Josef Fritzl စံအိမ် (သို့မဟုတ်) သမီးရင်းကို ၂၄ နှစ်ကြာချုပ်နှောင် မုဒိမ်းကျင့်ခဲ့သည့် စံအိမ်

Josef Fritzl စံအိမ် (သို့မဟုတ်) သမီးရင်းကို ၂၄ နှစ်ကြာချုပ်နှောင် မုဒိမ်းကျင့်ခဲ့သည့် စံအိမ် - Property News in Myanmar from iMyanmarHouse.com
30 May 2022 12:17 pm တွင် တင်ခဲ့သည်
9856 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် မှုခင်းဖြစ်ရပ်ကြီးတစ်ခု ၂၀၀၈ ခုနှစ်အတွင်းက ပေါ်ပေါက်လာသည်။

သြစထရီးယားနိုင်ငံ (သြစတေးလျမဟုတ်) တွင် အလစ်ဇဘက်သ် ဖရစ်ဇဲလ် (Elisabeth Fritzl) အမည်ရှိ မိန်းကလေးတစ်ဦးက ရဲတပ်ဖွဲ့သို့ လာရောက်တိုင်ကြား၏။

သူ၏ဖခင် ယိုဆက် ဖရစ်ဇဲလ် (Josef Fritzl ) က မိမိအား ၂၄ နှစ်ကြာ ဖမ်းချုပ်ထားခဲ့ကြောင်း တိုင်ကြားရာမှတဆင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် မှုခင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဖခင်ဖြစ်သူ ယိုဆက်သည် သမီးရင်း အလစ်ဇဘက်သ်အား နေအိမ်၏ လျှို့ဝှက်မြေအောက်ခန်းတွင် ချုပ်နှောင်ထားကာ ရိုက်နှက် ကန်ကျောက်ခြင်း၊ လိင်မှု မဖွယ်မရာပြုခြင်း၊ အကြိမ်ပေါင်းများစွာ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ဖခင်၏ မုဒိမ်းကျင့်မှုများကြောင့် အလစ်ဇဘက်သ်မှာ ကလေး ၇ ဦး မွေးဖွားခဲ့ရသည်။

ကလေး ၃ ဦးကို အလစ်ဇဘက်သ်နှင့်အတူ မြေအောက်ခန်းတွင် ချုပ်နှောင်ထားရှိပြီး ၃ ဦးကိုမူ ဖရစ်ဇဲလ်နှင့် ဇနီးဖြစ်သူ ရို့စ်မာရီတို့က ခေါ်ယူထားသည်။

ကျန်ကလေး ၁ ဦးမှာမူ မွေးဖွားပြီး ရက်အနည်းငယ်အတွင်း သေဆုံးသွားခဲ့သည်။

အလစ်ဇဘက်သ်၏ တိုင်ကြားချက်အရ ယိုဆက်သည် အဓမ္မချုပ်နှောင်မှု၊ မုဒိမ်းမှုအပြင် အခြားပုဒ်မများစွာ သံသယဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အဆိုပါ စွဲချက်များအားလုံးအတွက် ယိုဆက်တွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ၂၀၀၉ ခုနှစ်၊ မတ်လတွင် တရားရုံးက ၎င်းအား ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

(အလစ်ဇဘက်သ် ဖရစ်ဇဲ)

အလစ်ဇဘက်သ် ဖရစ်ဇဲလ်ကို ဖခင် ယိုဆက် ဖရစ်ဇဲလ်နှင့် မိခင် ရို့စ်မာရီတို့မှ ၁၉၆၆ ခုနှစ်အတွင်း သြစထရီးယားနိုင်ငံတွင် မွေးဖွားသည်။

အလစ်ဇဘက်သ်တွင် မွေးချင်း ၆ ဦးရှိရာ အစ်ကို ၃ ဦးနှင့် ညီမ ၃ ဦးဖြစ်သည်။

အလစ်ဇဘက်သ် ၁၁ နှစ်သမီးအရွယ် ၁၉၇၇ ခုနှစ်အတွင်း ဖခင်က သူမအား မတော်မတရား ပြုကျင့်မှုများ စတင်ပြုလုပ်လာခဲ့သည်။

အထက်တန်းကျောင်းပြီးကာ အသက် ၁၅ နှစ်သမီးအရွယ်ရောက်ချိန်တွင် အလစ်ဇဘက်သ်သည် စားပွဲထိုး (waitress) သင်တန်းစတင်တက်ရောက်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် နေအိမ်မှ ထွက်ပြေးကာ ဗီယန်နာမြို့တော်တွင် သူငယ်ချင်းတစ်ဦးနှင့်အတူ ပုန်းနေခဲ့သည်။

ရဲတပ်ဖွဲ့က အလစ်ဇဘက်သ်အား ရက် ၂၀ အတွင်း ရှာတွေ့သွားခဲ့ပြီး မိဘများထံ ပြန်ပို့ခဲ့သည်။

ထို့နောက် အလစ်ဇဘက်သ်သည် စားပွဲထိုးသင်တန်း ဆက်လက်တက်ရောက်ခဲ့ပြီး အနီးရှိ မြို့တစ်မြို့တွင် အလုပ်တစ်ခု ရခဲ့သည်။

(အလစ်ဇဘက်သ် မြေအောက်ခန်းထဲကို ဘယ်လိုရောက်ခဲ့ရလဲ)

၁၉၈၄ ခုနှစ်အတွင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ယိုဆက် ဖရစ်ဇဲလ်က နေအိမ် မြေအောက်ခန်းတံခါး ပြန်လည်တပ်ဆပ်ရာတွင် မိမိအား ကူညီရန် အလစ်ဇဘက်အား ခေါ်၏။

အလစ်ဇဘက် မြေအောက်ခန်းလှေကားသို့ ဆင်းလိုက်ချိန်မှစကာ သူ၏ ဘဝကြီး ပြောင်းလဲသွားတော့မည်ကို မသိခဲ့သလို ဖခင်ဖြစ်သူ၏ အကြံအစည်ကိုလည်း မရိပ်မိခဲ့။

မြေအောက်ခန်းမှ ထွက်ပြေးရန် ကြိုးစားသောအခါ ပါးစပ်အား အဝတ်စဖြင့် ဆို့ထားခြင်းခံရလေသည်။

ယိုဆက် ဖရစ်ဇဲသည် မြေအောက်အကျဉ်းထောင်ခန်းတစ်ခု ဆောက်လုပ်ရန် နှစ်ပေါင်းများစွာကတည်းက ကြိုတင်အကွက်ချ ကြံစည်ထားခြင်း ဖြစ်၏။

