အကိယ 空き家 (သို့မဟုတ်) ဂျပန်နိုင်ငံမှ မြန်မာငွေ ၈ သိန်းဖြင့် ဝယ်ယူနိုင်မည့်အိမ်များ

အကိယ 空き家 (သို့မဟုတ်) ဂျပန်နိုင်ငံမှ မြန်မာငွေ ၈ သိန်းဖြင့် ဝယ်ယူနိုင်မည့်အိမ်များ - Property News in Myanmar from iMyanmarHouse.com
6 Jan 2023 10:30 am တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်သည် ဆူညံပွက်လောရိုက် ပျားပန်းခတ်လှုပ်ရှားနေသော မြို့ကြီးပြကြီးများမှ ဝေးရာ ဂျပန်ကျေးလက် ဒေသမှ အိမ်တစ်လုံးတွင် နေထိုင်ရန် တောင့်တနေပါသလား။

ဂျပန်မှ အကိယအိမ်များသည် သင်မျှော်လင့်နေသည့် အိပ်မက်အတွက် အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါသည်။

(အကိယ ဘာလဲ)

ဂျပန်စကား အကိယ (空き家) မှာ လူမနေသောအိမ်ဟု အဓိပ္ပာယ်ရသည်။

အကိယအိမ်တို့မှာ အများအားဖြင့် မြို့ငယ်လေးတစ်ခုမှ လူမရှိသော နေအိမ်မျိုးဖြစ်ပြီး ကျောင်း၊ ဈေး၊ ဆေးရုံ တို့နှင့် မနီးသော (middle of nowhere) နေရာမျိုးဖြစ်ကာ မည်သူမှ မနေလိုသည့်အပြင် အိမ်ခြံမြေ အကျိုးဆောင်တို့ကပင် ရောင်းချပေးရန် လက်လျှော့ထားရသော အိမ်မျိုး ဖြစ်သည်။

အကိယသည် ဂျပန်၏ လူဦးရေလျင်မြန်စွာကျဆင်းလာမှုနှင့် ဂျပန်လူမျိုးတို့သည် အိမ်ဝယ်ရာတွင် အိမ်ဟောင်း ထက် အိမ်သစ်ကိုသာ ရွေးချယ်တတ်ကြသည့်ဓလေ့တို့မှ ပေါ်ပေါက်လာသော ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

သက်ကြီးရွယ်အိုများသည် နေအိမ်ငယ်များသို့ ပြောင်းရွှေ့နေထိုင်ခြင်း (သို့မဟုတ်) ဘိုးဘွားဂေဟာများသို့ သွားခြင်း (သို့မဟုတ်) ကွယ်လွန်သွားခြင်းများဖြစ်ပေါ်ချိန်တွင် အဆိုပါနေအိမ်ကြီးများ၊ အိမ်ဟောင်းကြီးများတွင် နေထိုင်မည့် လူငယ်မျိုးဆက်မရှိရာ မြို့ငယ်လေးများမှာ နေအိမ်လွတ်များ များစွာပေါ်ပေါက်လာသည်။

(ဂျပန်ကျေးလက်ဒေသတစ်ခု။ ဓာတ်ပုံ- iStock.com/helovi)

ဂျပန်အိမ်ခြံမြေသတင်းအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Lifull Homes တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်အရ ၂၀၁၃ ခုနှစ်အတွင်း ဂျပန်တွင် အကိယအိမ်ပေါင်း ခန့်မှန်းချေ ၇ ဒသမ ၅၇ သန်းခန့် ရှိကြောင်း၊ အဆိုပါ ပမာဏမှာ ဂျပန်နိုင်ငံရှိ အိမ်ခြံမြေပမာဏ၏ ၁၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြ သည်။

ဂျပန်နိုင်ငံကြုံတွေ့နေရသော လူဦးရေပြဿနာအရ နေအိမ်လွတ်ပမာဏမှာ အလွန်တရာ များပြားစွာ ရှိလာဖွယ် ရှိနေသည်။

