Titanic မင်းသမီး ကိတ်ဝင်းစလက်၏ ကြည်နူးချမ်းမြေ့ဖွယ်ရာ ကျေးလက်စံအိမ်လေး

Titanic မင်းသမီး ကိတ်ဝင်းစလက်၏ ကြည်နူးချမ်းမြေ့ဖွယ်ရာ ကျေးလက်စံအိမ်လေး - Property News in Myanmar from iMyanmarHouse.com
3 Mar 2022 10:56 am တွင် တင်ခဲ့သည်
2416 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဆပ်ဆက်စ်ခရိုင် အနောက်ပိုင်းရှိ ဝက်စ် ဝတ်တရင်း (West Wittering) ပင်လယ်ကမ်းခြေဒေသ ကလေး၏ အလှတရားတို့သည် ဟောလိဝုဒ်ထိပ်တန်းကြယ်ပွင့်များကို ဖျားယောင်းနိုင်ဟန်ရသည်။

ထိုဒေသကလေးတွင် ကမ္ဘာကျော်သူဌေးကြီး ဆာ ရစ်ချတ် ဘရန်းဆန်၊ ဟာသ သရုပ်ဆောင် နစ်ကလပ်စ် လင်းဒ်ဟာ့ဒ်၊ အဆိုတော် မိုက်ကယ်ဘောလ်တို့အပါအဝင် အခြားထိပ်တန်းကြယ်ပွင့်များလည်း အခြေချနေထိုင်လျက် ရှိသည်။

ဆပ်ဆက်စ်၏ အလှတရားကို တစ်ကြိမ် မြည်းစမ်းကြည့်လိုက်သည်နှင့် ထိုဒေသကလေးမှ ထွက်သွားလိုကြပုံ မရတော့။

ကိတ်ဝင်းစလက်သည် ဝက်စ် ဝတ်တရင်းတွင် ၂၀၁၅ ခုနှစ်ကတည်းက နေထိုင်နေခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းမည့်ပုံ မပေါ်ချေ။

အော်စကာဆုရှင် ကိတ်ဝင်းစလက်သည် ဝက်စ် ဝတ်တရင်းမှ အိပ်ခန်း ၈ ခန်းပါသော ခန့်ညားထည်ဝါလှသည့် စံအိမ်ကြီးကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကမ်းခြေစံအိမ်တွင် ကိတ်ဝင်းစလက်သည် ခင်ပွန်းဖြစ်သူ အက်ဒ်ဝါ့ဒ် အေဘယ်လ် စမစ်၊ သားသမီး ၃ ဦးတို့နှင့်အတူ နေထိုင်လျက်ရှိသည်။

အက်ဒ်ဝါ့ဒ်နှင့် ကိတ်ဝင်းစလက်တို့ ဇနီးမောင်နှံမှ ထွန်းကားသည်မှာ အသက် ၇ နှစ်အရွယ် ဘဲရ် (Bear ) အမည်ရှိ ကလေးငယ်ဖြစ်ပြီး အသက် ၂၀ အရွယ် မီယာ (Mia ) နှင့် ၁၇ နှစ်အရွယ် ဂျိုး (Joe) တို့မှာမူ ကိတ်ဝင်းစလက်၏ ယခင်အိမ်ထောင် ၂ ဆက်ဖြစ်သော ဂျင်မ် သရီးပယ်လ်တန် ( Jim Threapleton) နှင့် ဆမ် မန်းဒက်စ် (Sam Mendes) တို့နှင့် ရရှိခဲ့သော ရင်သွေးများ ဖြစ်သည်။

အိမ်ခြံမြေဈေးများ မြင့်တက်နေသောကြောင့် ကိတ်ဝင်းစလက်၏ ယခုစံအိမ်မှာ ပေါင် ၄ သန်းကျော် တန်ကြေးရှိနေသည်။

၁၇ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး စံအိမ်အတွင်း မြေအောက်ခန်း ရေကူးကန်၊ ရေကန်ဘေးနေအိမ်နှင့် ကားဂိုဒေါင်တို့ ပါဝင်သည်။

