အီတလီနိုင်ငံတွင် လူမနေသောအိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်

အီတလီနိုင်ငံတွင် လူမနေသောအိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
4 Oct 2022 10:29 am တွင် တင်ခဲ့သည်
14255 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီတလီနိုင်ငံ၊ ရောမမြို့ပြင်အနီး မြို့တစ်မြို့မှ လူမနေသော အိမ်များကို တစ်အိမ်လျှင် ၁ ဒေါ်လာပင်မရှိသော ဈေးနှုန်းဖြင့် ရောင်းချပေးဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် နေအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပါမည်ဟု ကတိပြုရမည် ဖြစ်သည်။

(အီတလီနိုင်ငံမှ အလယ်ခေတ်မြို့တစ်မြို့ဖြစ်သော Maenza မြို့)

အီတလီနိုင်ငံ၊ မဲ့အင်ဇာမြို့ (Maenza) မှ နေအိမ်ပေါင်း ၁၀၀ ကို ၁ ဒေါ်လာခန့်ဖြင့် ရောင်းချပေးလျက် ရှိနေသည်။

ဝယ်ယူသူများအနေဖြင့် စတုရန်းပေ ၅၅၀ မှ ၇၅၀ ကြား ကျယ်ဝန်းသော ကျောက်တုံးဖြင့် ဆောက်လုပ်ထားသည့် အိမ်များကို စီးပွားရေးလုပ်ငန်းသုံး (သို့မဟုတ်) ခေတ်မီနေအိမ်များအဖြစ် ပြောင်းလဲခွင့်ရှိသည်။

ဝယ်လက်တို့သည် နေအိမ်ဝယ်ယူချိန်တွင် စပေါ်ငွေ ဒေါ်လာ ၅၈၄၀ ခန့် တင်ထားပေးရမည်ဖြစ်ပြီး နေအိမ်ကို မွမ်းမံမှု ပြုလုပ်ပြီးချိန်တွင် စပေါ်ငွေ ပြန်လည်ထုတ်ယူနိုင်သည်။

ဝယ်ယူသူသည် နေအိမ်ကို ၃ နှစ်အတွင်း ပြင်ဆင်မွမ်းမံမှု ပြုလုပ်ပါမည်ဟု ကတိပြုရမည် ဖြစ်သည်ဟု CNN သတင်းတွင် ဖော်ပြသည်။

မဲ့အင်ဇာမြို့ကလေးသည် တမူထူးသော အလယ်ခေတ်မြို့လေးဖြစ်ပြီး ကျဉ်းမြောင်းသော လမ်းကြားလေးများ၊ လမ်းခင်းကျောက်ခင်း လူသွားလမ်းများ အတိပြီးကာ သမိုင်းကြောင်းရှိသော မြို့လေးဖြစ်သည်။

မြိ့ကလေးရှိ နေအိမ်ပေါင်း ၁၀၀ ခန့်ကို ၁ ယူရိုငွေဖြင့် ရောင်းချပေးမည်ဖြစ်ရာ ၁ ဒေါ်လာအောက် နည်းပါးသော ဈေးနှုန်းလည်းဖြစ်ပြီး အဆိုပါနေအိမ်များမှာ ပြန်လည်ပြုပြင်မှုများလုပ်ရန် လိုအပ်သောအိမ်များဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြသည်။

နေအိမ်များမှာ ၁၇၀၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ခဲ့သောအိမ်များဖြစ်ပြီး အများစုမှာ ပြန်လည်ပြုပြင်မှုများမရှိဘဲ စွန့်ပစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

(မဲ့အင်ဇာမြို့ကလေးသည် ရောမမြို့မှသွားလျှင် မော်တော်ကားဖြင့် ၁ နာရီကျော်သာ မောင်းရသည်)

ဥရောပအချို့နိုင်ငံများရှိ မြို့ငယ်ကလေးများနှင့် အီတလီနိုင်ငံ၊ စစ္စလီကျွန်းနှင့် အချို့သောနေရာများတွင် ယခင်ကလည်း နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးခဲ့မှုများ ရှိသည်။

သို့သော် အီတလီ၏ မြို့တော်နှင့် နီးစပ်သောနေရာတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးမှု၌ မဲ့အင်ဇာသည် ပထမဆုံးမြို့လည်း ဖြစ်သည်။

မဲ့အင်ဇာမြို့ အုပ်ချုပ်ရေးအဖွဲ့က နေအိမ်များကို ရောင်းချရန်အတွက် အိမ်ပိုင်ဆိုင်သော မိသားစုများနှင့် ဆက်သွယ်ထားကြောင်း မဲ့အင်ဇာမြို့တော်ဝန် ကလော်ဒီယို စပါဒူတီက CNN သတင်းဌာနသို့ ပြောသည်။