ဂျပန်နိုင်ငံ၏ လူဦးရေသည် လက်ရှိအချိန်တွင် ၁၂၆ သန်းရှိနေရာမှ ၂၀၆၅ ခုနှစ်သို့ အရောက်တွင် ၈၈ သန်း အထိ ကျဆင်းသွားဖွယ်ရှိနေသည်။

ဂျပန်ရှိ နေအိမ်ဟောင်းများ၏ အခန်းအကျယ်အဝန်းအများစုမှာ ဂျပန်ရိုးရာ တတမိဖျာ ၄ ချပ်ခွဲမှ ၆ ချပ်ခင်းစာ အကျယ်အဝန်းရှိပြီ ကျယ်ဝန်းသော အခန်းများမှာမူ ဖျာ ၈ ချပ်မှ ၁၀ ချပ်စာပမာဏခန့် ရှိလေ့ရှိသည်။

မီးဖိုဆောင်များမှာ မည်ကာမတ္တမျှသာ ဖြစ်သည်။

အိမ်သာတက်မည်ဆိုလျှင် ဆောင့်ကြောင့်ထိုင်၍ တက်ရမည့် အိမ်သာမျိုးဖြစ်သည်။

(ဂျပန်အိမ်ဟောင်းများမှ အိမ်သာ။ ဓာတ်ပုံ- Gregory Lane)

(အကိယအိမ်များနှင့် ပတ်သက်သည့် သတိပြုဖွယ်အချက်များ)

အကိယအိမ်များသည် အများအားဖြင့် အိုမင်းဟောင်းနွမ်းနေပြီး မည်သူမျှ မလိုချင်ကြသောအိမ်များဖြစ်ကာ အချို့အိမ်များဆိုလျှင် လူသူမရှိသည်မှာ ကာလများစွာကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

အကိယအိမ်များကို လူနေထိုင်နိုင်ရန် အတွက်ဆိုလျှင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရအုံးမည် ဖြစ်သည်။

နေအိမ်၏ သက်တမ်းနှင့် ဆောက်လုပ်ထားသည့် နည်းလမ်းအပေါ် မူတည်ပြီး ပြုပြင်မွမ်းမံမှုမှာ ယန်းငွေ သန်းပေါင်းများစွာ ကုန်ကျမည် ဖြစ်သည်။ အကိယအိမ်များကို မွမ်းမံလျှင် ဒေသအတွင်း အုပ်ချုပ်ရေးအဖွဲ့ထံမှ ငွေကြေးအထောက်အပံ့များ ရဖွယ်ရှိနိုင်ရာ အကိယဘဏ်နှင့် ဆက်သွယ်စုံစမ်းရမည် ဖြစ်သည်။

(မှတ်ချက်။ ဂျပန်တွင် အကိယအိမ်များကို ဘဏ်များက ထိန်းချုပ်စီမံလေ့ရှိသည်။)

(ဓာတ်ပုံ- iStock.com/shirosuna-m)

သင့်အနေဖြင့် အကိယအိမ်များကို ရင်းနှီးမြုပ်နှံရန် ဝယ်ယူမည်ဟု စိတ်ကူးမထားသင့်ချေ။

အဆိုပါ အိမ်များသည် ငွေကြေးများပြားစွာ အကုန်ကျခံကာ မွမ်းမံရမည့်အပြင် ဝယ်လက်ရှာရာတွင်လည်း အခက်တွေ့ဦးမည် ဖြစ်သည်။

(အကိယအိမ်တွေက အခမဲ့ပေးတာလား)

အကိယအိမ်များကို အခမဲ့မပေးပါ။

သို့သော် အလွန်ဈေးသက်သာပါသည်။

အချို့အိမ်များ ဆိုလျှင် ယန်းငွေ ၅၀၀၀၀ (မြန်မာငွေ ၇၈၀,၀၀၀ ခန့်) ခန့်သာရှိသည်။

ခြံအလွန်ကျယ်ပြီး ကြီးမားသည့် နေအိမ်ကြီးများမှာမူ ယန်းငွေ ၂ သန်း (မြန်မာငွေ သိန်း ၃၁၀ ခန့်)ဝန်းကျင်ရှိပြီး ထပ်မံဈေးလျော့ရန် ညှိနှိုင်း၍ ရသေးသည်။

