ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
Red Hot Chilli Peppers ရော့ခ်ဂီတဝိုင်းကြီး၏ သီချင်းများသည် မြန်မာပရိသတ်နှင့် မစိမ်းလှချေ။
မြန်မာနိုင်ငံတွင် Red Hot Chilli Peppers ၏ သီချင်းများကို ပြန်လည်သီဆိုကြမှုများ ရှိသည်။
Red Hot Chilli Peppers ၏ the zephyr song ကို ဇော်ပိုင်က စိတ်နာတယ်၊ Otherside ကို ဇော်ပိုင်ကပင် လောကသစ်၊ On mercury ကို အာဇာနည်က အားလပ်ရက်၊ Coffee Shop ကို ရင်ဂိုက ကန္တာရကဖေး၊ Californication ကို ချမ့်ခိုင်က အနာဂတ်ခရီးရှည် အစရှိသဖြင့် ပြန်လည်သီဆိုထားကြသည်။
Red Hot Chilli Peppers ရော့ခ်ဂီတအဖွဲ့ကြီး၏ ဘေ့စ်ဂစ်တာသမား မိုက်ကယ် ဖလီး ဘာဇရီ (Michael “Flea” Balzary) သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် မကြာသေးမီကမှ ဝယ်ယူခဲ့သည့်အပြင် မာလီဘူးအရပ်တွင်လည်း စံအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီးဖြစ်ရာ La Crescenta အရပ်မှ စံအိမ်ကို မလိုအပ်တော့ချေ။
သို့အတွက် Pedi စံအိမ်ကို တရားဝင်ဈေးကွက်တင်လာသည်မှာ အံ့အားသင့်ဖွယ် မဟုတ်ချေ။
လွန်ခဲ့သော ၄ နှစ်နီးပါးက ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့သောစံအိမ်ကို ယခုဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၉ ဒသမ ၈ သန်း ဖြစ်သည်။
ပန်းချီပညာရှင်များဖြစ်သော လာရီ ပစ်ထ်မန်း၊ ရွိုင် ဒိုဝဲလ်တို့ထံမှ ဝယ်ယူခဲ့သည့် ဈေးနှုန်းထက် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း များပြားသော ခေါ်ဈေးလည်း ဖြစ်သည်။
သို့သော် ပြီးခဲ့သောနှစ်အတွင်း စံအိမ်ကို ၈၇၅ စတုရန်းပေ တိုးချဲ့ထားမှု၊ ရေကန်တစ်ခုနှင့် သစ်လုံးအိမ်တစ်ခုတို့ ထပ်မံဆောက်လုပ်ထားမှုများ ပါဝင်သည်။
အရောင်းဈေးကွက်တင်ပေးသူများမှာ Compass ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ရှယ်ရီ ရာဂျာ (Sherri Rogers), အယ်လီဇာ ရစ်ထ်( Elisa Ritt) နှင့် အန်သနီ စတယ်လီနီ (Anthony Stellini) တို့ ဖြစ်သည်။
စံအိမ်မှာ လော့စ်အိန်ဂျလိမြို့လယ်၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိပြီး စကူးလန့် (Succulent) ပင်များ စိုက်ပျိုးထားသည့် ဥယျာဉ်တစ်ခုပါဝင်ကာ ဧကပေါင်း ၇ သိန်းကျော် ကျယ်ဝန်းသည့် အိန်ဂျလိ အမျိုးသားသစ်တောကြီးနှင့် ထိစပ်နေသည်။
တောင်ကုန်းထိပ်တွင် ဆောက်လုပ်ထားသော စံအိမ်ကြီးဆီသို့ ရှည်လျားလှသော ကားလမ်းကလေးဖြင့် ဝင်ရောက်ရကာ ပင်မစံအိမ် ၂ လုံး ပါဝင်သည်။
ပင်မစံအိမ်ကို လော့စ်အိန်ဂျလိအခြေစိုက် ဗိသုကာပညာရှင် မိုက်ကယ် မော့တ်ဇန် (Michael Maltzan) က ၂၀၀၉ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၁၉၅၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော အခြားစံအိမ်တစ်လုံးကို မော်ဒန်ဗိသုကာပညာရှင် ရစ်ချတ် ညူထရာက ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
Red Hot Chilli Peppers သည် အမေရိကန်ရော့ခ်ဂီတအဖွဲ့ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၌ စတင်ဖွဲ့စည်းခဲ့သည်။
၎င်းတို့၏ အဓိကဂီတအမျိုးအစားများကား အော်တာနေးတစ် ရော့ခ်၊ ဖန့်ခ်၊ ပန့် ရော့ခ်နှင့် ဆိုက်ခီဒဲလစ် ရော့ခ်တို့ ဖြစ်သည်။
ရှေ့ထွက်အဆိုတော် Anthony Kiedis နှင့် ဘေ့စ်ဂစ်တာသမား Flea တို့က ပူးတွဲတည်ထောင်ခဲ့ကြပြီး ဒရမ်မာ Chad Smith နှင့် ဂစ်တာသမား John Frusciante တို့ ပါဝင်သည်။
အော်တာနေးတစ် ရော့ခ်ဂီတသမိုင်းတွင် အအောင်မြင်ဆုံးဂီတဝိုင်းဖြစ်ပြီး ဂရမ်မီဆု ၆ ဆု ရရှိထားသည်။
ရောင်းချသူ-မိုက်ကယ် ဖလီး ဘာဇရီ
တည်နေရာ-ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ La Crescenta အရပ်
ဈေးနှုန်း- ကန်ဒေါ်လာ ၉ ဒသမ ၈ သန်း
ဆောက်လုပ်သည့်ခုနှစ်-၁၉၅၄
ဗိသုကာပညာရှင်- Richard Neutra; Michael Maltzan
အသေးစိတ်- အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း
ခြံဝန်းအကျယ်- ၅ ဒသမ ၇ ဧက
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: In the La Crescenta Foothills, Flea Lists His Funky Architectural Compound (dirt)
[Zawgyi]
ေရာ့ခ္ဂီတအဖြဲ႔ Red Hot Chili Peppers ၏ ေဘ့စ္ဂစ္တာသမား ေလာ့စ္အိန္ဂ်လိစံအိမ္ေရာင္းခ်
Red Hot Chilli Peppers ေရာ့ခ္ဂီတဝိုင္းၾကီး၏ သီခ်င္းမ်ားသည္ ျမန္မာပရိသတ္ႏွင့္ မစိမ္းလွေခ်။
ျမန္မာႏိုင္ငံတြင္ Red Hot Chilli Peppers ၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုၾကမႈမ်ား ရွိသည္။
Red Hot Chilli Peppers ၏ the zephyr song ကို ေဇာ္ပိုင္က စိတ္နာတယ္၊ Otherside ကို ေဇာ္ပိုင္ကပင္ ေလာကသစ္၊ On mercury ကို အာဇာနည္က အားလပ္ရက္၊ Coffee Shop ကို ရင္ဂိုက ကႏၱာရကေဖး၊ Californication ကို ခ်မ့္ခိုင္က အနာဂတ္ခရီးရွည္ အစရွိသျဖင့္ ျပန္လည္သီဆိုထားၾကသည္။
Red Hot Chilli Peppers ေရာ့ခ္ဂီတအဖြဲ႔ၾကီး၏ ေဘ့စ္ဂစ္တာသမား မိုက္ကယ္ ဖလီး ဘာဇရီ (Michael “Flea” Balzary) သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၁၄ သန္းျဖင့္ မၾကာေသးမီကမွ ဝယ္ယူခဲ့သည့္အျပင္ မာလီဘူးအရပ္တြင္လည္း စံအိမ္တစ္လံုး ပိုင္ဆိုင္ထားျပီးျဖစ္ရာ La Crescenta အရပ္မွ စံအိမ္ကို မလိုအပ္ေတာ့ေခ်။
သို႔အတြက္ Pedi စံအိမ္ကို တရားဝင္ေစ်းကြက္တင္လာသည္မွာ အံ့အားသင့္ဖြယ္ မဟုတ္ေခ်။
လြန္ခဲ့ေသာ ၄ ႏွစ္နီးပါးက ကန္ေဒၚလာ ၄ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ေသာစံအိမ္ကို ယခုေစ်းေခၚထားသည္မွာ ကန္ေဒၚလာ ၉ ဒသမ ၈ သန္း ျဖစ္သည္။
ပန္းခ်ီပညာရွင္မ်ားျဖစ္ေသာ လာရီ ပစ္ထ္မန္း၊ ရိြဳင္ ဒိုဝဲလ္တို႔ထံမွ ဝယ္ယူခဲ့သည့္ ေစ်းႏႈန္းထက္ ကန္ေဒၚလာ ၅ ဒသမ ၅ သန္း မ်ားျပားေသာ ေခၚေစ်းလည္း ျဖစ္သည္။
သို႔ေသာ္ ျပီးခဲ့ေသာႏွစ္အတြင္း စံအိမ္ကို ၈၇၅ စတုရန္းေပ တိုးခ်ဲ႕ထားမႈ၊ ေရကန္တစ္ခုႏွင့္ သစ္လံုးအိမ္တစ္ခုတို႔ ထပ္မံေဆာက္လုပ္ထားမႈမ်ား ပါဝင္သည္။
အေရာင္းေစ်းကြက္တင္ေပးသူမ်ားမွာ Compass ကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ရွယ္ရီ ရာဂ်ာ (Sherri Rogers), အယ္လီဇာ ရစ္ထ္( Elisa Ritt) ႏွင့္ အန္သနီ စတယ္လီနီ (Anthony Stellini) တို႔ ျဖစ္သည္။
စံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္၏ ေျမာက္ဘက္ မိုင္ ၂၀ ခန္႔အကြာတြင္ရွိျပီး စကူးလန္႔ (Succulent) ပင္မ်ား စိုက္ပ်ဳိးထားသည့္ ဥယ်ာဥ္တစ္ခုပါဝင္ကာ ဧကေပါင္း ၇ သိန္းေက်ာ္ က်ယ္ဝန္းသည့္ အိန္ဂ်လိ အမ်ဳိးသားသစ္ေတာၾကီးႏွင့္ ထိစပ္ေနသည္။
ေတာင္ကုန္းထိပ္တြင္ ေဆာက္လုပ္ထားေသာ စံအိမ္ၾကီးဆီသို႔ ရွည္လ်ားလွေသာ ကားလမ္းကေလးျဖင့္ ဝင္ေရာက္ရကာ ပင္မစံအိမ္ ၂ လံုး ပါဝင္သည္။
ပင္မစံအိမ္ကို ေလာ့စ္အိန္ဂ်လိအေျခစိုက္ ဗိသုကာပညာရွင္ မိုက္ကယ္ ေမာ့တ္ဇန္ (Michael Maltzan) က ၂၀၀၉ ခုႏွစ္တြင္ ဒီဇိုင္းေရးဆြဲေပးခဲ့ျပီး ၁၉၅၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ အျခားစံအိမ္တစ္လံုးကို ေမာ္ဒန္ဗိသုကာပညာရွင္ ရစ္ခ်တ္ ညဴထရာက ဒီဇိုင္းေရးဆြဲေပးခဲ့သည္။
Red Hot Chilli Peppers သည္ အေမရိကန္ေရာ့ခ္ဂီတအဖြဲ႔ျဖစ္ျပီး ၁၉၈၃ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၌ စတင္ဖြဲ႔စည္းခဲ့သည္။
၎တို႔၏ အဓိကဂီတအမ်ဳိးအစားမ်ားကား ေအာ္တာေနးတစ္ ေရာ့ခ္၊ ဖန္႔ခ္၊ ပန္႔ ေရာ့ခ္ႏွင့္ ဆိုက္ခီဒဲလစ္ ေရာ့ခ္တို႔ ျဖစ္သည္။
ေရွ႕ထြက္အဆိုေတာ္ Anthony Kiedis ႏွင့္ ေဘ့စ္ဂစ္တာသမား Flea တို႔က ပူးတြဲတည္ေထာင္ခဲ့ၾကျပီး ဒရမ္မာ Chad Smith ႏွင့္ ဂစ္တာသမား John Frusciante တို႔ ပါဝင္သည္။
ေအာ္တာေနးတစ္ ေရာ့ခ္ဂီတသမိုင္းတြင္ အေအာင္ျမင္ဆံုးဂီတဝိုင္းျဖစ္ျပီး ဂရမ္မီဆု ၆ ဆု ရရွိထားသည္။
ေရာင္းခ်သူ-မိုက္ကယ္ ဖလီး ဘာဇရီ
တည္ေနရာ-ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ La Crescenta အရပ္
ေစ်းႏႈန္း- ကန္ေဒၚလာ ၉ ဒသမ ၈ သန္း
ေဆာက္လုပ္သည့္ခုႏွစ္-၁၉၅၄
ဗိသုကာပညာရွင္- Richard Neutra; Michael Maltzan
အေသးစိတ္- အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း
ျခံဝန္းအက်ယ္- ၅ ဒသမ ၇ ဧက
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: In the La Crescenta Foothills, Flea Lists His Funky Architectural Compound (dirt)