ကိတ်ဝင်းစလက်က သူမ၏ စံအိမ်ကို ပင်လယ်လှိုင်းများဒဏ်မှ ကာကွယ်ရန်အတွက် ပေ ၅၅၀ ရှည်လျားသော တံတိုင်းတစ်ခု ဆောက်လုပ်ရန် ၂၀၁၅ ခုနှစ်အတွင်းက စီစဉ်ခဲ့သေးသော်လည်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့များ၏ ကန့်ကွက်မှုကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

၂၀၁၈ ခုနှစ်အတွင်း သူမ ပါဝင်သရုပ်ဆောင်ထားသော Blackbird အမည်ရှိ ရုပ်ရှင်ကို ယခုစံအိမ်တွင် ရိုက်ကူးရန် ကိတ်ဝင်းစလက်က ခွင့်ပြုခဲ့သည်။ ကိတ်ဝင်းစလက်က သူမ၏ ပုဂ္ဂလိကဘဝကို သတင်းမီဒီယာများသို့ထုတ်ပြောရန် ငြင်းဆန်ရာ၌ နာမည်ကျော်၏။ သို့သော် သူမ၏ ပုဂ္ဂိုလ်ရေးဘဝကို သိလိုမှုများမှာ ရပ်တန့်မသွား။

ကိတ်ဝင်းစလက်သည် ကမ္ဘာပေါ်ရှိ အလှပဆုံး မည်သည့်နေရာတွင်မဆို ဝယ်ယူနေထိုင်ရန် တတ်နိုင်သော်လည်း ဆပ်ဆက်စ်ကျေးလက်ဒေသကလေးတွင်သာ မိသားစုခြံရံနေရသည့်ဘဝကိုသာ အပျော်ရွှင်ဆုံး ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်စ်ကျေးလက်ဒေသတွင် အခြေချရန် ဆုံးဖြတ်ခဲ့သောကြောင့် ပြီးခဲ့သောနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ စတုရန်းပေ ၃၀၀၀ ကျယ်ဝန်းသည့် လူနေခန်းကို အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်နိုင်သည်။

နယူးယောက်မြို့လယ်မှ Penthouse ခန်းနှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း အပြောကျယ်သည့် ပင်လယ်ရှုမျှော်ခင်း များရှိရာ ကျေးလက်ဒေသကလေးတွင် ပျော်မွေ့နေခြင်းလည်း ဖြစ်၏။

ဆပ်ဆက်စ်ကမ်းရိုးတန်း၏ အလှပဆုံးနေရာကလေးတွင် ကြာရှည်အခြေချနေထိုင်နေသည်မှာ ကိတ်ဝင်းစလက် တစ်ဦးတည်းမဟုတ်သေး။

ကိတ်ဝင်းစလက်၏ နေအိမ်မှ များစွာမဝေးလှသော နေရာကလေးတွင် ကမ္ဘာကျော် ရိုးလင်းစတုန်း ရော့ခ်အဖွဲ့ကြီး၏ ဂစ်တာသမား ကိတ် ရစ်ချတ်၏ Elizabethan ၏ စံအိမ်လည်းရှိပြီး ကိတ်ရစ်ချတ်က အဆိုပါအိမ်တွင် ၁၉၆၀ ပြည့်လွန်ကာလများကတည်းက နေထိုင်ခဲ့ခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kate Winslet: The Hollywood superstar laying low in West Wittering (sussexlive)

 

[Zawgyi]

Titanic မင္းသမီး ကိတ္ဝင္းစလက္၏ ၾကည္ႏူးခ်မ္းေျမ့ဖြယ္ရာ ေက်းလက္စံအိမ္ေလး

အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဆပ္ဆက္စ္ခရိုင္ အေနာက္ပိုင္းရွိ ဝက္စ္ ဝတ္တရင္း (West Wittering) ပင္လယ္ကမ္းေျခေဒသ ကေလး၏ အလွတရားတို႔သည္ ေဟာလိဝုဒ္ထိပ္တန္းၾကယ္ပြင့္မ်ားကို ဖ်ားေယာင္းႏိုင္ဟန္ရသည္။

