မြောက်ကိုရီးယားတွင် Covid-19 ကာကွယ်ရန်အတွက် တရုတ်နိုင်ငံသားများဝင်လာလျှင် ပစ်သတ်ရန် အမိန့်ထုတ်ပြန်

မြောက်ကိုရီးယားတွင် Covid-19 ကာကွယ်ရန်အတွက် တရုတ်နိုင်ငံသားများဝင်လာလျှင် ပစ်သတ်ရန် အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
13 Sep 2020 11:35 am တွင် တင်ခဲ့သည်
1300 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြောက်ကိုရီးယား အာဏာပိုင်တို့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများကို ပစ်သတ်ရန် အမိန့်ထုတ်ပြန်ထားကြောင်း တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့များ၏ အကြီးအကဲက ပြောကြားသည်။

ပြည်သူများဆင်းရဲလှသည့်အပြင် ကျန်းမာရေးစနစ် ပြိုလဲနေသော မြောက်ကိုရီးယားတွင် ကူးစက်ရောဂါကြီးဖြစ်ပွားပါက များစွာရုန်းကန် ရမည်ဖြစ်သည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ကာ ကမ္ဘာတဝန်းပျံ့နှံ့နေသည့်တိုင် မြောက်ကိုရီးယားက ကူးစက်လူနာ တစ်ဦးမျှ ရှိကြောင်းပင် အတည်ပြုမထားချေ။

ရောဂါပျံ့ပွားမှုများကို ကာကွယ်ရန်အတွက် မြောက်ကိုရီးယားက တရုတ်နယ်စပ်ကို ယခုနှစ် ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့ပြီး ဇူလိုင်လတွင်ကား အရေးပေါ်အခြေအနေကို အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ကြေညာခဲ့သည်။

တောင်ကိုရီးယားမှ အမေရိကန်တပ်ဖွဲ့များ (US Forces Korea-USFK) ၏ တပ်မှူး ရောဘတ် အေဘရာဟမ်က ပြောကြားရာတွင် နယ်စပ်ပိတ်လိုက်မှုကြောင့် မှောင်ခိုကုန်ပစ္စည်းဝယ်လိုအားမြင့်တက်လာရာ အာဏာပိုင်တို့က ဝင်ရောက်ကိုင်တွယ်လာကြရကြောင်း ပြောကြားသည်။

မြောက်ကိုရီးယား အာဏာပိုင်တို့သည် တရုတ်နယ်စပ်နှင့် ၁ ကီလိုမီတာမှ ၂ ကီလိုမီတာအကြား ဝေးကွာသည့်နေရာတွင် ကြားခံဒေသတစ်ခု (buffer zone) တည်ထောင်ပေးခဲ့ကြောင်း ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ကမကထပြု ကျင်းပသည့် အွန်လိုင်းကွန်ဖရင့်တွင် ရောဘတ် အေဘရာဟမ်က ပြောကြားသည်။

အဆိုပါဇုန်နေရာတွင် မြောက်ကိုရီးယားအထူးတပ်ဖွဲ့ (SOF) များ၊ တိုက်ခိုက်ရေးတပ်ဖွဲ့များ ချထားထားကြောင်း၊ အဆိုပါအဖွဲ့များတွင် ပစ်မိန့် ရရှိထားကြောင်း ရောဘတ် အေဘရာဟမ်က ပြောကြားသည်။

မြောက်ကိုရီးယား၏ အဏုမြူစီမံကိန်းကြောင့် စီးပွားရေးပိတ်ဆို့ အရေးယူထားခြင်းမှာ တရုတ်နယ်စပ်ပိတ်လိုက်ချိန်တွင် ဆိုးကျိုးများ ပိုမိုကျရောက်လာပြီး တရုတ်နိုင်ငံမှ သွင်းကုန်မှာ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ရောဘတ် အေဘရာဟမ်က ဆိုသည်။

မြောက်ကိုရီးယားသည် မေဆက် တိုင်ဖုန်းမုန်တိုင်းဒဏ်ကိုလည်း ခံထားရကာ နိုင်ငံပိုင်သတင်းဌာန၏ ကြေညာချက်အရ နေအိမ်ပေါင်း ၂၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့သော အခြေအနေများကြောင့် မဝေးလွန်းသည့်အနာဂတ်အချိန်အတွင်း မြောက်ကိုရီးယားသည် ရန်လိုသည့် ခြေလှမ်းများ ပြုလုပ်လာဖွယ် မရှိသေးကြောင်း အေဘရာဟမ်က ခန့်မှန်းသည်။

သို့သော် လာမည့်လတွင် ကင်ဂျုံအန်၏ အာဏာရပါတီ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရာတွင် လက်နက်သစ်တစ်မျိုးမျိုး ထုတ်ပြလာဖွယ်ရှိကြောင်းလည်း အေဘရာဟမ်က ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင်မူ မြောက်ကိုရီးယားစစ်တပ်သည် Covid-19 ကာကွယ်ရေးကို အာရုံစိုက်နေကြောင်း အေဘရာဟမ်က ပြောကြားသည်။

