ျမင္ရန္ ကံမပါခဲ့ဟု ဆိုရမည္ ျဖစ္သည္။

သူကိုယ္တိုင္ကလည္း ကာယျဖင့္လုပ္ရေသာအလုပ္မ်ားျဖင့္ အသက္မေမြးလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးသည္။ ၁၉၅၉ ခုႏွစ္၊ ဇန္န၀ါရီတြင္ ဖခင္ျဖစ္သူက စတီး၀ပ္ကို ဂစ္တာတစ္လက္ ၀ယ္ေပး၏။

အဆိုပါဂစ္တာသည္ စတီး၀ပ္ကို ကမၻာေက်ာ္တစ္ဦးျဖစ္လာေစမည့္ လမ္းေၾကာင္း အစပ်ဳိးေပးလိုက္ျခင္းျဖစ္သည္ဟု ဆိုႏိုင္သည္။

စတီး၀ပ္၏ ဘ၀တြင္ ပထမဆံုး၀ယ္ယူနားေထာင္ခဲ့သည့္ ေတးအယ္လ္ဘမ္မွာ အက္ဒီကို႔ခ်္ရန္၏ C'mon Everybody ျဖစ္ျပီး ပထမဆံုးဂစ္တာတီးေလ့က်င့္ခဲ့သည့္ သီခ်င္းမွာ ေက်းလက္ေတးတစ္ပုဒ္ျဖစ္ေသာ It Takes a Worried Man to Sing a Worried Song သီခ်င္းျဖစ္သည္။

အသက္ ၁၅ ႏွစ္အရြယ္တြင္ ေက်ာင္းစာကို ေက်ာခိုင္းလိုက္ျပီးေနာက္ ပံုႏွိပ္တိုက္တစ္ခုတြင္ ၀င္ေရာက္လုပ္ကိုင္ခဲ့၏။ တစ္ကမၻာလံုးရွိ ေနအိမ္တိုင္းလိုလိုတြင္ ေရာ့စတီး၀ပ္၏ ေတးသံမ်ားလႊမ္းမိုးခဲ့သည္အထိ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားခဲ့သူတစ္ဦး၏ ဘ၀မွာ ထိတ္လန္႔ဖြယ္ရာေကာင္းေလာက္ေအာင္ ၾကမ္းတမ္းေနလိမ့္မည္ဟု မည္သူမွ် ေတြးထင္ၾကမည္ မဟုတ္ေခ်။

ပံုႏွိပ္တိုက္တြင္ နံရံကပ္ပိုစတာမ်ား ႐ိုက္ႏွိပ္ရသည့္အလုပ္ကိုလုပ္ရာတြင္ စတီး၀ပ္မွာ အေရာင္ကန္းသူ (အေရာင္မ်ားခြဲျခားႏိုင္စြမ္း မရွိျခင္း) တစ္ဦးျဖစ္ျခင္းေၾကာင့္ မၾကာမီတြင္ပင္ ယင္းအလုပ္မွ ထြက္ခဲ့ရသည္။

ပံုႏွိပ္တိုက္မွ အလုပ္ထြက္ခဲ့ရျပီးေနာက္ပိုင္း လွ်ပ္စစ္သမားတစ္ဦး၏ လက္ေထာက္လုပ္ခဲ့ျပန္သည္။ မည္သည့္အလုပ္တြင္ ၀င္ေရာက္လုပ္ကိုင္ေနရသည္ျဖစ္ေစ ယင္းအလုပ္တို႔မွာ ယာယီအလုပ္မ်ားသာျဖစ္ျပီး ေရာ့စတီး၀ပ္၏ အနာဂတ္အိပ္မက္မွာ ဂီတသာျဖစ္သည္။

“မနက္ဆိုရင္ ေျခာက္နာရီေလာက္မွာ အိပ္ယာက ထရတယ္။ ျပီးရင္တစ္ျခားကေလးေတြနဲ႔အတူ သတင္းစာေတြ လိုက္ပို႔ရပါတယ္။ အကုန္လံုးက အသက္ ၉ ႏွစ္၊ ၁၀ ႏွစ္ေလာက္ေတြပဲ ရွိေသးတယ္”ဟု ေရာ့စတီး၀ပ္က ျပန္ေျပာင္းေျပာၾကားခဲ့ဖူးသည္။

စေနကဲ့သို႔ အမ်ားသူငါအားလပ္ရက္မ်ားတြင္ ေရာ့စတီး၀ပ္သည္ လန္ဒန္ေျမာက္ပိုင္း ဟိုက္ဂိတ္ သခၤ် ိဳင္းတြင္ ေျမပံုတူးေဖာ္သည့္ အလုပ္လုပ္ကိုင္ခဲ့ရျပီး ယင္းအလုပ္မွ ေပါင္ေငြအနည္းငယ္ရေလ့ရွိသည္။

