စတားလုံးထံမှ ဝယ်ထားသောအိမ်တွင် Adele တို့ ချစ်သူ ၂ ဦး အတူနေကြပြီ

စတားလုံးထံမှ ဝယ်ထားသောအိမ်တွင် Adele တို့ ချစ်သူ ၂ ဦး အတူနေကြပြီ - Property News in Myanmar from iMyanmarHouse.com
13 May 2022 11:46 am တွင် တင်ခဲ့သည်
2670 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်အဆိုတော် Adele နှင့် သူ၏ချစ်သူ ရစ်ချ်ပေါလ် (Rich Paul) တို့သည် ချစ်သူသက်တမ်း ၁ နှစ်ကြာမြင့်ပြီးနောက် ယခုအခါ အတူနေရန် စံအိမ်တစ်လုံးသို့ ပြောင်းရွှေ့လာကြပြီဖြစ်ကြောင်း Adele က အတည်ပြုဝန်ခံလိုက်သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော Adele က သူ၏ချစ်သူ Rich (အသက် ၄၀) နှင့်အတူ နေထိုင်မည့် နေအိမ်ရှေ့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း လူမှုကွန်ရက်တွင် တင်ခဲ့သေးသည်။

အဆိုပါစံအိမ်မှာ အက်ရှင်ဂန္ထဝင်ကြယ်ပွင့် ဆီဗက်စ်တာ စတားလုံးထံမှ Adele က ကန်ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူထားသော စံအိမ်ဖြစ်သည်။

(သူမနှင့် Rich တို့ အတူနေရန် အိမ်ပြောင်းလာကြကြောင်း Adele က ထုတ်ဖော်ချပြလိုက်သည်)

ခြံဝန်းအကျယ်မှာ ၃ ဒသမ ၅ ဧကအထိ ကျယ်ဝန်းကာ လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills အရပ်တွင် တည်ရှိသည်။

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၈၅၈၇ ရှိကာ အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၂ ခန်း ပါဝင်သည်။)

ဓာတ်ပုံအတွင်းတွေ့ရသည်မှာ နှစ်ဦးလုံး သော့တွဲများ ကိုင်ထားပြီး အတူရပ်နေကြပုံကို တွေ့ရသည်။ အဆိုပါဓာတ်ပုံကို လူမှုကွန်ရက်တွင်တင်ရာ၌ Adele က “အချိန်တွေ ကုန်လွန်ဖြတ်သန်းခဲ့” ဟု Caption ရေးသားခဲ့သည်။

Adele သည် ရစ်ချ်နှင့် တစ်နှစ်တာ အချစ်ခရီးအတွင်း ယခင်က ပရိသတ်များ မတွေ့ဖူးခဲ့ကြသည့် ဓာတ်ပုံများကိုလည်း မျှဝေခဲ့သည်။

(ဓာတ်ပုံတစ်ပုံတွင် တွေ့ရသည်မှာ Adele က မက်ဒေါ်နယ် ဘာဂါဆိုင်တွင် ရစ်ချ်အား ဘာဂါပေးရန် ပြင်နေဟန် ရိုက်ကူးထားသည်ကို တွေ့ရသည်။)

(Adele နှင့် ရစ်ချ်တို့ ၂ ဦးကို Phoenix မြို့တွင် ကျင်းပသော ဘတ်စ်ကက်ဘောပွဲတစ်ခုတွင် အတူတွေ့ခဲ့ရပုံ)

အခြားဓာတ်ပုံတစ်ခုတွင် တွေ့ရသည်မှာ Adele သည် ဟောစာတမ်းပါသည့် တရုတ်မုန့်တစ်ခုကို ကိုင်ထားရာ အဆိုပါမုန့်တွင် ရေးသားထားသည်မှာ “သင်ဟာ လက်တွဲဖော်ကောင်း ရှာတွေ့ခဲ့ပြီ။ ပျော်လိုက်ပါတော့”ဟု တွေ့ရသည်။

(ခင်ပွန်းဟောင်းကို ကွာရှင်းရာ ဒေါ်လာ သန်း ၁၀၀ ကျော် ပေးခဲ့ရ)

Adele သည် ယခင်က ခင်ပွန်းဟောင်း Simon Konecki နှင့်အတူ နေထိုင်ခဲ့ပြီး ၉ နှစ်အရွယ် သားကလေး Angelo လည်း ရှိသည်။