၁၉၇၀ ပြည့်လွန်ကာလများကတည်းက မြူနီစပယ် အာဏာပိုင်တို့ထံ မြေအောက်ခန်း ဆောက်လုပ်ခွင့် တောင်းခံခဲ့ရာ ခွင့်ပြုချက် ရရှိထားခဲ့သည်။

ထိုခေတ်က အမေရိကန်နှင့် ဆိုဗီယက် (ယခုရုရှား) တို့၏ စစ်အေးတိုက်ပွဲခေတ်ကြီးဖြစ်ရာ နေအိမ်တို့၏ အောက်တွင် အနုမြူဗုံးခိုကျင်းများ နေအိမ်တိုင်း ဆောက်လုပ်လေ့ရှိရာ ယိုဆက်ဖ်အတွက် မြေအောက်ခန်းလျှောက်ထားရာတွင် အခက်အခဲ မရှိခဲ့။

ဆောက်လုပ်မှု ကုန်ကျစရိတ်အတွက် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့ထံမှ ထောက်ပံ့ငွေ ပေါင် ၂၀၀၀ ပင် ရခဲ့သေးသည်။

အလစ်ဇဘက်အား ဖမ်းချုပ်ထားမည့် မြေတိုက်ခန်းသို့ မရောက်မီ တံခါးပေါင်းများစွာ တပ်ဆင်ထားသည်။

(မြေအောက်ခန်းထဲက ၂၄ နှစ်ကြာ ဘဝ)

အလစ်ဇဘက်သည် မြေအောက်ခန်းတွင် လိင်ကျွန်အဖြစ် ၂၄ နှစ်ကြာ ညှင်းပန်းနှိပ်စက်ခံရကာ ကြောက်မက်ဖွယ်ဘဝကို ဖြတ်သန်းခဲ့ရရှာသည်။

မကြာခဏဆိုသလိုပင် မြေတိုက်ခန်းအတွင်းမှ ကြွက်များကို လက်ဖြင့်လိုက်ဖမ်းခိုင်းခြင်းမျိုးလည်း ရှိသည်။

နွေကာလများသည် တစ်နှစ်တာတွင် အဆိုးဆုံးကာလများဖြစ်ပြီး အပူရှိန်အလွန်ပြင်းထန်ကာ မခံမရပ်နိုင်အောင် ချွေးများထွက်လေ့ရှိကြောင်း အလစ်ဇဘက်က နောင်အခါတွင် ပြောပြခဲ့သည်။

ကနဦးကာလများတွင် ဖခင်ဖြစ်သူက အလစ်ဇဘက်အား သံမဏိကြိုးကြီးဖြင့် တုပ်နှောင်ထားသောကြောင့် အိပ်ယာ၏ဘေးဘက်သို့ မီတာဝက်ခန့်သာ ရွေ့လျားနိုင်သည်။

နောက်ပိုင်းတွင်မူ ခါးသို့ပြောင်းကာ သံကြိုးချည်လိုက်ရာ ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့်ရလာသည်။

သို့သော် ထိုသံကြိုးသည် လိင်ဆက်ဆံရာတွင် မလွတ်မလပ်ဖြစ်နေသောကြောင့် လအနည်းငယ်ကြာသောအခါ ယိုဆက်က သံကြိုးဖြည်ပေးလိုက်၏။

ယိုဆက်သည် အလစ်ဇဘက်ကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ အဓမ္မကျင့်လေ့ရှိရာ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် ပြန်လည်လွတ်မြောက်လာသည့်အချိန်တိုင်အောင်ပင်။

၂၄ နှစ်တာကာလအတွင်း ယိုဆက်သည် အလစ်ဇဘက်အား အနည်းဆုံး အကြိမ်ရေ ၃၀၀၀ ခန့် အဓမ္မကျင့်ခဲ့ပြီး ကလေး ၇ ယောက်ရခဲ့သည်။

ထိုကလေးများသည် ယိုဆက်က အလစ်ဇဘက်အား အဓမ္မကျင့်သည်ကို ကြည့်နေကြရ၏။

ကလေး ၃ ဦးမှာ မြေတိုက်ခန်းထဲတွင် နေရပြီး အခြား ၃ ဦးကိုမူ ယိုဆက်နှင့် ဇနီး ရို့စ်မာရီတို့က ခေါ်ယူထားသည်။

(ဖခင်၏ ယုတ်မာမှုများ)

ယိုဆက်က အလစ်ဇဘက်အား ပေးစာများကို နှုတ်မှရွတ်ပေးသည့်အတိုင်း ရေးစေသည်။ နေကောင်းကြောင်း၊ ကလေးများကိုမူ မကြည့်ရှုနိုင်ကြောင်း အစရှိသဖြင့်ရေးစေကာ ဇနီးဖြစ်သူ ရို့စ်မာရီထံသို့ စာတိုက်မှတဆင့် ယိုဆက်က ပို့၏။

အလစ်ဇဘက်မှာ မြေအောက်ခန်းတွင် ဘဝဆိုးနှင့် ရင်ဆိုင်နေရသော်လည်း ကောင်းမွန်စွာနေထိုင်ခွင့်ရသည့် ကလေး ၃ ဦးအတွက် မိမိကိုယ်ကို နှစ်သိမ့်နေသည်။

ယိုဆက်သည် အလစ်ဇဘက်အား မကြာခဏ ရိုက်နှက်ကန်ကျောက်ခြင်းများ ပြုလုပ်၏။

ညစ်ညမ်းဇာတ်ကားများထဲမှ ကြမ်းတမ်းသော လုပ်ရပ်များအတိုင်း အလစ်ဇဘက်အား ပြုလုပ်စေသည်။

အဆိုပါလုပ်ရပ်များမှာ အလစ်ဇဘက်အတွက် ရုပ်ပိုင်းသာမက စိတ်ပိုင်းထိခိုက်မှုများပါ ရရှိစေခဲ့သည်။

မြေအောက်ခန်းအတွင်း ပထမ ၅ နှစ်တာကို တစ်ဦးတည်း ဖြတ်သန်းခဲ့ရ၏။

၁၉၉၆ ခုနှစ်တွင် မွေးဖွားခဲ့သည့် ကလေးတစ်ဦးမှာ မွေးပြီးရက်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်။

ထိုမွေးကင်းစ ကလေးငယ်မှာ ၃ ရက်အကြာတွင် အသက်ရှုကြပ်သည့်ဝေဒနာဖြင့် အလစ်ဇဘက်၏ လက်ပေါ်တွင်ပင် သေဆုံးသွားခဲ့သည်။

ထိုကလေး၏ အလောင်းကို မီးဖိုထဲထည့်ကာ မီးရှို့လိုက်ကြောင်း ယိုဆက်က နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

