အခြားသူ၏ ခြံအား မိမိမြေနေရာထင်ကာ အိမ်ဆောက်မိသော ထိုင်းအမျိုးသမီး

အခြားသူ၏ ခြံအား မိမိမြေနေရာထင်ကာ အိမ်ဆောက်မိသော ထိုင်းအမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
24 Nov 2022 12:17 pm တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံအနောက်ဘက် ကန်ချနဘူရီပြည်နယ်တွင် အမျိုးသားတစ်ဦးသည် သူ၏ ခြံဝန်းအတွင်း သူစိမ်းတစ်ဦးက နေအိမ် ၂ လုံး လာရောက်ဆောက်လုပ်ထားကြောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

အသက် ၄၅ နှစ်အရွယ် မြေပိုင်ရှင်ဖြစ်သူ Pairat သည် ကန်ချနဘူရီပြည်နယ်၊ Lad Ya ခရိုင်ရှိ သူ၏ ၄၄၂ စတုရန်းမီတာ (၄၇၅၇ စတုရန်းပေ) ကျယ်ဝန်းသော နေအိမ်ဝန်းကျင်အား နိုဝင်ဘာလ ၁၉ ရက်က သတင်းထောက်များကို ခေါ်ယူကာ ပြသခဲ့သည်။

သူ၏ ခြံဝန်းအတွင်း တစ်ဝက်ခန့် ဆောက်လုပ်ပြီးစီးထားသော နေအိမ် ၂ လုံးနှင့် ထိုအိမ်များတွင် အိမ်ရောင်းမည်ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားပုံကို သတင်းထောက်များအား ပြသခဲ့သည်။

Pairat က အဆိုပါမြေကို တရားဝင်ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားကာ ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများလည်း ထုတ်ပြခဲ့သည်။

သူ၏ ခြံဝန်းအတွင်း အိမ်များဆောက်ရန် မည်သည့်ဆောက်လုပ်ရေးကုမ္ပဏီကိုမျှ မငှားရမ်းခဲ့ဖူးကြောင်း၊ သို့သော် ပြီးခဲ့သောနှစ် ဒီဇင်ဘာလက သူ၏ မြေပေါ်တွင် အိမ် ၂ လုံး ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ခရိုင်ရုံးမှ သတိပေးစာ ပေးပို့မှသာလျှင် ခြံဝန်းအတွင်း နေအိမ်များရှိနေသည်ကို သိခဲ့ကြောင်း၊ ခရိုင်ရုံးက သတိပေးသည်မှာ ခွင့်ပြုချက်မရှိဘဲ နေအိမ်များ တရားမဝင်ဆောက်လုပ်မှုကြောင့် ဒဏ်ငွေ ပေးဆောင်ရ လိမ့်မည်ဖြစ်ကြောင်း သတိပေးအကြောင်းကြားထားခြင်း ဖြစ်ကြောင်း Pairat က ပြောသည်။

ထိုအကြောင်းကြားစာက Pairat အား တုန်လှုပ်စေခဲ့သည်။ ထိုအိမ်များရှိနေကြောင်း သိပင်မသိခဲ့သူက မိမိမလုပ်သည့် ကိစ္စတစ်ခုအတွက် အဘယ်ကြောင့် ဒဏ်ငွေဆောင်ရမည်နည်းဟု တွေးတောကာ စိတ်ညစ်သွားခဲ့သည်။

Pairat က ရဲတပ်ဖွဲ့နှင့် ပြည်နယ်၏ ပြည်ထဲရေးဌာနသို့ ကန့်ကွက်စာ ပေးပို့ခဲ့သည်။

ယင်းနောက် Pairat က သူ၏နေအိမ်ခြံဝန်းအတွင်း နေအိမ်ဆောက်လုပ်ထားသူကို ရှာဖွေစုံစမ်းရာ အသက် ၅၀ နှစ်အရွယ်ရှိ Kanechaya Jittapatchayajun ဟူသော အမျိုးသမီးကြီးဖြစ်သည်ကို တွေ့ရသည်။

အမျိုးသမီးကြီးက ပြောသည်မှာ မြေနေရာမှားယွင်းကာ နေအိမ်များ ဆောက်လုပ်မိခြင်းဖြစ်ကြောင်း ပြောသည်။

Kanechaya က ပြောသည်မှာ ဆွေမျိုးတစ်ဦးထံမှ မြေကွက်တစ်ခု ဝယ်ခဲ့ကြောင်း၊ အဆိုပါအမျိုးတော်စပ်သူက သူ့အားခေါ်လာကာ မြေကွက်တစ်ခု ပြခဲ့ကြောင်း၊ ယင်းနောက်ပိုင်း စတင်ကာ နေအိမ်များ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ယင်းနောက်ပိုင်းတွင် နေအိမ်ရောင်းချမှုလုပ်ရန်အတွက် မြေတိုင်းတာမှုများ ပြုလုပ်ခဲ့ရာ နေအိမ်များကို နေရာမှားယွင်းကာ ဆောက်မိထားကြောင်းနှင့် သူ၏ မြေနေရာမှာ Pairat ၏ ခြံဝန်းနှင့် ကပ်လျက်တွင် တည်ရှိသော မြေကွက်ဖြစ်ကြောင်း သိခဲ့ရသည်ဟု ဆိုသည်။