၎င်းတို့စုံတွဲသည် ၂၀၁၈ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး တစ်နှစ်အကြာတွင် Adele က ကွာရှင်းခွင့် လျှောက်ထားခဲ့သည်။

တရားရုံးတွင် ကွာရှင်းပြတ်စဲရာ၌ တရားသူကြီးက ခင်ပွန်းဖြစ်သူကို ဒေါ်လာ သန်း ၁၄၀ ပေးလျော်ရန် Adele အား တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

(ရစ်ချ်နှင့်အတူ အချစ်ခရီးအတွင်း ချိုမြိန်သော အခိုက်အတန့်များ….)

(Adele တို့စုံတွဲ၏ လော့စ်အိန်ဂျလိမှ လန်ဒန်အထိ ဖြန့်ကျက်တည်ရှိသော ဒေါ်လာ ၆၅ သန်းတန်ကြေးှရှိ အိမ်ခြံမြေများ)

ဗြိတိန်အဆိုတော် Adele နှင့် အမေရိကန် အားကစားအေးဂျင့် ရစ်ချ်ပေါလ်တို့သည် လက်ရှိတွင် ဟောလိဝုဒ်၏ အလှုပ်ခတ်ဆုံး စုံတွဲဖြစ်နေပြီး ၎င်းတို့နှစ်ဦးပေါင်းလျှင် ဒေါ်လာ ဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများရှိရာ ဟောလိဝုဒ်၏ အချမ်းသာဆုံးဖြစ်လာသည်။

(လော့စ်အိန်ဂျလိမြို့၊ Hidden Valley ဒေသရှိ Adele ၏ ပထမဆုံးအိမ်၊ တန်ကြေး ဒေါ်လာ ၉ ဒသမ ၅ သန်း)

(Simon Konecki နှင့် ၂၀၁၉ ခုနှစ်တွင် လမ်းခွဲပြီးနောက် မျက်နှာချင်းဆိုင်မှအိမ်ကို ဒေါ်လာ ၁၀ ဒသမ ၆၅ သန်းဖြင့် Adele က ဝယ်ယူခဲ့)

(ဤစံအိမ်ကို ယခုမေလအတွင်း Adele က နစ်ကိုးရစ်ချီနှင့် Joel Madden တို့ထံမှ ဒေါ်လာ ၉ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူ)

(Adele ၏ ဝင်ငွေ)

Adele ၏ ပင်မဝင်ငွေမှာ ဗြိတိန်အခြေစိုက် ကုမ္ပဏီ ၃ ခုဖြစ်သော Melted Stone Ltd, Melted Stone Publishing Ltd (တေးအယ်လ်ဘမ်များရောင်းချရေး) နှင့် Remedy Touring LLP (၂၀၁၆၊ ၂၀၁၇ ခုနှစ် Adele ၏ နောက်ဆုံးစင်မြင့်ဖျော်ဖြေပွဲ ခရီးစဉ်အတွက် တည်ထောင်ခဲ့) တို့မှ ရရှိခဲ့ခြင်း ဖြစ်သည်။

Adele သည် အဆိုပါ ကုမ္ပဏီ ၃ ခု၏ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုရှိသည်။

လက်ရှိအားဖြင့် ဘဏ်တွင် Adele ၏ ငွေသားမှာ ဒေါ်လာ ၇၆၆၁၅၃၃၉ ရှိသည်။

ဘရစ်တနေ စပီးယားနှင့် စလင်းဒီယွန်းတို့၏ ဂီတဖျော်ဖြေပွဲတစ်ခုဝင်ငွေမှာ ကန်ဒေါ်လာ ၅၀၀၀၀၀ ဝန်းကျင်ဖြစ်ပြီး Adele မှာ တစ်ပွဲလျှင် ကန်ဒေါ်လာ ၁ သန်း ဝင်ငွေရှိသည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များအတွင်း Adele ၏ မြောက်အမေရိက ဂီတဖျော်ဖြေပွဲများမှ ကန်ဒေါ်လာ ၁၃ ဒသမ ၁ သန်းနှင့် ကန်ဒေါ်လာ ၆၇ ဒသမ ၅ သန်း အသီးသီးရရှိခဲ့ရာ စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၈၀ ဒသမ ၆ သန်း ရှိသည်။

