ပလာစီယို (သို့မဟုတ်) ဆားဖြင့် ဆောက်ထားသော ဟိုတယ်ကြီး

ပလာစီယို (သို့မဟုတ်) ဆားဖြင့် ဆောက်ထားသော ဟိုတယ်ကြီး - Property News in Myanmar from iMyanmarHouse.com
23 Sep 2022 10:24 am တွင် တင်ခဲ့သည်
393 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘိုလိဗီးယားနိုင်ငံသည် တောင်အမေရိကတိုက်အလယ်ဗဟိုတွင် တည်ရှိသော နိုင်ငံဖြစ်ပြီး ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်၏။

ဘရာဇီး၊ ပီရူး၊ ချီလီ၊ အာဂျင်တီးနား၊ ပါရာဂွေးနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်ကာ တည်ရှိသည်။

ဘိုလိဗီးယားနိုင်ငံတွင် ပလာစီ ယို ဒယ် ဆာ (ဆားနန်းတော်ဟု အဓိပ္ပာယ်ရ) အမည်ရှိ ဟိုတယ်တစ်ခုရှိပြီး ဘိုလိဗီးယား၏ ကမ္ဘာကျော် ဆားလွှာကြောများ၏အစပ်တွင် တည်ရှိကာ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လာရောက်စူးစမ်းလေ့လာလည်ပတ်ကြသည့် နေရာဖြစ်လာသည်။

အယ် ပလာစီယို ဒယ်ဆာ(El Palacio de Sal )သည် ကမ္ဘာ့ပထမဆုံး ဇိမ်ခံ ဆားဟိုတယ်ဖြစ်ပြီး ပဉ္စလက်ဆန်သည့် Salar de Uyuni ကို လည်ပတ်မည်ဆိုလျှင် တည်းခိုရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။

ပလာစီယို ဒယ်ဆာကို ၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အခမ်းနားဆုံး ဆားဟိုတယ်အဖြစ် မျှော်မှန်းကာ ဆောက်လုပ်ခဲ့သည်။

ဟိုတယ်ကြီးကို တည်ထောင်ခဲ့သူ Juan Quesada Valda က သူ၏ မျှော်မှန်းချက်အိပ်မက်အတိုင်း လက်တွေ့လုပ်ဆောင်ခဲ့ရာ ဟိုတယ်၏ နံရံများ၊ ကြမ်းခင်းများ၊ မျက်နှာကြက်တို့အပြင် အိပ်ရာကုတင်များ၊ စားပွဲများနှင့် ကုလားထိုင်များကဲ့သို့ ပရိဘောဂပစ္စည်းများအထိ Salar မှ ထုတ်ယူထားသော ဆားကို အသုံးပြုကာ တည်ဆောက်ခဲ့သည်။

အခန်းပေါင်း ၃၀ ပါဝင်ကာ အကျယ်အဝန်း ၄၅၀၀ စတုရန်းမီတာ (၄၈၅၀၀ စတုရန်းပေ) ရှိသော ဟိုတယ်ကြီးကို ဆောက်လုပ်ရာတွင် ဆားဖြင့်ပြုလုပ်ထားသည့်အုတ်ပေါင်း ၁ သန်းကျော် အသုံးပြုခဲ့သည်။

နှစ်စဉ်နှစ်တိုင်း မိုးတွင်းရောက်လျှင် ဆားဖြင့်ပြုလုပ်ထားသည့်အရာတို့မှာ ရေနောက်မျောပါသွားကြသောကြောင့် နှစ်တိုင်း ဟိုတယ်နေရာအားလုံးတွင် ပြန်လည်ဆောက်လုပ်ရမှုများ ရှိသည်။

(ဟိုတယ်တွင်း ရေတံခွန်။ ဓာတ်ပုံ © Palacio de Sal)

ဟိုတယ်တွင် အခန်းအမျိုးအစား အမျိုးမျိုးခွဲထားရာ Standard rooms, VIP rooms အခန်းများအပြင် ကျယ်ဝန်းသော Suite အခန်းများလည်း ရှိသည်။

အခန်းအသီးသီးကို ညှို့ဓာတ်ပြင်းပြင်း မွမ်းမံပြင်ဆင်ပေးထားပြီး ဟိုတယ်၏ အထိမ်းအမှတ် သင်္ကေတတစ်ခု ဖြစ်သော အက်စ်ကီးမိုးတို့၏ သံခမောက်အမိုးဟန် အမိုးခုံးမျက်နှာကြက်များ ထည့်သွင်းထားသည်။