အကိယအိမ်အားလုံးမှာမူ ရောင်းရန် မဟုတ်ချေ။

အချို့အိမ်များမှာ ငှားရန်အတွက် ဖြစ်သည်။

အိမ်ငှားခမှာလည်း ဈေးသက်သာပြီး တစ်လလျှင် ယန်း ၁၀၀၀၀ (မြန်မာငွေ ၁၅၀,၀၀၀ ခန့်)အောက်သာ ရှိသည်။

အချို့ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့တို့က အကိယအိမ်များကို နည်းလမ်းသစ်များဖြင့် ချည်းကပ်ကိုင်တွယ် ကြပြီး ဝယ်ယူသူများကို နေအိမ်အတွက် အပိုကုန်ကျစရိတ်များပါ အကူအညီပေးရန် ကမ်းလှမ်းလေ့ရှိသည်။

အချို့သော ဒေသများဆိုလျှင် နေအိမ်များကို အခမဲ့ပင် ပေးကြသည်။

သို့သော် မည်သည့် ဒေသတွင်ဖြစ်စေ စည်းမျဉ်းတစ်ခု ပါဝင်လေ့ရှိသည်။

ယင်းမှာ ဝယ်ယူသည့် နေအိမ်တည်ရှိရာ မြို့တွင် သတ်မှတ်ထားသည့် နှစ်ကာလ နေထိုင်ပါမည်ဟု ကတိပြု ရခြင်း ဖြစ်သည်။

(အခွန်အခများ)

ဂျပန်နိုင်ငံတွင် အိမ်ခြံမြေဝယ်မည် ဆိုလျှင် ပေးဆောင်ရသည့် အခွန် ၅ မျိုး ရှိသည်။

ယင်းတို့မှာ ---

မှတ်ပုံတင်ကြေး - (登録免許税)- အိမ်ခြံမြေ ခန့်မှန်းတန်ဖိုး၏ ၂ ရာခိုင်နှုန်း

အိမ်ခြံမြေ အရောင်းအဝယ်ခွန် -(不動産取得税) ဝယ်ဈေး၏ ၃ ရာခိုင်နှုန်း

မရွှေ့မပြောင်းနိုင်သော ပစ္စည်းခွန်-(固定資産税) ဝယ်ဈေး၏ ၁ ဒသမ ၄ ရာခိုင်နှုန်း

မြို့ပြစီမံကိန်းခွန် -(都市計画税) ဝယ်ဈေး၏ ၀ ဒသမ ၃ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် -(印紙税) ဝယ်ဈေးပေါ် မူတည်ပြီး ယန်း ၂၀၀၀၀ ထိ ကျသင့်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Akiya: Vacant Houses in the Japanese Countryside for a Steal (tokyocheapo)

[Zawgyi]

အကိယ 空き家(သို႔မဟုတ္) ဂ်ပန္ႏိုင္ငံမွ ျမန္မာေငြ ၈ သိန္းျဖင့္ ဝယ္ယူႏိုင္မည့္အိမ္မ်ား

သင္သည္ ဆူညံပြက္ေလာရိုက္ ပ်ားပန္းခတ္လႈပ္ရွားေနေသာ ျမိဳ႕ၾကီးျပၾကီးမ်ားမွ ေဝးရာ ဂ်ပန္ေက်းလက္ ေဒသမွ အိမ္တစ္လံုးတြင္ ေနထိုင္ရန္ ေတာင့္တေနပါသလား။

ဂ်ပန္မွ အကိယအိမ္မ်ားသည္ သင္ေမွ်ာ္လင့္ေနသည့္ အိပ္မက္အတြက္ အခြင့္အလမ္းတစ္ခုပင္ ျဖစ္ပါသည္။