(ကလေးများသည်သာ မိမိအသက်ရှင်နေရခြင်း၏ အကြောင်းရင်းဖြစ်လာ)

ကိုယ်ဝန်စတင်ရရှိချိန်တွင် အလစ်ဇဘက်အတွက် ခြောက်ခြားဖွယ်ရာ အကြောင်းရပ်ဖြစ်လာသည်။

ကနဦးတွင် မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားခဲ့သေးသည်။ နောက်ပိုင်းတွင်မူ ကလေးများအတွက်သည်သာ မိမိအသက်ရှင်နေရခြင်း၏ အကြောင်းရင်းဖြစ်လာသည်။

အလစ်ဇဘက်သည် ကလေးအားလုံးကို ဆေးပညာရှင်တို့၏ အကူအညီမပါဘဲ မိမိသာသာ မွေးဖွားခဲ့ရခြင်း ဖြစ်၏။

ယိုဆက်က ပိုးသတ်ဆေး၊ ညစ်ပတ်နေသော ကတ်ကြေးများနှင့် ကလေးမွေးနည်းစာအုပ်တစ်အုပ်တို့ အလစ်ဇဘက်အား ပေးထားသည်။

ထွက်ပြေးရန် ကြိုးစားမည်ဆိုပါက အလစ်ဇဘက်နှင့် ကလေးများကို သတ်ပစ်မည်ဟုလည်း ယိုဆက်က ခြိမ်းခြောက်ထားသည်။

တရားရုံး စွဲချက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ယိုဆက်က အလစ်ဇဘက်နှင့် ကလေးများကို ပြောထားသည်မှာ တံခါးများတွင် လျှပ်စစ်လွှတ်ထားကြောင်း၊ ထို့အပြင် ထွက်ပြေးရန်ကြိုးစားပါက မြေအောက်ခန်းတွင်းသို့ အဆိပ်ငွေ့များထွက်လာမည်ဖြစ်ကာ ချက်ချင်းသေကြလိမ့်မည်ဟု ပြောထားသည်။

(အလစ်ဇဘက် လွတ်မြောက်ရန် လမ်းစ)

အလစ်ဇဘက်၏ ၁၉ နှစ်အရွယ်သမီးဖြစ်သူ Kerstin အရေးပေါ်ဆေးရုံတင်ရန် လိုအပ်လာသည့်ဖြစ်ရပ်က အလစ်ဇဘက်၏ ၂၄ နှစ်အကျဉ်းစံဘဝလွတ်မြောက်ရန် လမ်းစပေါ်လာသည်။

အကြင်နာတရား တစ်ကြိမ်မျှ မပြခဲ့ဖူးသော ယိုဆက်က Kerstin ကို ကားပေါ်တင်ကာ ဆေးရုံခေါ်သွားခဲ့သည်။

Kerstin ကို ကြည့်ရှုသည့် ဆရာဝန်တို့က သူမ၏ အခြေအနေအပေါ် အလွန်သံသယဝင်လာသည်။

သို့ကြောင့် ဆရာဝန်တို့က ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့၏။

ရုပ်သံမီဒီယာများတွင်လည်း Kerstin ၏ သတင်းကို ထပ်ပြန်တလဲလဲ ထုတ်လွှင့်ပေးနေပြီး မိခင်ဖြစ်သူ လာရောက်ရန် အကြောင်းကြားနေခဲ့သည်။

အလစ်ဇဘက်နှင့် သား ၂ ဦးက အဆိုပါသတင်းကို မြေအောက်ခန်းထဲတွင် ရုပ်မြင်သံကြားကြည့်ရင်း ကြားသိကြရ၏။

ထိုအခါ အလစ်ဇဘက်က ဖခင် ယိုဆက်အား ဆေးရုံသို့ သွားခွင့်ပြုရန် တောင်းဆိုလေသည်။

အိုမင်းလာပြီဖြစ်သော ယိုဆက်လည်း သူ၏ သြဇာလွှမ်းမှုကာလ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိမြင်လာသည်။

သို့နှင့် ပြဿနာများစွာမတက်ဘဲ အလစ်ဇဘက်တို့အား လွှတ်ပေးနိုင်မည့် အစီအစဉ်တစ်ခုကို ယိုဆက်က အကွက်ချသည်။

၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ယိုဆက်က အလျှော့ပေးသွားသည်။

ပြင်ပလောက ဘေးအန္တရာယ်များမှ သမီးဖြစ်သူကို ကာကွယ်ပေးလိုသည့် ဖခင်တစ်ဦး၏ စေတနာကြောင့် နေအိမ်တွင်သာနေထိုင်ရန် ချုပ်ခြယ်ခဲ့ခြင်းဖြစ်ကြောင်း ပြော၏။

သို့သော် ဆရာဝန်များနှင့် ရဲတပ်ဖွဲ့က ယိုဆက်ပြောသည်ကို မယုံ။

ဆေးရုံသို့ အလစ်ဇဘက်ရောက်လာသောအခါ ရဲအရာရှိတို့က ယိုဆက်နှင့် သီးခြားခွဲထုတ်ကာ အခန်းတစ်ခုအတွင်း ခေါ်ဆောင်သွားခဲ့၏။ ထို့နောက် သမီးဖြစ်သူကို လစ်လျူရှုထားမှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း ခြောက်လှန့်၏။

ထိုအခါ အလစ်ဇဘက်က ဖခင်ဖြစ်သူ ယိုဆက်ကို ပြန်မတွေ့ရတော့လျှင် ဖြစ်သမျှအလုံးစုံကို ပြောပြမည်ဖြစ်ကြောင်း ရဲအရာရှိတို့အား ပြောတော့သည်။

(အလစ်ဇဘက်၏ ဖြစ်ရပ်ကို ရုပ်ရှင်ရိုက်ကူးပြီ)

 

အလစ်ဇဘက်၏ ခြောက်ခြားဖွယ်ဖြစ်ရပ်ကြီးကို အခြေခံကာ Girl in the Basement ဟူသောအမည်ဖြင့် ရုပ်ရှင် ရိုက်ကူးလေသည်။ ရုပ်ရှင်ထဲတွင်မူ အမည်ပြောင်းလဲထားပြီး ဆာရာဟူသော အမည်ဖြင့် မိန်းကလေးကို အမည်ပေးထားသည်။

(အလစ်ဇဘက် ဘယ်မှာလဲ)

အလစ်ဇဘက်ကို ရဲအရာရှိတို့က ပြည်နယ် စောင့်ရှောက်ရေး ဌာနသို့ ချက်ခြင်းပို့ဆောင်ပေးခဲ့ကြသည်။

သြစထရီးယားမြောက်ပိုင်းရှိ ကျေးရွာကလေးတစ်ရွာတွင် ကုထုံးတစ်ခုဖြင့် ဆေးကုသမှု ခံယူခဲ့ရသည်။

