ရေမွှေးဆွတ်ရင် အနံ့မစွဲရတာ ဒီအချက် (၆) ခုကြောင့်ပါ.....
ရေမွှေးဆွတ်ရင် အနံ့မစွဲရတာ ဒီအချက် (၆) ခုကြောင့်ပါ..... - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2022 1:44 pm တွင် တင်ခဲ့သည်
2871 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
တန်ဖိုးကြီးရေမွှေးတွေကို ဈေးကြီးပေးဝယ်ထားပြီး ထိရောက်မှုမရှိရင် ဘာလုပ်မှာလဲနော်။ ဘယ်သူမဆို ကိုယ်ဆွတ်ထားတဲ့ရေမွှေးလေးက တစ်နေကုန်မွှေးကြိုင်နေမှာကိုပဲ လိုလားကြမှာပါ။ ဒါဆိုရင်တော့ ရေမွှေးဆွတ်ရာမှာ မှားတတ်တဲ့ အမှားလေးတွေကို သိထားဖို့လည်း လိုအပ်လိမ့်မယ်နော်။
၁။ တစ်ကိုယ်လုံးကို ဖျန်းတယ်
စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "အနမ်းခံလိုတဲ့နေရာမှာ ရေမွှေးစွတ်ပါတဲ့" ဒီလိုမဟုတ်ဘဲ တစ်ကိုယ်လုံး ရေမွှေးကို လျှောက်ဖြန်းမယ်ဆိုရင် ရေမွှေးတွေဟာ လေထုထဲကို ပျောက်ကွယ်သွားပြီး အလဟဿဖြစ်သွားမှာပါ။
အနမ်းခံလိုတဲ့နေရာမှာ ရေမွှေးဆွတ်ပါဆိုတာကတော့ လက်ကောက်ဝတ်လိုမျိုး သွေးကြောဆုံမှတ်နေရာမျိုးမှာ ရေမွှေးဆွတ်ခိုင်းတာပါ။ အဲဒီလိုနေရာမျိုးတွေဟာ ရေမွှေးပိုစွဲလွယ်ပြီး တစ်နေကုန် သင်းပျံ့တဲ့ရနံ့လေး ပျံ့လွှင့်နေအောင် ကူညီပေးနိုင်ပါတယ်။
၂။ အဝတ်အစားတွေကို ရေမွှေးဆွတ်တယ်
ရေမွှေးတိုင်းလိုလိုမှာ ဆီပါဝင်မှုရှိပြီး အဝတ်အစားပေါ်မှာ ဆွတ်လိုက်ရင် မြန်မြန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အဲဒီရေမွှေးတွေက အဝတ်အထည်တွေပေါ်မှာ စွန်းထင်းမှုတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။ ဂရုစိုက်သင့်ပါတယ်။
၃။ Moisturizer အရင်မလိမ်းမိဘူး
တကယ်လို့ sisတို့ရဲ့အရေပြားလေးက ခြောက်သွေ့နေမယ်ဆိုရင် ရေမွှေးနံ့က ကိုယ်ပေါ်မှာ ကြာကြာစွဲမှာ မဟုတ်ပါဘူး။ နောက်ပြီး အနံ့ကလည်း ပိုပြီး မြန်မြန်ပြယ်သွားမှာပါ။ ရေမိုးချိုးပြီးတာနဲ့ moisturizer သုံးခြင်းက ရေမွှေးနံ့ တစ်နေကုန်ခံစေဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။
နောက်တစ်နည်းကတော့ ရေမွှေးနံ့နဲ့ အနံ့ဆင်တဲ့ လိုးရှင်းတစ်ခုခုကိုဝယ်ပြီး ရေမွှေးမဆွတ်ခင် လိမ်းပေးထားတာကလည်း ရေမွှေးနံ့ကို ပိုပြီး အားကောင်းစေပါတယ်။
၄။ ရေမွှေးကို အရေပြားပေါ်မှာ လိမ်းတယ်
ရေမွှေးဆိုတာ ပရုတ်ဆီမဟုတ်တဲ့အတွက် အသားထဲစိမ့်ဝင်သွားအောင် လိမ်းပေးဖို့မလိုပါဘူး။ အနံ့စွဲစေချင်တယ် ဆိုရင် ရေမွှေးလေးတစ်စက်လောက်ကို လက်ကောက်ဝတ်ပေါ်မှာတင်ပြီး လက်ကောက်ဝတ်နှစ်ဖက်ကို အသာလေးပွတ်ပေးရင်ရပါပြီ။ ဒီနည်းနဲ့ အရေပြားယားယံမှုကို ရှောင်ရှားနိုင်ပြီး ရေမွှေးနံ့ကိုလည်း ပိုပြီး ကြာကြာခံစေပါတယ်။
၅။ ရေမွှေးကို ဆံပင်ပေါ်မှာ ဒဲ့ဖျန်းမယ်
တစ်ကိုယ်လုံးကို ရေမွှေးဖျန်းတုန်းကလိုပါပဲ။ မိမိဆံပင်လေး မွှေးနေစေချင်တယ်ဆိုရင် ရေမွှေးကို ဆံပင်ပေါ်မှာ တိုက်ရိုက်မဖျန်းသင့်ပါဘူး။ လေထဲမှာ အလဟဿဖြစ်သွားစေနိုင်သလို ဦးရေပြားပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါကြောင့့် ဆံပင်ပေါ်မှာ ရေမွှေးနံ့လေး စွဲနေစေချင်တယ်ဆိုရင် အရင်ဆုံး ဆံပင်ဘရပ်ချ် (ခေါင်းဘီး) ပေါ်မှာ ရေမွှေးနည်းနည်းစွတ်ပြီးမှ ခေါင်းဖြီးပေးလိုက်ပါ။
နောက်တစ်ခုက ဆံပင်အတိုအရှည်နဲ့လည်း ဆိုင်ပါသေးတယ်။ ဆံပင်တိုတဲ့သူတွေဆို ထိပ်ပိုင်းမှာဖြီးပေးပြီး ဆံပင်ရှည်တဲ့သူတွေကတော့ အောက်ပိုင်းကို ဖြီးပေးပါ။
၆။ ရေမွှေးပြန်ဆွတ်ဖို့မေ့တယ်
ရေဓာတ်ဘယ်လောက်လိုအပ်လဲ ဆိုတာပေါ်မူတည်ပြီး၊ နေထိုင်လှုပ်ရှားပုံနဲ့ အလုပ်ဘယ်လောက်ရှုပ်တယ် ဆိုတာပေါ် မူတည်ကာ မိမိရေမွှေးပြန်ဆွတ်ပေးဖို့ လိုမယ့်အချိန်ကို ခန့်မှန်းထားသင့်ပါတယ်။ တစ်နည်းအားဖြင့် ရေမွှေးဆွတ်ပြီး (၄) နာရီဝန်းကျင်လောက်မှာ နောက်တစ်ကြိမ်ပြန်ဆွတ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ပြင်ပအရာဝတ္ထုတွေနဲ့ ထိတွေ့မှုများလေလေ၊ ရေမွှေးနံ့ပျယ်သွားဖို့ ဖြစ်နိုင်ခြေ များလေလေပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: alux
[Zawgyi]
Credit: alux
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စိုက်ပျိုးမြေအမျိုးအစားများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စိုက်ပျိုးမြေအမျိုးအစားများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
The Vista Luxury Residance
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service