(အကိယ ဘာလဲ)

ဂ်ပန္စကား အကိယ (空き家) မွာ လူမေနေသာအိမ္ဟု အဓိပၸာယ္ရသည္။

အကိယအိမ္တို႔မွာ အမ်ားအားျဖင့္ ျမိဳ႕ငယ္ေလးတစ္ခုမွ လူမရွိေသာ ေနအိမ္မ်ဳိးျဖစ္ျပီး ေက်ာင္း၊ ေစ်း၊ ေဆးရံု တို႔ႏွင့္ မနီးေသာ (middle of nowhere) ေနရာမ်ဳိးျဖစ္ကာ မည္သူမွ မေနလိုသည့္အျပင္ အိမ္ျခံေျမ အက်ဳိးေဆာင္တို႔ကပင္ ေရာင္းခ်ေပးရန္ လက္ေလွ်ာ့ထားရေသာ အိမ္မ်ဳိး ျဖစ္သည္။

အကိယသည္ ဂ်ပန္၏ လူဦးေရလ်င္ျမန္စြာက်ဆင္းလာမႈႏွင့္ ဂ်ပန္လူမ်ဳိးတို႔သည္ အိမ္ဝယ္ရာတြင္ အိမ္ေဟာင္း ထက္ အိမ္သစ္ကိုသာ ေရြးခ်ယ္တတ္ၾကသည့္ဓေလ့တို႔မွ ေပၚေပါက္လာေသာ ျပယုဂ္တစ္ခုလည္း ျဖစ္သည္။

သက္ၾကီးရြယ္အိုမ်ားသည္ ေနအိမ္ငယ္မ်ားသို႔ ေျပာင္းေရႊ႕ေနထိုင္ျခင္း (သို႔မဟုတ္) ဘိုးဘြားေဂဟာမ်ားသို႔ သြားျခင္း (သို႔မဟုတ္) ကြယ္လြန္သြားျခင္းမ်ားျဖစ္ေပၚခ်ိန္တြင္ အဆိုပါေနအိမ္ၾကီးမ်ား၊ အိမ္ေဟာင္းၾကီးမ်ားတြင္ ေနထိုင္မည့္ လူငယ္မ်ဳိးဆက္မရွိရာ ျမိဳ႕ငယ္ေလးမ်ားမွာ ေနအိမ္လြတ္မ်ား မ်ားစြာေပၚေပါက္လာသည္။

(ဂ်ပန္ေက်းလက္ေဒသတစ္ခု။ ဓာတ္ပံု- iStock.com/helovi)

ဂ်ပန္အိမ္ျခံေျမသတင္းအခ်က္အလက္ဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ Lifull Homes တြင္ ေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္အရ ၂၀၁၃ ခုႏွစ္အတြင္း ဂ်ပန္တြင္ အကိယအိမ္ေပါင္း ခန္႔မွန္းေခ် ၇ ဒသမ ၅၇ သန္းခန္႔ ရွိေၾကာင္း၊ အဆိုပါ ပမာဏမွာ ဂ်ပန္ႏိုင္ငံရွိ အိမ္ျခံေျမပမာဏ၏ ၁၃ ဒသမ ၁ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ေဖာ္ျပ သည္။

ဂ်ပန္ႏိုင္ငံၾကံဳေတြ႔ေနရေသာ လူဦးေရျပႆနာအရ ေနအိမ္လြတ္ပမာဏမွာ အလြန္တရာ မ်ားျပားစြာ ရွိလာဖြယ္ ရွိေနသည္။

ဂ်ပန္ႏိုင္ငံ၏ လူဦးေရသည္ လက္ရွိအခ်ိန္တြင္ ၁၂၆ သန္းရွိေနရာမွ ၂၀၆၅ ခုႏွစ္သို႔ အေရာက္တြင္ ၈၈ သန္း အထိ က်ဆင္းသြားဖြယ္ရွိေနသည္။