အခန်းအားလုံးတွင် ရေပူနှင့် အပူဓာတ် အလုံအလောက်ရှိရာ အေးခဲသော ညတာကာလများအတွက် သင့်လျော်လှသည်။

(Suite အခန်း။ ဓာတ်ပုံ- Palacio de Sal)

ဆားပရိဘောဂများဖြင့် ခင်းကျင်းထားသော အရက်ဘားတစ်ခု အပါအဝင် သားနားသော အများဆိုင်နေရာများ အများအပြားရှိရာ ဧည့်သည်များအချင်းချင်း နွေးနွေးထွေးထွေး ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

အပန်းဖြေရန်သီးသန့်သာ ရည်ရွယ်သူများအတွက်မူ ဟိုတယ်၏ spa သို့ သွားသင့်သည်။ ထိုနေရာတွင် dry sauna၊ ရေနွေးငွေ့ခန်း၊ ဆားရေ ရေကူးကန်များနှင့် ရေချိုးခန်းများ ရှိသည်။

ထို့အပြင် ဂေါက်ရိုက်လေ့ကျင့်ရန်အတွက် ၉ ကျင်းပါ ဂေါက်ကွင်းတစ်ခုပင် ပါဝင်သေးသည်။ သို့သော် ဆားမြေ၏ မြေမျက်နှာပြင်ကြမ်းတမ်းမှုကြောင့် အသားကျရန် အတော်လေ့ကျင့်ရမည် ဖြစ်၏။

(အများသုံး နေရာတစ်ခု။ ဓာတ်ပုံ-Palacio de Sal)

ပလာစီယို ဒယ် ဆာဟိုတယ်သည် မူလက ဆားလွှာကြောများ၏ အလယ်ဗဟိုတွင် ရှိခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင်မူ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် ဆားလွှာ၏ အစွန်းဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ဆားလွှာနေရာများတွင် ဆောက်လုပ်ထားသော ဟိုတယ်အားလုံးမှာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေးအတွက် ပိတ်သိမ်းစေခြင်းခံခဲ့ရသည်။

ထိုနေရာများတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးကိစ္စများမှာ အလွန်အခက်အခဲရှိသောကြောင့် ဖြစ်၏။

ပလာစီယိုကို တည်ထောင်သူ Valda ၏ စိတ်ကူးဉာဏ်အပေါ် အမြတ်ထုတ်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ က နှစ်ပေါင်းများစွာကာလအတွင်း ဆားဟိုတယ်များ မှိုလိုပေါက်အောင် ဖွင့်လာကြသည်။

သို့သော် ပလာစီယို၏ ကြီးကျယ်ခမ်းနားမှုကိုကား ၎င်းတို့ အတုမယူခဲ့ကြချေ။

(ဟိုတယ်၏ ဧည့်စောင့်ခန်း။ ဓာတ်ပုံ-Palacio de Sal)

ဧည့်သည်များသတိပြုရမည့် ဟိုတယ်၏အရေးအကြီးဆုံး စည်းကမ်းချက်တစ်ခုရှိသည်။ ယင်းကား နံရံများကို လျှာဖြင့် မယက်ရန် ဖြစ်သည်။

အဆောက်အအုံ ကြာရှည်ခံစေရန် ဤစည်းကမ်းကို ချမှတ်ထားရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဟိုတယ်လိပ်စာ- Hotel Palacio de Sal, Orillas del Salar de Uyuni, Uyuni, Bolivia, +591 6842 0888

https://en.wikipedia.org/wiki/Palacio_de_Sal

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Welcome to the Hotel That’s Made Entirely from Salt (theculturetrip)

[Zawgyi]

ပလာစီယို (သို႔မဟုတ္) ဆားျဖင့္ ေဆာက္ထားေသာ ဟိုတယ္ၾကီး

ဘိုလိဗီးယားႏိုင္ငံသည္ ေတာင္အေမရိကတိုက္အလယ္ဗဟိုတြင္ တည္ရွိေသာ ႏိုင္ငံျဖစ္ျပီး ကုန္းတြင္းပိတ္ႏိုင္ငံတစ္ခု ျဖစ္၏။

ဘရာဇီး၊ ပီရူး၊ ခ်ီလီ၊ အာဂ်င္တီးနား၊ ပါရာေဂြးႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ထိစပ္ကာ တည္ရွိသည္။