ထိုေဒသကေလးတြင္ ကမၻာေက်ာ္သူေဌးၾကီး ဆာ ရစ္ခ်တ္ ဘရန္းဆန္၊ ဟာသ သရုပ္ေဆာင္ နစ္ကလပ္စ္ လင္းဒ္ဟာ့ဒ္၊ အဆိုေတာ္ မိုက္ကယ္ေဘာလ္တို႔အပါအဝင္ အျခားထိပ္တန္းၾကယ္ပြင့္မ်ားလည္း အေျခခ်ေနထိုင္လ်က္ ရွိသည္။

ဆပ္ဆက္စ္၏ အလွတရားကို တစ္ၾကိမ္ ျမည္းစမ္းၾကည့္လိုက္သည္ႏွင့္ ထိုေဒသကေလးမွ ထြက္သြားလိုၾကပံု မရေတာ့။

ကိတ္ဝင္းစလက္သည္ ဝက္စ္ ဝတ္တရင္းတြင္ ၂၀၁၅ ခုႏွစ္ကတည္းက ေနထိုင္ေနခဲ့ျခင္းျဖစ္ျပီး ေရႊ႕ေျပာင္းမည့္ပံု မေပၚေခ်။

ေအာ္စကာဆုရွင္ ကိတ္ဝင္းစလက္သည္ ဝက္စ္ ဝတ္တရင္းမွ အိပ္ခန္း ၈ ခန္းပါေသာ ခန္႔ညားထည္ဝါလွသည့္ စံအိမ္ၾကီးကို ေပါင္ ၃ ဒသမ ၂ သန္းျဖင့္ ဝယ္ယူထားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ကမ္းေျခစံအိမ္တြင္ ကိတ္ဝင္းစလက္သည္ ခင္ပြန္းျဖစ္သူ အက္ဒ္ဝါ့ဒ္ ေအဘယ္လ္ စမစ္၊ သားသမီး ၃ ဦးတို႔ႏွင့္အတူ ေနထိုင္လ်က္ရွိသည္။

အက္ဒ္ဝါ့ဒ္ႏွင့္ ကိတ္ဝင္းစလက္တို႔ ဇနီးေမာင္ႏွံမွ ထြန္းကားသည္မွာ အသက္ ၇ ႏွစ္အရြယ္ ဘဲရ္ (Bear ) အမည္ရွိ ကေလးငယ္ျဖစ္ျပီး အသက္ ၂၀ အရြယ္ မီယာ (Mia ) ႏွင့္ ၁၇ ႏွစ္အရြယ္ ဂ်ဳိး (Joe) တို႔မွာမူ ကိတ္ဝင္းစလက္၏ ယခင္အိမ္ေထာင္ ၂ ဆက္ျဖစ္ေသာ ဂ်င္မ္ သရီးပယ္လ္တန္ ( Jim Threapleton) ႏွင့္ ဆမ္ မန္းဒက္စ္ (Sam Mendes) တို႔ႏွင့္ ရရွိခဲ့ေသာ ရင္ေသြးမ်ား ျဖစ္သည္။

အိမ္ျခံေျမေစ်းမ်ား ျမင့္တက္ေနေသာေၾကာင့္ ကိတ္ဝင္းစလက္၏ ယခုစံအိမ္မွာ ေပါင္ ၄ သန္းေက်ာ္ တန္ေၾကးရွိေနသည္။