ေျမာက္ပိုင္းဖင့္ခ်္ေလဟုေခၚသည့္အရပ္ရွိ သုဘရာဇာအိမ္တြင္ အကူအျဖစ္၀င္ေရာက္လုပ္ကိုင္ခဲ့ရသည္။ ထိုအခ်ိန္ကမူ သခၤ် ိဳင္းတြင္ ေျမပံုတူးေနသည့္ သုဘရာဇာကေလးသည္ ေနာင္တခ်ိန္တြင္ ကမၻာေပၚတြင္ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားသည့္ အဆိုေတာ္ၾကီးတစ္ဦးျဖစ္လာလိမ့္မည္ဟု မိဘေဆြမ်ဳိးမိတ္ေဆြမ်ားအပါအ၀င္ မည္သူကမွ် ေတြးထင္မထားခဲ့ၾကေခ်။

ေရာ့စတီး၀ပ္၏ ထူးျခားခ်က္မွာ အက္ရွရွအသံျဖစ္၏။

ေရာ့စတီး၀ပ္သည္ သူငယ္ခ်င္းတစ္ဦးႏွင့္အတူ ဂီတနယ္တြင္ အဆက္အသြယ္မ်ားရရွိရန္အတြက္ ၁၈ လ ခန္႔ ဥေရာပတစ္ခြင္ လွည့္လည္သြားလာခဲ့ၾကသည္။

ပဲရစ္ျမိဳ႕သို႔သြားၾကရာတြင္ စိန္႔ျမစ္ရွိ တံတားမ်ားေအာက္တြင္ အိပ္စက္ၾကရ၏။ ပဲရစ္မွ ဘာစီလိုနာသို႔ သြားၾကျပန္သည္။

ေနာက္ဆံုးတြင္ကား စပိန္တြင္ရွိေနစဥ္ အလုပ္လက္မဲ့အျဖစ္ ဖမ္းဆီးခံရကာ ၁၉၆၃ တြင္ အဂၤလန္သို႔ ျပန္ပို႔ျခင္း ခံခဲ့ရသည္။

၁၉၆၃ ခုႏွစ္၊ ေအာက္တိုဘာတြင္ R&B အဖြဲ႔တစ္ခုျဖစ္ေသာ The Dimensions အမည္ရွိ ေတးဂီတအဖြဲ႔ျဖင့္ အဆက္အသြယ္ရခဲ့ျပီး ဟာမိုနစ္ကာ (ဘာဂ်ာ) ပေလယာ၊ အခ်ိန္ပိုင္း အဆိုေတာ္တစ္ဦးအျဖစ္ ပါ၀င္ခဲ့သည္။

ေနာက္ပိုင္းတြင္ အဆိုပါ၀ိုင္း၌ ၎၏အခန္းက႑ နည္းပါးလွေသာေၾကာင့္ ႏႈတ္ထြက္ခဲ့သည္။

၁၉၆၄ ေအာက္တိုဘာတြင္မူ ေရာ့စတီး၀ပ္၏ အရည္အေသြးကို သတိျပဳမိသည့္ ထုတ္လုပ္သူတစ္ဦးႏွင့္ ေတြ႔ဆံုခဲ့ကာ ယင္းထုတ္လုပ္သူ၏ ေျမေတာင္ေျမွာက္ေပးမႈေၾကာင့္ ပထမဆံုးဆင္ဂယ္ဓာတ္ျပားျဖစ္ေသာ Good Morning Little Schoolgirl ကို သီဆိုထုတ္လုပ္ႏိုင္ခဲ့သည္။

ယင္းေနာက္ပိုင္းတြင္ကား sailing ႏွင့္ First cut is the deepest ကဲ့သို႔ သီခ်င္းမ်ားျဖင့္ တစ္ကမၻာလံုးတြင္ တဟုန္ထိုးေက်ာ္ၾကားသြားေတာ့သည္။

႐ိုးလင္းစတုန္းမဂၢဇင္းၾကီး၏ စစ္တမ္းေကာက္ယူမႈအရ ေရာ့စတီး၀ပ္၏ လူၾကိဳက္အမ်ားဆံုး သီခ်င္းမ်ားမွာ Have you ever seen the rain ၊ sailing ႏွင့္ First cut is the deepest သီခ်င္းမ်ားျဖစ္ျပီး ယင္းသီခ်င္းမ်ားကို အဆိုေတာ္ေဇာ္၀င္းထြဋ္က ဖက္ရွင္မေလး၊ ရြက္လႊင့္ျခင္း၊ စီးကရက္မီးခိုးမ်ားဟူသည့္အမည္မ်ားျဖင့္ ျပန္လည္သီဆိုခဲ့ရာတြင္လည္း ေအာင္ျမင္မႈမ်ားရရွိခဲ့သည္။

ျမန္မာႏိုင္ငံမွာ နာမည္ေက်ာ္ဂစ္တာသမား ေစာဘြဲ႔မွဴးက ေရာ့စတီး၀ပ္ေအာင္ျမင္မႈၾကီးဟူ၍ သူ၏ ေရႊေပါက္တူးသီခ်င္းတြင္ ထည့္သြင္းေရးသားခဲ့ဖူးသည္။

“လူအရွင္ကို ဂူသြင္းျမွဳပ္ႏွံျခင္းလား××××၀ါသနာကို ဖုတ္ၾကဥ္းသျဂိဳဟ္ျခင္းလား××” “ေရႊေပါက္တူးရဲ႕ ေအာင္ျမင္မႈၾကီး”ဟု ေစာဘြဲ႔မွဴးက တင္စားခဲ့သည္။