ဘိုလိဗီးယားႏိုင္ငံတြင္ ပလာစီ ယို ဒယ္ ဆာ (ဆားနန္းေတာ္ဟု အဓိပၸာယ္ရ) အမည္ရွိ ဟိုတယ္တစ္ခုရွိျပီး ဘိုလိဗီးယား၏ ကမၻာေက်ာ္ ဆားလႊာေၾကာမ်ား၏အစပ္တြင္ တည္ရွိကာ ကမၻာလွည့္ခရီးသည္မ်ား စိတ္ဝင္တစား လာေရာက္စူးစမ္းေလ့လာလည္ပတ္ၾကသည့္ ေနရာျဖစ္လာသည္။

အယ္ ပလာစီယို ဒယ္ဆာ(El Palacio de Sal )သည္ ကမၻာ့ပထမဆံုး ဇိမ္ခံ ဆားဟိုတယ္ျဖစ္ျပီး ပဥၥလက္ဆန္သည့္ Salar de Uyuni ကို လည္ပတ္မည္ဆိုလွ်င္ တည္းခိုရန္ အေကာင္းဆံုးေနရာတစ္ခု ျဖစ္သည္။

ပလာစီယို ဒယ္ဆာကို ၁၉၉၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ကမၻာေပၚတြင္ အခမ္းနားဆံုး ဆားဟိုတယ္အျဖစ္ ေမွ်ာ္မွန္းကာ ေဆာက္လုပ္ခဲ့သည္။

ဟိုတယ္ၾကီးကို တည္ေထာင္ခဲ့သူ Juan Quesada Valda က သူ၏ ေမွ်ာ္မွန္းခ်က္အိပ္မက္အတိုင္း လက္ေတြ႔လုပ္ေဆာင္ခဲ့ရာ ဟိုတယ္၏ နံရံမ်ား၊ ၾကမ္းခင္းမ်ား၊ မ်က္ႏွာၾကက္တု႔ိအျပင္ အိပ္ရာကုတင္မ်ား၊ စားပြဲမ်ားႏွင့္ ကုလားထိုင္မ်ားကဲ့သို႔ ပရိေဘာဂပစၥည္းမ်ားအထိ Salar မွ ထုတ္ယူထားေသာ ဆားကို အသံုးျပဳကာ တည္ေဆာက္ခဲ့သည္။

အခန္းေပါင္း ၃၀ ပါဝင္ကာ အက်ယ္အဝန္း ၄၅၀၀ စတုရန္းမီတာ (၄၈၅၀၀ စတုရန္းေပ) ရွိေသာ ဟိုတယ္ၾကီးကို ေဆာက္လုပ္ရာတြင္ ဆားျဖင့္ျပဳလုပ္ထားသည့္အုတ္ေပါင္း ၁ သန္းေက်ာ္ အသံုးျပဳခဲ့သည္။

ႏွစ္စဥ္ႏွစ္တိုင္း မိုးတြင္းေရာက္လွ်င္ ဆားျဖင့္ျပဳလုပ္ထားသည့္အရာတို႔မွာ ေရေနာက္ေမ်ာပါသြားၾကေသာေၾကာင့္ ႏွစ္တိုင္း ဟိုတယ္ေနရာအားလံုးတြင္ ျပန္လည္ေဆာက္လုပ္ရမႈမ်ား ရွိသည္။

(ဟိုတယ္တြင္း ေရတံခြန္။ ဓာတ္ပံု © Palacio de Sal)

ဟိုတယ္တြင္ အခန္းအမ်ဳိးအစား အမ်ဳိးမ်ဳိးခြဲထားရာ Standard rooms, VIP rooms အခန္းမ်ားအျပင္ က်ယ္ဝန္းေသာ Suite အခန္းမ်ားလည္း ရွိသည္။

အခန္းအသီးသီးကို ညိွဳ႕ဓာတ္ျပင္းျပင္း မြမ္းမံျပင္ဆင္ေပးထားျပီး ဟိုတယ္၏ အထိမ္းအမွတ္ သေကၤတတစ္ခု ျဖစ္ေသာ အက္စ္ကီးမုိးတို႔၏ သံခေမာက္အမိုးဟန္ အမိုးခံုးမ်က္ႏွာၾကက္မ်ား ထည့္သြင္းထား သည္။