၁၇ ရာစုအတြင္းက ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ျပီး စံအိမ္အတြင္း ေျမေအာက္ခန္း ေရကူးကန္၊ ေရကန္ေဘးေနအိမ္ႏွင့္ ကားဂိုေဒါင္တို႔ ပါဝင္သည္။ ကိတ္ဝင္းစလက္က သူမ၏ စံအိမ္ကို ပင္လယ္လႈိင္းမ်ားဒဏ္မွ ကာကြယ္ရန္အတြက္ ေပ ၅၅၀ ရွည္လ်ားေသာ တံတိုင္းတစ္ခု ေဆာက္လုပ္ရန္ ၂၀၁၅ ခုႏွစ္အတြင္းက စီစဥ္ခဲ့ေသးေသာ္လည္း သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရးအဖြဲ႔မ်ား၏ ကန္႔ကြက္မႈေၾကာင့္ အစီအစဥ္ကို ဖ်က္သိမ္းခဲ့ရသည္။

၂၀၁၈ ခုႏွစ္အတြင္း သူမ ပါဝင္သရုပ္ေဆာင္ထားေသာ Blackbird အမည္ရွိ ရုပ္ရွင္ကို ယခုစံအိမ္တြင္ ရိုက္ကူးရန္ ကိတ္ဝင္းစလက္က ခြင့္ျပဳခဲ့သည္။ ကိတ္ဝင္းစလက္က သူမ၏ ပုဂၢလိကဘဝကို သတင္းမီဒီယာမ်ားသို႔ထုတ္ေျပာရန္ ျငင္းဆန္ရာ၌ နာမည္ေက်ာ္၏။ သို႔ေသာ္ သူမ၏ ပုဂၢိဳလ္ေရးဘဝကို သိလိုမႈမ်ားမွာ ရပ္တန္႔မသြား။

ကိတ္ဝင္းစလက္သည္ ကမၻာေပၚရွိ အလွပဆံုး မည္သည့္ေနရာတြင္မဆို ဝယ္ယူေနထုိင္ရန္ တတ္ႏိုင္ေသာ္လည္း ဆပ္ဆက္စ္ေက်းလက္ေဒသကေလးတြင္သာ မိသားစုျခံရံေနရသည့္ဘဝကိုသာ အေပ်ာ္ရႊင္ဆံုး ျဖစ္သည္။

အဂၤလန္ႏိုင္ငံ၊ ဆပ္ဆက္စ္ေက်းလက္ေဒသတြင္ အေျခခ်ရန္ ဆံုးျဖတ္ခဲ့ေသာေၾကာင့္ ျပီးခဲ့ေသာႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စုမွ စတုရန္းေပ ၃၀၀၀ က်ယ္ဝန္းသည့္ လူေနခန္းကို အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္ႏိုင္သည္။

နယူးေယာက္ျမိဳ႕လယ္မွ Penthouse ခန္းႏွင့္ လမ္းခြဲခဲ့ျပီးေနာက္ပိုင္း အေျပာက်ယ္သည့္ ပင္လယ္ရႈေမွ်ာ္ခင္း မ်ားရွိရာ ေက်းလက္ေဒသကေလးတြင္ ေပ်ာ္ေမြ႔ေနျခင္းလည္း ျဖစ္၏။

ဆပ္ဆက္စ္ကမ္းရိုးတန္း၏ အလွပဆံုးေနရာကေလးတြင္ ၾကာရွည္အေျခခ်ေနထုိင္ေနသည္မွာ ကိတ္ဝင္းစလက္ တစ္ဦးတည္းမဟုတ္ေသး။

ကိတ္ဝင္းစလက္၏ ေနအိမ္မွ မ်ားစြာမေဝးလွေသာ ေနရာကေလးတြင္ ကမၻာေက်ာ္ ရိုးလင္းစတုန္း ေရာ့ခ္အဖြဲ႔ၾကီး၏ ဂစ္တာသမား ကိတ္ ရစ္ခ်တ္၏ Elizabethan ၏ စံအိမ္လည္းရွိျပီး ကိတ္ရစ္ခ်တ္က အဆိုပါအိမ္တြင္ ၁၉၆၀ ျပည့္လြန္ကာလမ်ားကတည္းက ေနထုိင္ခဲ့ျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Kate Winslet: The Hollywood superstar laying low in West Wittering (sussexlive)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service