ဝဒကျမ်းလာ ၃၂ - ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ

ဝဒကျမ်းလာ ၃၂ - ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ - Property Knowledge in Myanmar from iMyanmarHouse.com
12 Apr 2023 1:11 pm တွင် တင်ခဲ့သည်
1442 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

မြတ်စွာဘုရား မိထ္ထိလာပြည် ကြွတော်မူသည့်အခါ မိထ္ထိလာပြည်သား ဗြဟ္မာယုပုဏ္ဏားကြီးက ၎င်း၏တပည့်ဖြစ်သူ ဥတ္တရအား ဘုရားဟုတ်မဟုတ်သွားရောက်စုံစမ်းခိုင်းခဲ့သည်။တပည့်ဖြစ်သူ ဥတ္တရက ဘယ်နည်းဖြင့် စုံစမ်းရမည်နည်းဟုမေးရာ ငါတို့ ဝေဒကျမ်းမှာ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာရှိသည်။ထိုလက္ခဏာတော်တို့နှင့်ပြည့်စုံသော ယောက်ျားမြတ်သည် ရဟန်းဖြစ်သော်ဘုရား၊ လူသားဖြစ်သော် စကြဝတေးမင်း ဧကန်ဖြစ်သည်။အခြားမရှိဟုဆိုခဲ့သည်။

ထိုဝေဒကျမ်းလာ ယောက်ျားမြတ်တို့၏ လက္ခဏာတော် ၃၂ - ပါးမှာ ....

(၁) မြေ၌ အညီအညွတ် ကောင်းစွာထိသော ခြေဖဝါးတော်ရှိခြင်း။

(၂) စက်လက္ခဏာနှင့် ပြည့်စုံသော ခြေဖဝါးရှိခြင်း။

(၃) တင့်တယ်ရှည်သွယ်သော ဖနောင့်ရှိခြင်း။

(၄) ရှည်သွယ်ပျော့ပြောင်းသော ခြေချောင်းလက်ချောင်းရှိခြင်း။

(၅) နူးညံ့သိမ်မွေ့သော ခြေဖဝါး၊လက်ဖဝါးရှိခြင်း။

(၆) ရွှေပွတ်လုံးကဲ့သို့ ညီညွတ်သောလက်၊ခြေရှိခြင်း။

(၇) မြင့်သော ဖမျက်ရှိခြင်း။

(၈) ဧဏီသား၏ မြင်းခေါင်းကဲ့သို့ ပြည့်ဖြိုးသော မြင်းခေါင်းရှိခြင်း။

(၉) မကိုင်းညွတ်ဘဲ ရပ်လျက် နှစ်ဖက်သောလက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးဝန်းကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။

(၁၀) အရေအိတ် အိမ်ဖြင့် ဖုံးလွှမ်းသော ယောက်ျားနိမိတ်ရှိခြင်း။

(၁၁) ရွှေရောင်ကဲ့သို့ ထိန်ဝါတောက်ပသော အရေအဆင်းရှိခြင်း။

(၁၂) သိမ်မွေ့နူးညံ့၍ မြူအညစ်အကြေး မကပ်ငြိသော ကိုယ်တော်ရှိခြင်း။

(၁၃) မွေးညင်းပေါက် တစ်ခုတစ်ခု၌ တစ်ချောင်းတစ်ချောင်းစီ မွေးညင်းရှိတော်မူခြင်း။

(၁၄) ညိုသောအဆင်းရှိ၍ လက်ယာရစ်ကော့တက်သော မွေးညင်းရှိခြင်း။

(၁၅) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။

(၁၆) ခြေဖမိုးအစုံ၊လက်ဖမိုးအစုံ၊ပခုံးစွန်းနှစ်ဖက်၊လည်ကုတ်တော် ဤ ၇-ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိခြင်း။

(၁၇) ခြင်္သေ့မင်း၏ ရှေ့ကိုယ်ထက်ဝက်ကဲ့သို့ ပြည့်ဖြိုးကြံ့ခိုင်သော ကိုယ်တော်ရှိခြင်း။

(၁၈) ကြောရိုးကြောင်းမထင်၊တစ်ပြင်တည်းပြည့်ဖြိုးသော လက်ပြင်ကျောသား ကျောရေရှိတော်မူခြင်း။

(၁၉) ပညောင်ပင်သည် အဝန်းနှင့်အရပ် ညီမျှသကဲ့သို့ အလံနှင့်အရပ် ညီမျှ၍ ပြည့်ဝန်းသောကိုယ်ရှိတော် မူခြင်း။

(၂၀) ရွှေမုရိုးစည်ကဲ့သို့ ညီညွတ်လုံးဝန်းသော လည်ရှိတော်မူခြင်း။

(၂၁) အရသာကိုဆောင်နိုင်သော တစ်ထောင်သော အကြောရှိခြင်း။

(၂၂) ခြင်္သေ့မင်း၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော မေးရှိခြင်း။

(၂၃) စွယ်တော်လေးဆူပါ အားလုံး သွားတော်လေးဆယ်ရှိခြင်း။

(၂၄) လွှဖြင့်တိသကဲ့သို့ ညီညွတ်သော သွားရှိခြင်း။

(၂၅) မကျဲမခေါမူ၍ အလွန်စေ့စပ်သော သွားရှိခြင်း။

(၂၆) သောက်ရှူးကြယ်အတူ ဖြူစင်သော စွယ်တော်လေးဆူရှိခြင်း။

(၂၇) နဖူးပြင်ကို ဖုံးလွှမ်းနိုင်သော အလွန်ပြန့်ကျယ်သောလျှာရှိခြင်း။

(၂၈) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အသံရှိခြင်း။

(၂၉) အလွန်ညိုမှောင်သော မျက်ဝန်းရှိတော်မူခြင်း။

(၃၀)နွားငယ်၏ မျက်ဝန်းကဲ့သို့ ပွင့်လင်းကြည်လင်သော မျက်မှောင်ရှိတော်မူခြင်း။

(၃၁)မျက်ခုံးနှစ်ဖက်၏အလယ် သောက်ရှူးကြယ်ကဲ့သို့ တင့်တယ်သော ဥဏ္ဏလုံမွေးရှင်တော်ပါရှိခြင်း။

(၃၂)ရွှေသင်းကျစ် ရစ်ပတ်သကဲ့သို့ နဖူးသင်းကျစ်ဖြင့် တင့်တယ်သောဦးခေါင်းရှိတော်မူခြင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ဝဒက်မ္းလာ ၃၂ - ပါးေသာ ေယာက်္ားျမတ္တို႔၏ လကၡဏာ

 

ျမတ္စြာဘုရား မိထၳိလာျပည္ ႂကြေတာ္မူသည့္အခါ မိထၳိလာျပည္သား ျဗဟၼာယုပုဏၰားႀကီးက ၎၏တပည့္ျဖစ္သူ ဥတၱရအား ဘုရားဟုတ္မဟုတ္သြားေရာက္စုံစမ္းခိုင္းခဲ့သည္။တပည့္ျဖစ္သူ ဥတၱရက ဘယ္နည္းျဖင့္ စုံစမ္းရမည္နည္းဟုေမးရာ ငါတို႔ ေဝဒက်မ္းမွာ ၃၂-ပါးေသာ ေယာက်္ားျမတ္တို႔၏ လကၡဏာ႐ွိသည္။ထိုလကၡဏာေတာ္တို႔ႏွင့္ျပည့္စုံေသာ ေယာက်္ားျမတ္သည္ ရဟန္းျဖစ္ေသာ္ဘုရား၊ လူသားျဖစ္ေသာ္ စၾကဝေတးမင္း ဧကန္ျဖစ္သည္။အျခားမ႐ွိဟုဆိုခဲ့သည္။

ထိုေဝဒက်မ္းလာ ေယာက်္ားျမတ္တို႔၏ လကၡဏာေတာ္ ၃၂ - ပါးမွာ ...

(၁) ေျမ၌ အညီအၫြတ္ ေကာင္းစြာထိေသာ ေျခဖဝါးေတာ္႐ွိျခင္း။

(၂) စက္လကၡဏာႏွင့္ ျပည့္စုံေသာ ေျခဖဝါး႐ွိျခင္း။

(၃) တင့္တယ္႐ွည္သြယ္ေသာ ဖေနာင့္႐ွိျခင္း။

(၄) ႐ွည္သြယ္ေပ်ာ့ေျပာင္းေသာ ေျခေခ်ာင္းလက္ေခ်ာင္း႐ွိျခင္း။

(၅) ႏူးညံ့သိမ္ေမြ႕ေသာ ေျခဖဝါး၊လက္ဖဝါး႐ွိျခင္း။

(၆) ေ႐ႊပြတ္လုံးကဲ့သို႔ ညီၫြတ္ေသာလက္၊ေျခ႐ွိျခင္း။

(၇)ျမင့္ေသာ ဖမ်က္႐ွိျခင္း။

(၈) ဧဏီသား၏ ျမင္းေခါင္းကဲ့သို႔ ျပည့္ၿဖိဳးေသာ ျမင္းေခါင္း႐ွိျခင္း။

(၉) မကိုင္းၫြတ္ဘဲ ရပ္လ်က္ ႏွစ္ဖက္ေသာလက္ဝါးျပင္တို႔ျဖင့္ ပုဆစ္ဒူးဝန္းကို သုံးသပ္ဆုပ္နယ္ႏိုင္ျခင္း။