အလစ်ဇဘက်ကို စမ်းသပ်ခဲ့ကြသည့် စိတ်ပညာရှင်တို့က အလစ်ဇဘက်သည် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်ကြီးကြောင့် ဘဝတစ်လျှောက်လုံး စိတ်ကျန်းမာရေးကုထုံး ခံယူသင့်ကြောင်း မှတ်ချက်ပြုကြသည်။

ရဲအရာရှိတို့က အလစ်ဇဘက်အား အမည်သစ်တစ်ခုပေးကာ သြစထရီးယားမှ ကျေးရွာတစ်ခုတွင် နေထိုင်စေလျက်ရှိသည်။

ထိုကျေးရွာ၏ အမည်ကိုမူ သတင်းမီဒီယာတို့တွင် Village X ဟုသာ ညွှန်းဆိုထားပြီး တည်နေရာ အတိအကျ မသိရချေ။

အလစ်ဇဘက်၏ ကလေးများမှာ ယခုအခါ အသက် ၁၉ နှစ်မှ ၃၃ နှစ်အရွယ်ကြား ရှိနေကြပြီ ဖြစ်သည်။

အလစ်ဇဘက်နှင့် ကလေးများအား နေ့စဉ်စားသောက်ရမည့် အာဟာရဓာတ်များ ပါဝင်မည့် အစားအစာများကိုသာ တင်းကြပ်သည့်အစီအစဉ်ဖြင့် စားသောက်စေခြင်း၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်စေခြင်း၊ စိတ်ကျန်းမာရေး ဆေးဝါးများ တိုက်ကျွေးခြင်းတို့ ပြုလုပ်ကာ ပုံမှန်ဘဝတွင် ပြန်လည်နေထိုင်ကြနိုင်စေရန် ပြုလုပ်ပေးလျက်ရှိသည်။

(ယိုဆက် ဘယ်မှာလဲ)

ယိုဆက် ဖရစ်ဇဲလ်သည် Garsten Abbey အကျဉ်းထောင်ကြီးတွင် အကျဉ်းကျခံနေရလျက်ရှိပြီး စိတ်ဖောက်ပြန်မှု ဝေဒနာ ခံစားနေရသည်။

(စံအိမ်တည်နေရာ)

ယိုဆက် ဖရစ်ဇဲလ် စံအိမ်တည်နေရာမှာ သြစထရီးယားနိုင်ငံအောက်ပိုင်း Amstetten မြို့တွင် တည်ရှိသည်။

ဗီယန်နာမြို့တော်မှ တစ်နာရီခရီးသာ ဝေးကွာပြီး လူဦးရေ ၂၃၀၂၉ သာရှိသော မြို့ငယ်လေး ဖြစ်သည်။

အလစ်ဇဘက် ခြောက်ခြားဖွယ် ဖြတ်သန်းခဲ့ရသော စံအိမ်မှာ ယခုအခါ လူနေတိုက်ခန်း အဆောက်အအုံအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ယခုအခါ လူနေခန်း ၁၀ ခန်းဖြင့် ဖွဲ့စည်းထားသည်။ အပေါ်ထပ်မှ လူနေခန်းတစ်ခန်းတွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၁ ခန်း ပါသည်ကို တွေ့ရသည်။

အဆိုပါ အဆောက်အအုံမှ လူနေခန်းများ၏ အိမ်ငှားခမှာ တစ်လလျှင် ပေါင် ၄၀၀ မှ ၆၀၀ အထိ ရှိသည်။

ခြံနောက်ဘက်တွင် နားနေဆောင်တစ်ခုရှိသည့်အပြင် ကလေးများ ဆော့ကစားရန် မြက်ခင်းနေရာလည်း ပါဝင်သည်။

သစ်မာကြမ်းခင်းများဖြင့် အဆောက်အအုံကို အဆင့်မြှင့် မွမ်းမံထားပြီး အများသုံးနေရာများတွင် ခေတ်မီလှေကားများ ပြောင်းလဲတပ်ဆင်ထားသည်။

အဆောက်အအုံ အမိုးပေါ်ထပ်တွင် သစ်ပင်ပန်းမန်များစွာ စိုက်ပျိုးထားသည်။

အဆောက်အအုံကြီးသည် ယခင်က မီးခိုးရောင်ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ မက်မွန်သီးရောင်အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ အဆောက်အအုံ တည်နေရာ- Ybbsstraße 40, 3300 Amstetten, Austria

ယိုဆက် ဖရစ်ဇဲ ကြွယ်ဝမှု- ကန်ဒေါ်လာ ၁ သန်းမှ ၅ သန်းကြား

''

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Josef Fritzl House: The House Of Horrors (urbansplatter)

 

[Zawgyi]

Josef Fritzl စံအိမ္ (သို႔မဟုတ္) သမီးရင္းကို ၂၄ ႏွစ္ၾကာခ်ဳပ္ေနွာင္ မုဒိမ္းက်င့္ခဲ့သည့္ စံအိမ္

ကမၻာကို ကိုင္လႈပ္ခဲ့သည့္ မႈခင္းျဖစ္ရပ္ၾကီးတစ္ခု ၂၀၀၈ ခုႏွစ္အတြင္းက ေပၚေပါက္လာသည္။

ၾသစထရီးယားႏိုင္ငံ (ၾသစေတးလ်မဟုတ္) တြင္ အလစ္ဇဘက္သ္ ဖရစ္ဇဲလ္ (Elisabeth Fritzl) အမည္ရွိ မိန္းကေလးတစ္ဦးက ရဲတပ္ဖြဲ႔သို႔ လာေရာက္တိုင္ၾကား၏။

သူ၏ဖခင္ ယိုဆက္ ဖရစ္ဇဲလ္ (Josef Fritzl ) က မိမိအား ၂၄ ႏွစ္ၾကာ ဖမ္းခ်ဳပ္ထားခဲ့ေၾကာင္း တိုင္ၾကားရာမွတဆင့္ ကမၻာကို ကိုင္လႈပ္ခဲ့သည့္ မႈခင္းၾကီးတစ္ခု ေပၚေပါက္လာခဲ့ျခင္းလည္း ျဖစ္သည္။ ဖခင္ျဖစ္သူ ယိုဆက္သည္ သမီးရင္း အလစ္ဇဘက္သ္အား ေနအိမ္၏ လွ်ိဳ႕ဝွက္ေျမေအာက္ခန္းတြင္ ခ်ဳပ္ေႏွာင္ထားကာ ရိုက္ႏွက္ ကန္ေက်ာက္ျခင္း၊ လိင္မႈ မဖြယ္မရာျပဳျခင္း၊ အၾကိမ္ေပါင္းမ်ားစြာ မုဒိမ္းက်င့္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ဖခင္၏ မုဒိမ္းက်င့္မႈမ်ားေၾကာင့္ အလစ္ဇဘက္သ္မွာ ကေလး ၇ ဦး ေမြးဖြားခဲ့ရသည္။

