ကျွန်းတစ်ကျွန်းပေါ်က ရေကန်တစ်ကန်၊ ထိုကန်ထဲက ကျွန်း၊ ထိုကျွန်းပေါ်က ကန်၊ ထိုကန်ထဲက ကျွန်း

ကျွန်းတစ်ကျွန်းပေါ်က ရေကန်တစ်ကန်၊ ထိုကန်ထဲက ကျွန်း၊ ထိုကျွန်းပေါ်က ကန်၊ ထိုကန်ထဲက ကျွန်း - Property News in Myanmar from iMyanmarHouse.com
17 Feb 2023 11:54 am တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် အံ့ဖွယ် ပထဝီဖွဲ့စည်းပုံများ အတိပြီးလျက်ရှိသည်။

သို့သော် Vulcan Point ကျွန်းကဲ့သို့ ရည်ညွှန်းရခက်မှုမျိုးမှာ ရှားပါးလှသည်။

တမူထူးသော Vulcan Point ကျွန်းမှာ ရေကန်ကြီးတစ်ခုအတွင်း တည်ရှိ၏။ ထိုရေကန်မှာ ကျွန်းတစ်ကျွန်း ပေါ်တွင် တည်ရှိခြင်းဖြစ်ပြီး ထိုကျွန်းမှာ ရေကန်တစ်ခုအတွင်း တည်ရှိသည်။ ထိုရေကန်မှာလည်း ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုတစ်ခုပေါ်တွင် တည်ရှိ၏။

ရေကန်နှင့် ကျွန်းဟူသော ဝေါဟာရများ အထပ်ထပ် ညွှန်းဆိုပြောရသည်မှာ အတော်ပင် လျှာလိပ်သည့်အပြင် မျက်စိလည်စေမည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ယုံကြည်ရန်လည်း ခဲယဉ်းလှသည်။

သို့သော် ဖော်ပြသည့်အချက်များမှာ အမှန်ပင်ဖြစ်ပြီး ထိုကျွန်းမှာ ဖိလစ်ပိုင်နိုင်ငံတွင် အမှန်တကယ် တည်ရှိနေပါသည်။

တစ်စုံတစ်ခုအတွင်း အခြားတစ်ခုကို တွေ့ရှိရသည့်ဖြစ်ရပ်မျိုး ကျွန်ုပ်တို့ တွေ့ဖူးကြသည်။

ဥပမာ - ငါးတစ်ကောင် စားထားသော ဖားကို ငါးတစ်ကောင်က စားလိုက်ခြင်းမျိုး ဖြစ်သ

(ဖားက ငါးတစ်ကောင်ကို စားလိုက်၏။ ထိုဖားကို အခြားငါးတစ်ကောင်က စားလိုက်သည့် ဖြစ်ရပ်မျိုး ဖြစ်သည်။)

((Vulcan Point ဘာလဲ))

Vulcan Point သည် ကျွန်းတစ်ကျွန်းဖြစ်၏။ ပိုမိုအတိအကျဆိုရလျှင် Taal အမည်ရှိ မီးတောင်၏ ကတော့ဝ အတွင်း တည်ရှိသော မီးတောင်ဝ ရေကန်အတွင်း တည်ရှိသော ကျွန်း ဖြစ်သည်။

ထိုမီးတောင် တည်ရှိသည်မှာ ဖိလစ်ပိုင်နိုင်ငံ၊ Luzo ကျွန်းပေါ်မှ Lake Taal အမည်ရှိ ရေကန်ကြီးအတွင်း တည်ရှိခြင်း ဖြစ်သည်။

ထို့ကြောင့် ကျွန်းကြီးပေါ်က ရေကန်ကြီး၊ ရေကန်ကြီးထဲက မီးတောင်၊ မီးတောင်ဝ ရေကန်ထဲမှ ကျွန်းဟု ဆိုရမည် ဖြစ်သည်။

ဤကဲ့သို့ ကျွန်းမျိုး ကနေဒါနိုင်ငံတွင်လည်း တည်ရှိပြီး ဗစ်တိုးရီးယားကျွန်းဟု ခေါ်သည်။

Taal မီးတောင်ဝအတွင်း ရေများပြည့်ကာ မီးတောင်ဝရေကန် ဖြစ်ပေါ်မှုတွင် Vulcan Point ကျွန်း ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်၏။

စိမ်းပြာရောင်ရေများသည် မီးတောင်ဝအလယ် ချော်တုံးချွန်ကြီးထိပ်ဆီအထိ တက်လာခဲ့ကာ Vulcan Point ကျွန်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မီးတောင်ဝရှိ ရေကန်မှာ ၁၉၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်း၏ မြေမျက်နှာပြင် ၁ မီတာမှ ၃ မီတာ (၃ ပေမှ ၁၀ ပေကြား) နိမ့်ဆင်းသွားခဲ့သည်။

