၂၀၂၀-၂၁ ဘဏ္ဍာနှစ်ပထမနှစ်လအတွင်းပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၁) ခုခွင့်ပြုပေးခဲ့

၂၀၂၀-၂၁ ဘဏ္ဍာနှစ်ပထမနှစ်လအတွင်းပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၁) ခုခွင့်ပြုပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Dec 2020 1:10 pm တွင် တင်ခဲ့သည်
705 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားနေသော်လည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၄၉ ဒသမ ၈၄၂သန်း ရှိကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူုး ဦးသန့်စင်လွင်ကပြောသည်။

အဆိုပါလုပ်ငန်း ၇ခုတွင်စက်မှုကဏ္ဍ ၃ခု၊အခြားဝန်ဆောင်မှုကဏ္ဍ ၁ခု၊စိုက်ပျိုးရေးကဏ္ဍ ၁ခုနှင့်မွေးမြူရေးကဏ္ဍ ၂ခုတို့ဖြစ်ကြောင်း ၎င်းကပြောသည်။

ခွင့်ပြုပေးခဲ့သည့်လုပ်ငန်း၇ခုအနက်၅ခုကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတိုက်ရိုက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ရန်ကုန်တိုင်းနှင့်တနင်္သာရီတိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီတို့က ၁ခုဆီခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အောက်တိုဘာ၁ရက်မှနိုဝင်ဘာ ၂၅ရက်နေ့အထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ခုကိုခွင့်ပြုပေးခဲ့ပြီးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာပမာဏ ၁၉၉ဒသမ ၇၅၆သန်းရှိကြောင်းသိရသည်။

ထို့အပြင်အထူးစီးပွားရေးဇုန်ဥပဒေအရ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ရက်မှနိုဝင်ဘာ ၂၅ရက်အထိရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ၉ ဒသမ ၈၆၀သန်းရှိကြောင်းဦးသန့်စင်လွင်က ဆိုသည်။

ထို့ကြောင့်ယခုဘဏ္ဍနှစ်နှစ်လအတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းမှာ၂၀၉ဒသမ၆၁၆သန်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားသည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာတော့လုပ်ငန်း ၃ခုကိုခွင့်ပြုပေးခဲ့ပြီးလုပ်ငန်းအားလုံးကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်း ၃ခုမှာမွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ ၁ခု၊အခြားကဏ္ဍ၁ခုနှင့်စက်မှုကဏ္ဍ ၁ခုတို့ဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပမာဏကျပ်သန်းပေါင်း ၆၈၉၇ ဒသမ ၇ သန်းဖြစ်ကြောင်းသိရသည်။

ယခုဘဏ္ဍာနှစ်နှစ်လအတွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၇ခုကိုခွင့်ပြုပေးခဲ့ပြီးရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၁၈ဒသမ ၄၂၉ သန်းနှင့်ကျပ်သန်းပေါင်း ၆၉၈၆၀ ဒသမ၀ ၁၉သန်းဖြစ်ကြောင်း ဦးသန့်စင်လွင်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသောအာမခံလုပ်ငန်း၂၄ခုကမတည်ရင်းနှီးငွေအမေရိကန်ဒေါ်လာ ၁၅၂ ဒသမ၁ ၁၇မီလီယံနှင့်ကျပ် ၆၇ဒသမ ၃၁၇ဘီလီယံဖြင့်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေကြောင်း၎င်းကပြောကြားခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

၂၀၂၀-၂၁ ဘ႑ာႏွစ္ပထမႏွစ္လအတြင္းျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၃၁) ခုခြင့္ျပဳေပးခဲ့

ကိုဗစ္-၁၉ကပ္ေရာဂါျဖစ္ပြားေနေသာ္လည္းႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၇ခုကိုခြင့္ျပဳေပးခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏအေမရိကန္ေဒၚလာ ၄၉ ဒသမ ၈၄၂သန္း ႐ွိေၾကာင္းျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္အတြင္းေရးမႉုး ဦးသန္႔စင္လြင္ကေျပာသည္။

