28 Nov 2023 4:29 pm
28 Nov 2023 2:43 pm
28 Nov 2023 2:41 pm
28 Nov 2023 12:50 pm
28 Nov 2023 10:48 am
28 Nov 2023 10:39 am
25 Nov 2023 1:25 pm
24 Nov 2023 11:35 am
25 Nov 2023 1:23 pm
25 Nov 2023 1:43 pm
25 Nov 2023 1:49 pm
27 Nov 2023 6:35 pm
26 Nov 2023 3:28 pm
13 Oct 2023 12:19 pm
13 Oct 2023 12:22 pm
27 Nov 2023 12:45 pm
27 Nov 2023 12:11 pm
26 Nov 2023 5:35 pm
26 Nov 2023 5:28 pm
25 Nov 2023 9:21 pm
နိုင်ငံရေးပြုပြင်ပြောင်းလဲလာတဲ့ နောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြားသားအများအပြားဝင် ရောက်လာပါတယ် ။ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်တွေများလာသလို ကွန်ဒိုအငှားဈေးကွက်ကလည်း အရင်ကထက်ပိုပြီးသွက်လာပါတယ် ။ ပြည်တွင်းငှားရမ်းမှုအနေနဲ့ ရုံးခန်းဖွင့်လိုတဲ့ လုပ်ငန်းရှင်များနှင့် နယ်မှရန်ကုန်ကို ခေတ္တလာရောက်နေထိုင်တဲ့ လုပ်ငန်းရှင်အချို့ပါဝင်ပါတယ် ။ မြန်မာပြည်ကွန်ဒိုအငှားဈေးကွက်က ရန်ကုန်မြို့မှာ အများဆုံးလို့ဆိုနိုင်ပါတယ် ။ ဒါကလည်း ကွန်ဒိုဆိုရင် ရန်ကုန်မှာသာအများဆုံးတည်ရှိတတ်တဲ့အတွက်ကြောင့်ပါ ။
ကွန်ဒို တွေကိုငှားရမ်းတဲ့အခါမှာ ဆောက်လုပ်ရေး ကုမ္ပဏီတွေရဲ့ နာမည်အပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးကွာဟကြသလို ၊ အချက်အချာကျတဲ့ နေရာမှာတည်ရှိတဲ့ ကွန်ဒိုဆိုရင် အခြားကွန်ဒိုတွေထက် ငှားရမ်းခပိုများတတ်ပါတယ် ။ သို့ပေမယ့် ရန်ကုန်ရှိ ကွန်ဒို အများစုဟာအဓိက အချက်အချာကျတဲ့ မြို့နယ်တွေမှာ တည်ရှိတာဖြစ်တဲ့ အတွက် သိပ်ကွာဟမှုမရှိပေမယ့် ကွန်ဒိုတွင်း ဝန်ဆောင်မှုတွေမှာတော့ တစ်ခုနဲ့တစ်ခု ကွာဟမှု ရှိတတ်ကြပါတယ် ။
ကွန်ဒိုတွေကို ငှားရမ်းတဲ့အခါမှာ ဒေါ်လာ နဲ့ တန်ဖိုးဖြတ်ပြီး ငှားရမ်းကြသလို မြန်မာငွေနဲ့လည်း တွက်ချက်ပြီး ငှားရမ်းကြပါတယ် ။ ကွန်ဒို အခန်းကောင်းရင် ကောင်းသလို ငှားရမ်းခအနေနဲ့ ဒေါ်လာ ၃၀၀၀ ကနေ ၆၀၀၀ အထိတောင်ရှိတတ်ကြပါတယ် ။ ဒါက ငှားရမ်းခ သက်သက်သာဖြစ်ပြီး ကွန်ဒိုတွင်း ဝန်ဆောင်မှုစရိတ် လစဉ်ကြေးတွေဖြစ်တဲ့ ဓာတ်လှေကားအသုံးပြုခ ၊ သန့်ရှင်ရေး ၊ လုံခြုံရေး တွေအပြင် အင်တာနက်ပါဝင်ရင် လစဉ်အင်တာနက်ခတွေပါ ပေးဆောင်ရပါတယ် ။ ဒါကြောင့် ကွန်ဒိုတွေကို ငှားရမ်းတဲ့အခါ ငှားရမ်းခအပြင် ထပ်ဆောင်းကုန်ကျစရိတ်တွေကိုပါ ထည့်တွက် ထားဖို့လိုပါတယ်။
ကွန်ဒိုတွေကို ငှားရမ်းတဲ့အခါ များသောအားအားဖြင့် အနည်းဆုံး သုံးလ ၊ ခြောက်လ ရှိပြီး နှစ်ရှည်ငှားရမ်း မှုမျိုးလဲရှိကြပါတယ် ။ ပိုင်ရှင်နဲ့ တိုက်ရိုက်ငှားရမ်းလို့အဆင်ပြေရင် ကုန်ကျစရိတ် အနည်းငယ်သက်သာနိုင်ပြီး ကြားခံ ပွဲစား ၊ အေးဂျင့်နှင့် ငှားရမ်းရင် အကုန်အကျပိုများတတ်ပါတယ် ။ နိုင်ငံခြားသားတွေ အများဆုံး ငှားရမ်းတတ်ကြတဲ့ ကွန်ဒိုခန်းတွေကတော့ အဓိကကျတဲ့ မြို့တွင်းဧရိယာတွေမှာ ငှားရမ်းတတ်ကြပြီး ဒဂုံ နှင့် ဗဟန်း တို့မှာ အများဆုံးနေထိုင်ကြပါတယ် ။
ကွန်ဒိုခန်းငှားရမ်းခတွေဟာ ဈေးနှုန်းတွေမြင့်မား နေပေမယ့် တိုက်ခန်းတွေထက်စာရင် လုံခြုံမှုအရရောကောင်းသလို အချို့ကွန်ဒိုတွေဆိုရင် ကစားကွင်း ၊ ကျန်မာရေးလိုက်စားဖို့ gym ခန်းမ ၊ ရေးကူးကန်အစရှိတဲ့ အားသာချက်တွေပါဝင် ပါသေးတယ် ။ လက်ရှိ မြန်မာပြည်ကွန်ဒို အငှားဈေးကွက်ကလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးကွက်တစ်ခုဖြစ်သလို ငှားရမ်းဖို့ရှိတဲ့ ကွန်ဒိုများ ကိုလဲ iMyanmarHouse.com မှဖော်ပြပေးလိုက်ရပါတယ် ။
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.
No13,Myat lay Yone Street, Hlaing Township
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon