ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းခန့်တွင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးခဲ့
သည့် ရွှေတိဂုံဘုရားအနီး မြေဧကကျယ်များ ပေါ်တွင် အဆောက်အအုံများ တည်ဆောက်
သွားမည့် စီမံကိန်းအကြီးစား ငါးခုကို နည်း ပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန်
အတွက် ခေတ္တရပ်ဆိုင်းရန် ညွှန်ကြား ခဲ့သည့်နောက်ပိုင်းတွင် ယင်းစီမံကိန်းကြီး များအပေါ်
လူအများ စိတ်ဝင်စားလျက်ရှိကြ သည်။
လက်တစ်လောတွင်လည်း လူမှုကွန်ရက် များ၌ ပျံ့နှံ့လျက်ရှိသည့် ယင်းစီမံကိန်း များသည်
အနီးရှိ ရွှေတိဂုံစေတီတော်ကို ထိခိုက်နိုင်သည့် အလားအလာများရှိသည့် သုံးသပ်ချက်များ၏
သတင်းများကြောင့် လည်း ပြည်သူများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ ကြပြီး အဆိုပါစီမံကိန်းများ၏
လုပ်ငန်းများ ရပ်ဆိုင်းသင့်သည့် ဝေဖန်မှုများလည်း ပေါ်ထွက်လာခဲ့သည်။
ခေတ္တရပ်ဆိုင်းထားရသည့် ဆောက်လုပ် ရေး စီမံကိန်းငါးခုအနက် ရွှေတိဂုံဘုရားတောင်ဘက်မုခ်
အနီးရှိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်သည့် Marga Landmark ကုမ္ပဏီမှတည်ဆောက်မည့်
Dagon City 1အဆင့်မြင့်အိမ်ရာစီမံကိန်းသည် မြန်မာနိုင်ငံ ၏ ဆောက်လုပ်ရေးနှင့်
အိမ်ခြံမြေဈေးကွက်အတွင်း စတင်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏ အိမ်ရာမှ အခန်းများကိုလည်း
ရောင်းချပြီးစီးလျက်ရှိသည့် အခြေအနေဖြစ်သည်။
ယခုအခါတွင် ယင်းကုမ္ပဏီမှ ၎င်းတို့၏
စီမံကိန်းခေတ္တရပ်ဆိုင်းမှုနှင့် ပြန်လည် စစ် ဆေးမှုများက ရရှိသည့် နည်းပညာပိုင်းဆိုင်ရာ
ရလဒ်များနှင့် ပတ်သက်၍ မေလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သတင်းထုတ်ပြန်ချက်များ
အရ ယခုကဲ့သို့ ယာယီရပ်ဆိုင်းထားခြင်းသည် ယင်းစီမံကိန်း ငါးခုအတွက် ပြီးပြည့်စုံသော
ပြန်လည် စစ်ဆေးမှု လုပ်ဆောင်ရန်အတွက် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြား
ခဲ့ခြင်းဖြစ်ပြီး လေ့လာဆန်းစစ်မှု လုပ်ဆောင် ခြင်းမှာလည်း စီမံကိန်းများကို ရပ်ဆိုင်းရန်မဟုတ်
ဘဲ ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
အဆိုပါ နည်းပညာပိုင်းဆိုင်ရာ ပြန်လည်စစ်ဆေးမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်၏ ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းကို ဆန်းစစ်မှုများ
ပြုလုပ်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကရယူကာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီဖြင့် ပူးပေါင်း၍ Master Plan ရေးဆွဲ၍ ထပ်မံစိစစ်လျက် ရှိကြောင်း
ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြော ကြားခဲ့သည်။ Marga Landmark ကုမ္ပဏီမှ
ရင်းနှီး မြှုပ်နှံမှုကော်မရှင်သည် ထွက်ရှိလာမည့် Master plan တွင် အပြီးသတ်ဆုံးဖြတ်ချက်
ချမှတ်ပေးမည်ဟု နားလည် သဘောပေါက် ထားကြောင်းနှင့် ၎င်းတို့မှလည်း Dagon City 1 ၏
လုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်သိစွာ ပြီးပြည့်စုံသောစစ်ဆေးမှုတို့ ဖြင့်
