ရန်ကုန်တိုင်းဒေသကြီးရှိငှါးရန်လုံးချင်းအိမ်များ

ရန်ကုန်လုံးချင်းအိမ် အငှါးဈေးကွက်

ရန်ကုန်လုံးချင်းအငှားကတော့ နေရာပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၁၀ သိန်းကနေ အများဆုံး ကျပ်သိန်း ရာကျော်တဲ့အထိ ရှိတတ်ကြပါတယ် ။ ရန်ကုန်မှာ သိန်းရာကျော်ဆိုရင် အများစုက လုံးချင်းငှားရမ်းဖို့ထက် တိုက်ခန်းကိုသာ ဝယ်ယူလေ့ရှိကြပေမယ့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ကြီးများကတော့ ရုံးခန်းဖွင့်ဖို့အတွက်ငှားရမ်းကြပါတယ် ။ လုံးချင်းတွေကိုငှားရမ်းတဲ့အခါ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်နှင့် သံရုံးမိသားစုတွေအများဆုံးငှားရမ်းလေ့ရှိကြပါတယ် ။

လုပ်ငန်းလုပ်ဖို့အတွက်ဆိုရင် နှစ်ရှည်ငှားရမ်းမှုမျိုးရှိသလို ဈေးနှုန်းအတင့်အသင့်ရှိတဲ့ အစွန်အဖျားဘက်မှာ ဆို လုပ်ငန်းရှင်အချို့က ဂိုဒေါင်အဖြစ် အသုံးပြုလေ့ရှိကြပါတယ် ။ လုံးချင်းတွေကို ငှားရမ်းတဲ့အခါ စပေါ်ပေးပြီးငှားရမ်းကြတာမျိုးလဲရှိတတ်ကြသလို ၊ ခြောက်လ ၊ တစ်နှစ် စာချုပ်နဲ့ ငှားရမ်းမှုမျိုးလဲရှိတတ်ကြပါတယ် ။ လုံးချင်းအိမ်ကောင်းပြီးအတွင်း အပိုင်းပြင်ဆင်မှု အပြည့်အစုံပါရင်ပါသလို ပေးဆောင်ရတဲ့ အိမ်လခက သိန်း ၁၀၀ ကျော်ရင် ကျော်နိုင်ပါတယ် ။

ရန်ကုန်မြို့ရဲ့ငှားရမ်းမှုဈေးနှုန်းမြင့်တဲ့လုံးချင်းအိမ်အများစုက ဗဟန်း (ရွှေတောင်ကြားရပ်ကွက်) ၊အင်းယားမြိုင်လမ်း ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ကြည့်မြင်တိုင် (ပန်းလှိုင်အိမ်ရာ) တို့ဟာငှားရမ်းမှု ဈေးနှုန်းမြင့်တဲ့လုံးချင်းတွေဖြစ်ကြပါတယ် ။ ကျန်တဲ့အချို့မြို့နယ်တွေမှာလည်း ငှားရမ်းမှု မြင့်မားသလို တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ လှိုင်သာယာ ၊ ရွှေပြည်သာတို့ဘက်မှာရှိတဲ့ လုံးချင်းအိမ်တွေကတော့ ငှားရမ်းမှု သက်သာလေ့ရှိပါတယ် ။

လုံးချင်းအိမ်ငှားရမ်းမှုအများစုကတော့ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်ငြိမ်းသက်မှုနဲ့ ရုံးခန်းဖွင့်လိုတဲ့သူများကျတော့ ဝန်ထမ်းတွေ နေထိုင်သွားလာအဆင်ပြေ စေရေးနှင့် ရေ၊ မီး စိတ်ချရမယ့်နေရာမျိုးကိုအဓိကထားရွေးချယ်ကြပါတယ် ။ မြန်မာနိုင်ငံတွင်း လုံးချင်းအိမ် အငှားဈေးကွက်ကိုပြောရမယ် ဆိုရင် ရန်ကုန်ပြီးရင် မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ ကလော အစရှိတဲ့ မြို့တွေမှာလဲ စိတ်ဝင်စားမှုရှိတဲ့နေရာတွေဖြစ်ပြီး ရန်ကုန်ကတော့ ဈေးကွက် အဖြစ်ထွန်းဆုံးနေရတစ်ခုလို့ ဆိုနိုင်ပါတယ် ။ ဒါကလည်း စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ခံထားရတဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ် ။ အလားတူ ငှားရမ်းရန်ရှိတဲ့ ရန်ကုန်မြို့တွင်း လုံးချင်းအိမ်များ ကိုလည်း iMyanmarHouse.com မှ စုစည်းဖော်ပြပေးလိုက်ရပါတယ် ။