ကေလး ၃ ဦးကို အလစ္ဇဘက္သ္ႏွင့္အတူ ေျမေအာက္ခန္းတြင္ ခ်ဳပ္ေႏွာင္ထားရွိျပီး ၃ ဦးကိုမူ ဖရစ္ဇဲလ္ႏွင့္ ဇနီးျဖစ္သူ ရို႕စ္မာရီတို႔က ေခၚယူထားသည္။

က်န္ကေလး ၁ ဦးမွာမူ ေမြးဖြားျပီး ရက္အနည္းငယ္အတြင္း ေသဆံုးသြားခဲ့သည္။

အလစ္ဇဘက္သ္၏ တိုင္ၾကားခ်က္အရ ယိုဆက္သည္ အဓမၼခ်ဳပ္ေႏွာင္မႈ၊ မုဒိမ္းမႈအျပင္ အျခားပုဒ္မမ်ားစြာ သံသယျဖင့္ ရဲတပ္ဖြဲ႔၏ ဖမ္းဆီးျခင္းခံခဲ့ရသည္။

အဆိုပါ စြဲခ်က္မ်ားအားလံုးအတြက္ ယိုဆက္တြင္ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႔ရွိရျပီး ၂၀၀၉ ခုႏွစ္၊ မတ္လတြင္ တရားရံုးက ၎အား ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခဲ့သည္။

(အလစ္ဇဘက္သ္ ဖရစ္ဇဲ)

အလစ္ဇဘက္သ္ ဖရစ္ဇဲလ္ကို ဖခင္ ယိုဆက္ ဖရစ္ဇဲလ္ႏွင့္ မိခင္ ရို႕စ္မာရီတို႔မွ ၁၉၆၆ ခုႏွစ္အတြင္း ၾသစထရီးယားႏိုင္ငံတြင္ ေမြးဖြားသည္။

အလစ္ဇဘက္သ္တြင္ ေမြးခ်င္း ၆ ဦးရွိရာ အစ္ကို ၃ ဦးႏွင့္ ညီမ ၃ ဦးျဖစ္သည္။

အလစ္ဇဘက္သ္ ၁၁ ႏွစ္သမီးအရြယ္ ၁၉၇၇ ခုႏွစ္အတြင္း ဖခင္က သူမအား မေတာ္မတရား ျပဳက်င့္မႈမ်ား စတင္ျပဳလုပ္လာခဲ့သည္။ အထက္တန္းေက်ာင္းျပီးကာ အသက္ ၁၅ ႏွစ္သမီးအရြယ္ေရာက္ခ်ိန္တြင္ အလစ္ဇဘက္သ္သည္ စားပြဲထုိး (waitress) သင္တန္းစတင္တက္ေရာက္ခဲ့သည္။

၁၉၈၃ ခုႏွစ္တြင္ ေနအိမ္မွ ထြက္ေျပးကာ ဗီယန္နာျမိဳ႕ေတာ္တြင္ သူငယ္ခ်င္းတစ္ဦးႏွင့္အတူ ပုန္းေနခဲ့သည္။

ရဲတပ္ဖြဲ႔က အလစ္ဇဘက္သ္အား ရက္ ၂၀ အတြင္း ရွာေတြ႔သြားခဲ့ျပီး မိဘမ်ားထံ ျပန္ပို႔ခဲ့သည္။

ထို႔ေနာက္ အလစ္ဇဘက္သ္သည္ စားပြဲထိုးသင္တန္း ဆက္လက္တက္ေရာက္ခဲ့ျပီး အနီးရွိ ျမိဳ႕တစ္ျမိဳ႕တြင္ အလုပ္တစ္ခု ရခဲ့သည္။ (အလစ္ဇဘက္သ္ ေျမေအာက္ခန္းထဲကို ဘယ္လိုေရာက္ခဲ့ရလဲ) ၁၉၈၄ ခုႏွစ္အတြင္း ျဖစ္သည္။

ဖခင္ျဖစ္သူ ယိုဆက္ ဖရစ္ဇဲလ္က ေနအိမ္ ေျမေအာက္ခန္းတံခါး ျပန္လည္တပ္ဆပ္ရာတြင္ မိမိအား ကူညီရန္ အလစ္ဇဘက္အား ေခၚ၏။

အလစ္ဇဘက္ ေျမေအာက္ခန္းေလွကားသို႔ ဆင္းလိုက္ခ်ိန္မွစကာ သူ၏ ဘဝၾကီး ေျပာင္းလဲသြားေတာ့မည္ကို မသိခဲ့သလို ဖခင္ျဖစ္သူ၏ အၾကံအစည္ကိုလည္း မရိပ္မိခဲ့။

ေျမေအာက္ခန္းမွ ထြက္ေျပးရန္ ၾကိဳးစားေသာအခါ ပါးစပ္အား အဝတ္စျဖင့္ ဆို႔ထားျခင္းခံရေလသည္။

ယိုဆက္ ဖရစ္ဇဲသည္ ေျမေအာက္အက်ဥ္းေထာင္ခန္းတစ္ခု ေဆာက္လုပ္ရန္ ႏွစ္ေပါင္းမ်ားစြာကတည္းက ၾကိဳတင္အကြက္ခ် ၾကံစည္ထားျခင္း ျဖစ္၏။

၁၉၇၀ ျပည့္လြန္ကာလမ်ားကတည္းက ျမဴနီစပယ္ အာဏာပိုင္တို႔ထံ ေျမေအာက္ခန္း ေဆာက္လုပ္ခြင့္ ေတာင္းခံခဲ့ရာ ခြင့္ျပဳခ်က္ ရရွိထားခဲ့သည္။

ထိုေခတ္က အေမရိကန္ႏွင့္ ဆိုဗီယက္ (ယခုရုရွား) တို႔၏ စစ္ေအးတိုက္ပြဲေခတ္ၾကီးျဖစ္ရာ ေနအိမ္တို႔၏ ေအာက္တြင္ အႏုျမဴဗံုးခိုက်င္းမ်ား ေနအိမ္တိုင္း ေဆာက္လုပ္ေလ့ရွိရာ ယိုဆက္ဖ္အတြက္ ေျမေအာက္ခန္းေလွ်ာက္ထားရာတြင္ အခက္အခဲ မရွိခဲ့။