ရွှေတိဂုံဘုရားစေတီတော် သိဂုင်္တ္တရ ကုန်းတော်၏ အောက်ခံမြေသားနှင့် မြေ အောက်ရေအား
လုံးဝမထိခိုက်စေပဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောသည်။
ထို့ပြင် Marga Landmark မှ ၎င်းတို့၏ Dagon City 1 စီမံကိန်းကို တရားဝင်ခွင့်ပြုထားသော
အစီအစဉ်အတိုင်းသာ လုပ်ဆောင်နေသော်လည်း မှားယွင်းသောပြောကြားခြင်းများ၊
အခြေအမြစ်မရှိသောထင် မြင်ချက်များနှင့် စွပ်စွဲခြင်းများအပေါ် ကုမ္ပဏီ ၏ ဒါရိုက်တာဘုတ်
အဖွဲ့က ပုဂ္ဂိုလ်ရေးအရ ဂုဏ်သရေထိခိုက်စေသော မှတ်ချက်များဖြင့် ကုမ္ပဏီအား နစ်နာဆုံးရှုံးမှု
ဖြစ်ပေါ်စေသောကြောင့် တရားဥပဒေအရ အရေးယူဆောင် ရွက်သွားရန်
ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင်လည်း လူမှုကွန်ရက်များပေါ်တွင် ရွှေတိဂုံဘုရားအနီး စီမံကိန်းများ၏
ဆောက်လုပ်ရေးလုပ်ငန်းများမှ မြေတူးခြင်း၊ အောက်ခံတိုင်များ တည်ဆောက်ခြင်းနှင့်
အဆောက်အအုံများ ပြီးစီးသွားမည့်နောက် တွင် နေထိုင်သူများမှ မြေအောက်ရေ
သုံးစွဲမှုများကြောင့် ရွှေတိဂုံဘုရားစေတီတော်၏ မျက်နှာပြင် နိမ့်ကျလာနိုင်သည့် ဘူမိဗေဒ
သုံးသပ်ချက်များ ပေါ်ထွက်လာလျက်ရှိပြီး စီမံကိန်းများအပေါ် ကန့်ကွက်မှုများ ပိုမို ပြင်းထန်လာ
ခဲ့သည်။ သို့သော် ရွှေတိဂုံဘုရားအနီးတွင် ယင်း ကဲ့သို့သော စီမံကိန်းများကို မြေသားနိမ့်ကျမှု
များ မဖြစ်ပေါ်စေဘဲ ဆောက်လုပ်ရေးလုပ်ငန်း များ အင်ဂျင်နီယာ နည်းပညာများအရ
လုပ်ဆောင်နိုင်ကြောင်း ပညာရှင်များက ပြောသည်။
"အင်ဂျင်နီယာအနေနဲ့ နည်းပညာကောင်းကောင်းနဲ
့ ဆိုရင်တော့ ဆောက်လို့ ရပါတယ်။ ဒါပေမဲ့ ဆောက်မယ့် အင်ဂျင်နီယာတွေအနေနဲ့ကတော့
အတွေ့အကြုံအများကြီး ရှိပြီးသားဖြစ်ရမယ် ပြီးတော့ ဒီဇိုင်းတွေ၊ အစီအစဉ်တွေကို သေသေချာချာ
အသေးစိတ် လုပ်နိုင်ရမယ်၊ အဲဒီလိုအသေးစိတ်သေသေ ချာချာ ပြုလုပ်သလို
ထိခိုက်နိုင်မှုတွေရှိမယ် ဆိုရင်လည်း အဲဒါတွေကို ကာကွယ်သွားရမယ့်အချက်တွေကိုလည်း
သေချာထည့်စဉ်းစားသွားရမှာပါ။ နည်းပညာပိုင်းချည်းပဲ ပြောမယ် ဆိုရင်တော့
ဆောက်လို့ရပါတယ်" ဟု SEAFCO(MYANMAR) ကုမ္ပဏီလီမိတက် က အမှုဆောင်အရာရှိချုပ်
ဦဇော်ဇော်အေးက ပြောသည်။
ယင်းကဲ့သို့ ရွှေတိဂုံဘုရားအနီးတွင် ဆောက်လုပ်ရေး စီမံကိန်းကြီးများကို တည်ဆောက်မှုတွင်
ထိခိုက်နိုင်မည့် အခြေအနေ များကို ကြိုတင်စဉ်းစား တွက်ချက်ကာ တည် ဆောက်ရမည်ဖြစ်ပြီး
ယင်းကဲ့သို့ တည် ဆောက်မှုမှာ ပျက်စီးဆုံးရှုံးမှုများ မလွှဲမသွေရှိကြောင်း ရှာဖွေတွေ့ရှိပါက
လုံးဝဆောက် လုပ်ရန်မသင့်ကြောင်း ၎င်းကပြောသည်။ "ကမ္ဘာပေါ်မှာလည်း ဒီလိုပဲ
ဆောက်နေကြတာတွေ ရှိပါတယ်။ ဒီလိုမျိုး အရေးကြီးကာကွယ် ထိန်းသိမ်းသင့်တဲ့
အဆောက်အအုံတွေ ရှိတဲ့ နေရာတွေမှာ မလွဲမသွေဆောက်ရတော့ မယ်ဆိုရင်
ထိခိုက်မှုမရှိအောင် အင်ဂျင် နီယာ နည်းပညာနဲ့ စနစ်တကျ ဆောက်ကြ တာတွေရှိပါတယ်။
နည်းပညာပိုင်းဆိုင်ရာ ဆောက်လို့ရသလို ကာကွယ်မှုတွေလည်း ရှိရမယ်။ ပြီးတော့
ဘယ်လောက်ထိ ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်လဲဆိုတာကိုလည်း
ကြိုတင်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ရမယ်" ဟု ၎င်းကပြောသည်။
Credit: mmtimes