Taal မီးတောင်သည် ဘီစီ ၃၅၈၀ည ခန့်မှစကာ အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့ပြီး ဖိလစ်ပိုင်တွင် ဒုတိယ မြောက် ထကြွလှုပ်ရှားမှုအရှိဆုံး မီးတောင်လည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Taal မီးတောင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ မီးတောင်ထိပ်ရေကန်မှာ ခြောက်သွေ့ ကွယ်ပျောက်သွားခဲ့ရာ ကျွန်းတစ်ကျွန်းပေါ်က ရေကန်တစ်ကန်၊ ထိုကန်ထဲက ကျွန်း၊ ထိုကျွန်းပေါ်က ကန်၊ ထိုကန်ထဲက ကျွန်းလည်း ပျောက်ကွယ်ခဲ့သည်။

သို့သော် ကံကောင်းစွာဖြင့်ပင် ရေများ ပြန်လည်ပြည့်နှက်လာရာ Vulcan Point ကျွန်း ပြန်လည်ပေါ်ပေါက် လာခဲ့သည်။

((Vulcan Point ကျွန်း ဘယ်မှာရှိလဲ))

Vulcan Point ကျွန်း တည်ရှိရာ Taal မီးတောင်သည် ဖိလစ်ပိုင်နိုင်ငံ၊ Batangas ပြည်နယ်၊ Luzon ကျွန်းတွင် တည်ရှိသည်။

မီးတောင်တည်နေရာမှာ ဖိလစ်ပိုင်၏ မြို့တော် မနီလာ၏ တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင် ဖြစ်သည်။

မီးတောင်တည်ရှိရာ Lake Taal ရေကန်ကြီးသည် ကမ္ဘာပေါ်တွင် tamilis ဟု ခေါ်သော ငါးမျိုးတွေ့နိုင်သည့် တစ်ခုတည်းသောနေရာဖြစ်သည်။

ထို့အပြင် Lake Taal snake ဟုခေါ်သော Garman’s sea snake မြွေကို တွေ့နိုင်သည့် တစ်ခုတည်းသောနေရာလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vulcan Point: The Island In A Lake On An Island In A Lake On An Island (iflscience)

[Zawgyi]

ကၽြန္းတစ္ကၽြန္းေပၚက ေရကန္တစ္ကန္၊ ထိုကန္ထဲက ကၽြန္း၊ ထိုကၽြန္းေပၚက ကန္၊ ထိုကန္ထဲက ကၽြန္း

ကၽြႏု္ပ္တို႔ မွီတင္းေနထုိင္ရာ ကမၻာၾကီးသည္ အံ့ဖြယ္ ပထဝီဖြဲ႔စည္းပံုမ်ား အတိျပီးလ်က္ရွိသည္။

သို႔ေသာ္ Vulcan Point ကၽြန္းကဲ့သို႔ ရည္ညႊန္းရခက္မႈမ်ဳိးမွာ ရွားပါးလွသည္။

တမူထူးေသာ Vulcan Point ကၽြန္းမွာ ေရကန္ၾကီးတစ္ခုအတြင္း တည္ရွိ၏။ ထိုေရကန္မွာ ကၽြန္းတစ္ကၽြန္း ေပၚတြင္ တည္ရွိျခင္းျဖစ္ျပီး ထိုကၽြန္းမွာ ေရကန္တစ္ခုအတြင္း တည္ရွိသည္။ ထိုေရကန္မွာလည္း ပစိဖိတ္သမုဒၵရာအတြင္းရိွ ကၽြန္းစုတစ္ခုေပၚတြင္ တည္ရွိ၏။

ေရကန္ႏွင့္ ကၽြန္းဟူေသာ ေဝါဟာရမ်ား အထပ္ထပ္ ညႊန္းဆိုေျပာရသည္မွာ အေတာ္ပင္ လွ်ာလိပ္သည့္အျပင္ မ်က္စိလည္ေစမည့္ အေျခအေနတစ္ရပ္ျဖစ္ျပီး ယံုၾကည္ရန္လည္း ခဲယဥ္းလွသည္။

သို႔ေသာ္ ေဖာ္ျပသည့္အခ်က္မ်ားမွာ အမွန္ပင္ျဖစ္ၿပီး ထိုကၽြန္းမွာ ဖိလစ္ပိုင္ႏိုင္ငံတြင္ အမွန္တကယ္ တည္႐ွိေန ပါသည္။

တစ္စုံတစ္ခုအတြင္း အျခားတစ္ခုကို ေတြ႕႐ွိရသည့္ျဖစ္ရပ္မ်ိဳး ကြၽႏ္ုပ္တို႔ ေတြ႕ဖူးၾကသည္။

ဥပမာ - ငါးတစ္ေကာင္ စားထားေသာ ဖားကို ငါးတစ္ေကာင္က စားလိုက္ျခင္းမ်ိဳး ျဖစ္သ

(ဖားက ငါးတစ္ေကာင္ကို စားလိုက္၏။ ထိုဖားကို အျခားငါးတစ္ေကာင္က စားလိုက္သည့္ ျဖစ္ရပ္မ်ဳိး ျဖစ္သည္။)

((Vulcan Point ဘာလဲ))