ေဆာက္လုပ္မႈ ကုန္က်စရိတ္အတြက္ ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႔ထံမွ ေထာက္ပံ့ေငြ ေပါင္ ၂၀၀၀ ပင္ ရခဲ့ေသးသည္။

အလစ္ဇဘက္အား ဖမ္းခ်ဳပ္ထားမည့္ ေျမတိုက္ခန္းသို႔ မေရာက္မီ တံခါးေပါင္းမ်ားစြာ တပ္ဆင္ထားသည္။

(ေျမေအာက္ခန္းထဲက ၂၄ ႏွစ္ၾကာ ဘဝ)

အလစ္ဇဘက္သည္ ေျမေအာက္ခန္းတြင္ လိင္ကၽြန္အျဖစ္ ၂၄ ႏွစ္ၾကာ ညွင္းပန္းႏွိပ္စက္ခံရကာ ေၾကာက္မက္ဖြယ္ဘဝကို ျဖတ္သန္းခဲ့ရရွာသည္။

မၾကာခဏဆိုသလိုပင္ ေျမတိုက္ခန္းအတြင္းမွ ၾကြက္မ်ားကို လက္ျဖင့္လိုက္ဖမ္းခိုင္းျခင္းမ်ဳိးလည္း ရွိသည္။

ေႏြကာလမ်ားသည္ တစ္ႏွစ္တာတြင္ အဆုိးဆံုးကာလမ်ားျဖစ္ျပီး အပူရွိန္အလြန္ျပင္းထန္ကာ မခံမရပ္ႏိုင္ေအာင္ ေခၽြးမ်ားထြက္ေလ့ရွိေၾကာင္း အလစ္ဇဘက္က ေနာင္အခါတြင္ ေျပာျပခဲ့သည္။

ကနဦးကာလမ်ားတြင္ ဖခင္ျဖစ္သူက အလစ္ဇဘက္အား သံမဏိၾကိဳးၾကီးျဖင့္ တုပ္ေႏွာင္ထားေသာေၾကာင့္ အိပ္ယာ၏ေဘးဘက္သို႔ မီတာဝက္ခန္႔သာ ေရြ႕လ်ားႏိုင္သည္။

ေနာက္ပိုင္းတြင္မူ ခါးသို႔ေျပာင္းကာ သံၾကိဳးခ်ည္လိုက္ရာ ပိုမိုလြတ္လပ္စြာ လႈပ္ရွားခြင့္ရလာသည္။

သို႔ေသာ္ ထိုသံၾကိဳးသည္ လိင္ဆက္ဆံရာတြင္ မလြတ္မလပ္ျဖစ္ေနေသာေၾကာင့္ လအနည္းငယ္ၾကာေသာအခါ ယိုဆက္က သံၾကိဳးျဖည္ေပးလိုက္၏။

ယိုဆက္သည္ အလစ္ဇဘက္ကို တစ္ေန႔လွ်င္ အၾကိမ္ေပါင္းမ်ားစြာ အဓမၼက်င့္ေလ့ရွိရာ ၂၀၀၈ ခုႏွစ္၊ ဧျပီလတြင္ ျပန္လည္လြတ္ေျမာက္လာသည့္အခ်ိန္တိုင္ေအာင္ပင္။

၂၄ ႏွစ္တာကာလအတြင္း ယိုဆက္သည္ အလစ္ဇဘက္အား အနည္းဆံုး အၾကိမ္ေရ ၃၀၀၀ ခန္႔ အဓမၼက်င့္ခဲ့ျပီး ကေလး ၇ ေယာက္ရခဲ့သည္။

ထိုကေလးမ်ားသည္ ယိုဆက္က အလစ္ဇဘက္အား အဓမၼက်င့္သည္ကို ၾကည့္ေနၾကရ၏။

ကေလး ၃ ဦးမွာ ေျမတိုက္ခန္းထဲတြင္ ေနရျပီး အျခား ၃ ဦးကိုမူ ယိုဆက္ႏွင့္ ဇနီး ရို႕စ္မာရီတို႔က ေခၚယူထားသည္။

(ဖခင္၏ ယုတ္မာမႈမ်ား)

ယိုဆက္က အလစ္ဇဘက္အား ေပးစာမ်ားကို ႏႈတ္မွရြတ္ေပးသည့္အတိုင္း ေရးေစသည္။ ေနေကာင္းေၾကာင္း၊ ကေလးမ်ားကိုမူ မၾကည့္ရႈႏိုင္ေၾကာင္း အစရွိသျဖင့္ေရးေစကာ ဇနီးျဖစ္သူ ရို႕စ္မာရီထံသို႔ စာတိုက္မွတဆင့္ ယိုဆက္က ပို႔၏။

အလစ္ဇဘက္မွာ ေျမေအာက္ခန္းတြင္ ဘဝဆိုးႏွင့္ ရင္ဆိုင္ေနရေသာ္လည္း ေကာင္းမြန္စြာေနထိုင္ခြင့္ရသည့္ ကေလး ၃ ဦးအတြက္ မိမိကိုယ္ကို ႏွစ္သိမ့္ေနသည္။

ယိုဆက္သည္ အလစ္ဇဘက္အား မၾကာခဏ ရိုက္ႏွက္ကန္ေက်ာက္ျခင္းမ်ား ျပဳလုပ္၏။

ညစ္ညမ္းဇာတ္ကားမ်ားထဲမွ ၾကမ္းတမ္းေသာ လုပ္ရပ္မ်ားအတိုင္း အလစ္ဇဘက္အား ျပဳလုပ္ေစသည္။

အဆိုပါလုပ္ရပ္မ်ားမွာ အလစ္ဇဘက္အတြက္ ရုပ္ပိုင္းသာမက စိတ္ပိုင္းထိခိုက္မႈမ်ားပါ ရရွိေစခဲ့သည္။

ေျမေအာက္ခန္းအတြင္း ပထမ ၅ ႏွစ္တာကို တစ္ဦးတည္း ျဖတ္သန္းခဲ့ရ၏။

၁၉၉၆ ခုႏွစ္တြင္ ေမြးဖြားခဲ့သည့္ ကေလးတစ္ဦးမွာ ေမြးျပီးရက္ပိုင္းအတြင္း ေသဆံုးသြားခဲ့သည္။

ထိုေမြးကင္းစ ကေလးငယ္မွာ ၃ ရက္အၾကာတြင္ အသက္ရႈၾကပ္သည့္ေဝဒနာျဖင့္ အလစ္ဇဘက္၏ လက္ေပၚတြင္ပင္ ေသဆံုးသြားခဲ့သည္။

ထိုကေလး၏ အေလာင္းကို မီးဖိုထဲထည့္ကာ မီးရႈိ႕လိုက္ေၾကာင္း ယိုဆက္က ေနာက္ပိုင္းတြင္ ဝန္ခံခဲ့သည္။