(၁၀) အေရအိတ္ အိမ္ျဖင့္ ဖုံးလႊမ္းေသာ ေယာက်္ားနိမိတ္႐ွိျခင္း။

(၁၁) ေ႐ႊေရာင္ကဲ့သို႔ ထိန္ဝါေတာက္ပေသာ အေရအဆင္း႐ွိျခင္း။

(၁၂) သိမ္ေမြ႕ႏူးညံ့၍ ျမဴအညစ္အေၾကး မကပ္ၿငိေသာ ကိုယ္ေတာ္႐ွိျခင္း။

(၁၃) ေမြးညင္းေပါက္ တစ္ခုတစ္ခု၌ တစ္ေခ်ာင္းတစ္ေခ်ာင္းစီ ေမြးညင္း႐ွိေတာ္မူျခင္း။

(၁၄) ညိဳေသာအဆင္း႐ွိ၍ လက္ယာရစ္ေကာ့တက္ေသာ ေမြးညင္း႐ွိျခင္း။

(၁၅) ျဗဟၼာမင္း၏ ကိုယ္ကဲ့သို႔ ေျဖာင့္မတ္ေသာ ကိုယ္႐ွိျခင္း။

(၁၆) ေျခဖမိုးအစုံ၊လက္ဖမိုးအစုံ၊ပခုံးစြန္းႏွစ္ဖက္၊လည္ကုတ္ေတာ္ ဤ ၇-ဌာနတို႔၌ ျပည့္ၿဖိဳးေသာ အသားေတာ္႐ွိျခင္း။

(၁၇) ျခေသၤ့မင္း၏ ေ႐ွ႕ကိုယ္ထက္ဝက္ကဲ့သို႔ ျပည့္ၿဖိဳးၾကံ့ခိုင္ေသာ ကိုယ္ေတာ္႐ွိျခင္း။

(၁၈) ေၾကာ႐ိုးေၾကာင္းမထင္၊တစ္ျပင္တည္းျပည့္ၿဖိဳးေသာ လက္ျပင္ေက်ာသား ေက်ာေရ႐ွိေတာ္မူျခင္း။

(၁၉) ပေညာင္ပင္သည္ အဝန္းႏွင့္အရပ္ ညီမွ်သကဲ့သို႔ အလံႏွင့္အရပ္ ညီမွ်၍ ျပည့္ဝန္းေသာကိုယ္႐ွိေတာ္ မူျခင္း။

(၂၀) ေ႐ႊမု႐ိုးစည္ကဲ့သို႔ ညီၫြတ္လုံးဝန္းေသာ လည္႐ွိေတာ္မူျခင္း။

(၂၁) အရသာကိုေဆာင္ႏိုင္ေသာ တစ္ေထာင္ေသာ အေၾကာ႐ွိျခင္း။

(၂၂) ျခေသၤ့မင္း၏ ေအာက္ေမးကဲ့သို႔ ျပည့္ၿဖိဳးေသာ ေမး႐ွိျခင္း။

(၂၃) စြယ္ေတာ္ေလးဆူပါ အားလုံး သြားေတာ္ေလးဆယ္႐ွိျခင္း။

(၂၄) လႊျဖင့္တိသကဲ့သို႔ ညီၫြတ္ေသာ သြား႐ွိျခင္း။

(၂၅) မက်ဲမေခါမူ၍ အလြန္ေစ့စပ္ေသာ သြား႐ွိျခင္း။

(၂၆) ေသာက္႐ွဴးၾကယ္အတူ ျဖဴစင္ေသာ စြယ္ေတာ္ေလးဆူ႐ွိျခင္း။

(၂၇) နဖူးျပင္ကို ဖုံးလႊမ္းႏိုင္ေသာ အလြန္ျပန္႔က်ယ္ေသာလွ်ာ႐ွိျခင္း။

(၂၈) ျဗဟၼာမင္း၏ အသံကဲ့သို႔ အဂၤါ႐ွစ္ပါးႏွင့္ျပည့္စုံေသာ အသံ႐ွိျခင္း။

(၂၉) အလြန္ညိဳေမွာင္ေသာ မ်က္ဝန္း႐ွိေတာ္မူျခင္း။

(၃၀)ႏြားငယ္၏ မ်က္ဝန္းကဲ့သို႔ ပြင့္လင္းၾကည္လင္ေသာ မ်က္ေမွာင္႐ွိေတာ္မူျခင္း။

(၃၁)မ်က္ခုံးႏွစ္ဖက္၏အလယ္ ေသာက္႐ွဴးၾကယ္ကဲ့သို႔ တင့္တယ္ေသာ ဥဏၰလုံေမြး႐ွင္ေတာ္ပါ႐ွိျခင္း။

(၃၂)ေ႐ႊသင္းက်စ္ ရစ္ပတ္သကဲ့သို႔ နဖူးသင္းက်စ္ျဖင့္ တင့္တယ္ေသာဦးေခါင္း႐ွိေတာ္မူျခင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service