Adele ၏ ကုမ္ပဏီ ၃ ခုမှ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိခဲ့ပြီး အမြတ်အစွန်းမှာ သန်း ၃၀၀ ကျော် ရှိသည်။

Adele ၏ ချစ်သူ ရစ်ချ်ပေါလ်၏ ဝင်ငွေမှာလည်း ၂၀၂၂ ခုနှစ်အထိ ပြီးခဲ့သော ၁၀ နှစ်တာအတွင်း ကန်ဒေါ်လာ ၆၉ သန်းနီးပါးရှိခဲ့သည်။

အဆိုပါဝင်ငွေမှာ ကစားသမားစာချုပ်များမှဝင်ငွေသာရှိသေးသည်။ ကြော်ငြာဝင်ငွေများ မပါဝင်သေးချေ။ ယင်းဝင်ငွေမှာ ယခုကိန်းဂဏန်း၏ အနည်းဆုံး ၂ ဆခန့် ရှိနိုင်သည်။

(ရစ်ချ်က Beverly Grove ဒေသရှိ ဤစံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ပေါင် ၃ သန်းဖြင့် ဝယ်ယူခဲ့သည်)

(ထို့နောက် ရစ်ချ်သည် လော့စ်အိန်ဂျလိမြို့၊ Beverly Hills မှ ဤစံအိမ်ကို ပေါင် ၁၁ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြန်သည်)

(Adele နှင့် ရစ်ချ်ပေါလ်၏ ပိုင်ဆိုင်မှုအနှစ်ချုပ်စာရင်း)

(တေးသံသွင်းကုမ္ပဏီ)

Melted Stone Publishing Ltd - အမြတ် ဒေါ်လာ ၂၉၀၆၇၈၁၉၊ ခန့်မှန်းဝင်ငွေ ဒေါ်လာ ၅၈ သန်း

Melted Stone Ltd - အမြတ် ဒေါ်လာ ၆၀၃၅၁၉၉၄၊ ခန့်မှန်းဝင်ငွေ ဒေါ်လာ သန်း ၁၂၀

Remedy Touring LLP - အမြတ် ဒေါ်လာ ၁၀၈,၅၇၉,၈၅၁၊ ဝင်ငွေ ဒေါ်လာ ၂၁၅,၅၈၆,၆၇၄

ဘဏ်ရှိငွေသား- ဒေါ်လာ ၇၆,၆၁၅,၃၃၉

(ဂီတဖျော်ဖြေပွဲများ)

Adele Touring US မှ ဝင်ငွေ- ဒေါ်လာ ၈၀ ဒသမ ၆ သန်း

လာ့စ်ဗီးဂပ်ဖျော်ဖြေပွဲများ- အနည်းဆုံး ဒေါ်လာ ၂၄ သန်း

အိမ်ခြံမြေများ- ဒေါ်လာ ၄၆ သန်း

စုစုပေါင်း= ဒေါ်လာ ၈၂၂ ဒသမ ၅၆ သန်း

(ရစ်ချ်ပေါလ်)

NBA စာချုပ်များမှ ကော်မရှင်ခ- ဒေါ်လာ ၆၉ သန်း

ကြော်ငြာဝင်ငွေ- ဒေါ်လာ ၆၉ သန်း

အိမ်ခြံမြေ- ဒေါ်လာ ၁၉ ဒသမ ၀၅ သန်း

နှစ်ဦးပေါင်းပိုင်ဆိုင်မှု= ဒေါ်လာ ၉၇၉ ဒသမ ၆၁ သန်း

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Adele confirms she and boyfriend Rich Paul have moved in together after a year of dating (dailymail)

[Zawgyi]

စတားလံုးထံမွ ဝယ္ထားေသာအိမ္တြင္ Adele တို႔ ခ်စ္သူ ၂ ဦး အတူေနၾကျပီ

ကမၻာေက်ာ္အဆိုေတာ္ Adele ႏွင့္ သူ၏ခ်စ္သူ ရစ္ခ်္ေပါလ္ (Rich Paul) တုိ႔သည္ ခ်စ္သူသက္တမ္း ၁ ႏွစ္ၾကာျမင့္ျပီးေနာက္ ယခုအခါ အတူေနရန္ စံအိမ္တစ္လံုးသို႔ ေျပာင္းေရႊ႕လာၾကျပီျဖစ္ေၾကာင္း Adele က အတည္ျပဳဝန္ခံလိုက္သည္။