(ကေလးမ်ားသည္သာ မိမိအသက္ရွင္ေနရျခင္း၏ အေၾကာင္းရင္းျဖစ္လာ)

ကိုယ္ဝန္စတင္ရရွိခ်ိန္တြင္ အလစ္ဇဘက္အတြက္ ေျခာက္ျခားဖြယ္ရာ အေၾကာင္းရပ္ျဖစ္လာသည္။

ကနဦးတြင္ မိမိကိုယ္ကို အဆံုးစီရင္ရန္ ၾကိဳးစားခဲ့ေသးသည္။ ေနာက္ပိုင္းတြင္မူ ကေလးမ်ားအတြက္သည္သာ မိမိအသက္ရွင္ေနရျခင္း၏ အေၾကာင္းရင္းျဖစ္လာသည္။

အလစ္ဇဘက္သည္ ကေလးအားလံုးကို ေဆးပညာရွင္တို႔၏ အကူအညီမပါဘဲ မိမိသာသာ ေမြးဖြားခဲ့ရျခင္း ျဖစ္၏။

ယိုဆက္က ပိုးသတ္ေဆး၊ ညစ္ပတ္ေနေသာ ကတ္ေၾကးမ်ားႏွင့္ ကေလးေမြးနည္းစာအုပ္တစ္အုပ္တို႔ အလစ္ဇဘက္အား ေပးထားသည္။

ထြက္ေျပးရန္ ၾကိဳးစားမည္ဆိုပါက အလစ္ဇဘက္ႏွင့္ ကေလးမ်ားကို သတ္ပစ္မည္ဟုလည္း ယိုဆက္က ျခိမ္းေျခာက္ထားသည္။ တရားရံုး စြဲခ်က္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ယိုဆက္က အလစ္ဇဘက္ႏွင့္ ကေလးမ်ားကို ေျပာထားသည္မွာ တံခါးမ်ားတြင္ လွ်ပ္စစ္လႊတ္ထားေၾကာင္း၊ ထို႔အျပင္ ထြက္ေျပးရန္ၾကိဳးစားပါက ေျမေအာက္ခန္းတြင္းသို႔ အဆိပ္ေငြ႔မ်ားထြက္လာမည္ျဖစ္ကာ ခ်က္ခ်င္းေသၾကလိမ့္မည္ဟု ေျပာထားသည္။

(အလစ္ဇဘက္ လြတ္ေျမာက္ရန္ လမ္းစ)

အလစ္ဇဘက္၏ ၁၉ ႏွစ္အရြယ္သမီးျဖစ္သူ Kerstin အေရးေပၚေဆးရံုတင္ရန္ လိုအပ္လာသည့္ျဖစ္ရပ္က အလစ္ဇဘက္၏ ၂၄ ႏွစ္အက်ဥ္းစံဘဝလြတ္ေျမာက္ရန္ လမ္းစေပၚလာသည္။

အၾကင္နာတရား တစ္ၾကိမ္မွ် မျပခဲ့ဖူးေသာ ယိုဆက္က Kerstin ကို ကားေပၚတင္ကာ ေဆးရံုေခၚသြားခဲ့သည္။

Kerstin ကို ၾကည့္ရႈသည့္ ဆရာဝန္တို႔က သူမ၏ အေျခအေနအေပၚ အလြန္သံသယဝင္လာသည္။

သို႔ေၾကာင့္ ဆရာဝန္တို႔က ရဲတပ္ဖြဲ႔ထံ အေၾကာင္းၾကားခဲ့၏။

ရုပ္သံမီဒီယာမ်ားတြင္လည္း Kerstin ၏ သတင္းကို ထပ္ျပန္တလဲလဲ ထုတ္လႊင့္ေပးေနျပီး မိခင္ျဖစ္သူ လာေရာက္ရန္ အေၾကာင္းၾကားေနခဲ့သည္။

အလစ္ဇဘက္ႏွင့္ သား ၂ ဦးက အဆိုပါသတင္းကို ေျမေအာက္ခန္းထဲတြင္ ရုပ္ျမင္သံၾကားၾကည့္ရင္း ၾကားသိၾကရ၏။

ထိုအခါ အလစ္ဇဘက္က ဖခင္ ယိုဆက္အား ေဆးရံုသို႔ သြားခြင့္ျပဳရန္ ေတာင္းဆိုေလသည္။

အိုမင္းလာျပီျဖစ္ေသာ ယိုဆက္လည္း သူ၏ ၾသဇာလႊမ္းမႈကာလ ကုန္ဆံုးေတာ့မည္ျဖစ္ေၾကာင္း သိျမင္လာသည္။

သို႔ႏွင့္ ျပႆနာမ်ားစြာမတက္ဘဲ အလစ္ဇဘက္တို႔အား လႊတ္ေပးႏိုင္မည့္ အစီအစဥ္တစ္ခုကို ယိုဆက္က အကြက္ခ်သည္။ ၂၄ ႏွစ္တာအတြင္း ပထမဆံုးအၾကိမ္အျဖစ္ ယိုဆက္က အေလွ်ာ့ေပးသြားသည္။

ျပင္ပေလာက ေဘးအႏၱရာယ္မ်ားမွ သမီးျဖစ္သူကို ကာကြယ္ေပးလိုသည့္ ဖခင္တစ္ဦး၏ ေစတနာေၾကာင့္ ေနအိမ္တြင္သာေနထိုင္ရန္ ခ်ဳပ္ျခယ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာ၏။

သို႔ေသာ္ ဆရာဝန္မ်ားႏွင့္ ရဲတပ္ဖြဲ႔က ယိုဆက္ေျပာသည္ကို မယံု။ ေဆးရံုသို႔ အလစ္ဇဘက္ေရာက္လာေသာအခါ ရဲအရာရွိတို႔က ယိုဆက္ႏွင့္ သီးျခားခြဲထုတ္ကာ အခန္းတစ္ခုအတြင္း ေခၚေဆာင္သြားခဲ့၏။ ထို႔ေနာက္ သမီးျဖစ္သူကို လစ္လ်ဴရႈထားမႈျဖင့္ တရားစြဲမည္ျဖစ္ေၾကာင္း ေျခာက္လွန္႔၏။

ထိုအခါ အလစ္ဇဘက္က ဖခင္ျဖစ္သူ ယိုဆက္ကို ျပန္မေတြ႔ရေတာ့လွ်င္ ျဖစ္သမွ်အလံုးစံုကို ေျပာျပမည္ျဖစ္ေၾကာင္း ရဲအရာရွိတို႔အား ေျပာေတာ့သည္။

