စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ် - Property News in Myanmar from iMyanmarHouse.com
16 Jul 2025 11:34 am တွင် တင်ခဲ့သည်
572 ကြိမ် ကြည့်ရှု့ပြီး

မွေးစားဖခင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ထန်ချူးယန် အမည်ရှိ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးကို စင်္ကာပူတရားရုံးတစ်ခုက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်သည်။

အသတ်ခံရသော မွေးစားဖခင်မှာ ထန်အားပန်ဟု အမည်ရပြီး အသက် ၆၇ နှစ်အရွယ် ဖြစ်သည်။

ရက်ရက်စက်စက် လူသတ်မှုကြီးဖြစ်စေခဲ့သည့် အရင်းခံအကြောင်းမှာ စင်္ကာပူ အရှေ့မြောက်ပိုင်း ရှန်းကန်အရပ်ရှိ တိုက်ခန်းပိုင်ဆိုင်မှုကြောင့်ဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းမှုကို မကုသဘဲ ထားရှိခြင်းကြောင့်လည်း အခြေတည်သည်။

ထန်ချူးယန်၏ မွေးစားမိခင်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် သေဆုံးသွားပြီးနောက်ပိုင်း မွေးစားဖခင်နှင့် ထန်ချူးယန်အကြား တိုက်ခန်းပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် စကားများခဲ့သည်။

အဆုတ်ကင်ဆာရောဂါ ခံစားနေရသော မွေးစားမိခင်က Rivervale Drive လမ်းရှိ တိုက်ခန်းကို မိမိက ထက်ဝက်ပိုင်ဆိုင်ရာ အဆိုပါပိုင်ဆိုင်မှုကို ထန်ချူးယန်အား အမွေပေးခဲ့မည်ဟု ကတိပြုခဲ့သည်။

သို့သော် မွေးစားမိခင် ကွယ်လွန်သွားသောအခါ တိုက်ခန်း တရားဝင်ပိုင်ဆိုင်သူအဖြစ် မွေးစားဖခင် ထန်အားပန်က လွှဲပြောင်းရရှိသွားသည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး မွေးစားဖခင်နှင့် မွေးစားသမီးကြား မကြာခဏ အကြီးအကျယ် စကားများခဲ့ပြီး နောက်ဆုံးတွင် ရက်ရက်စက်စက် လူသတ်မှုကြီး ဖြစ်ပွားလာခဲ့ရခြင်းလည်း ဖြစ်သည်။

မကြာခဏ စကားများကြသည့်အနက် တခါတွင် ထန်အားပန်က မွေးစားသမီးကို အိမ်ပေါ်မှဆင်းရန် ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင်မူ နောင်အခါတွင် တိုက်ခန်းပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးမည်ဟုပြောကာ ပြန်လည်နှစ်သိမ့် ချော့မော့ခဲ့သည်။

သို့သော် ထန်ချူးယန်က မွေးစားဖခင်၏ စကားကို မယုံ။ တစ်ချိန်တွင် အိမ်ပေါ်မှ နှင်ချခံရလိမ့်မည်ဟု ယူဆနေသည်။

ထိုသို့ မကြာခဏ ကတောက်ကဆဖြစ်နေရင်း တစ်ရက်တွင် ထန်ချူးယန်သည် အလွန်ချွန်မြသော ဓားရှည်တစ်လက်ကို စူပါမာ့ကက်တွင် ဝယ်ယူခဲ့ပြီး မွေးစားဖခင်ကို သတ်ရန် စီစဉ်ခဲ့သည်။

ဓားရှည်က ပိုမိုထိရောက်မည်ဟု ယူဆသည်။

ယင်းနောက် ရက်သတ္တပတ်များစွာ ကာလအတွင်း ထန်ချူးယန်၏ ကြိတ်မနိုင် ခဲမရ ဒေါသမှာ ပိုမိုကြီးထွားလာခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း။

ထိုမနက်က မွေးစားဖခင် ထန်အားပန်က လူတစ်ဦးနှင့် ဖုန်းပြောနေရာတွင် အနားတွင် လူရှိနေသောကြောင့် ပြောလို့မကောင်းသေးကြောင်း ပြောဆိုနေသံကို ထန်ချူးယန် ကြားလိုက်ရသည်။

ထို့ကြောင့် ထန်ချူးယန်က မိမိကို မွေးစားဖခင်က အိမ်ပေါ်မှ နှင်ချတော့မည်ဟု တွက်ဆလိုက်သည်။

