ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်တစ်ရပ်သိပ္ပံပညာရှင်များတွေ့ရှိ
ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်တစ်ရပ်သိပ္ပံပညာရှင်များတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
3 Nov 2020 11:05 am တွင် တင်ခဲ့သည်
13081 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မကြာသေးမီကလေ့လာချက်တစ်ခုတွင် သိပ္ပံပညာရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်တစ်ရပ်ကိုတွေ့ရှိခဲ့ကြသည်။
အဆိုပါရောဂါလက္ခဏာကိုကိုဗစ်ခြေချောင်းများ (COVID toes) ဟုအမည်ပေးထားပြီးအဆိုပါလက္ခဏာပြသူတို့၏ ခြေချောင်းကလေးများသည် နီရဲယောင်ယမ်းကာနောက်ဆုံးတွင် ခရမ်းရောင်သို့ ပြောင်းသွားသည်ကိုတွေ့ရှိခဲ့ကြသည်။
နိုင်ငံတကာအရေပြားရောဂါဆိုင်ရာလူ့အဖွဲ့အစည်းအဖွဲ့ချုပ်နှင့် အမေရိကန် အရေပြားရောဂါ အကယ်ဒမီ (International League of Dermatological Societies and the American Academy of Dermatology) မှ သုတေသနပညာရှင်တို့၏ လေ့လာချက်အရကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာသစ်မှာသွေးလည်ပတ်မှုမကောင်းသောကြောင့် (သို့မဟုတ်) အေးသောကြောင့် ခြေလက်ရောင်ယမ်းခြင်း (chilblain-like inflammation) နှင့် ဆင်တူပြီး COVID ကူးစက်ခံရသူ၏ ခြေချောင်းများတွင် လနှင့်ချီကာရောင်ရမ်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် COVID-19 ကူးစက်ခံရပြီးနောက် ရက်သတ္တ ၁ ပတ်မှ ၄ ပတ်အတွင်းအဆိုပါလက္ခဏာပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။
ယခုလေ့လာချက်ကညွှန်ပြသည်မှာအသစ်တွေ့ရှိသောရောဂါလက္ခဏာသစ်သည် အများအားဖြင့် အပျော့စားသာခံစားရလေ့ရှိပြီးရက်သတ္တပတ်အနည်းငယ်အတွင်းပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေ့ရှိသည်ဟုဆို၏။
သို့သော် အဆိုပါရောဂါလက္ခဏာခံစားရသူ ၆ ဦးလျှင် ၁ ဦးမှာCOVID toesရောဂါလက္ခဏာကိုဆေးရုံတက်ကာကုသရန် လိုအပ်လေ့ရှိကြပြီးယင်းအနက် အချို့မှာရောဂါလက္ခဏာကိုလပေါင်းများစွာခံစားရနိုင်ကြောင်းလည်းသုတေသီတို့ကပြောကြားသည်။
အချို့သောလူနာများတွင် COVID-19 ကူးစက်ခံရပြီးနောက် ခြေချောင်းများရောင်ယမ်းမှုခံစားရရာတွင် ကနဦးတွင် နီရဲကာရောင်ယမ်းခြင်းဖြစ်ပြီးနောက်ပိုင်းတွင် ခရမ်းရောင်သို့ ပြောင်းသွားလေ့ရှိကြောင်းInternational COVID-19 Dermatology Registry မှ ဒေါက်တာအက်စ်သာဖရီးမန်းကပြောသည်။
အများစုတွင် အဆိုပါရောဂါလက္ခဏာမှာအပျော့စားသာခံစားရပြီးနောက် အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိကြောင်းဒေါက်တာဖရီးမန်းက ဖြည့်စွက်ပြောကြားသည်။ COVID toesရောဂါလက္ခဏာသည် ပျှမ်းမျှအားဖြင့် ၁၅ ရက်ခန့် ကြာမြင့်လေ့ရှိသည်။
သို့သော် အချို့လူနာများတွင်မူ ၁ လမှ ၂ လအထိခံစားကြရသည့် ဖြစ်ရပ်များလည်းရှိသည်။
(COVID toesလက္ခဏာခံစားရသူလူနာ ၅၀ ရာခိုင်နှုန်းအထိရှိ)
ယခုသုတေသနအရကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောလူနာများ၏ ၅၀ ရာခိုင်နှုန်းခန့်အထိCOVID toesရောဂါလက္ခဏများခံစားကြရသည်ကိုတွေ့ရပြီးယင်းအနက် ၁၆ ရာခိုင်နှုန်းမှာအဆိုပါရောဂါလက္ခဏာအတွက် ဆေးရုံရောက်ကြရသည်။
COVID toesရောဂါလက္ခဏာရှိသူများကိုဖော်ထုတ်နိုင်ခြင်းသည် သိပ္ပံပညာရှင်များအားလူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်သည့် ရောဂါလက္ခဏာများအကြောင်းပိုမိုသိနားလည်အောင် အထောက်အကူဖြစ်ကြောင်းဒေါက်တာဖရီးမန်းကပြောသည်။
Covid-19 ရောဂါလက္ခဏာအရေပြားတွင် ပြသမှုကိုသုတေသနပညာရှင်များကတွေ့ရှိသည်မှာပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ဖရီးမန်းကပြောရာတွင် အရေပြားသည် လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ ပြတင်းပေါက်အဖြစ် ရှုမြင်နိုင်ကြောင်း၊ အရေပြားပေါ်တွင် ရောင်ယမ်းမှုကိုတွေ့ရသည်ဆိုခြင်းမှာ ခန္ဓာကိုယ်တွင်းတစ်နေရာတွင် ယောင်ယမ်းမှုဖြစ်ပေါ်နေသည်ကိုညွှန်ပြခြင်းဖြစ်ကြောင်းပြောကြားသည်။
ယခုတွေ့ရှိချက်မှာအဖျားအနားမျှသာရှိသေးကြောင်း၊ COVID toesလက္ခဏာတွင် ယခုထက်ပိုမိုသည့် အကြောင်းတရားများရှိနေသေးနိုင်ကြောင်းလည်းသူမကဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Scientists Discover Red And Swollen Feet As New 'COVID Toes' Symptom (Republicworld)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service