9 Dec 2023 3:30 pm
9 Dec 2023 10:26 am
9 Dec 2023 10:19 am
9 Dec 2023 10:08 am
8 Dec 2023 11:56 pm
8 Dec 2023 9:11 pm
8 Dec 2023 5:08 pm
8 Dec 2023 3:31 pm
8 Dec 2023 2:35 pm
5 Dec 2023 12:15 pm
5 Dec 2023 9:29 am
4 Dec 2023 4:56 pm
4 Dec 2023 4:28 pm
4 Dec 2023 3:37 pm
4 Dec 2023 3:16 pm
4 Dec 2023 3:07 pm
3 Dec 2023 8:24 pm
3 Dec 2023 8:06 pm
27 Nov 2023 4:40 pm
9 Dec 2023 3:19 pm
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရန်ကုန်မြို့ဟာ ၂၀၁၀ နောက်ပိုင်း လူနေမှု ပိုမိုထူထပ်လာပြီး မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ စီးပွားရေးမြို့တော်အဖြစ် ပိုပိုအရေးပါလာတယ် ။ နယ်ရှိလူတန်းစား တွေဟာလည်း ရန်ကုန်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့အတွက် စွန့်စားလို့ လာရောက်နေ ထိုင်ကြပါတယ် ။ ဒါကြောင့် တိုက်ခန်းအငှား ဈေးကွက်တွေဟာလည်း ယခင်ထက် ပိုပြီးကျယ်ပြန့်လာ သလို အဆောင်နေဈေးကွက်ကလည်း ပိုပြီး ပေါများလာပါတယ်။
အဆောင်နေဈေးကွက်အနေနဲ့ လှည်းတန်း (ကမာရွတ်) မှာအလွန်ပေါများပြီး ကျန်မြို့နယ်များဖြစ်တဲ့ စမ်းချောင်း ၊ လမ်းမတော် မြို့နယ် တွေမှာလည်း ရှိကြသလို အချို့မြို့နယ်တွေမှာလည်း အနည်းငယ်ရှိတတ်ကြပါတယ် ။ ရန်ကုန်ရှိ တိုက်ခန်း ငှားရမ်းတဲ့သူတွေဟာ များသောအားဖြင့် နယ်မှ ရန်ကုန်ကိုကျောင်းလာတတ်သူများ ၊ အလုပ်လုပ်သူများ နှင့် ဝန်ထမ်းအချင်းချင်း ရင်းနှီးပြီး စုငှားနေထိုင်ကြသူများ ဖြစ်ကြပါတယ် ။ အချို့သော စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် တိုက်ခန်းရှိပေမယ့် လုပ်ငန်းနှင့် သင့်တော်မယ့် တိုက်ခန်း တွေကို ငှားရမ်းကြတာမျိုးလည်း ရှိကြပါတယ် ။ ဆိုင်ခန်း ဖွင့်လိုတဲ့ လုပ်ငန်းရှင်များကတော့ မြေညီတိုက်ခန်း တွေကို ငှားရမ်းကြပြီး ၊ အသေးစား ရုံးလုပ်ငန်းကိုတော့ သင့်ေ တာ်တဲ့ အလွှာတွေမှာ တိုက်ခန်းကို အသီးသီးငှားရမ်းလို့ ရုံးဖွင့် ကြပါတယ် ။
တိုက်ခန်း ငှားရမ်းတဲ့အခါမှာ အနည်းဆုံး ၆ လ ၊ ၁ နှစ် ကနေ အများဆုံး ၅ နှစ်အထိ ငှားရမ်းလေ့ရှိကြောင်း သိရပါတယ် ။ ငှားရမ်းတဲ့အခါမှာ စပေါ်တင် ငှားရမ်းကြတာမျိုးရှိသလို ဈေးနှုန်းက ပုံမှန် နေထိုင်သူထက် သုံးပုံ တစ်ပုံလောက် သက်သာတတ်ပါတယ် ။ ဒါကလည်း ငွေကိုအလုံးလိုက် စပေါ်တင်ထားတဲ့အတွက်ကြောင့်လည်း ပါပါတယ် ။
တိုက်ခန်းငှားရမ်းဈေးနှုန်းကွာဟမှုမှာလည်း တိုက်ခန်းမှာပါရှိတဲ့ အခန်းဖွဲ့စည်းပုံ ၊ အဲယားကွန်း ပါဝင်မှုအပေါ်မူတည်ပြီးဈေးနှုန်းကွာဟမှုမျိုးရှိတတ်ကြပါတယ် ။ အလားတူ ငှားရမ်းရန်ရှိတဲ့ ရန်ကုန်တိုက်ခန်းများကိုလည်း iMyanmarHouse.com မှစုစည်းတင်ဆက် ပေးလိုက်ပါတယ်။
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No13,Myat lay Yone Street, Hlaing Township
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon