ဂျပန်မှ အိပ်မက်ဆန်ဆန် ညှို့ယူဖမ်းစားမည့် ရောင်စုံပန်းခင်းကြီးများ

ဂျပန်မှ အိပ်မက်ဆန်ဆန် ညှို့ယူဖမ်းစားမည့် ရောင်စုံပန်းခင်းကြီးများ - Property News in Myanmar from iMyanmarHouse.com
5 Sep 2022 11:29 am တွင် တင်ခဲ့သည်
1936 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံ၊ ဟို့ကိုင်းဒိုးရှိ အိပ်မက်ဆန်ဆန် လာဗန်ဒါကွင်းပြင်ကြီးများသည် နွေဦးပေါက်ချိန်ရောက်တိုင်း အင်စတာဂရမ်ကို သိမ်းပိုက်ထားလေ့ရှိသည်။

အိပ်မက်ဆန်ဆန် အလှတရားရှိသည့် ပန်းခင်းကြီးများသည် ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသည် အလုံးအရင်းကို ဆွဲဆောင်ထားနိုင်သည်။

ရင်သပ်ရှုမောဖွယ် ရောင်စုံလှိုင်းလုံးကြီးများသဖွယ် လာဗန်ဒါပန်းခင်းကြီးများရှိရာ ဖုရနို့ ပန်းကွင်း(Furano flower fields ) သည် ဒေသတွင်း နာမည်အကြီးဆုံးနေရာများတွင် ပါဝင်သည်။

ဖုရနို့ရှိ ပန်းကွင်းများအနက် ကမ္ဘာကျော် တို့မိတ ပန်းစိုက်ခင်း (Farm Tomita) ကို လေ့လာကြည့်ပါမည်။

ယခုနွေတွင် ဟိုကိုင်းဒိုးသို့ အလည်ခရီးသွားမည်ဆိုပါက လာဗန်ဒါတို့ ဖုံးလွှမ်းထားသည့် တောင်ကုန်းများရှိရာ ဒေသကို လက်မလွတ်ပါစေနှင့်။ တသုန်သုန်ဖြူးနေသော လေညှင်းက ဆောင်ယူလာပေးသည့် လတ်ဆတ်သော ပန်းရနံ့များကို ခံစားကြည့်လိုက်ပါ။

(တို့မိတ ပန်းစိုက်ခင်း- ဟိုကိုင်းဒိုး လာဗန်ဒါကွင်းများ၏ အထွတ်အမြတ်နေရာ)

ဟိုကိုင်းဒိုးကျွန်း၊ ဖုရနို့နယ်မြေတွင် လာဗန်ဒါစိုက်ပျိုးမှု ကျဆင်းလာခြင်းကို တို့မိတပန်းစိုက်ခင်းက ပြန်လည်ရှင်သန်စေခဲ့ပြီး လာဗန်ဒါ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဦးဆောင်ပေးခဲ့သည်။

ယခုအခါ လာဗန်ဒါပန်းတို့၏ အထွတ်အမြတ်မြေသို့ ကမ္ဘာတစ်ဝန်းမှ လာရောက်လည်ပတ်သူ အလုံးအရင်းရှိနေပြီ ဖြစ်သည်။

▲ဖုဒနို့ ဒေသရှိ လာဗန်ဒါပန်းခင်းများကို ကြည့်ရန်လာသူ အားလုံးနီးပါးသည် တို့မိတပန်းစိုက်ခြံရှိရာသို့ မလွဲမသွေလာလိမ့်မည်ဟု ပြောမည်ဆိုလျှင် မလွန်အံ့။

တို့မိတ ပန်းစိုက်ခြံသည် အဆဟိကဝ လေဆိပ် (Asahikawa Airport ) မှ မော်တော်ကားဖြင့် ၄၅ မိနစ်ခရီး၊ ဂျေအာ ဖုဒနို့ ဘူတာ (JR Furano Station ) မှ ၅ မိနစ်၊ ဂျေအာ လာဗန်ဒါ စိုက်ခြံဘူတာ (JR Lavender Farm Station ) မှ ခြေလျင် ၇ မိနစ်ခရီး (ထိုဘူတာသို့မူ နိုရို့ကို့ အထူးရထားသာ ပြေးဆွဲသည်) သာ ဝေးကွာသည်။

ဖုဒနို့ ပန်းစိုက်ဒေသတွင် ပန်းမျိုးစုံဖူးပွင့်ဝေဆာနေသော စိုက်ခင်းများစွာရှိပြီး မဖြစ်မနေလည်ပတ်ကြည့်ရှုရမည့် နေရာများစွာရှိလေသည်။

▲အရောင်သွေးစုံ ပန်းများ ဖုံးလွှမ်းထားသော တောင်ကုန်းတစ်ခု။ အိရို့ဒိုရိ စိုက်ခင်းသည် ဓာတ်ပုံရိုက်ရန် နာမည်ကျော်နေရာတစ်ခု ဖြစ်သည်။

▲ဆင်ခြေလျှောတစ်လျှောက်မှ ရိုးရာ လာဗန်ဒါစိုက်ခင်းနေရာမှာလည်း ရပ်တန့်ကြည့်ရှုရမည့် နေရာတစ်ခုပင်။

(လာဗန်ဒါတို့ ပွင့်ချိန်)

ဤစိုက်ခင်းများတွင် လာဗန်ဒါအမျိုးမျိုး စိုက်ပျိုးထားရာ Noushi Hayazaki နှင့် Youtei မျိုးများလည်း ပါဝင်ည်။

ထိုပန်းမျိုးများသည် ဇူလိုင်လအစောပိုင်းမှ ဇူလိုင်လလယ်အထိ ပွင့်လေ့ရှိသည်။ Okamurazaki ပန်းမျိုးမှာမူ ဇူလိုင်လလယ်မှ ဇူလိုင်လကုန်အထိ ပွင့်လေ့ရှိသည်။

ပွင့်ချိန်နောက်ကျသော လာဗန်ဒါပန်းမျိုး များစွာရှိသော်လည်း ဇူလိုင်အစောပိုင်းမှသည် လကုန်ပိုင်းအထိ ဤစိုက်ခြံ၏ နေရာများစွာတွင် ခရမ်းရောင်ပန်းခင်းကြီးများကို တွေ့ရမည် ဖြစ်သည်။

▲ဤခြံတွင် လာဗန်ဒါအပြင် ပေါ်ပီနှင့် စကားလက်ဆေ့ဂျ်တို့ကဲ့သို့ အခြားပန်းမျိုးများလည်း များစွာရှိပြီး နွေဦးပေါက်မှသည် ဆောင်းဦးအထိ ဖူးပွင့်ဝေဆာနေလေ့ရှိသည်။

တို့မိတ စိုက်ခြံတွင် ပန်းကြည့်ရင်းအပန်းဖြေနိုင်မည့် ဈေးဆိုင်များ၊ Poppy House နှင့် Hanabito House တို့ကဲ့သို့ ကော်ဖီဆိုင်များလည်း ရှိသည်။

▲ပေါ်ပီနှင့် လာဗန်ဒါပန်း ခြောက်များကဲ့သို့ အမှတ်တရလက်ဆောင်များလည်း ဝယ်နိုင်သည်။

▲ယန်းငွေ ၃၀၀ ပေးရသည့် လာဗန်ဒါရေခဲမုန့်ကိုလည်း မဖြစ်မနေ စားကြည့်သင့်သည်။

ကင်မရာတစ်လုံးနှင့် သာလှည့်လည်ကြည့်ရှုမည်ဆိုပါက ကြည်နူးချမ်းမြေ့ဖွယ် ရောင်စုံပန်းခင်းကြီးများက သင့်အား တစ်နေကုန် မပြန်နိုင်အောင် ညှိူ့ယူဖမ်းစားထားမည်ဖြစ်သည်။

အလွန်ခမ်းနားလှပသော ရှုခင်းများကြောင့် ဤနေရာမှာ အထွတ်အမြတ်မြေ အမှန်ဖြစ်ကြောင်း သင့်အားထင်ရှားစေမည် ဖြစ်သည်။

▲ပန်းများလှိုင်လှိုင်ပွင့်ချိန်အတွင်း လာရောက်လည်ပတ်သူ အလုံးအရင်းရှိသည်။ ဟိုကိုင်းဒိုးတွင် ဇူလိုင်လ လာဗန်ဒါ ပွင့်ပြီဆိုလျှင် လာရောက်လည်ပတ်သူ များစွာရှိသည်။ ရုံးပိတ်ရက်များဆိုလျှင် ကားပါကင်နေရာတွင် ကားများတမျှော်တခေါ် တန်းစီနေလေ့ရှိသည်။

တို့မိတစိုက်ခင်းသို့ သွားရောက်လည်ပတ်မည်ဆိုလျှင် လူကြိတ်ကြိတ်မတိုးမီ မနက်ပိုင်းတွင် သွားရန် အကြံပြုလိုပါသည်။

ဝင်ကြေး - ပန်းခင်းများသို့ အခမဲ့ဝင်ရောက်ကြည်ရှု့နိုင်သည်။

ဖွင့်လှစ်သည့်ကာလ - လာဗန်ဒါ ပန်းပွင့်ချိန်ကာလတလျှောက် အမြဲဖွင့်ပါသည်။

*ဈေးဆိုင်များ၊ ကော်ဖီဆိုင်များ ၏ ဖွင့်လှစ်ချိန်မှာ စိုက်ခြံနှင့် ပန်းရာသီ အပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။

(ကားအိမ်များဖြင့် ခရီးထွက်ကြည့်ရှုခြင်း )

ဂျပန်နိုင်ငံတွင် ခရီးထွက် လည်ပတ်မည်ဆိုလျှင် ကားအိမ်များ (RV) ဖြင့် ခရီးသွားခြင်းမှာ အကောင်းဆုံးဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hokkaido Lavender Fields: 6 Best Places in Furano to See Japan's Dreamiest Purple Meadows (livejapan)

 

 

 

[Zawgyi]

ဂ်ပန္မွ အိပ္မက္ဆန္ဆန္ ညိွဳ႕ယူဖမ္းစားမည့္ ေရာင္စံုပန္းခင္းၾကီးမ်ား

 

ဂ်ပန္ႏိုင္ငံ၊ ဟို႔ကိုင္းဒိုးရွိ အိပ္မက္ဆန္ဆန္ လာဗန္ဒါကြင္းျပင္ၾကီးမ်ားသည္ ေႏြဦးေပါက္ခ်ိန္ေရာက္တိုင္း အင္စတာဂရမ္ကို သိမ္းပိုက္ထားေလ့ရွိသည္။

အိပ္မက္ဆန္ဆန္ အလွတရားရွိသည့္ ပန္းခင္းၾကီးမ်ားသည္ ကမၻာတစ္ဝန္းမွ ကမၻာလွည့္ခရီးသည္ အလံုးအရင္းကို ဆြဲေဆာင္ထားႏိုင္သည္။

ရင္သပ္ရႈေမာဖြယ္ ေရာင္စံုလိႈင္းလံုးၾကီးမ်ားသဖြယ္ လာဗန္ဒါပန္းခင္းၾကီးမ်ားရွိရာ ဖုရႏို႔ ပန္းကြင္း(Furano flower fields ) သည္ ေဒသတြင္း နာမည္အၾကီးဆံုးေနရာမ်ားတြင္ ပါဝင္သည္။ ဖုရႏို႔ရွိ ပန္းကြင္းမ်ားအနက္ ကမၻာေက်ာ္ တို႔မိတ ပန္းစိုက္ခင္း (Farm Tomita) ကို ေလ့လာၾကည့္ပါမည္။

ယခုေႏြတြင္ ဟိုကိုင္းဒိုးသို႔ အလည္ခရီးသြားမည္ဆိုပါက လာဗန္ဒါတို႔ ဖံုးလႊမ္းထားသည့္ ေတာင္ကုန္းမ်ားရွိရာ ေဒသကို လက္မလြတ္ပါေစႏွင့္။ တသုန္သုန္ျဖဴးေနေသာ ေလညွင္းက ေဆာင္ယူလာေပးသည့္ လတ္ဆတ္ေသာ ပန္းရနံ႔မ်ားကို ခံစားၾကည့္လုိက္ပါ။

(တို႔မိတ ပန္းစိုက္ခင္း- ဟိုကိုင္းဒိုး လာဗန္ဒါကြင္းမ်ား၏ အထြတ္အျမတ္ေနရာ)

ဟိုကိုင္းဒိုးကၽြန္း၊ ဖုရႏို႔နယ္ေျမတြင္ လာဗန္ဒါစိုက္ပ်ဳိးမႈ က်ဆင္းလာျခင္းကို တို႔မိတပန္းစိုက္ခင္းက ျပန္လည္ရွင္သန္ေစခဲ့ျပီး လာဗန္ဒါ ကမၻာလွည့္ခရီးသြားလုပ္ငန္းကို ဦးေဆာင္ေပးခဲ့သည္။ ယခုအခါ လာဗန္ဒါပန္းတို႔၏ အထြတ္အျမတ္ေျမသုိ႔ ကမၻာတစ္ဝန္းမွ လာေရာက္လည္ပတ္သူ အလံုးအရင္းရွိေနျပီ ျဖစ္သည္။

▲ဖုဒႏို႔ ေဒသရွိ လာဗန္ဒါပန္းခင္းမ်ားကို ၾကည့္ရန္လာသူ အားလံုးနီးပါးသည္ တို႔မိတပန္းစိုက္ျခံရွိရာသို႔ မလြဲမေသြလာလိမ့္မည္ဟု ေျပာမည္ဆိုလွ်င္ မလြန္အံ့။

တို႔မိတ ပန္းစိုက္ျခံသည္ အဆဟိကဝ ေလဆိပ္ (Asahikawa Airport ) မွ ေမာ္ေတာ္ကားျဖင့္ ၄၅ မိနစ္ခရီး၊ ေဂ်အာ ဖုဒႏို႔ ဘူတာ (JR Furano Station ) မွ ၅ မိနစ္၊ ေဂ်အာ လာဗန္ဒါ စိုက္ျခံဘူတာ (JR Lavender Farm Station ) မွ ေျခလ်င္ ၇ မိနစ္ခရီး (ထိုဘူတာသို႔မူ ႏိုရို႕ကို႔ အထူးရထားသာ ေျပးဆြဲသည္) သာ ေဝးကြာသည္။

ဖုဒႏို႔ ပန္းစိုက္ေဒသတြင္ ပန္းမ်ဳိးစံုဖူးပြင့္ေဝဆာေနေသာ စိုက္ခင္းမ်ားစြာရွိျပီး မျဖစ္မေနလည္ပတ္ၾကည့္ရႈရမည့္ ေနရာမ်ားစြာရွိေလသည္။

▲အေရာင္ေသြးစံု ပန္းမ်ား ဖံုးလႊမ္းထားေသာ ေတာင္ကုန္းတစ္ခု။ အိရို႕ဒိုရိ စိုက္ခင္းသည္ ဓာတ္ပံုရိုက္ရန္ နာမည္ေက်ာ္ေနရာတစ္ခု ျဖစ္သည္။

▲ဆင္ေျခေလွ်ာတစ္ေလွ်ာက္မွ ရိုးရာ လာဗန္ဒါစိုက္ခင္းေနရာမွာလည္း ရပ္တန္႔ၾကည့္ရႈရမည့္ ေနရာတစ္ခုပင္။

(လာဗန္ဒါတို႔ ပြင့္ခ်ိန္)

ဤစိုက္ခင္းမ်ားတြင္ လာဗန္ဒါအမ်ဳိးမ်ဳိး စိုက္ပ်ဳိးထားရာ Noushi Hayazaki ႏွင့္ Youtei မ်ဳိးမ်ားလည္း ပါဝင္ည္။

ထိုပန္းမ်ဳိးမ်ားသည္ ဇူလိုင္လအေစာပိုင္းမွ ဇူလိုင္လလယ္အထိ ပြင့္ေလ့ရွိသည္။ Okamurazaki ပန္းမ်ဳိးမွာမူ ဇူလိုင္လလယ္မွ ဇူလိုင္လကုန္အထိ ပြင့္ေလ့ရွိသည္။

ပြင့္ခ်ိန္ေနာက္က်ေသာ လာဗန္ဒါပန္းမ်ဳိး မ်ားစြာရွိေသာ္လည္း ဇူလိုင္အေစာပိုင္းမွသည္ လကုန္ပိုင္းအထိ ဤစိုက္ျခံ၏ ေနရာမ်ားစြာတြင္ ခရမ္းေရာင္ပန္းခင္းၾကီးမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