ေရွးယခင္က သုဘရာဇာတို႔ကို အယုတ္နိမ့္ဆံုးလူတန္းစားအျဖစ္ သတ္မွတ္ခဲ့ၾကသည္။

ျမန္မာႏိုင္ငံတြင္လည္း အဆိုပါအယူသီးမႈ မ်ားကို သ႐ုပ္ေဆာင္ကိုေက်ာ္သူက ကမကထျပဳ တိုက္ဖ်က္ခဲ့ေသာေၾကာင့္ မၾကာေသးမီ ဆယ္စုႏွစ္မ်ားအတြင္းတြင္မွ ျမန္မာတို႔၏ mind-set မ်ား အတန္အသင့္ေျပာင္းလဲလာၾကသည္။

နာေရးကူညီမႈအသင္းၾကီး၏ အ၀င္၀တြင္ ကဗ်ာရွည္တစ္ပုဒ္ကို ဆိုင္းဘုတ္ေထာင္ထားရာ အဆိုပါကဗ်ာတြင္ “ဟိုး..ယခင္က…စြဲထင္ခဲ့ၾကတဲ့၊ အနိမ့္က်ဆံုးဂုဏ္ပုဒ္…သုဘရာဇာအလုပ္ကို…..အျမင့္ျမတ္ဆံုးစိတ္ႏွလံုးသား…ျဗဟၼစိုရ္တရားနဲ႔ ေပးဆပ္ေနၾက…” ဟူ၍ သုဘရာဇာအေပၚ လူတို႔၏ သေဘာထားကို မီးေမာင္းထိုးျပထားသည္။

ေရာ့စတီး၀ပ္သည္ ကမၻာ့ဂီတသမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးအႏုပညာရွင္မ်ားတြင္ တစ္ဦးအပါအ၀င္ျဖစ္ျပီး ကမၻာတစ္၀န္းတြင္ ေတးသီခ်င္းအယ္လ္ဘမ္ေပါင္း သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ခဲ့ရျပီး ျဖစ္သည္။

သူ၏ ေတးအယ္လ္ဘမ္မ်ားသည္ ျဗိတိန္အေရာင္းရဆံုး နံပါတ္ ၁ ေနရာကို ၆ ေခြဆက္တိုက္ ရပ္တည္ခဲ့ျပီး ဆင္ဂယ္ေတးအယ္လ္ဘမ္ ၆၂ ခုအနက္ ၃၁ ခုမွာ Top Ten စာရင္း၀င္ခဲ့ျပီး ယင္းတို႔အနက္ ၆ ေခြမွာ နံပါတ္ ၁ ခ်ိတ္ဆြဲခဲ့သည္။

ေရာ့စတီး၀ပ္၏ အေစာပိုင္းသီခ်င္းမ်ားသည္ ေရာ့ခ္၊ ေဖာ့ဖ္၊ ဆိုးလ္ႏွင့္ R&B တို႔ ေရာယွက္ေနသည္။ ၂၀၀၈ ခုႏွစ္တြင္ Billboard မဂၢဇင္းၾကီးက သမိုင္းတစ္ေလွ်ာက္ ထိပ္တန္းအႏုပညာရွင္ ၁၀၀ ဦးစာရင္းတြင္ ေရာ့စတီး၀ပ္ကို ထည့္သြင္းေဖာ္ျပခဲ့သည္။

Q မဂၢဇင္းၾကီး၏ သမိုင္းတစ္ေလွ်ာက္အၾကီးျမတ္ဆံုးအဆိုေတာ္ ၁၀၀ ဦးစာရင္းတြင္လည္း ေရာ့စတီး၀ပ္ ပါ၀င္ခဲ့သည္။ ႐ိုးလင္းစတုန္းမဂၢဇင္းၾကီးကလည္း သမိုင္းတစ္ေလွ်ာက္အၾကီးျမတ္ဆံုးအဆိုေတာ္ ၁၀၀ ဦးစာရင္းတြင္ ေရာ့စတီး၀ပ္ကို နံပါတ္ ၅၉ ေနရာတြင္ ေဖာ္ျပခဲ့သည္။

၂၀၁၅ ခုႏွစ္အတြင္း ဆန္းေဒးတိုင္းမ္တြင္ ေဖာ္ျပခ်က္အရ ေရာ့စတီး၀ပ္၏ ၾကြယ္၀မႈမွာ ေပါင္သန္း ၁၅၀ ရွိျပီး ျဗိတိန္ဂီတေလာကတြင္ ၂၀ ဦးေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

သုဘရာဇာဘဝမှကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူရော့စတီးဝပ် ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၇) - Property News in Myanmar from iMyanmarHouse.com
သုဘရာဇာဘဝမှကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူရော့စတီးဝပ် ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၇) - Property News in Myanmar from iMyanmarHouse.com
သုဘရာဇာဘဝမှကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူရော့စတီးဝပ် ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၇) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 16 Aug To 17 Aug

Magical World Apartment

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service