ကင်ညေးဝက်စ်၏ ဆောက်လုပ်ရေးကုမ္ပဏီ တိတ်တဆိတ် ပိတ်သိမ်းလိုက်ပြီး နောက်ပိုင်း လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေရှိ သူ၏ ဒေါ်လာ ၅၇ သန်းတန် စံအိမ်ကြီးမှာ ဆောက်လက်စဖြင့် စွန့်ပစ်ခံထားရ

ကင်ညေးဝက်စ်၏ ဆောက်လုပ်ရေးကုမ္ပဏီ တိတ်တဆိတ် ပိတ်သိမ်းလိုက်ပြီး နောက်ပိုင်း လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေရှိ သူ၏ ဒေါ်လာ ၅၇ သန်းတန် စံအိမ်ကြီးမှာ ဆောက်လက်စဖြင့် စွန့်ပစ်ခံထားရ - Property News in Myanmar from iMyanmarHouse.com
5 Jun 2023 10:31 am တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကင်ညေးဝက်စ် (Kanye West) ၏ ဆောက်လုပ်ရေးကုမ္ပဏီ ပြီးခဲ့သောနှစ်အတွင်း တိတ်တဆိတ် ပိတ်သိမ်းလိုက်ပြီး နောက်ပိုင်း လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေရှိ သူ၏ ဒေါ်လာ ၅၇ ဒသမ ၂၅ သန်းတန် စံအိမ်ကြီးမှာ ဆောက်လက်စဖြင့် စွန့်ပစ်ခံထားရကြောင်း The U.S Sun သတင်းဌာနက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုတွင် လူမည်းအမျိုးသားတစ်ဦးအား လူဖြူရဲအရာရှိတစ်ဦးက လည်ပင်းအား ဒူးဖြင့် ထောက်ကာ ဖမ်းဆီးစဉ် လူမည်းအမျိုးသား သေဆုံးသွားသည့် ဖြစ်ရပ်ကြောင့် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ကာ ရဲစခန်း အဆောက်အအုံများပင် မီးရှို့ခံရသည်အထိ ပြင်းထန်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့မှုကို ပြန်လည် အမှတ်ရကြဦးမည် ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကင်ညေးဝက်စ်က ပြောသည်မှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသား သေဆုံးရခြင်း မဟုတ်ဘဲ မူးယစ်ဆေးကြောင့် သေရခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောဆိုမှုကြောင့် ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော Adidas , Gap , CAA နှင့် Balenciaga တို့မှာ ကင်ညေးဝက်စ်နှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း ကင်းညေးဝက်စ်မှာ ဘဏ္ဍာရေးအကျပ်ဆိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

 

(ငွေကြေးအကျပ်ဆိုက်မှုကြောင့် ကင်ညေးဝက်စ်က ဆက်လက်မဆောက်လုပ်ဘဲ စွန့်ပစ်ထားသောစံအိမ်။ ဓာတ်ပုံ- BackGrid)

 

(ကမ္ဘာကျော် အမှတ်တံဆိပ်များစွာက မိမိအား လမ်းခွဲခဲ့သောကြောင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ကင်ညေးဝက်စ်က ဝန်ခံသည်။ ဓာတ်ပုံ- The Mega Agency)

ယင်းနောက်ပိုင်း ကင်ညေးဝက်စ်က ဂျပန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်လျက်ရှိသည့် ဤအဆောက်အအုံကြီး ဆောက်လုပ်နေမှုကို ရပ်ဆိုင်းခဲ့သည်။

ကင်ညေးဝက်စ်သည် ခုံနေရာကို ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကင်ညေးဝက်စ်က သူ၏ ဆောက်လုပ်ရေး ကုမ္ပဏီ Yeezy Construction Inc ကို ပြီးခဲ့သောနှစ် နိုဝင်ဘာလက ပိတ်သိမ်းလိုက်ပြီးနောက်ပိုင်း ဤစံအိမ်ကြီးမှာ ဆောက်လက်စဖြင့် ကျန်ရှိခဲ့ခြင်း ဖြစ်သည်။

စံအိမ်ကို ဒီဇိုင်းရေးဆွဲပေးသူမှာ ဂျပန်ဗိသုကာပညာရှင် Tado Ando ဖြစ်ပြီး အမေရိကန်တစ်ဝန်းတွင် သူ၏ လက်ရာအနည်းငယ်သာ ရှိသည်။