▲ဤျခံတြင္ လာဗန္ဒါအျပင္ ေပၚပီႏွင့္ စကားလက္ေဆ့ဂ်္တို႔ကဲ့သို႔ အျခားပန္းမ်ဳိးမ်ားလည္း မ်ားစြာရွိျပီး ေႏြဦးေပါက္မွသည္ ေဆာင္းဦးအထိ ဖူးပြင့္ေဝဆာေနေလ့ရွိသည္။

တို႔မိတ စိုက္ျခံတြင္ ပန္းၾကည့္ရင္းအပန္းေျဖႏိုင္မည့္ ေစ်းဆိုင္မ်ား၊ Poppy House ႏွင့္ Hanabito House တို႔ကဲ့သို႔ ေကာ္ဖီဆိုင္မ်ားလည္း ရွိသည္။

▲ေပၚပီႏွင့္ လာဗန္ဒါပန္း ေျခာက္မ်ားကဲ့သို႔ အမွတ္တရလက္ေဆာင္မ်ားလည္း ဝယ္ႏိုင္သည္။ ▲ယန္းေငြ ၃၀၀ ေပးရသည့္ လာဗန္ဒါေရခဲမုန္႔ကိုလည္း မျဖစ္မေန စားၾကည့္သင့္သည္။

ကင္မရာတစ္လံုးႏွင့္ သာလွည့္လည္ၾကည့္ရႈမည္ဆုိပါက ၾကည္ႏူးခ်မ္းေၿမ့ဖြယ္ ေရာင္စံုပန္းခင္းၾကီးမ်ားက သင့္အား တစ္ေနကုန္ မျပန္ႏိုင္ေအာင္ ညွိဴ ႔ယူဖမ္းစားထားမည္ျဖစ္သည္။

အလြန္ခမ္းနားလွပေသာ ရႈခင္းမ်ားေၾကာင့္ ဤေနရာမွာ အထြတ္အျမတ္ေျမ အမွန္ျဖစ္ေၾကာင္း သင့္အားထင္ရွားေစမည္ ျဖစ္သည္။

▲ပန္းမ်ားလႈိင္လႈိင္ပြင့္ခ်ိန္အတြင္း လာေရာက္လည္ပတ္သူ အလံုးအရင္းရွိသည္။ ဟိုကိုင္းဒိုးတြင္ ဇူလိုင္လ လာဗန္ဒါ ပြင့္ျပီဆိုလွ်င္ လာေရာက္လည္ပတ္သူ မ်ားစြာရွိသည္။ ရံုးပိတ္ရက္မ်ားဆိုလွ်င္ ကားပါကင္ေနရာတြင္ ကားမ်ားတေမွ်ာ္တေခၚ တန္းစီေနေလ့ရွိသည္။

တို႔မိတစိုက္ခင္းသို႔ သြားေရာက္လည္ပတ္မည္ဆိုလွ်င္ လူၾကိတ္ၾကိတ္မတိုးမီ မနက္ပိုင္းတြင္ သြားရန္ အၾကံျပဳလိုပါသည္။

ဝင္ေၾကး - ပန္းခင္းမ်ားသို႔ အခမဲ့ဝင္ေရာက္ၾကည္ရႈ ႔ႏိုင္သည္။

ဖြင့္လွစ္သည့္ကာလ - လာဗန္ဒါ ပန္းပြင့္ခ်ိန္ကာလတေလွ်ာက္ အျမဲဖြင့္ပါသည္။

*ေစ်းဆိုင္မ်ား၊ ေကာ္ဖီဆိုင္မ်ား ၏ ဖြင့္လွစ္ခ်ိန္မွာ စိုက္ျခံႏွင့္ ပန္းရာသီ အေပၚမူတည္ျပီး ကြဲျပားႏိုင္သည္။

(ကားအိမ္မ်ားျဖင့္ ခရီးထြက္ၾကည့္ရႈျခင္း )

ဂ်ပန္ႏုိင္ငံတြင္ ခရီးထြက္ လည္ပတ္မည္ဆိုလွ်င္ ကားအိမ္မ်ား (RV) ျဖင့္ ခရီးသြားျခင္းမွာ အေကာင္းဆံုးျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hokkaido Lavender Fields: 6 Best Places in Furano to See Japan's Dreamiest Purple Meadows (livejapan)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service