လီယိုနာဒို ဒီကာပရီယိုက ဘတ်စ်ကက်ဘောကွင်းခြံထဲဆောက်သောကြောင့် အမှုဖြစ်ခဲ့ရသော အိမ်နီးချင်း၏ နေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူ

လီယိုနာဒို ဒီကာပရီယိုက ဘတ်စ်ကက်ဘောကွင်းခြံထဲဆောက်သောကြောင့် အမှုဖြစ်ခဲ့ရသော အိမ်နီးချင်း၏ နေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
9 Jan 2023 10:01 am တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဝယ်ယူသူ - လီယိုနာဒို ဒီကာပရီယို

တည်နေရာ-Bird လမ်း ၊ လော့စ်အိန်ဂျလိမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်

ဈေးနှုန်း- ဒေါ်လာ ၁၀ ဒသမ ၅ သန်း

ဆောက်လုပ်သည့် ခုနှစ် - ၁၉၆၃

အသေးစိတ်အချက်အလက်များ - ၃၅၂၇ စတုရန်းပေ ၊ အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်း

ခြံအကျယ် -၀ ဒသမ ၄ ဧက

ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယို နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သော ပင်မစံအိမ်မှာ လော့စ်အိန်ဂျလိမြို့ ၊ Hollywood Hills အရပ် ၊ Bird လမ်းရှိ တောင်ကုန်းထိပ် စံအိမ်ဖြစ်ကာ အကျယ်အဝန်း စတုရန်းပေ ၄၅၀၀ ရှိသည်။

ခြံဝန်းအတွင်း အလွန်ကျယ်ဝန်းလှသော ရေကူးကန် တစ်ခုရှိပြီး DTLA မိုးမျှော်တိုက်များမှသည် ပစိဖိတ် သမုဒ္ဒရာအထိ လော့စ်အိန်ဂျလိ၏ အပြောကျယ်သော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

Bird လမ်းတွင် နေထိုင်သူတိုင်းမှာမူ ဒီကာပရီယို၏ ရုပ်ရှင်ပရိသတ် မဟုတ်ကြ။

 

 

၂၀၀၇ ခုနှစ်အတွင်း ဒီကာပရီယိုသည် သူ၏ နေအိမ်ခြံဝန်းအတွင်း ဘတ်စကက်ဘောကွင်းတစ်ခု ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် ပြဿနာတက်ခဲ့သည်။

သူ၏ အိမ်နီးချင်းမှာ ရွန် လင်ကလော (Ron) နှင့် ဂျုန်း လင်ကလော (Joan Linclau) အမည်ရှိ သက်ကြီးရွယ်အို စုံတွဲဖြစ်ပြီး ဒီကာပရီယို၏ ဘတ်စကက် ဘောကွင်းသည် ၎င်းတို့၏ နေအိမ်အား မတည်မငြိမ်ဖြစ်စေကာ ကြံ့ခိုင်မှု ထိခိုက်စေခဲ့ကြောင်း စွပ်စွဲပြီး တရားစွဲခဲ့သည်။

လီယိုနာဒို ဒီကာပရီယိုက ပြောသည်မှာမူ အဆိုပါ စုံတွဲက ၎င်းတို့ဘာသာ တရားမဝင် ဆောက်လုပ်ထားသော အထိန်းနံရံတစ်ခုကြောင့် နေအိမ်ကြံ့ခိုင်မှု ထိခိုက်စေခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၀၉ ခုနှစ်တွင် ပြေလည်သွားခဲ့ပြီး ၎င်းတို့ အိမ်နီးချင်းနှစ်ဦး ငြိမ်းချမ်းမှု ရရှိသွားဟန် ပေါ်သည်။

၎င်းတို့စုံတွဲနှင့် ဒီကာပရီယိုတို့ ၂၀၂၂ အစောပိုင်းအထိ ခြံချင်းထိစပ်ကာ နေထိုင်ခဲ့ကြသည်။

ဂျုန်း လင်ကလောသည် ၂၀၂၂ အစောပိုင်းတွင် ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။

အိမ်ခြံမြေ မှတ်တမ်းများအရ ကျန်ရစ်သူ မုဆိုးဖို ရွန် လင်ကလောက နေအိမ်ကို ဒီကာပရီယိုထံ ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ဖူးခြင်း မရှိသောကြောင့် နေအိမ်နှင့်ပတ်သက်သည့် ဓာတ်ပုံများ ၊ အသေးစိတ်အချက်အလက်များ ရရှိနိုင်မှု နည်းပါးသည်။

အကောက်ခွန်မှတ်တမ်းများအရ သိရသည်မှာမူ နေအိမ်ကို ၁၉၆၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ကာ အကျယ်အဝန်း စတုရန်းပေ ၃၅၀၀ ရှိကြောင်းသိရသည်။

အိမ်ရှေ့လမ်းမှ ရှည်လျားသော ယာဉ်မောင်းလမ်းအတိုင်း မောင်းတက်သွားလျှင် ပင်မစံအိမ်ရှိ ယာဉ်ရပ်နား ကွင်းသို့ ရောက်ရှိမည် ဖြစ်သည်။

၀ ဒသမ ၄ ဧက ကျယ်ဝန်းသော ခြံဝန်းအတွင်း ရေကူးကန်တစ်ခု ၊ ဧည့်ဂေဟာ အိမ်ငယ် (သို့မဟုတ်) ဂိုထောင် အဆောက်အအုံတစ်ခုလည်း ရှိသည်။

လင်ကလော စုံတွဲက စည်းရိုးခြုံပင်များနှင့် ယူကလစ်ပင်များ စိုက်ပျိုးထားရာ ခြံဝန်းအတွင်း မြက်ခင်းများမှာ အရိပ်အာဝါသကောင်းပြီး အိမ်ရှေ့လမ်းမ အများမြင်ကွင်းမှ အကာအကွယ်ပေးထားသောကြောင့် တစ်ကိုယ်ရည် လွတ်လပ်မှုကို ပေးစွမ်းသည်။

ဒီကာပရီယိုသည် ဝယ်ယူလိုက်သော စံအိမ်ကို မည်သို့ စီစဉ်မည် မသိရသေးချေ။

ယခုအခါ Bird လမ်းရှိ သူ၏ စံအိမ်ဝန်းမှာ ကပ်လျှက် မြေကွက် ၅ ခု ဆက်စပ်သွားပြီး အကျယ်အဝန်း ၅ ဒသမ ၁၄ ဧက ရှိလာကာ ဟောလိဝုဒ်ဟေးစ် အရပ်တွင် အကျယ်ဝန်းဆုံး နေအိမ်များတွင် ပါဝင်လာသည်။

ခြံဝန်းအတွင်း စုစုပေါင်း နေအိမ် ၄ လုံးနှင့် ရေကူးကန် ၄ ကန် ရှိကာ စုစုပေါင်း လူနေ ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၅၀၀၀ ကျော်ရှိသည်။

 

(ဓာတ်ပုံ- Google Maps)

 

 

(ဓာတ်ပုံ- Google Maps)

ဖော်ပြပါ ဓာတ်ပုံမှာ ဒီကာပရီယို နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သော နေအိမ်ဖြစ်ပြီး ခြံနောက်ဖက်တွင် ဘတ်စကက်ဘောကွင်းရှိသည်။

 

(ဓာတ်ပုံ- Google Maps)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Leonardo DiCaprio Buys Neighbor’s Home for $10.5 Million (dirt)

 

 

 

 

 

[Zawgyi]

လီယိုနာဒို ဒီကာပရီယိုက ဘတ္စ္ကက္ေဘာကြင္းျခံထဲေဆာက္ေသာေၾကာင့္ အမႈျဖစ္ခဲ့ရေသာ အိမ္နီးခ်င္း၏ ေနအိမ္ကို ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ

 

ဝယ္ယူသူ - လီယိုနာဒို ဒီကာပရီယို

တည္ေနရာ-Bird လမ္း ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ကယ္လီဖိုးနီးယားျပည္နယ္

ေစ်းႏႈန္း- ေဒၚလာ ၁၀ ဒသမ ၅ သန္း

ေဆာက္လုပ္သည့္ ခုႏွစ္ - ၁၉၆၃

အေသးစိတ္အခ်က္အလက္မ်ား - ၃၅၂၇ စတုရန္းေပ ၊ အိပ္ခန္း ၄ ခန္း ၊ ေရခ်ဳိးခန္း ၄ ခန္း

ျခံအက်ယ္ -၀ ဒသမ ၄ ဧက

ေဟာလိဝုဒ္ၾကယ္ပြင့္ လီယိုနာဒို ဒီကာပရီယို ႏွစ္ေပါင္း ၂၀ ေက်ာ္ ေနထိုင္ခဲ့ေသာ ပင္မစံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Hollywood Hills အရပ္ ၊ Bird လမ္းရွိ ေတာင္ကုန္းထိပ္ စံအိမ္ျဖစ္ကာ အက်ယ္အဝန္း စတုရန္းေပ ၄၅၀၀ ရွိသည္။

ျခံဝန္းအတြင္း အလြန္က်ယ္ဝန္းလွေသာ ေရကူးကန္ တစ္ခုရွိျပီး DTLA မိုးေမွ်ာ္တုိက္မ်ားမွသည္ ပစိဖိတ္ သမုဒၵရာအထိ ေလာ့စ္အိန္ဂ်လိ၏ အေျပာက်ယ္ေသာ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

Bird လမ္းတြင္ ေနထိုင္သူတိုင္းမွာမူ ဒီကာပရီယို၏ ရုပ္ရွင္ပရိသတ္ မဟုတ္ၾက။

၂၀၀၇ ခုႏွစ္အတြင္း ဒီကာပရီယိုသည္ သူ၏ ေနအိမ္ျခံဝန္းအတြင္း ဘတ္စကက္ေဘာကြင္းတစ္ခု ေဆာက္လုပ္မႈႏွင့္ ပတ္သက္ျပီး အိမ္နီးခ်င္းႏွင့္ ျပႆနာတက္ခဲ့သည္။

သူ၏ အိမ္နီးခ်င္းမွာ ရြန္ လင္ကေလာ (Ron) ႏွင့္ ဂ်ဳန္း လင္ကေလာ (Joan Linclau) အမည္ရွိ သက္ၾကီးရြယ္အို စံုတြဲျဖစ္ျပီး ဒီကာပရီယို၏ ဘတ္စကက္ ေဘာကြင္းသည္ ၎တုိ႔၏ ေနအိမ္အား မတည္မျငိမ္ျဖစ္ေစကာ ၾကံ႕ခုိင္မႈ ထိခုိက္ေစခဲ့ေၾကာင္း စြပ္စြဲျပီး တရားစြဲခဲ့သည္။

လီယိုနာဒို ဒီကာပရီယိုက ေျပာသည္မွာမူ အဆိုပါ စံုတြဲက ၎တို႔ဘာသာ တရားမဝင္ ေဆာက္လုပ္ထားေသာ အထိန္းနံရံတစ္ခုေၾကာင့္ ေနအိမ္ၾကံ႕ခိုင္မႈ ထိခိုက္ေစျခင္းသာ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါအမႈမွာ ၂၀၀၉ ခုႏွစ္တြင္ ေျပလည္သြားခဲ့ျပီး ၎တို႔ အိမ္နီးခ်င္းႏွစ္ဦး ျငိမ္းခ်မ္းမႈ ရရွိသြားဟန္ ေပၚသည္။

၎တို႔စံုတြဲႏွင့္ ဒီကာပရီယိုတို႔ ၂၀၂၂ အေစာပိုင္းအထိ ျခံခ်င္းထိစပ္ကာ ေနထိုင္ခဲ့ၾကသည္။

ဂ်ဳန္း လင္ကေလာသည္ ၂၀၂၂ အေစာပိုင္းတြင္ ကြယ္လြန္သြားခဲ့ရာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၀ ရွိျပီ ျဖစ္သည္။