ယခုအခါ စံအိမ်ကြီးမှာ ကွန်ကရစ်အခွံ ၊ ဖုန်ထူနေသော လသာဆောင်များအဖြစ်သာ ကျန်ရစ်ခဲ့သည်။

အဆောက်အအုံကြီး၏ အောက်ဘက်တွင်ကား ရေပိုက်များ စွန့်ပစ်ထားရစ်ခဲ့သည်။

ကင်ညေးဝက်စ်သည် သူ၏ ဆောက်လုပ်ရေးကုမ္ပဏီကို ဝိုင်ယောမင်းကြီးပြည်နယ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုပြည်နယ်အတွင်း ကင်ညေးဝက်စ်က ဒေါ်လာ ၁၄ သန်းတန် မွေးမြူရေးခြံကြီးကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သည်။

သို့သော် ပြီးခဲ့သောနှစ် သြဂုတ်လက အရောင်းဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့ပြီး ထိုနေရာမှာလည်း ဖုန်တသောတသောဖြစ်နေဖွယ်ရာ ရှိသည်။

ကင်ညေးဝက်စ်သည် အိမ်ခြံမြေများစွာ ဝယ်ယူခြင်း ၊ အငှားချထားခြင်းများ ပြုလုပ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အဆိုပါ ကြံရွယ်ချက်ကို ဖျက်သိမ်းခဲ့ပြီး လော့စ်အိန်ဂျလိမြို့ Melrose Avenue တွင် အခြေစိုက်နေရာတစ်ခု တည်ထောင်လျက်ရှိသည်။

ကမ္ဘာကျော်အမှတ်တံဆိပ်တို့၏ လမ်းခွဲခံရမှုကြောင့် တစ်ရက်ထဲဖြင့် ဒေါ်လာ ၂ ဘီလီယံ ဆုံးရှုံးခဲ့ရသော်လည်း သူ၏ ဇနီးသစ် Bianca Censori ၏ အကူအညီဖြင့် ပြန်လည်ရုန်းထရန် ကြိုးစားမည်ဖြစ်ကြောင်း ကင်ညေးဝက်စ်က ပြောသည်။

ကင်ညေးဝက်စ်သည် လော့စ်အိန်ဂျလိမြို့ Melrose Avenue တွင် စတုရန်းပေ ၇၄၀၀ အကျယ်ရှိ ရုံးခန်းနေရာ ငှားရမ်းကာ ပြီးခဲ့သောသီတင်းပတ်က ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေမှုများ တွေ့ရသည်။

ထိုနေရာသည် ကင်ညေးဝက်စ်၏ ထုတ်ကုန်များ ရောင်းချမည့် စတိုးဆိုင်သစ် ဖြစ်ဖွယ်ရှိကြောင်း သတင်းများ ရှိသည့်အပြင် သူ၏ ရုံးချုပ်နေရာဖြစ်နိုင်ကြောင်းလည်း သတင်းများရှိသည်။

 

(မာလီဘူးကမ်းခြေမှ စံအိမ်။ ဓာတ်ပုံ- X17Online.com)

 

(အမှုအများအပြားဖြင့် တရားစွဲဆိုခြင်းလည်း ခံထားရသော ကင်ညေးဝက်စ်က ဘဝကို ပြန်လည်ရုန်းထရန် ကြိုးစားနေသည်။ ဓာတ်ပုံ- Getty)

 

(လော့စ်အိန်ဂျလိမြို့ Melrose Avenue ရှိ ရုံးခန်းနေရာဆောက်လုပ်နေမှု။ ဓာတ်ပုံ- The U.S Sun)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kanye’s Construction Company Shuts Down As $57M Mansion Rots By The Ocean (the sun)

 

 

 

[Zawgyi]

 

ကင္ေညးဝက္စ္၏ ေဆာက္လုပ္ေရးကုမၸဏီ တိတ္တဆိတ္ ပိတ္သိမ္းလိုက္ျပီး ေနာက္ပိုင္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးကမ္းေျခရွိ သူ၏ ေဒၚလာ ၅၇ သန္းတန္ စံအိမ္ၾကီးမွာ ေဆာက္လက္စျဖင့္ စြန္႔ပစ္ခံထားရ

 