အဆိုပါလုပ္ငန္း ၇ခုတြင္စက္မႈက႑ ၃ခု၊အျခားဝန္ေဆာင္မႈက႑ ၁ခု၊စိုက္ပ်ိဳးေရးက႑ ၁ခုႏွင့္ေမြးျမဴေရးက႑ ၂ခုတို႔ျဖစ္ေၾကာင္း ၎ကေျပာသည္။

ခြင့္ျပဳေပးခဲ့သည့္လုပ္ငန္း၇ခုအနက္၅ခုကိုျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ကတိုက္႐ိုက္ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး၊ရန္ကုန္တိုင္းႏွင့္တနသၤာရီတိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီတို႔က ၁ခုဆီခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၂၀-၂၁ ဘ႑ာႏွစ္ေအာက္တိုဘာ၁ရက္မွႏိုဝင္ဘာ ၂၅ရက္ေန႔အထိႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၄ခုကိုခြင့္ျပဳေပးခဲ့ၿပီးရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာပမာဏ ၁၉၉ဒသမ ၇၅၆သန္း႐ွိေၾကာင္းသိရသည္။

ထို႔အျပင္အထူးစီးပြားေရးဇုန္ဥပေဒအရ၂၀၂၀-၂၁ ဘ႑ာႏွစ္ေအာက္တိုဘာ ၁ရက္မွႏိုဝင္ဘာ ၂၅ရက္အထိရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ျခင္းအပါအဝင္စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာအေမရိကန္ေဒၚလာ၉ ဒသမ ၈၆၀သန္း႐ွိေၾကာင္းဦးသန္႔စင္လြင္က ဆိုသည္။

ထို႔ေၾကာင့္ယခုဘ႑ႏွစ္ႏွစ္လအတြင္းႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏစုစုေပါင္းမွာ၂၀၉ဒသမ၆၁၆သန္းျဖစ္ေၾကာင္း၎ကဆက္လက္ေျပာၾကားသည္။

ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈမွာေတာ့လုပ္ငန္း ၃ခုကိုခြင့္ျပဳေပးခဲ့ၿပီးလုပ္ငန္းအားလုံးကိုျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ကသာခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

လုပ္ငန္း ၃ခုမွာေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑ ၁ခု၊အျခားက႑၁ခုႏွင့္စက္မႈက႑ ၁ခုတို႔ျဖစ္ၿပီးရင္းႏွီးျမႇဳပ္ႏွံမႈပမာဏက်ပ္သန္းေပါင္း ၆၈၉၇ ဒသမ ၇ သန္းျဖစ္ေၾကာင္းသိရသည္။

ယခုဘ႑ာႏွစ္ႏွစ္လအတြင္းႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ၁၇ခုကိုခြင့္ျပဳေပးခဲ့ၿပီးရင္းႏွီးျမႇဳပ္ႏွံမႈပမာဏအေမရိကန္ေဒၚလာ ၁၈ဒသမ ၄၂၉ သန္းႏွင့္က်ပ္သန္းေပါင္း ၆၉၈၆၀ ဒသမ၀ ၁၉သန္းျဖစ္ေၾကာင္း ဦးသန္႔စင္လြင္ကေျပာသည္။

ထို႔အျပင္ ျမန္မာႏိုင္ငံအတြင္းလုပ္ကိုင္ေနေသာအာမခံလုပ္ငန္း၂၄ခုကမတည္ရင္းႏွီးေငြအေမရိကန္ေဒၚလာ ၁၅၂ ဒသမ၁ ၁၇မီလီယံႏွင့္က်ပ္ ၆၇ဒသမ ၃၁၇ဘီလီယံျဖင့္လုပ္ငန္းမ်ားလုပ္ကိုင္ေဆာင္႐ြက္ေနေၾကာင္း၎ကေျပာၾကားခဲ့သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service