အိမ္ျခံေျမ မွတ္တမ္းမ်ားအရ က်န္ရစ္သူ မုဆိုးဖို ရြန္ လင္ကေလာက ေနအိမ္ကို ဒီကာပရီယိုထံ ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

အဆုိပါ ေနအိမ္ကို အေရာင္းေစ်းကြက္တင္ခဲ့ဖူးျခင္း မရွိေသာေၾကာင့္ ေနအိမ္ႏွင့္ပတ္သက္သည့္ ဓာတ္ပံုမ်ား ၊ အေသးစိတ္အခ်က္အလက္မ်ား ရရွိႏိုင္မႈ နည္းပါးသည္။

အေကာက္ခြန္မွတ္တမ္းမ်ားအရ သိရသည္မွာမူ ေနအိမ္ကို ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျပီး အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းပါဝင္ကာ အက်ယ္အဝန္း စတုရန္းေပ ၃၅၀၀ ရွိေၾကာင္းသိရသည္။

အိမ္ေရွ႕လမ္းမွ ရွည္လ်ားေသာ ယာဥ္ေမာင္းလမ္းအတိုင္း ေမာင္းတက္သြားလွ်င္ ပင္မစံအိမ္ရွိ ယာဥ္ရပ္နား ကြင္းသို႔ ေရာက္ရွိမည္ ျဖစ္သည္။

၀ ဒသမ ၄ ဧက က်ယ္ဝန္းေသာ ျခံဝန္းအတြင္း ေရကူးကန္တစ္ခု ၊ ဧည့္ေဂဟာ အိမ္ငယ္ (သို႔မဟုတ္) ဂိုေထာင္ အေဆာက္အအံုတစ္ခုလည္း ရွိသည္။

လင္ကေလာ စံုတြဲက စည္းရိုးျခံဳပင္မ်ားႏွင့္ ယူကလစ္ပင္မ်ား စိုက္ပ်ဳိးထားရာ ျခံဝန္းအတြင္း ျမက္ခင္းမ်ားမွာ အရိပ္အာဝါသေကာင္းျပီး အိမ္ေရွ႕လမ္းမ အမ်ားျမင္ကြင္းမွ အကာအကြယ္ေပးထားေသာေၾကာင့္ တစ္ကုိယ္ရည္ လြတ္လပ္မႈကို ေပးစြမ္းသည္။

ဒီကာပရီယိုသည္ ဝယ္ယူလိုက္ေသာ စံအိမ္ကို မည္သို႔ စီစဥ္မည္ မသိရေသးေခ်။

ယခုအခါ Bird လမ္းရွိ သူ၏ စံအိမ္ဝန္းမွာ ကပ္လွ်က္ ေျမကြက္ ၅ ခု ဆက္စပ္သြားျပီး အက်ယ္အဝန္း ၅ ဒသမ ၁၄ ဧက ရွိလာကာ ေဟာလိဝုဒ္ေဟးစ္ အရပ္တြင္ အက်ယ္ဝန္းဆံုး ေနအိမ္မ်ားတြင္ ပါဝင္လာသည္။

ျခံဝန္းအတြင္း စုစုေပါင္း ေနအိမ္ ၄ လံုးႏွင့္ ေရကူးကန္ ၄ ကန္ ရွိကာ စုစုေပါင္း လူေန ၾကမ္းခင္းဧရိယာ စတုရန္းေပ ၁၅၀၀၀ ေက်ာ္ရွိသည္။

(ဓာတ္ပံု- Google Maps)

(ဓာတ္ပံု- Google Maps)

ေဖာ္ျပပါ ဓာတ္ပံုမွာ ဒီကာပရီယို ႏွစ္ေပါင္း ၂၀ ေက်ာ္ ေနထိုင္ခဲ့ေသာ ေနအိမ္ျဖစ္ျပီး ျခံေနာက္ဖက္တြင္ ဘတ္စကက္ေဘာကြင္းရွိသည္။

(ဓာတ္ပုံ- Google Maps)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Leonardo DiCaprio Buys Neighbor’s Home for $10.5 Million (dirt)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service