အခန္းအားလံုးတြင္ ေရပူႏွင့္ အပူဓာတ္ အလံုအေလာက္ရွိရာ ေအးခဲေသာ ညတာကာလမ်ားအတြက္ သင့္ေလ်ာ္လွသည္။

(Suite အခန္း။ ဓာတ္ပံု- Palacio de Sal)

ဆားပရိေဘာဂမ်ားျဖင့္ ခင္းက်င္းထားေသာ အရက္ဘားတစ္ခု အပါအဝင္ သားနားေသာ အမ်ားဆိုင္ေနရာမ်ား အမ်ားအျပားရွိရာ ဧည့္သည္မ်ားအခ်င္းခ်င္း ေႏြးေႏြးေထြးေထြး ထိေတြ႔ဆက္ဆံမႈမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

အပန္းေျဖရန္သီးသန္႔သာ ရည္ရြယ္သူမ်ားအတြက္မူ ဟိုတယ္၏ spa သုိ႔ သြားသင့္သည္။ ထိုေနရာတြင္ dry sauna၊ ေရေႏြးေငြ႔ခန္း၊ ဆားေရ ေရကူးကန္မ်ားႏွင့္ ေရခ်ဳိးခန္းမ်ား ရွိသည္။

ထို႔အျပင္ ေဂါက္ရိုက္ေလ့က်င့္ရန္အတြက္ ၉ က်င္းပါ ေဂါက္ကြင္းတစ္ခုပင္ ပါဝင္ေသးသည္။ သို႔ေသာ္ ဆားေျမ၏ ေျမမ်က္ႏွာျပင္ၾကမ္းတမ္းမႈေၾကာင့္ အသားက်ရန္ အေတာ္ေလ့က်င့္ရမည္ ျဖစ္၏။

(အမ်ားသံုး ေနရာတစ္ခု။ ဓာတ္ပံု-Palacio de Sal)

ပလာစီယို ဒယ္ ဆာဟိုတယ္သည္ မူလက ဆားလႊာေၾကာမ်ား၏ အလယ္ဗဟိုတြင္ ရွိခဲ့ေသာ္လည္း ၂၀၀၄ ခုႏွစ္တြင္မူ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမျဖစ္ေစရန္ ဆားလႊာ၏ အစြန္းဘက္သို႔ ေျပာင္းေရႊ႕ခဲ့သည္။

ဆားလႊာေနရာမ်ားတြင္ ေဆာက္လုပ္ထားေသာ ဟိုတယ္အားလံုးမွာ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ေရးအတြက္ ပိတ္သိမ္းေစျခင္းခံခဲ့ရသည္။

ထိုေနရာမ်ားတြင္ စြန႔္ပစ္ပစၥည္း စီမံခန္႔ခြဲေရးကိစၥမ်ားမွာ အလြန္အခက္အခဲရွိေသာေၾကာင့္ ျဖစ္၏။

ပလာစီယိုကို တည္ေထာင္သူ Valda ၏ စိတ္ကူးဥာဏ္အေပၚ အျမတ္ထုတ္လိုသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ား က ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ဆားဟိုတယ္မ်ား မႈိလိုေပါက္ေအာင္ ဖြင့္လာၾကသည္။

သို႔ေသာ္ ပလာစီယို၏ ၾကီးက်ယ္ခမ္းနားမႈကိုကား ၎တို႔ အတုမယူခဲ့ၾကေခ်။

(ဟိုတယ္၏ ဧည့္ေစာင့္ခန္း။ ဓာတ္ပံု-Palacio de Sal)

ဧည့္သည္မ်ားသတိျပဳရမည့္ ဟိုတယ္၏အေရးအၾကီးဆံုး စည္းကမ္းခ်က္တစ္ခုရွိသည္။ ယင္းကား နံရံမ်ားကို လွ်ာျဖင့္ မယက္ရန္ ျဖစ္သည္။

အေဆာက္အအံု ၾကာရွည္ခံေစရန္ ဤစည္းကမ္းကို ခ်မွတ္ထားရျခင္း ျဖစ္သည္ဟု ဆိုသည္။ ဟိုတယ္လိပ္စာ- Hotel Palacio de Sal, Orillas del Salar de Uyuni, Uyuni, Bolivia, +591 6842 0888

https://en.wikipedia.org/wiki/Palacio_de_Sal

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Welcome to the Hotel That’s Made Entirely from Salt (theculturetrip)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service