ဂ်ပန္ရွိ ေနအိမ္ေဟာင္းမ်ား၏ အခန္းအက်ယ္အဝန္းအမ်ားစုမွာ ဂ်ပန္ရိုးရာ တတမိဖ်ာ ၄ ခ်ပ္ခြဲမွ ၆ ခ်ပ္ခင္းစာ အက်ယ္အဝန္းရွိျပီ က်ယ္ဝန္းေသာ အခန္းမ်ားမွာမူ ဖ်ာ ၈ ခ်ပ္မွ ၁၀ ခ်ပ္စာပမာဏခန္႔ ရွိေလ့ရွိသည္။

မီးဖိုေဆာင္မ်ားမွာ မည္ကာမတၱမွ်သာ ျဖစ္သည္။

အိမ္သာတက္မည္ဆိုလွ်င္ ေဆာင့္ေၾကာင့္ထိုင္၍ တက္ရမည့္ အိမ္သာမ်ဳိးျဖစ္သည္။

(ဂ်ပန္အိမ္ေဟာင္းမ်ားမွ အိမ္သာ။ ဓာတ္ပံု- Gregory Lane)

(အကိယအိမ္မ်ားႏွင့္ ပတ္သက္သည့္ သတိျပဳဖြယ္အခ်က္မ်ား)

အကိယအိမ္မ်ားသည္ အမ်ားအားျဖင့္ အိုမင္းေဟာင္းႏြမ္းေနျပီး မည္သူမွ် မလိုခ်င္ၾကေသာအိမ္မ်ားျဖစ္ကာ အခ်ဳိ႕အိမ္မ်ားဆိုလွ်င္ လူသူမရွိသည္မွာ ကာလမ်ားစြာၾကာျမင့္ခဲ့ျပီလည္း ျဖစ္သည္။

အကိယအိမ္မ်ားကို လူေနထိုင္ႏိုင္ရန္ အတြက္ဆိုလွ်င္ ရင္းႏွီးျမဳပ္ႏွံမႈမ်ား ျပဳလုပ္ရအံုးမည္ ျဖစ္သည္။

ေနအိမ္၏ သက္တမ္းႏွင့္ ေဆာက္လုပ္ထားသည့္ နည္းလမ္းအေပၚ မူတည္ျပီး ျပဳျပင္မြမ္းမံမႈမွာ ယန္းေငြ သန္းေပါင္းမ်ားစြာ ကုန္က်မည္ ျဖစ္သည္။ အကိယအိမ္မ်ားကို မြမ္းမံလွ်င္ ေဒသအတြင္း အုပ္ခ်ဳပ္ေရးအဖြဲ႔ထံမွ ေငြေၾကးအေထာက္အပံ့မ်ား ရဖြယ္ရွိႏိုင္ရာ အကိယဘဏ္ႏွင့္ ဆက္သြယ္စံုစမ္းရမည္ ျဖစ္သည္။

(မွတ္ခ်က္။ ဂ်ပန္တြင္ အကိယအိမ္မ်ားကို ဘဏ္မ်ားက ထိန္းခ်ဳပ္စီမံေလ့ရွိသည္။)

(ဓာတ္ပံု- iStock.com/shirosuna-m)

သင့္အေနျဖင့္ အကိယအိမ္မ်ားကို ရင္းႏွီးျမဳပ္ႏွံရန္ ဝယ္ယူမည္ဟု စိတ္ကူးမထားသင့္ေခ်။

အဆိုပါ အိမ္မ်ားသည္ ေငြေၾကးမ်ားျပားစြာ အကုန္က်ခံကာ မြမ္းမံရမည့္အျပင္ ဝယ္လက္ရွာရာတြင္လည္း အခက္ေတြ႔ဦးမည္ ျဖစ္သည္။

(အကိယအိမ္ေတြက အခမဲ့ေပးတာလား)

