နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
13 Dec 2020 12:57 pm တွင် တင်ခဲ့သည်
798 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နေ့လည်စာလေးစားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိတာ ဓမ္မတာပါပဲ။ လူအများစုမှာ ဒီလိုအခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။

အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။

တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။

ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။

နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ လူတေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ခနတဖြုတ် အနားယူအိပ်စက်ပေးရင် စိတ်ရောကိုယ်ပါ အကျိုးရှိစေမှာလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားကြပါတယ်။

ဒီလို နေ့ခင်းနေ့လယ် အိပ်စက်အနားယူတဲ့သူတွေဟာ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်မယ်

၂။ သွေးဖိအားမကျအောင် တားဆီးပေးမယ်

၃။ ခန္တာကိုယ်တွင်းက နာ့ဗ်ကြောတွေကို တည်ငြိမ်စေမယ်

၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးမယ်

၅။ စိတ်ခံစားချက် ကောင်းမွန်စေမယ်

၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်စေမယ်

၇။ ကဖိန်းဓာတ်ထက် လူကိုပိုပြီး အကျိုးပြုမယ်

၈။ အိပ်ရေးပျက်ထားချိန်မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိမယ်

၉။ စိတ်ဖိစီးမှုကို လျှော့ချပေးစေမယ်

၁၀။ နှလုံးကို အားပေးကူညီတယ်

၁၁။ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက် မေယ်

ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေန႔ခင္းေန႔လယ္ေတြမွာ တေရးတေမာ အိပ္ပါ

ေန႔လည္စာေလးစားၿပီး ေသာက္ၿပီးလို႔ ေန႔ခင္းေန႔လယ္ခ်ိန္ကို ေရာက္ရင္ အိပ္ခ်င္သလိုလို အိပ္ငိုက္သလိုလိုမ်ိဳး ျဖစ္ေလ့ျဖစ္ထ႐ွိတာ ဓမၼတာပါပဲ။ လူအမ်ားစုမွာ ဒီလိုအေျခအေနမ်ိဳးကို ၾကဳံဆုံရတတ္ပါတယ္။

အထူးသျဖင့္ လုပ္ငန္းခြင္ထဲမွာ အလုပ္ပါးခ်ိန္ေတြ၊ ေနအိမ္မွာ အားလပ္ေနခ်ိန္မ်ိဳးေတြမွာ ပိုျဖစ္တတ္ပါတယ္။ အိမ္မွာ႐ွိေနသူေတြအတြက္ေတာ့ တေရးတေမာ အိပ္စက္ဖို႔ အခြင့္အေရး႐ွိေပမယ့္ လုပ္ငန္းခြင္ထဲက လူေတြအတြက္ကေတာ့ ဒီလိုအခြင့္အေရးမ်ိဳး ရလာဖို႔ ခက္ခဲပါတယ္။

တကယ္ေတာ့ တေရးတေမာ အိပ္တယ္ဆိုတာ ကေလးေတြအတြက္သာမကပါဘူး။ အ႐ြယ္ေရာက္ၿပီးသူေတြလည္း လုပ္သင့္လုပ္ထိုက္တဲ့ အေလ့အထတစ္ခုျဖစ္ပါတယ္။ ဒီလို အိပ္စက္လို႔ ပ်င္းရိတယ္လို႔ ထင္ျမင္ခံရမွာကို စိတ္မပူပါနဲ႔။

ဒါဟာ ကိုယ့္ရဲ႕ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ အျပဳအမူတစ္ခုျဖစ္သလို ခြန္အားနဲ႔ ဉာဏ္ရည္ကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။ ေန႔ခင္းေန႔လယ္ေတြမွာ မိနစ္ ၂၀၊ နာရီဝက္ဝန္းက်င္ေလာက္ တေရးတေမာ အိပ္စက္ျခင္းဟာ မွတ္ဉာဏ္ေကာင္းေစတာ၊ လုပ္ငန္းခြင္စြမ္းေဆာင္ရည္ကို တိုးတက္ေစတာအပါအဝင္ အက်ိဳးေက်းဇူးေတြ အေတာ္မ်ား႐ွိပါတယ္။

ေန႔လယ္စာ စားထားသည္ျဖစ္ေစ မစားထားသည္ျဖစ္ေစ ေန႔ခင္းဘက္ ၁ နာရီနဲ႔ ၃ နာရီအၾကားကာလေတြဟာ လူေတအတြက္ ႏိုးၾကားမႈ ေလ်ာ့နည္းတဲ့ ကာလျဖစ္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာ အိပ္ငိုက္တာေတြ၊ အလုပ္အေပၚ အာ႐ုံမစိုက္ႏိုင္တာမ်ိဳးေတြ ပိုျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ ခနတျဖဳတ္ အနားယူအိပ္စက္ေပးရင္ စိတ္ေရာကိုယ္ပါ အက်ိဳး႐ွိေစမွာလိမ့္မယ္လို႔ က်န္းမာေရးပညာ႐ွင္ေတြကဆိုထားၾကပါတယ္။

ဒီလို ေန႔ခင္းေန႔လယ္ အိပ္စက္အနားယူတဲ့သူေတြဟာ ေအာက္ပါ အက်ိဳးေက်းဇူးေတြကို ရ႐ွိမွာျဖစ္ပါတယ္။

၁။ မွတ္ဉာဏ္ကို တိုးတက္ ေကာင္းမြန္မယ္

၂။ ေသြးဖိအားမက်ေအာင္ တားဆီးေပးမယ္

၃။ ခႏၲာကိုယ္တြင္းက နာ့ဗ္ေၾကာေတြကို တည္ၿငိမ္ေစမယ္

၄။ စိတ္စြမ္းအားကို ျမႇင့္တင္ေပးမယ္

၅။ စိတ္ခံစားခ်က္ ေကာင္းမြန္ေစမယ္

၆။ လန္းလန္းဆန္းဆန္း တက္တက္ႂကြႂကြျဖစ္ေစမယ္

၇။ ကဖိန္းဓာတ္ထက္ လူကိုပိုၿပီး အက်ိဳးျပဳမယ္

၈။ အိပ္ေရးပ်က္ထားခ်ိန္မ်ိဳးေတြမွာ တေရးတေမာ အိပ္ေပးရင္ ညဘက္ပုံမွန္ အိပ္ေပးသလို အက်ိဳး႐ွိမယ္

၉။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးေစမယ္

၁၀။ ႏွလုံးကို အားေပးကူညီတယ္

၁၁။ ညဘက္ ပိုၿပီး ေကာင္းေကာင္းမြန္မြန္ အိပ္စက္ ေမယ္

ဒါေၾကာင့္ ေန႔ခင္းေန႔လယ္ေတြမွာ ျဖစ္ႏိုင္ရင္ တေရးတေမာ အိပ္စက္ၾကည့္ပါ။ တစ္ေန႔တစ္ႀကိမ္မဟုတ္ရင္ေတာင္မွ တစ္ပတ္ကို ၄ ႀကိမ္ေလာက္ တေရးတေမာ အိပ္စက္သင့္တယ္လို႔ ေလ့လာခ်က္ေတြကဆိုပါတယ္။ အေကာင္းဆုံးကေတာ့ ေန႔ခင္းဘက္ ၂ နာရီနဲ႔ ၃ နာရီအၾကားမွာ အိပ္စက္တာက အေကာင္းဆုံးပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service