အသက္ ၃၄ ႏွစ္ရွိျပီျဖစ္ေသာ Adele က သူ၏ခ်စ္သူ Rich (အသက္ ၄၀) ႏွင့္အတူ ေနထုိင္မည့္ ေနအိမ္ေရွ႕တြင္ ရိုက္ကူးထားသည့္ ဓာတ္ပံုတစ္ပံုကိုလည္း လူမႈကြန္ရက္တြင္ တင္ခဲ့ေသးသည္။

အဆိုပါစံအိမ္မွာ အက္ရွင္ဂႏၳဝင္ၾကယ္ပြင့္ ဆီဗက္စ္တာ စတားလံုးထံမွ Adele က ကန္ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူထားေသာ စံအိမ္ျဖစ္သည္။

(သူမႏွင့္ Rich တုိ႔ အတူေနရန္ အိမ္ေျပာင္းလာၾကေၾကာင္း Adele က ထုတ္ေဖာ္ခ်ျပလိုက္သည္)

ျခံဝန္းအက်ယ္မွာ ၃ ဒသမ ၅ ဧကအထိ က်ယ္ဝန္းကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ကမၻာေက်ာ္မ်ား အေျခခ်ရာ Beverly Hills အရပ္တြင္ တည္ရွိသည္။

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၈၅၈၇ ရွိကာ အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္း ပါဝင္သည္။)

ဓာတ္ပံုအတြင္းေတြ႔ရသည္မွာ ႏွစ္ဦးလံုး ေသာ့တြဲမ်ား ကိုင္ထားျပီး အတူရပ္ေနၾကပံုကို ေတြ႔ရသည္။ အဆိုပါဓာတ္ပံုကို လူမႈကြန္ရက္တြင္တင္ရာ၌ Adele က “အခ်ိန္ေတြ ကုန္လြန္ျဖတ္သန္းခဲ့” ဟု Caption ေရးသားခဲ့သည္။

Adele သည္ ရစ္ခ်္ႏွင့္ တစ္ႏွစ္တာ အခ်စ္ခရီးအတြင္း ယခင္က ပရိသတ္မ်ား မေတြ႔ဖူးခဲ့ၾကသည့္ ဓာတ္ပံုမ်ားကိုလည္း မွ်ေဝခဲ့သည္။

(ဓာတ္ပံုတစ္ပံုတြင္ ေတြ႔ရသည္မွာ Adele က မက္ေဒၚနယ္ ဘာဂါဆိုင္တြင္ ရစ္ခ်္အား ဘာဂါေပးရန္ ျပင္ေနဟန္ ရိုက္ကူးထားသည္ကို ေတြ႔ရသည္။)

(Adele ႏွင့္ ရစ္ခ်္တို႔ ၂ ဦးကို Phoenix ျမိဳ႕တြင္ က်င္းပေသာ ဘတ္စ္ကက္ေဘာပြဲတစ္ခုတြင္ အတူေတြ႔ခဲ့ရပံု)

အျခားဓာတ္ပံုတစ္ခုတြင္ ေတြ႔ရသည္မွာ Adele သည္ ေဟာစာတမ္းပါသည့္ တရုတ္မုန္႔တစ္ခုကို ကိုင္ထားရာ အဆိုပါမုန္႔တြင္ ေရးသားထားသည္မွာ “သင္ဟာ လက္တြဲေဖာ္ေကာင္း ရွာေတြ႔ခဲ့ျပီ။ ေပ်ာ္လိုက္ပါေတာ့”ဟု ေတြ႔ရသည္။

(ခင္ပြန္းေဟာင္းကို ကြာရွင္းရာ ေဒၚလာ သန္း ၁၀၀ ေက်ာ္ ေပးခဲ့ရ)

Adele သည္ ယခင္က ခင္ပြန္းေဟာင္း Simon Konecki ႏွင့္အတူ ေနထိုင္ခဲ့ျပီး ၉ ႏွစ္အရြယ္ သားကေလး Angelo လည္း ရွိသည္။

၎တို႔စံုတြဲသည္ ၂၀၁၈ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကျခင္းျဖစ္ျပီး တစ္ႏွစ္အၾကာတြင္ Adele က ကြာရွင္းခြင့္ ေလွ်ာက္ထားခဲ့သည္။

တရားရံုးတြင္ ကြာရွင္းျပတ္စဲရာ၌ တရားသူၾကီးက ခင္ပြန္းျဖစ္သူကို ေဒၚလာ သန္း ၁၄၀ ေပးေလ်ာ္ရန္ Adele အား တရားသူၾကီးက အမိန္႔ခ်မွတ္ခဲ့သည္။

(ရစ္ခ်္ႏွင့္အတူ အခ်စ္ခရီးအတြင္း ခ်ဳိျမိန္ေသာ အခိုက္အတန္႔မ်ား….)

(Adele တို႔စံုတြဲ၏ ေလာ့စ္အိန္ဂ်လိမွ လန္ဒန္အထိ ျဖန္႔က်က္တည္ရွိေသာ ေဒၚလာ ၆၅ သန္းတန္ေၾကးွရွိ အိမ္ျခံေျမမ်ား)

ျဗိတိန္အဆိုေတာ္ Adele ႏွင့္ အေမရိကန္ အားကစားေအးဂ်င့္ ရစ္ခ်္ေပါလ္တို႔သည္ လက္ရွိတြင္ ေဟာလိဝုဒ္၏ အလႈပ္ခတ္ဆံုး စံုတြဲျဖစ္ေနျပီး ၎တို႔ႏွစ္ဦးေပါင္းလွ်င္ ေဒၚလာ ဘီလ်ံႏွင့္ခ်ီေသာ ပိုင္ဆိုင္မႈမ်ားရွိရာ ေဟာလိဝုဒ္၏ အခ်မ္းသာဆံုးျဖစ္လာသည္။

(ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Valley ေဒသရွိ Adele ၏ ပထမဆံုးအိမ္၊ တန္ေၾကး ေဒၚလာ ၉ ဒသမ ၅ သန္း)

(Simon Konecki ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ လမ္းခြဲျပီးေနာက္ မ်က္ႏွာခ်င္းဆိုင္မွအိမ္ကို ေဒၚလာ ၁၀ ဒသမ ၆၅ သန္းျဖင့္ Adele က ဝယ္ယူခဲ့)

(ဤစံအိမ္ကို ယခုေမလအတြင္း Adele က နစ္ကိုးရစ္ခ်ီႏွင့္ Joel Madden တို႔ထံမွ ေဒၚလာ ၉ ဒသမ ၉၅ သန္းျဖင့္ ဝယ္ယူ)

(Adele ၏ ဝင္ေငြ)

Adele ၏ ပင္မဝင္ေငြမွာ ျဗိတိန္အေျခစိုက္ ကုမၸဏီ ၃ ခုျဖစ္ေသာ Melted Stone Ltd, Melted Stone Publishing Ltd (ေတးအယ္လ္ဘမ္မ်ားေရာင္းခ်ေရး) ႏွင့္ Remedy Touring LLP (၂၀၁၆၊ ၂၀၁၇ ခုႏွစ္ Adele ၏ ေနာက္ဆံုးစင္ျမင့္ေဖ်ာ္ေျဖပြဲ ခရီးစဥ္အတြက္ တည္ေထာင္ခဲ့) တို႔မွ ရရွိခဲ့ျခင္း ျဖစ္သည္။

Adele သည္ အဆိုပါ ကုမၸဏီ ၃ ခု၏ တစ္ဦးတည္းေသာ ဒါရိုက္တာျဖစ္ျပီး ၁၀၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္မႈရွိသည္။

လက္ရွိအားျဖင့္ ဘဏ္တြင္ Adele ၏ ေငြသားမွာ ေဒၚလာ ၇၆၆၁၅၃၃၉ ရွိသည္။

ဘရစ္တေန စပီးယားႏွင့္ စလင္းဒီယြန္းတုိ႔၏ ဂီတေဖ်ာ္ေျဖပြဲတစ္ခုဝင္ေငြမွာ ကန္ေဒၚလာ ၅၀၀၀၀၀ ဝန္းက်င္ျဖစ္ျပီး Adele မွာ တစ္ပြဲလွ်င္ ကန္ေဒၚလာ ၁ သန္း ဝင္ေငြရွိသည္။