“မိသားစုတွေနဲ့ လူငယ်တွေဟာ မြို့ကလေးကို စွန့်ခွာသွားကြပြီး အနီးနားမှာရှိတဲ့ မြို့တွေနဲ့ ကျေးလက်ဒေသတွေက ပိုမိုကြီးမားတဲ့ နေအိမ်တွေကို ပြောင်းရွှေ့ကြတာ ခဏခဏပါပဲ။ ဒါပေမယ့် လူသစ်တွေကလည်း အမြဲရောက်လာပြီး သူတို့စွန့်ခွာသွားတဲ့နေအိမ်တွေမှာ နေထိုင်ကြတော့ မျှခြေက ညီနေပါတယ်”ဟု စပါဒူတီက CNN သတင်းဌာနသို့ ပြောသည်။

“ဒီမြို့က သေဆုံးနေတဲ့ မြို့တစ်မြို့မဟုတ်ပါဘူး။ လူတွေ နေထိုင်လျက်ရှိနေဆဲပါ။ ဒါပေမယ့် မိတ်ကပ်ဖို့ပေးဖို့နဲ့ လတ်ဆတ်တဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်”

ဝယ်ယူသူများအနေဖြင့် နေအိမ်များကို ခေတ်မီနေအိမ်များအဖြစ် ပြောင်းလဲမွမ်းမံခွင့်ရှိပြီး လက်လီစတိုးဆိုင် များ၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအဖြစ်လည်း ပြောင်းလဲခွင့် ပေးထားသည်။

(မဲ့အင်ဇာ၏ ကွေ့ကောက်ကောက်လမ်းကလေးများ)

ဝယ်ယူလိုသူများအနေဖြင့် နေအိမ်များကို မည်သို့မွမ်းမံလိုကြောင်း တင်ပြကာ ဝယ်ယူချိန်တွင် စပေါ်ငွေ ကန်ဒေါ်လာ ၅၈၄၀ သွင်းရမည်ဖြစ်သည်။

နေအိမ်ပြုပြင်မွမ်းမံချိန်များ ပြီးဆုံးချိန်တွင် စပေါ်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်သည်ဟု CNN သတင်းတွင် ဖော်ပြသည်။

စပေါ်ငွေ ဒေါ်လာ ၅၈၄၀ မှာ နေအိမ်အရွယ်အစားအရဖြစ်ကြောင်း၊ နေအိမ်များမှာ စတုရန်းပေ ၅၅၀ မှ ၇၅၀ ကြားရှိကြောင်း မြို့တော်ဝန်က CNN သတင်းဌာနသို့ ပြောသည်။

မဲ့အန်ဇာမြို့လေးကို သိုးထိန်းများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဂျာမာန် Volsci မျိုးနွှယ်စုတို့ ဝင်ရောက်နေထိုင်ခဲ့ကြသည်။

ဤကျောက်တုံးနေအိမ်လေးများမှတဆင့် မြို့ရင်ပြင်၊ ပင်လယ်နှင့် အနီးရှိ Pontine ကျွန်းများကို တွေ့မြင်ရသည်။

နေအိမ်ဝယ်ယူလိုသူများအနေဖြင့် မြို့ကလေး၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ မည်သည့်အိမ် ရောင်းရန်ရှိနေသည်ကို ရှာဖွေလေ့လာနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A town outside of Rome is selling neglected homes for a little more than $1 — but buyers must commit to renovating them within 3 years (insider)

[Zawgyi]

အီတလီႏိုင္ငံတြင္ လူမေနေသာအိမ္ ၁၀၀ ကို တစ္အိမ္လွ်င္ ၁ ေဒၚလာျဖင့္ ေရာင္းမည္

အီတလီႏိုင္ငံ၊ ေရာမျမိဳ႕ျပင္အနီး ျမိဳ႕တစ္ျမိဳ႕မွ လူမေနေသာ အိမ္မ်ားကို တစ္အိမ္လွ်င္ ၁ ေဒၚလာပင္မရွိေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးျဖစ္ျပီး ဝယ္ယူလိုသူမ်ားအေနျဖင့္ ေနအိမ္ကို ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ပါမည္ဟု ကတိျပဳရမည္ ျဖစ္သည္။

(အီတလီႏိုင္ငံမွ အလယ္ေခတ္ျမိဳ႕တစ္ျမိဳ႕ျဖစ္ေသာ Maenza ျမိဳ႕)