သို့နှင့် ထန်ချူးယန်လည်း ဥပဒေအဖွဲ့တစ်ခုသို့ ဆက်သွယ်ကာ မိမိ၏ အမွေဝေစုနှင့် ပတ်သက်ပြီး ပြောပြခဲ့သော်လည်း ဥပဒေအဖွဲ့က မည်သို့မှ လုပ်ဆောင်ပေး၍ မရနိုင်ကြောင်း ပြောပြသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ထန်ချူးယန်သည် မိခင်ကြီး၏ ဆရာဝန်များထံမှ ဝမ်းနည်းလွမ်းဆွတ်ကြောင်း အမှတ်တရပို့စ်ကတ်တစ်ခု လက်ခံရရှိခဲ့ရာ ထန်ချူးယန်မှာ ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။

ထို့နောက် သူ၏ အခန်းထဲသို့ ဝင်ကာ ဓားဖြင့် လေထဲတွင် ထိုးခုတ်မှု လေ့ကျင့်ခဲ့ပြီး ဓားပြတ်၊ မပြတ် စမ်းသပ်ရန်အတွက် ငှက်ပျောသီးတစ်လုံးကိုလည်း ခုတ်ကြည့်ခဲ့သည်။

ယင်းနောက် နောက်ဆုံးအကြိမ်အနေဖြင့် ထန်ချူးယန်က မွေးစားဖခင်နှင့် အိမ်ကိစ္စ စကားပြောခဲ့သည်။

ထိုအချိန်တွင် မွေးစားဖခင် ထန်အားပန်က အိမ်သာခန်းထဲ၌ ထန်ချူးယန်၏ အလုပ်သွားဝတ်စုံကို လျှော်ဖွတ်ပေးနေချိန် ဖြစ်သည်။

“တိုက်ခန်းကို ကျွန်မနဲ့ တစ်ဝက်စီ ခွဲပေးမလား” ဟု ထန်ချူးယန်က မေးလိုက်သည်။

ထန်အားပန်က ဒေါသတကြီး ငြင်းလိုက်သောကြောင့် ထန်ချူးယန်လည်း ဆုံးဖြတ်ချက် အခိုင်အမာချလိုက်သည်။

ထိုနေ့က ညစာအတူတကွ စားသောက်ခဲ့ပြီးနောက် မွေးစားဖခင် ရေချိုးခန်းသို့ ဝင်ချိန်ကို စောင့်နေခဲ့သည်။

ည ၈ နာရီတွင် ရေချိုးခန်းမှ ထွက်လာချိန်တွင် ရေချိုးခန်းအပြင်မှ စောင့်နေသော ထန်ချူးယန်က မျက်မှန်မကွဲစေရန် မျက်မှန်ချွတ်လိုက်ပြီး ဓားဖြင့် စထိုးတော့သည်။

မွေးစားဖခင်၏ လည်ပင်းကို ဓားဖြင့် လျင်မြန်စွာ တစွပ်စွပ်ထိုးရာ ၅ ချက်မှ ၁၀ ချက်ခန့် ထိုးပြီးချိန်တွင် ထန်အားပန်မှာ လဲကျသွားခဲ့သည်။

ထန်အားပန်မှာ ထန်ချူးယန်၏ ဆံပင်ကို ဆွဲထားကာ လက်ချောင်းများကိုလည်း ကိုက်ထားသောကြောင့် ထန်ချူးယန်က မောလာသည်အထိ အဆက်မပြတ် အချက် ၃၀ ခန့် ထိုးခဲ့သည်။

ထန်ချူးယန်က ရေချိုးခန်းကို အသေအချာ ဆေးကြောသန့်စင်လိုက်ပြီး သွေးစွန်းနေသော အဝတ်အစားများကို စွန့်ပစ်လိုက်သည်။

ထို့နောက် နာရီအတန်ကြာ သီချင်းနားထောင်ခြင်း၊ မိသားစုဓာတ်ပုံဟောင်းများ ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့သည်။

နောက်တနေ့မနက်လင်းအားကြီး ၅ နာရီအချိန်တွင် ရဲစခန်းသို့ ဖုန်းဆက်ပြီး သွေးအေးအေးဖြင့်ပင် အကြောင်းကြားခဲ့သည်။

ရင်ခွဲစစ်ဆေးချက်အရ လည်ပင်းတွင် ထိုးနှက်ခံရသော ဓားဒဏ်ရာကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စိတ်ကျန်းမာရေး စစ်ဆေးမှုများအရ ထန်ချူးယန်သည် မွေးစားဖခင်က မိမိအား အိမ်ပေါ်မှနှင်ချပြီး အိမ်ရာမဲ့ဖြစ်အောင် လုပ်လိမ့်မည်ဟု အထင်အမြင်မှားသည့် စိတ်ရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။

သူ၏ စိတ်ကျန်းမာရေးအခြေအနေကြောင့် လူသတ်မှုအဖြစ်မှ ပယ်ဖျက်လိုက်သည်။ သိုု့သော် ရက်ရက်စက်စက် သတ်ဖြတ်မှုကြီးအတွက် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'Shocking and brutal': 18 years' jail for woman who killed adoptive father over flat ownership after mother's death

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service