Vulcan Point သည္ ကၽြန္းတစ္ကၽြန္းျဖစ္၏။ ပိုမိုအတိအက်ဆိုရလွ်င္ Taal အမည္ရွိ မီးေတာင္၏ ကေတာ့ဝ အတြင္း တည္ရွိေသာ မီးေတာင္ဝ ေရကန္အတြင္း တည္ရွိေသာ ကၽြန္း ျဖစ္သည္။

ထိုမီးေတာင္ တည္ရွိသည္မွာ ဖိလစ္ပိုင္ႏိုင္ငံ၊ Luzo ကၽြန္းေပၚမွ Lake Taal အမည္ရွိ ေရကန္ၾကီးအတြင္း တည္ရွိျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ ကၽြန္းၾကီးေပၚက ေရကန္ၾကီး၊ ေရကန္ၾကီးထဲက မီးေတာင္၊ မီးေတာင္ဝ ေရကန္ထဲမွ ကၽြန္းဟု ဆိုရမည္ ျဖစ္သည္။

ဤကဲ့သို႔ ကၽြန္းမ်ဳိး ကေနဒါႏိုင္ငံတြင္လည္း တည္ရွိျပီး ဗစ္တိုးရီးယားကၽြန္းဟု ေခၚသည္။

Taal မီးေတာင္ဝအတြင္း ေရမ်ားျပည့္ကာ မီးေတာင္ဝေရကန္ ျဖစ္ေပၚမႈတြင္ Vulcan Point ကၽြန္း ျဖစ္ထြန္းလာခဲ့ျခင္း ျဖစ္၏။

စိမ္းျပာေရာင္ေရမ်ားသည္ မီးေတာင္ဝအလယ္ ေခ်ာ္တံုးခၽြန္ၾကီးထိပ္ဆီအထိ တက္လာခဲ့ကာ Vulcan Point ကၽြန္း ေပၚေပါက္လာျခင္း ျဖစ္သည္။

မီးေတာင္ဝရွိ ေရကန္မွာ ၁၉၁၁ ခုႏွစ္တြင္ ေပၚေပါက္ခဲ့ျခင္းျဖစ္သည္။ ထိုအခ်ိန္က မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ကၽြန္း၏ ေျမမ်က္ႏွာျပင္ ၁ မီတာမွ ၃ မီတာ (၃ ေပမွ ၁၀ ေပၾကား) နိမ့္ဆင္းသြားခဲ့သည္။

Taal မီးေတာင္သည္ ဘီစီ ၃၅၈၀ည ခန္႔မွစကာ အၾကိမ္ေပါင္းမ်ားစြာ ေပါက္ကြဲခဲ့ျပီး ဖိလစ္ပိုင္တြင္ ဒုတိယ ေျမာက္ ထၾကြလႈပ္ရွားမႈအရွိဆံုး မီးေတာင္လည္း ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလတြင္ Taal မီးေတာင္ ေပါက္ကြဲမႈ ျဖစ္ေပၚခဲ့ရာ မီးေတာင္ထိပ္ေရကန္မွာ ေျခာက္ေသြ႔ ကြယ္ေပ်ာက္သြားခဲ့ရာ ကၽြန္းတစ္ကၽြန္းေပၚက ေရကန္တစ္ကန္၊ ထိုကန္ထဲက ကၽြန္း၊ ထိုကၽြန္းေပၚက ကန္၊ ထိုကန္ထဲက ကၽြန္းလည္း ေပ်ာက္ကြယ္ခဲ့သည္။

သို႔ေသာ္ ကံေကာင္းစြာျဖင့္ပင္ ေရမ်ား ျပန္လည္ျပည့္ႏွက္လာရာ Vulcan Point ကၽြန္း ျပန္လည္ေပၚေပါက္ လာခဲ့သည္။

((Vulcan Point ကၽြန္း ဘယ္မွာရွိလဲ))

Vulcan Point ကၽြန္း တည္ရွိရာ Taal မီးေတာင္သည္ ဖိလစ္ပိုင္ႏိုင္ငံ၊ Batangas ျပည္နယ္၊ Luzon ကၽြန္းတြင္ တည္ရွိသည္။

မီးေတာင္တည္ေနရာမွာ ဖိလစ္ပိုင္၏ ျမိဳ႕ေတာ္ မနီလာ၏ ေတာင္ဘက္ မိုင္ ၃၀ ခန္႔အကြာတြင္ ျဖစ္သည္။

မီးေတာင္တည္ရွိရာ Lake Taal ေရကန္ၾကီးသည္ ကမၻာေပၚတြင္ tamilis ဟု ေခၚေသာ ငါးမ်ဳိးေတြ႔ႏိုင္သည့္ တစ္ခုတည္းေသာေနရာျဖစ္သည္။

ထို႔အျပင္ Lake Taal snake ဟုေခၚေသာ Garman’s sea snake ေျမြကို ေတြ႔ႏိုင္သည့္ တစ္ခုတည္းေသာေနရာလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Vulcan Point: The Island In A Lake On An Island In A Lake On An Island (iflscience)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service