အီတလီႏိုင္ငံ၊ မဲ့အင္ဇာျမိဳ႕ (Maenza) မွ ေနအိမ္ေပါင္း ၁၀၀ ကို ၁ ေဒၚလာခန္႔ျဖင့္ ေရာင္းခ်ေပးလ်က္ ရွိေနသည္။

ဝယ္ယူသူမ်ားအေနျဖင့္ စတုရန္းေပ ၅၅၀ မွ ၇၅၀ ၾကား က်ယ္ဝန္းေသာ ေက်ာက္တံုးျဖင့္ ေဆာက္လုပ္ထားသည့္ အိမ္မ်ားကို စီးပြားေရးလုပ္ငန္းသံုး (သို႔မဟုတ္) ေခတ္မီေနအိမ္မ်ားအျဖစ္ ေျပာင္းလဲခြင့္ရွိသည္။

ဝယ္လက္တို႔သည္ ေနအိမ္ဝယ္ယူခ်ိန္တြင္ စေပၚေငြ ေဒၚလာ ၅၈၄၀ ခန္႔ တင္ထားေပးရမည္ျဖစ္ျပီး ေနအိမ္ကို မြမ္းမံမႈ ျပဳလုပ္ျပီးခ်ိန္တြင္ စေပၚေငြ ျပန္လည္ထုတ္ယူႏိုင္သည္။

ဝယ္ယူသူသည္ ေနအိမ္ကို ၃ ႏွစ္အတြင္း ျပင္ဆင္မြမ္းမံမႈ ျပဳလုပ္ပါမည္ဟု ကတိျပဳရမည္ ျဖစ္သည္ဟု CNN သတင္းတြင္ ေဖာ္ျပသည္။

မဲ့အင္ဇာျမိဳ႕ကေလးသည္ တမူထူးေသာ အလယ္ေခတ္ျမိဳ႕ေလးျဖစ္ျပီး က်ဥ္းေျမာင္းေသာ လမ္းၾကားေလးမ်ား၊ လမ္းခင္းေက်ာက္ခင္း လူသြားလမ္းမ်ား အတိျပီးကာ သမိုင္းေၾကာင္းရွိေသာ ျမိဳ႕ေလးျဖစ္သည္။

ျမိ႕ကေလးရွိ ေနအိမ္ေပါင္း ၁၀၀ ခန္႔ကို ၁ ယူရိုေငြျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ရာ ၁ ေဒၚလာေအာက္ နည္းပါးေသာ ေစ်းႏႈန္းလည္းျဖစ္ျပီး အဆိုပါေနအိမ္မ်ားမွာ ျပန္လည္ျပဳျပင္မႈမ်ားလုပ္ရန္ လိုအပ္ေသာအိမ္မ်ားျဖစ္ေၾကာင္း CNN သတင္းတြင္ ေဖာ္ျပသည္။

ေနအိမ္မ်ားမွာ ၁၇၀၀ ျပည့္္လြန္ကာလမ်ားကတည္းက ေဆာက္လုပ္ခဲ့ေသာအိမ္မ်ားျဖစ္ျပီး အမ်ားစုမွာ ျပန္လည္ျပဳျပင္မႈမ်ားမရွိဘဲ စြန္႔ပစ္ထားသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီလည္း ျဖစ္သည္။

(မဲ့အင္ဇာျမိဳ႕ကေလးသည္ ေရာမျမိဳ႕မွသြားလွ်င္ ေမာ္ေတာ္ကားျဖင့္ ၁ နာရီေက်ာ္သာ ေမာင္းရသည္)

ဥေရာပအခ်ဳိ႕ႏိုင္ငံမ်ားရွိ ျမိဳ႕ငယ္ကေလးမ်ားႏွင့္ အီတလီႏိုင္ငံ၊ စစၥလီကၽြန္းႏွင့္ အခ်ဳိ႕ေသာေနရာမ်ားတြင္ ယခင္ကလည္း ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးခဲ့မႈမ်ား ရွိသည္။

သို႔ေသာ္ အီတလီ၏ ျမိဳ႕ေတာ္ႏွင့္ နီးစပ္ေသာေနရာတြင္ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးမႈ၌ မဲ့အင္ဇာသည္ ပထမဆံုးျမိဳ႕လည္း ျဖစ္သည္။

မဲ့အင္ဇာျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေနအိမ္မ်ားကို ေရာင္းခ်ရန္အတြက္ အိမ္ပိုင္ဆိုင္ေသာ မိသားစုမ်ားႏွင့္ ဆက္သြယ္ထားေၾကာင္း မဲ့အင္ဇာျမိဳ႕ေတာ္ဝန္ ကေလာ္ဒီယို စပါဒူတီက CNN သတင္းဌာနသို႔ ေျပာသည္။