ထိုအခါ အိမ်ဆောက်လုပ်မှုများကို ချက်ချင်းရပ်ဆိုင်းလိုက်ပြီး ယခုဖြစ်ရပ်ကို ခရိုင်ရုံးသို့ တင်ပြခဲ့သည်။

Kanechaya က Pairat ၏ မြေနေရာကို ခန့်မှန်းကာလပေါက်ဈေး ဘတ် ၃၀၀၀၀၀ မှ ၄၀၀၀၀၀ ကြားဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။

သို့သော် Pairat က ဘတ် ၂ သန်း လိုချင်နေသည်။

Kanechaya က နှစ်ဦးနှစ်ဘက်အဆင်ပြေ မိတ်မပျက်စေရေးအတွက် ဈေးလျှော့ပေးရန် တောင်းဆိုခဲ့သော်လည်း Pairat က လျှော့မပေး။

မြို့တော်ဝန် Warakorn Suesarn က သတင်းမီဒီယာများသို့ ပြောသည်မှာ မိမိတို့ရုံးအနေဖြင့် Pairat ကို အဆောက်အအုံ ဆောက်လုပ်မှုကိစ္စအတွက် ဒဏ်ငွေပေးဆောင်ခိုင်းခြင်း မရှိသေးကြောင်း ပြောသည်။

သို့သော် မြေယာနှင့် အဆောက်အအုံ စာရွက်စာတမ်းများကို ခရိုင်ရုံးအရာရှိများ စစ်ဆေးပြီးစီးချိန်အထိ အဆောက်အအုံဆောက်လုပ်မှုများ ရပ်ဆိုင်းထားရန် သတိပေးထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man files police complaint after two houses mysteriously appear on his land (thethaiger)

[Zawgyi]

အျခားသူ၏ ျခံအား မိမိေျမေနရာထင္ကာ အိမ္ေဆာက္မိေသာ ထိုင္းအမ်ဳိးသမီး

ထိုင္းႏိုင္ငံအေနာက္ဘက္ ကန္ခ်နဘူရီျပည္နယ္တြင္ အမ်ဳိးသားတစ္ဦးသည္ သူ၏ ျခံဝန္းအတြင္း သူစိမ္းတစ္ဦးက ေနအိမ္ ၂ လံုး လာေရာက္ေဆာက္လုပ္ထားေၾကာင္း ရဲစခန္းသို႔ တိုင္ၾကားခဲ့သည္။

အသက္ ၄၅ ႏွစ္အရြယ္ ေျမပိုင္ရွင္ျဖစ္သူ Pairat သည္ ကန္ခ်နဘူရီျပည္နယ္၊ Lad Ya ခရိုင္ရွိ သူ၏ ၄၄၂ စတုရန္းမီတာ (၄၇၅၇ စတုရန္းေပ) က်ယ္ဝန္းေသာ ေနအိမ္ဝန္းက်င္အား ႏိုဝင္ဘာလ ၁၉ ရက္က သတင္းေထာက္မ်ားကို ေခၚယူကာ ျပသခဲ့သည္။

သူ၏ ျခံဝန္းအတြင္း တစ္ဝက္ခန္႔ ေဆာက္လုပ္ျပီးစီးထားေသာ ေနအိမ္ ၂ လံုးႏွင့္ ထိုအိမ္မ်ားတြင္ အိမ္ေရာင္းမည္ဟု ဆိုင္းဘုတ္ခ်ိတ္ဆြဲထားပံုကို သတင္းေထာက္မ်ားအား ျပသခဲ့သည္။

Pairat က အဆိုပါေျမကို တရားဝင္ပိုင္ဆိုင္ထားျခင္းျဖစ္ေၾကာင္း သတင္းေထာက္မ်ားအား ေျပာၾကားကာ ပိုင္ဆိုင္မႈ အေထာက္အထား စာရြက္စာတမ္းမ်ားလည္း ထုတ္ျပခဲ့သည္။

သူ၏ ျခံဝန္းအတြင္း အိမ္မ်ားေဆာက္ရန္ မည္သည့္ေဆာက္လုပ္ေရးကုမၸဏီကိုမွ် မငွားရမ္းခဲ့ဖူးေၾကာင္း၊ သို႔ေသာ္ ျပီးခဲ့ေသာႏွစ္ ဒီဇင္ဘာလက သူ၏ ေျမေပၚတြင္ အိမ္ ၂ လံုး ေရာက္ရွိေနခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ခရိုင္ရံုးမွ သတိေပးစာ ေပးပို႔မွသာလွ်င္ ျခံဝန္းအတြင္း ေနအိမ္မ်ားရွိေနသည္ကို သိခဲ့ေၾကာင္း၊ ခရိုင္ရံုးက သတိေပးသည္မွာ ခြင့္ျပဳခ်က္မရွိဘဲ ေနအိမ္မ်ား တရားမဝင္ေဆာက္လုပ္မႈေၾကာင့္ ဒဏ္ေငြ ေပးေဆာင္ရ လိမ့္မည္ျဖစ္ေၾကာင္း သတိေပးအေၾကာင္းၾကားထားျခင္း ျဖစ္ေၾကာင္း Pairat က ေျပာသည္။