ကင္ေညးဝက္စ္ (Kanye West) ၏ ေဆာက္လုပ္ေရးကုမၸဏီ ျပီးခဲ့ေသာႏွစ္အတြင္း တိတ္တဆိတ္ ပိတ္သိမ္းလိုက္ျပီး ေနာက္ပိုင္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးကမ္းေျခရွိ သူ၏ ေဒၚလာ ၅၇ ဒသမ ၂၅ သန္းတန္ စံအိမ္ၾကီးမွာ ေဆာက္လက္စျဖင့္ စြန္႔ပစ္ခံထားရေၾကာင္း The U.S Sun သတင္းဌာနက ေဖာ္ျပသည္။

အေမရိကန္ျပည္ေထာင္စုတြင္ လူမည္းအမ်ဳိးသားတစ္ဦးအား လူျဖဴရဲအရာရွိတစ္ဦးက လည္ပင္းအား ဒူးျဖင့္ ေထာက္ကာ ဖမ္းဆီးစဥ္ လူမည္းအမ်ဳိးသား ေသဆံုးသြားသည့္ ျဖစ္ရပ္ေၾကာင့္ ဆႏၵျပမႈမ်ား အၾကီးအက်ယ္ ျဖစ္ပြားခဲ့ကာ ရဲစခန္း အေဆာက္အအံုမ်ားပင္ မီးရိႈ႕ခံရသည္အထိ ျပင္းထန္ခဲ့သည့္ ျဖစ္ရပ္ ျဖစ္ပြားခဲ့မႈကို ျပန္လည္ အမွတ္ရၾကဦးမည္ ျဖစ္သည္။

ထိုျဖစ္ရပ္ႏွင့္ ပတ္သက္ျပီး ကင္ေညးဝက္စ္က ေျပာသည္မွာ ရဲအရာရွိေၾကာင့္ လူမည္းအမ်ဳိးသား ေသဆံုးရျခင္း မဟုတ္ဘဲ မူးယစ္ေဆးေၾကာင့္ ေသရျခင္းသာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ေျပာဆိုမႈေၾကာင့္ ကမၻာေက်ာ္ အမွတ္တံဆိပ္မ်ားျဖစ္ေသာ Adidas , Gap , CAA ႏွင့္ Balenciaga တို႔မွာ ကင္ေညးဝက္စ္ႏွင့္ လမ္းခြဲခဲ့ျပီးေနာက္ပိုင္း ကင္းေညးဝက္စ္မွာ ဘ႑ာေရးအက်ပ္ဆုိက္မႈႏွင့္ ရင္ဆိုင္ခဲ့ရသည္။

(ေငြေၾကးအက်ပ္ဆုိက္မႈေၾကာင့္ ကင္ေညးဝက္စ္က ဆက္လက္မေဆာက္လုပ္ဘဲ စြန္႔ပစ္ထားေသာစံအိမ္။ ဓာတ္ပံု- BackGrid)

(ကမၻာေက်ာ္ အမွတ္တံဆိပ္မ်ားစြာက မိမိအား လမ္းခြဲခဲ့ေသာေၾကာင့္ ေဒၚလာ ဘီလီယံေပါင္းမ်ားစြာ ဆံုးရံႈးခဲ့ရေၾကာင္း ကင္ေညးဝက္စ္က ဝန္ခံသည္။ ဓာတ္ပံု- The Mega Agency)

ယင္းေနာက္ပိုင္း ကင္ေညးဝက္စ္က ဂ်ပန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္လ်က္ရွိသည့္ ဤအေဆာက္အအံုၾကီး ေဆာက္လုပ္ေနမႈကို ရပ္ဆိုင္းခဲ့သည္။

ကင္ေညးဝက္စ္သည္ ခံုေနရာကို ၂၀၂၁ ခုႏွစ္ ၊ စက္တင္ဘာလက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ကင္ေညးဝက္စ္က သူ၏ ေဆာက္လုပ္ေရး ကုမၸဏီ Yeezy Construction Inc ကို ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလက ပိတ္သိမ္းလုိက္ျပီးေနာက္ပိုင္း ဤစံအိမ္ၾကီးမွာ ေဆာက္လက္စျဖင့္ က်န္ရွိခဲ့ျခင္း ျဖစ္သည္။

စံအိမ္ကို ဒီဇိုင္းေရးဆြဲေပးသူမွာ ဂ်ပန္ဗိသုကာပညာရွင္ Tado Ando ျဖစ္ျပီး အေမရိကန္တစ္ဝန္းတြင္ သူ၏ လက္ရာအနည္းငယ္သာ ရွိသည္။