“မိသားစုေတြနဲ႔ လူငယ္ေတြဟာ ျမိဳ႕ကေလးကို စြန္႔ခြာသြားၾကျပီး အနီးနားမွာရွိတဲ့ ျမိဳ႕ေတြနဲ႔ ေက်းလက္ေဒသေတြက ပိုမိုၾကီးမားတဲ့ ေနအိမ္ေတြကို ေျပာင္းေရႊ႕ၾကတာ ခဏခဏပါပဲ။ ဒါေပမယ့္ လူသစ္ေတြကလည္း အျမဲေရာက္လာျပီး သူတို႔စြန္႔ခြာသြားတဲ့ေနအိမ္ေတြမွာ ေနထိုင္ၾကေတာ့ မွ်ေျခက ညီေနပါတယ္”ဟု စပါဒူတီက CNN သတင္းဌာနသုိ႔ ေျပာသည္။

“ဒီျမိဳ႕က ေသဆံုးေနတဲ့ ျမိဳ႕တစ္ျမိဳ႕မဟုတ္ပါဘူး။ လူေတြ ေနထိုင္လ်က္ရွိေနဆဲပါ။ ဒါေပမယ့္ မိတ္ကပ္ဖို႔ေပးဖို႔နဲ႔ လတ္ဆတ္တဲ့ ေအာက္ဆီဂ်င္ေတြ လိုအပ္ပါတယ္”

ဝယ္ယူသူမ်ားအေနျဖင့္ ေနအိမ္မ်ားကို ေခတ္မီေနအိမ္မ်ားအျဖစ္ ေျပာင္းလဲမြမ္းမံခြင့္ရွိျပီး လက္လီစတိုးဆိုင္ မ်ား၊ စားေသာက္ဆိုင္မ်ား၊ တည္းခိုခန္းလုပ္ငန္းမ်ားအပါအဝင္ စီးပြားေရးလုပ္ငန္းမ်ားအျဖစ္လည္း ေျပာင္းလဲခြင့္ ေပးထားသည္။

(မဲ့အင္ဇာ၏ ေကြ႔ေကာက္ေကာက္လမ္းကေလးမ်ား)

ဝယ္ယူလိုသူမ်ားအေနျဖင့္ ေနအိမ္မ်ားကို မည္သို႔မြမ္းမံလိုေၾကာင္း တင္ျပကာ ဝယ္ယူခ်ိန္တြင္ စေပၚေငြ ကန္ေဒၚလာ ၅၈၄၀ သြင္းရမည္ျဖစ္သည္။

ေနအိမ္ျပဳျပင္မြမ္းမံခ်ိန္မ်ား ျပီးဆံုးခ်ိန္တြင္ စေပၚေငြကို ျပန္လည္ေပးအပ္မည္ျဖစ္သည္ဟု CNN သတင္းတြင္ ေဖာ္ျပသည္။

စေပၚေငြ ေဒၚလာ ၅၈၄၀ မွာ ေနအိမ္အရြယ္အစားအရျဖစ္ေၾကာင္း၊ ေနအိမ္မ်ားမွာ စတုရန္းေပ ၅၅၀ မွ ၇၅၀ ၾကားရွိေၾကာင္း ျမိဳ႕ေတာ္ဝန္က CNN သတင္းဌာနသို႔ ေျပာသည္။

မဲ့အန္ဇာျမိဳ႕ေလးကို သိုးထိန္းမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ ဂ်ာမာန္ Volsci မ်ဳိးႏႊယ္စုတို႔ ဝင္ေရာက္ေနထိုင္ခဲ့ၾကသည္။

ဤေက်ာက္တံုးေနအိမ္ေလးမ်ားမွတဆင့္ ျမိဳ႕ရင္ျပင္၊ ပင္လယ္ႏွင့္ အနီးရွိ Pontine ကၽြန္းမ်ားကို ေတြ႔ျမင္ရသည္။

ေနအိမ္ဝယ္ယူလိုသူမ်ားအေနျဖင့္ ျမိဳ႕ကေလး၏ ဝက္ဘ္ဆိုက္သို႔ ဝင္ေရာက္ကာ မည္သည့္အိမ္ ေရာင္းရန္ရွိေနသည္ကို ရွာေဖြေလ့လာႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A town outside of Rome is selling neglected homes for a little more than $1 — but buyers must commit to renovating them within 3 years (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
mya-villa
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service