ထိုအေၾကာင္းၾကားစာက Pairat အား တုန္လႈပ္ေစခဲ့သည္။ ထိုအိမ္မ်ားရွိေနေၾကာင္း သိပင္မသိခဲ့သူက မိမိမလုပ္သည့္ ကိစၥတစ္ခုအတြက္ အဘယ္ေၾကာင့္ ဒဏ္ေငြေဆာင္ရမည္နည္းဟု ေတြးေတာကာ စိတ္ညစ္သြားခဲ့သည္။

Pairat က ရဲတပ္ဖြဲ႔ႏွင့္ ျပည္နယ္၏ ျပည္ထဲေရးဌာနသို႔ ကန္႔ကြက္စာ ေပးပို႔ခဲ့သည္။

ယင္းေနာက္ Pairat က သူ၏ေနအိမ္ျခံဝန္းအတြင္း ေနအိမ္ေဆာက္လုပ္ထားသူကို ရွာေဖြစံုစမ္းရာ အသက္ ၅၀ ႏွစ္အရြယ္ရွိ Kanechaya Jittapatchayajun ဟူေသာ အမ်ဳိးသမီးၾကီးျဖစ္သည္ကို ေတြ႔ရသည္။

အမ်ဳိးသမီးၾကီးက ေျပာသည္မွာ ေျမေနရာမွားယြင္းကာ ေနအိမ္မ်ား ေဆာက္လုပ္မိျခင္းျဖစ္ေၾကာင္း ေျပာသည္။

Kanechaya က ေျပာသည္မွာ ေဆြမ်ဳိးတစ္ဦးထံမွ ေျမကြက္တစ္ခု ဝယ္ခဲ့ေၾကာင္း၊ အဆိုပါအမ်ဳိးေတာ္စပ္သူက သူ႔အားေခၚလာကာ ေျမကြက္တစ္ခု ျပခဲ့ေၾကာင္း၊ ယင္းေနာက္ပိုင္း စတင္ကာ ေနအိမ္မ်ား ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ယင္းေနာက္ပိုင္းတြင္ ေနအိမ္ေရာင္းခ်မႈလုပ္ရန္အတြက္ ေျမတိုင္းတာမႈမ်ား ျပဳလုပ္ခဲ့ရာ ေနအိမ္မ်ားကို ေနရာမွားယြင္းကာ ေဆာက္မိထားေၾကာင္းႏွင့္ သူ၏ ေျမေနရာမွာ Pairat ၏ ျခံဝန္းႏွင့္ ကပ္လ်က္တြင္ တည္ရွိေသာ ေျမကြက္ျဖစ္ေၾကာင္း သိခဲ့ရသည္ဟု ဆိုသည္။

ထိုအခါ အိမ္ေဆာက္လုပ္မႈမ်ားကို ခ်က္ခ်င္းရပ္ဆိုင္းလိုက္ျပီး ယခုျဖစ္ရပ္ကို ခရိုင္ရံုးသို႔ တင္ျပခဲ့သည္။

Kanechaya က Pairat ၏ ေျမေနရာကို ခန္႔မွန္းကာလေပါက္ေစ်း ဘတ္ ၃၀၀၀၀၀ မွ ၄၀၀၀၀၀ ၾကားျဖင့္ ဝယ္ယူရန္ ကမ္းလွမ္းခဲ့သည္။

သို႔ေသာ္ Pairat က ဘတ္ ၂ သန္း လိုခ်င္ေနသည္။

Kanechaya က ႏွစ္ဦးႏွစ္ဘက္အဆင္ေျပ မိတ္မပ်က္ေစေရးအတြက္ ေစ်းေလွ်ာ့ေပးရန္ ေတာင္းဆိုခဲ့ေသာ္လည္း Pairat က ေလွ်ာ့မေပး။

ျမိဳ႕ေတာ္ဝန္ Warakorn Suesarn က သတင္းမီဒီယာမ်ားသို႔ ေျပာသည္မွာ မိမိတို႔ရံုးအေနျဖင့္ Pairat ကို အေဆာက္အအံု ေဆာက္လုပ္မႈကိစၥအတြက္ ဒဏ္ေငြေပးေဆာင္ခိုင္းျခင္း မရွိေသးေၾကာင္း ေျပာသည္။

သို႔ေသာ္ ေျမယာႏွင့္ အေဆာက္အအံု စာရြက္စာတမ္းမ်ားကို ခရိုင္ရံုးအရာရွိမ်ား စစ္ေဆးျပီးစီးခ်ိန္အထိ အေဆာက္အအံုေဆာက္လုပ္မႈမ်ား ရပ္ဆိုင္းထားရန္ သတိေပးထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man files police complaint after two houses mysteriously appear on his land (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service