ခရိုအေးရှားနိုင်ငံရှိ မြို့ငယ်တစ်ခုတွင် နေအိမ်များကို တစ်လုံးလျှင် ၁၅ ဆင့် (မြန်မာငွေ ၃၂၂ ကျပ်) ဖြင့် ရောင်းချလျက်ရှိ
ခရိုအေးရှားနိုင်ငံရှိ မြို့ငယ်တစ်ခုတွင် နေအိမ်များကို တစ်လုံးလျှင် ၁၅ ဆင့် (မြန်မာငွေ ၃၂၂ ကျပ်) ဖြင့် ရောင်းချလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Jan 2024 10:34 am တွင် တင်ခဲ့သည်
1631 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီတလီနိုင်ငံတွင် နေအိမ်များကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးလျက်ရှိခြင်းမှာ သင့်အတွက် ဈေးများသေးသည်ဆိုလျှင် ခရိုအေးရှားနိုင်ငံတွင် ထို့ထက်ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိသော နေအိမ်များကို ဝယ်ယူရန် စဉ်းစားသင့်သည်။
(ဆက်စပ်သတင်း)
အီတလီနိုင်ငံတွင် လူမနေသော အိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်
https://www.imyanmarhouse.com/news/read/1036228
ခရိုအေးရှားနိုင်ငံမြောက်ပိုင်း Legrad မြို့ရှိ နေအိမ်များနှင့် ဆောက်လုပ်ရေးဆိုဒ်များကို အစိုးရအဖွဲ့က ယခုလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၅ မျှဖြင့် အရောင်းဈေးကွက်တင်လာသည်။
(မှတ်ချက်။ အမေရိကန် ၁ ဒေါ်လာ လျှင် မြန်မာကျပ်ငွေ ၂၁၀၆ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်သောကြောင့် ၁၅ ဆင့်မှာ အနီးစပ်ဆုံးအားဖြင့် မြန်မာငွေ ၃၂၂ ကျပ်ခွဲခန့် ဖြစ်ပါသည်)
သို့သော် စည်းမျဉ်းများရှိပြီး လူတိုင်းမူ ဝယ်ယူခွင့်မရှိချေ။
လျှောက်ထားလိုသူသည် အသက် ၄၅ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်ရှိသူ ဖြစ်ရမည်ဟု ဆိုသည်။
ထို့အပြင် ပြစ်မှုကျူးလွန်ထားသည့် သမိုင်းကြောင်း မရှိသူ၊ ခရိုအေးရှားတွင် နေအိမ်ပိုင်ဆိုင်ထားခြင်းမရှိသူ ဖြစ်ရမည်ဟု ဆိုသည်။
Business Insider သတင်းဌာနက အဆိုပါ သတ်မှတ်ချက်များနှင့် စပ်လျဉ်းပြီး ခရိုအေးရှားအစိုးရနှင့် Legrad မြို့မှ အရာရှိများကို ဆက်သွယ်မေးမြန်းခဲ့သည်။
အခမဲ့ပေးသည်ဟု ဆိုနိုင်လောက်သော ယခုအစီအစဉ်မှာ လူဦးရေ ၂၀၀၀ သာရှိသော မြို့ငယ်လေးတွင် နေထိုင်သူဦးရေ မြင့်တက်လာစေရန် ကြိုးစားခြင်းလည်း ဖြစ်သည်။
ဤအစီအစဉ်ကို လွန်ခဲ့သော ၅ နှစ်ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။ အိမ်တစ်လုံးလျှင် ငွေတစ်ပြား မူဝါဒဟု လူသိများခဲ့ကြောင်း ခရိုအေးရှားသတင်းစာ HRT က ဖော်ပြခဲ့သည်။
အဆိုပါ မူဝါဒ စတင်အကောင်အထည်ဖော်ပြီးနောက်ပိုင်း ထိုဒေသတွင် ကလေးငယ်များ များပြားလာခဲ့ရာ မူကြိုကျောင်းတစ်ခုပင် စတင်ဆောက်လုပ်လျက်ရှိသည်။
“လူနေဖို့ အသင့်ရှိတဲ့နေအိမ် ၅ လုံး ရောင်းချပေးခဲ့ပြီး ဖြစ်ပါတယ်။ မိသားစု ၃ ခု ပြောင်းရွှေ့ နေထိုင် နေကြ ပါတယ်။ ကျွန်တော်တို့ ဝမ်းမြောက်ရတဲ့အချက်က ပြောင်းရွှေ့လာပြီးနောက်ပိုင်း မိသားစု ၃ ခုလုံးမှာ သားသမီး တွေ ထွန်းကားလာတဲ့အချက်ပါပဲ။ ဒါကြောင့် နေ့ထိန်းကလေးကျောင်းမှာ ကလေးဦးရေ မြင့်တက်လာပါတယ်” ဟု Legrad ၏ မြို့တော်ဝန် Ivan Sabolic က HRT သတင်းဌာနသို့ ပြောသည်။
ရရှိနိုင်သော အိမ်များမှာ ပြုပြင်မွမ်းမံရန် လိုအပ်မှုအခြေအနေ အမျိုးမျိုးရှိသည်။
၂၀၂၁ ခုနှစ်အတွင်း နေအိမ် ၁၉ လုံးကို တစ်လုံးလျှင် ၀ ဒသမ ၁၄ ဒေါ်လာဖြင့် အရောင်းတင်ခဲ့စဉ်က ပြုပြင်မွမ်းမံရန်အတွက် ၃၅၅၈ ဒေါ်လာ ထောက်ပံ့မည်ဟု ကြေညာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဝယ်ယူမည့်သူများသည် ၁၅ နှစ်နေထိုင်ရန် သဘောတူရမည်ဟု ဆိုသည်။
ထောက်ပံ့သောငွေသည် ပြင်ဆင်မှုကုန်ကျစရိတ် လုံလောက်သည်ဖြစ်စေ၊ မလောက်သည်ဖြစ်စေ ယခုဈေးနှုန်းမျိုးမှာ အမေရိကန်တွင် မကြားဖူးသော ဈေးနှုန်းမျိုး ဖြစ်သည်။
အမေရိကန်တွင် ဇွန်လအတွင်း အိမ်ခြံမြေချေးငွေအတိုးနှုန်းများ အလွန်မြင့်မားလာခဲ့ပြီးနောက်ပိုင်း အလယ်အလတ်တန်း အိမ်တစ်လုံး၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၄၃၀၀၀ အထိ မြင့်တက်ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A small town in Croatia is selling homes for 15 cents — here's who can apply (businessinsider)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service