အကိယအိမ္မ်ားကို အခမဲ့မေပးပါ။

သို႔ေသာ္ အလြန္ေစ်းသက္သာပါသည္။

အခ်ိဳ႕အိမ္မ်ား ဆိုလွ်င္ ယန္းေငြ ၅၀၀၀၀ (ျမန္မာေငြ ၇၈၀,၀၀၀ ခန္႔) ခန္႔သာရွိသည္။

ျခံအလြန္က်ယ္ျပီး ၾကီးမားသည့္ ေနအိမ္ၾကီးမ်ားမွာမူ ယန္းေငြ ၂ သန္း (ျမန္မာေငြ သိန္း ၃၁၀ ခန္႔)ဝန္းက်င္ရွိျပီး ထပ္မံေစ်းေလ်ာ့ရန္ ညွိႏိႈင္း၍ ရေသးသည္။

အကိယအိမ္အားလံုးမွာမူ ေရာင္းရန္ မဟုတ္ေခ်။

အခ်ဳိ႕အိမ္မ်ားမွာ ငွားရန္အတြက္ ျဖစ္သည္။

အိမ္ငွားခမွာလည္း ေစ်းသက္သာျပီး တစ္လလွ်င္ ယန္း ၁၀၀၀၀ (ျမန္မာေငြ ၁၅၀,၀၀၀ ခန္႔)ေအာက္သာ ရွိသည္။

(ဓာတ္ပံု- iStock.com/Wako Megumi)

အခ်ဳိ႕ေဒသမ်ားတြင္ အုပ္ခ်ဳပ္ေရးအဖြဲ႔တုိ႔က အကိယအိမ္မ်ားကို နည္းလမ္းသစ္မ်ားျဖင့္ ခ်ည္းကပ္ကုိင္တြယ္ ၾကျပီး ဝယ္ယူသူမ်ားကို ေနအိမ္အတြက္ အပိုကုန္က်စရိတ္မ်ားပါ အကူအညီေပးရန္ ကမ္းလွမ္းေလ့ရွိသည္။

အခ်ဳိ႕ေသာ ေဒသမ်ားဆိုလွ်င္ ေနအိမ္မ်ားကို အခမဲ့ပင္ ေပးၾကသည္။

သို႔ေသာ္ မည္သည့္ ေဒသတြင္ျဖစ္ေစ စည္းမ်ဥ္းတစ္ခု ပါဝင္ေလ့ရွိသည္။

ယင္းမွာ ဝယ္ယူသည့္ ေနအိမ္တည္ရွိရာ ျမဳိ႕တြင္ သတ္မွတ္ထားသည့္ ႏွစ္ကာလ ေနထိုင္ပါမည္ဟု ကတိျပဳ ရျခင္း ျဖစ္သည္။

(အခြန္အခမ်ား)

ဂ်ပန္ႏိုင္ငံတြင္ အိမ္ျခံေျမဝယ္မည္ ဆိုလွ်င္ ေပးေဆာင္ရသည့္ အခြန္ ၅ မ်ဳိး ရွိသည္။

ယင္းတို႔မွာ ---

မွတ္ပံုတင္ေၾကး - (登録免許税)- အိမ္ျခံေျမ ခန္႔မွန္းတန္ဖိုး၏ ၂ ရာခုိင္ႏႈန္း

အိမ္ျခံေျမ အေရာင္းအဝယ္ခြန္ -(不動産取得税) ဝယ္ေစ်း၏ ၃ ရာခုိင္ႏႈန္း

မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းခြန္-(固定資産税) ဝယ္ေစ်း၏ ၁ ဒသမ ၄ ရာခိုင္ႏႈန္း

ျမိဳ႕ျပစီမံကိန္းခြန္ -(都市計画税) ဝယ္ေစ်း၏ ၀ ဒသမ ၃ ရာခုိင္ႏႈန္း တံဆိပ္ေခါင္းခြန္ -(印紙税) ဝယ္ေစ်းေပၚ မူတည္ျပီး ယန္း ၂၀၀၀၀ ထိ က်သင့္ႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Akiya: Vacant Houses in the Japanese Countryside for a Steal (tokyocheapo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service