အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင်
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့၏ ဝါရှင်တန် ဒီစီ စံအိမ်ကို လေ့လာရအောင် - Property News in Myanmar from iMyanmarHouse.com
22 Sep 2023 11:04 am တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့သည် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန် ဒီစီတွင် တည်ရှိသော ၎င်းတို့၏ စံအိမ်ကို Architectural Digest မဂ္ဂဇင်းသို့ ပြသခဲ့ဖူးသည်။
ဘီလ်ကလင်တန်တို့ ဇနီးမောင်နှံ၏ နီယိုး ဂျော်ဂျီယန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ရှားရှားပါးပါး မြင်ခွင့်ရခဲ့ကြခြင်းဖြစ်ပြီး သက်တောင့်သက်သာရှိကာ ဇိမ်ကျသော စံအိမ်တစ်လုံးဖြစ်သည်ကို တွေ့ရသည်။
အဖြူရောင်နိဗ္ဗာန်ဘုံဟု အမည်ပေးထားသော စံအိမ်ကို ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော စိတ်ခံစားမှုအကြောင်း ဟီလာရီကလင်တန်က Architectural Digest မဂ္ဂဇင်းသို့ ပြောပြခဲ့သည်။
“၂၀၀၀ ပြည့်နှစ်မှာ ကျွန်မ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရချိန်မှာ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နေထိုင်ဖို့ နေရာတစ်ခု လိုခဲ့ပါတယ်။ ဒါကြောင့် အိမ်ရှာခဲ့တယ်။ ဒီအိမ်ကို တွေ့လိုက်တဲ့အချိန်မှာ စိတ်လှုပ်ရှားသွားခဲ့တယ်။ ကျွန်မ တတိယထပ်ကို တက်ပြီး သစ်ပင်တွေကို စီးမိုးကြည့်ခဲ့တယ်။ ပြီးတော့ ဗြိတိသျှသံရုံးရဲ့ အနောက်ဘက်ကို လှမ်းမြင်ရတယ်။ ကျွန်မဟာ ခေတ်ဟောင်း လန်ဒန်မြို့ ဒါမှမဟုတ် နယူးယောက်မြို့ကို ရောက်သွားသလို ခံစားရတယ်။ ကျွန်မလိုက်ကြည့်ခဲ့တဲ့ အိမ်တွေထဲမှာ ဒီအိမ်က ပန်းဥယျာဉ်ဟာ အံ့မခန်းအရှိဆုံးပါပဲ။”
(ဝါရှင်တန်ဒီစီ၏ သံရုံးများအနီးရှိ ကလင်တန်တို့ ဇနီးမောင်နှံ၏စံအိမ်။ ဓာတ်ပုံ- Architectural Digest)
အုတ်ဖြင့် ဆောက်လုပ်ထားသော အနီရောင်စံအိမ်ဖြစ်ကာ ၁၉၅၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ခြံဝန်းအကျယ် စတုရန်းမီတာ ၅၀၀ ကျော်ရှိသည်။
ကလင်တန်တို့ ဇနီးမောင်နှံသည် အိမ်တွင်းဒီဇိုင်နာ Rosemarie Howe ၏ အကူအညီဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
ကလင်တန်တို့ ဇနီးမောင်နှံသည် နယူးယောက်ပြည်နယ် Chappaqua မြို့တွင် ပင်မစံအိမ်ရှိပြီး ထိုအိမ်ကိုလည်း Howe ကပင် မွမ်းမံပေးခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့က ဒီအိမ်ရဲ့ အခန်းတွေအားလုံးကို ခြံနောက်ဘက်က လှပတဲ့ ပန်းဥယျာဉ်ဆီ ဖွင့်ထားချင်ခဲ့တယ်။”
ဟီလာရီကလင်တန်က ဤစံအိမ်သို့ လာရောက်သူတိုင်း သက်သောင့်သက်သာ ခံစားရစေလိုကြောင်း Howe က ပြောသည်။
ဟီလာရီကလင်တန်က Architectural Digest သို့ ပြောသည်မှာ ယခုအိမ် မွမ်းမံရေးအတွက် မိခင်ကြီး Dorothy Rodham အား ခေါ်ယူခဲ့ကြောင်း ၊ ပရိဘောဂများ ဝယ်ခြင်း ၊ ဆေးရောင်ရွေးချယ်ခြင်း ၊ မွမ်းမံမှုပုံစံ ရွေးချယ်ခြင်းများတွင် မိခင်ကြီးက ကူညီခဲ့ကြောင်း ပြောသည်။
“အမေ ၊ Rosemarie တို့နဲ့ အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ အမေနဲ့ ကျွန်မနှစ်ယောက်လုံးက အရောင်တွေကို ချစ်တယ်။ ဒီအိမ်ထဲမှာဆိုရင် အရောင်မျိုးစုံ တွေ့ရမှာပါ။ ဒါက ကျွန်မတို့ ပူးပေါင်းမွမ်းမံမှုရဲ့ ရလာဒ်ပါပဲ။”
(ဟီလာရီကလင်တန်သည် နေအိမ်မွမ်းမံမှု ၊ ဆေးရောင်နှင့် ပရိဘောဂ ရွေးချယ်မှုတို့အတွက် မိခင်ကြီး၏ အကူအညီ ရယူခဲ့သည်။ ဓာတ်ပုံ- Architectural Digest)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Step Inside Bill and Hillary Clinton's Deeply Personal Washington, D.C., Home   ( 9now )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service