ယခုအခါ စံအိမ္ၾကီးမွာ ကြန္ကရစ္အခြံ ၊ ဖုန္ထူေနေသာ လသာေဆာင္မ်ားအျဖစ္သာ က်န္ရစ္ခဲ့သည္။

အေဆာက္အအံုၾကီး၏ ေအာက္ဘက္တြင္ကား ေရပိုက္မ်ား စြန္႔ပစ္ထားရစ္ခဲ့သည္။

ကင္ေညးဝက္စ္သည္ သူ၏ ေဆာက္လုပ္ေရးကုမၸဏီကို ဝိုင္ေယာမင္းၾကီးျပည္နယ္တြင္ တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ထိုျပည္နယ္အတြင္း ကင္ေညးဝက္စ္က ေဒၚလာ ၁၄ သန္းတန္ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူခဲ့ျပီး ေနာက္ပိုင္းတြင္ အေရာင္းေစ်းကြက္တင္ခဲ့သည္။

သို႔ေသာ္ ျပီးခဲ့ေသာႏွစ္ ၾသဂုတ္လက အေရာင္းေစ်းကြက္မွ ျပန္လည္ ရုပ္သိမ္းခဲ့ျပီး ထုိေနရာမွာလည္း ဖုန္တေသာတေသာျဖစ္ေနဖြယ္ရာ ရွိသည္။

ကင္ေညးဝက္စ္သည္ အိမ္ျခံေျမမ်ားစြာ ဝယ္ယူျခင္း ၊ အငွားခ်ထားျခင္းမ်ား ျပဳလုပ္ရန္ ေဆာက္လုပ္ေရး ကုမၸဏီကို တည္ေထာင္ခဲ့ျခင္း ျဖစ္ေသာ္လည္း ယခုအခါ အဆိုပါ ၾကံရြယ္ခ်က္ကို ဖ်က္သိမ္းခဲ့ျပီး ေလာ့စ္အိန္ဂ်လိျမိဳ႕ Melrose Avenue တြင္ အေျခစိုက္ေနရာတစ္ခု တည္ေထာင္လ်က္ရွိသည္။

ကမၻာေက်ာ္အမွတ္တံဆိပ္တုိ႔၏ လမ္းခြဲခံရမႈေၾကာင့္ တစ္ရက္ထဲျဖင့္ ေဒၚလာ ၂ ဘီလီယံ ဆံုးရံႈးခဲ့ရေသာ္လည္း သူ၏ ဇနီးသစ္ Bianca Censori ၏ အကူအညီျဖင့္ ျပန္လည္ရုန္းထရန္ ၾကိဳးစားမည္ျဖစ္ေၾကာင္း ကင္ေညးဝက္စ္က ေျပာသည္။

ကင္ေညးဝက္စ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ Melrose Avenue တြင္ စတုရန္းေပ ၇၄၀၀ အက်ယ္ရွိ ရံုးခန္းေနရာ ငွားရမ္းကာ ျပီးခဲ့ေသာသီတင္းပတ္က ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ေဆာင္ေနမႈမ်ား ေတြ႔ရသည္။

ထိုေနရာသည္ ကင္ေညးဝက္စ္၏ ထုတ္ကုန္မ်ား ေရာင္းခ်မည့္ စတုိးဆိုင္သစ္ ျဖစ္ဖြယ္ရွိေၾကာင္း သတင္းမ်ား ရွိသည့္အျပင္ သူ၏ ရံုးခ်ဳပ္ေနရာျဖစ္ႏိုင္ေၾကာင္းလည္း သတင္းမ်ားရွိသည္။

(မာလီဘူးကမ္းေျခမွ စံအိမ္။ ဓာတ္ပံု- X17Online.com)

(အမႈအမ်ားအျပားျဖင့္ တရားစြဲဆိုျခင္းလည္း ခံထားရေသာ ကင္ေညးဝက္စ္က ဘဝကို ျပန္လည္ရုန္းထရန္ ၾကိဳးစားေနသည္။ ဓာတ္ပံု- Getty)

(ေလာ့စ္အိန္ဂ်လိျမိဳ႕ Melrose Avenue ရွိ ရံုးခန္းေနရာေဆာက္လုပ္ေနမႈ။ ဓာတ္ပံု- The U.S Sun)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kanye’s Construction Company Shuts Down As $57M Mansion Rots By The Ocean (the sun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service