(အလစ္ဇဘက္၏ ျဖစ္ရပ္ကို ရုပ္ရွင္ရိုက္ကူးျပီ)

အလစ္ဇဘက္၏ ေျခာက္ျခားဖြယ္ျဖစ္ရပ္ၾကီးကို အေျခခံကာ Girl in the Basement ဟူေသာအမည္ျဖင့္ ရုပ္ရွင္ ရိုက္ကူးေလသည္။ ရုပ္ရွင္ထဲတြင္မူ အမည္ေျပာင္းလဲထားျပီး ဆာရာဟူေသာ အမည္ျဖင့္ မိန္းကေလးကို အမည္ေပးထားသည္။

(အလစ္ဇဘက္ ဘယ္မွာလဲ)

အလစ္ဇဘက္ကို ရဲအရာရွိတို႔က ျပည္နယ္ ေစာင့္ေရွာက္ေရး ဌာနသို႔ ခ်က္ျခင္းပို႔ေဆာင္ေပးခဲ့ၾကသည္။

ၾသစထရီးယားေျမာက္ပိုင္းရွိ ေက်းရြာကေလးတစ္ရြာတြင္ ကုထံုးတစ္ခုျဖင့္ ေဆးကုသမႈ ခံယူခဲ့ရသည္။

အလစ္ဇဘက္ကို စမ္းသပ္ခဲ့ၾကသည့္ စိတ္ပညာရွင္တို႔က အလစ္ဇဘက္သည္ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရသည့္ ျဖစ္ရပ္ၾကီးေၾကာင့္ ဘဝတစ္ေလွ်ာက္လံုး စိတ္က်န္းမာေရးကုထံုး ခံယူသင့္ေၾကာင္း မွတ္ခ်က္ျပဳၾကသည္။

ရဲအရာရွိတို႔က အလစ္ဇဘက္အား အမည္သစ္တစ္ခုေပးကာ ၾသစထရီးယားမွ ေက်းရြာတစ္ခုတြင္ ေနထုိင္ေစလ်က္ရွိသည္။

ထုိေက်းရြာ၏ အမည္ကိုမူ သတင္းမီဒီယာတု႔ိတြင္ Village X ဟုသာ ညႊန္းဆိုထားျပီး တည္ေနရာ အတိအက် မသိရေခ်။

အလစ္ဇဘက္၏ ကေလးမ်ားမွာ ယခုအခါ အသက္ ၁၉ ႏွစ္မွ ၃၃ ႏွစ္အရြယ္ၾကား ရွိေနၾကျပီ ျဖစ္သည္။

အလစ္ဇဘက္ႏွင့္ ကေလးမ်ားအား ေန႔စဥ္စားေသာက္ရမည့္ အာဟာရဓာတ္မ်ား ပါဝင္မည့္ အစားအစာမ်ားကိုသာ တင္းၾကပ္သည့္အစီအစဥ္ျဖင့္ စားေသာက္ေစျခင္း၊ ေန႔စဥ္ ေလ့က်င့္ခန္းလုပ္ေစျခင္း၊ စိတ္က်န္းမာေရး ေဆးဝါးမ်ား တိုက္ေကၽြးျခင္းတုိ႔ ျပဳလုပ္ကာ ပံုမွန္ဘဝတြင္ ျပန္လည္ေနထုိင္ၾကႏိုင္ေစရန္ ျပဳလုပ္ေပးလ်က္ရွိသည္။

(ယိုဆက္ ဘယ္မွာလဲ)

ယိုဆက္ ဖရစ္ဇဲလ္သည္ Garsten Abbey အက်ဥ္းေထာင္ၾကီးတြင္ အက်ဥ္းက်ခံေနရလ်က္ရွိျပီး စိတ္ေဖာက္ျပန္မႈ ေဝဒနာ ခံစားေနရသည္။

(စံအိမ္တည္ေနရာ)

ယိုဆက္ ဖရစ္ဇဲလ္ စံအိမ္တည္ေနရာမွာ ၾသစထရီးယားႏိုင္ငံေအာက္ပိုင္း Amstetten ျမိဳ႕တြင္ တည္ရွိသည္။

ဗီယန္နာျမိဳ႕ေတာ္မွ တစ္နာရီခရီးသာ ေဝးကြာျပီး လူဦးေရ ၂၃၀၂၉ သာရွိေသာ ျမိဳ႕ငယ္ေလး ျဖစ္သည္။

အလစ္ဇဘက္ ေျခာက္ျခားဖြယ္ ျဖတ္သန္းခဲ့ရေသာ စံအိမ္မွာ ယခုအခါ လူေနတိုက္ခန္း အေဆာက္အအံုအျဖစ္ ေျပာင္းလဲသြားျပီ ျဖစ္သည္။

ယခုအခါ လူေနခန္း ၁၀ ခန္းျဖင့္ ဖြဲ႔စည္းထားသည္။ အေပၚထပ္မွ လူေနခန္းတစ္ခန္းတြင္ အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္း ပါသည္ကို ေတြ႔ရသည္။

အဆိုပါ အေဆာက္အအံုမွ လူေနခန္းမ်ား၏ အိမ္ငွားခမွာ တစ္လလွ်င္ ေပါင္ ၄၀၀ မွ ၆၀၀ အထိ ရွိသည္။

ျခံေနာက္ဘက္တြင္ နားေနေဆာင္တစ္ခုရွိသည့္အျပင္ ကေလးမ်ား ေဆာ့ကစားရန္ ျမက္ခင္းေနရာလည္း ပါဝင္သည္။

သစ္မာၾကမ္းခင္းမ်ားျဖင့္ အေဆာက္အအံုကို အဆင့္ျမွင့္ မြမ္းမံထားျပီး အမ်ားသံုးေနရာမ်ားတြင္ ေခတ္မီေလွကားမ်ား ေျပာင္းလဲတပ္ဆင္ထားသည္။

အေဆာက္အအံု အမိုးေပၚထပ္တြင္ သစ္ပင္ပန္းမန္မ်ားစြာ စိုက္ပ်ဳိးထားသည္။

အေဆာက္အအံုၾကီးသည္ ယခင္က မီးခိုးေရာင္ျဖစ္ခဲ့ေသာ္လည္း ယခုအခါတြင္မူ မက္မြန္သီးေရာင္အျဖစ္ ေျပာင္းလဲေနျပီ ျဖစ္သည္။ အေဆာက္အအံု တည္ေနရာ- Ybbsstraße 40, 3300 Amstetten, Austria

ယိုဆက္ ဖရစ္ဇဲ ၾကြယ္ဝမႈ- ကန္ေဒၚလာ ၁ သန္းမွ ၅ သန္းၾကား

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Josef Fritzl House: The House Of Horrors (urbansplatter)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service