၂၀၁၁ ခုႏွစ္ႏွင့္ ၂၀၁၆ ခုႏွစ္မ်ားအတြင္း Adele ၏ ေျမာက္အေမရိက ဂီတေဖ်ာ္ေျဖပြဲမ်ားမွ ကန္ေဒၚလာ ၁၃ ဒသမ ၁ သန္းႏွင့္ ကန္ေဒၚလာ ၆၇ ဒသမ ၅ သန္း အသီးသီးရရွိခဲ့ရာ စုစုေပါင္းဝင္ေငြ ကန္ေဒၚလာ ၈၀ ဒသမ ၆ သန္း ရွိသည္။

Adele ၏ ကုမၸဏီ ၃ ခုမွ ဝင္ေငြမွာ ကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ရွိခဲ့ျပီး အျမတ္အစြန္းမွာ သန္း ၃၀၀ ေက်ာ္ ရွိသည္။

Adele ၏ ခ်စ္သူ ရစ္ခ်္ေပါလ္၏ ဝင္ေငြမွာလည္း ၂၀၂၂ ခုႏွစ္အထိ ျပီးခဲ့ေသာ ၁၀ ႏွစ္တာအတြင္း ကန္ေဒၚလာ ၆၉ သန္းနီးပါးရွိခဲ့သည္။

အဆိုပါဝင္ေငြမွာ ကစားသမားစာခ်ဳပ္မ်ားမွဝင္ေငြသာရွိေသးသည္။ ေၾကာ္ျငာဝင္ေငြမ်ား မပါဝင္ေသးေခ်။ ယင္းဝင္ေငြမွာ ယခုကိန္းဂဏန္း၏ အနည္းဆံုး ၂ ဆခန္႔ ရွိႏိုင္သည္။

(ရစ္ခ်္က Beverly Grove ေဒသရွိ ဤစံအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္း ေပါင္ ၃ သန္းျဖင့္ ဝယ္ယူခဲ့သည္)

(ထို႔ေနာက္ ရစ္ခ်္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills မွ ဤစံအိမ္ကို ေပါင္ ၁၁ ဒသမ ၇ သန္းျဖင့္ ဝယ္ယူခဲ့ျပန္သည္)

(Adele ႏွင့္ ရစ္ခ်္ေပါလ္၏ ပိုင္ဆိုင္မႈအႏွစ္ခ်ဳပ္စာရင္း)

(ေတးသံသြင္းကုမၸဏီ)

Melted Stone Publishing Ltd - အျမတ္ ေဒၚလာ ၂၉၀၆၇၈၁၉၊ ခန္႔မွန္းဝင္ေငြ ေဒၚလာ ၅၈ သန္း

Melted Stone Ltd - အျမတ္ ေဒၚလာ ၆၀၃၅၁၉၉၄၊ ခန္႔မွန္းဝင္ေငြ ေဒၚလာ သန္း ၁၂၀

Remedy Touring LLP - အျမတ္ ေဒၚလာ ၁၀၈,၅၇၉,၈၅၁၊ ဝင္ေငြ ေဒၚလာ ၂၁၅,၅၈၆,၆၇၄

ဘဏ္ရွိေငြသား- ေဒၚလာ ၇၆,၆၁၅,၃၃၉

(ဂီတေဖ်ာ္ေျဖပြဲမ်ား)

Adele Touring US မွ ဝင္ေငြ- ေဒၚလာ ၈၀ ဒသမ ၆ သန္း

လာ့စ္ဗီးဂပ္ေဖ်ာ္ေျဖပြဲမ်ား- အနည္းဆံုး ေဒၚလာ ၂၄ သန္း

အိမ္ျခံေျမမ်ား- ေဒၚလာ ၄၆ သန္း

စုစုေပါင္း= ေဒၚလာ ၈၂၂ ဒသမ ၅၆ သန္း

(ရစ္ခ်္ေပါလ္)

NBA စာခ်ဳပ္မ်ားမွ ေကာ္မရွင္ခ- ေဒၚလာ ၆၉ သန္း

ေၾကာ္ျငာဝင္ေငြ- ေဒၚလာ ၆၉ သန္း

အိမ္ျခံေျမ- ေဒၚလာ ၁၉ ဒသမ ၀၅ သန္း

ႏွစ္ဦးေပါင္းပိုင္ဆုိင္မႈ= ေဒၚလာ ၉၇၉ ဒသမ ၆၁ သန္း

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Adele confirms she and boyfriend Rich Paul have moved in together after a year of dating (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service