သို့သော် CSIS ၏ ဝက်ဘ်ဆိုက်တွင် မြောက်ကိုရီးယားမှ Sinpo South ရေတပ်သင်္ဘောကျင်းတစ်ခု၏ ဂြိုဟ်တုဓာတ်ပုံတစ်ခုကို ဖော်ပြထားသည်။ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းရာတွင် မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောတစ်စင်းမှတဆင့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ် စမ်းသပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သော ကြာသပတေးနေ့တွင် သူ၏ တွစ်တာအကောင့်၌ “ကင်ဂျုံအန် ကျန်းမာရေး ကောင်းပါတယ်။ သူ့ကို ဘယ်တော့မှ လျှော့မတွက်နဲ့” ဟု ရေးသားထားပြီး အကြောင်းတစုံတရာကိုမူ ထရမ့်က ရှင်းလင်းပြောကြားခြင်း မရှိချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  North Korea has issued shoot-to-kill orders to prevent COVID-19 outbreak: US (Deccan)

 

 

[Zawgyi]

ေျမာက္ကိုရီးယားတြင္ Covid-19 ကာကြယ္ရန္အတြက္ တရုတ္ႏိုင္ငံသားမ်ားဝင္လာလွ်င္ ပစ္သတ္ရန္ အမိန္႔ထုတ္ျပန္

ေျမာက္ကိုရီးယား အာဏာပိုင္တို႔က ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ရန္အတြက္ တရုတ္ႏိုင္ငံမွ ဝင္ေရာက္လာသူမ်ားကို ပစ္သတ္ရန္ အမိန္႔ထုတ္ျပန္ထားေၾကာင္း ေတာင္ကိုရီးယားအေျခစိုက္ အေမရိကန္တပ္ဖြဲ႔မ်ား၏ အၾကီးအကဲက ေျပာၾကားသည္။

ျပည္သူမ်ားဆင္းရဲလွသည့္အျပင္ က်န္းမာေရးစနစ္ ျပိဳလဲေနေသာ ေျမာက္ကိုရီးယားတြင္ ကူးစက္ေရာဂါၾကီးျဖစ္ပြားပါက မ်ားစြာရုန္းကန္ ရမည္ျဖစ္သည္။

ေျမာက္ကိုရီးယား၏ အဓိကမဟာမိတ္ျဖစ္ေသာ တရုတ္ႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ စတင္ေပၚေပါက္ကာ ကမၻာတဝန္းပ်ံ ႔ႏွံ႔ေနသည့္တိုင္ ေျမာက္ကိုရီးယားက ကူးစက္လူနာ တစ္ဦးမွ် ရွိေၾကာင္းပင္ အတည္ျပဳမထားေခ်။

ေရာဂါပ်ံ ႔ပြားမႈမ်ားကို ကာကြယ္ရန္အတြက္ ေျမာက္ကိုရီးယားက တရုတ္နယ္စပ္ကို ယခုႏွစ္ ဇန္နဝါရီလကတည္းက ပိတ္ထားခဲ့ျပီး ဇူလိုင္လတြင္ကား အေရးေပၚအေျခအေနကို အျမင့္ဆံုးအဆင့္အျဖစ္ သတ္မွတ္လိုက္ေၾကာင္း ႏိုင္ငံပိုင္သတင္းမီဒီယာက ေၾကညာခဲ့သည္။

ေတာင္ကိုရီးယားမွ အေမရိကန္တပ္ဖြဲ႔မ်ား (US Forces Korea-USFK) ၏ တပ္မွဴး ေရာဘတ္ ေအဘရာဟမ္က ေျပာၾကားရာတြင္ နယ္စပ္ပိတ္လိုက္မႈေၾကာင့္ ေမွာင္ခိုကုန္ပစၥည္းဝယ္လိုအားျမင့္တက္လာရာ အာဏာပိုင္တို႔က ဝင္ေရာက္ကိုင္တြယ္လာၾကရေၾကာင္း ေျပာၾကားသည္။

ေျမာက္ကိုရီးယား အာဏာပိုင္တို႔သည္ တရုတ္နယ္စပ္ႏွင့္ ၁ ကီလိုမီတာမွ ၂ ကီလိုမီတာအၾကား ေဝးကြာသည့္ေနရာတြင္ ၾကားခံေဒသတစ္ခု (buffer zone) တည္ေထာင္ေပးခဲ့ေၾကာင္း ဝါရွင္တန္ရွိ မဟာဗ်ဴဟာႏွင့္ ႏိုင္ငံတကာေလ့လာေရးဌာန (CSIS) က ကမကထျပဳ က်င္းပသည့္ အြန္လိုင္းကြန္ဖရင့္တြင္ ေရာဘတ္ ေအဘရာဟမ္က ေျပာၾကားသည္။

အဆိုပါဇုန္ေနရာတြင္ ေျမာက္ကိုရီးယားအထူးတပ္ဖြဲ႔ (SOF) မ်ား၊ တိုက္ခိုက္ေရးတပ္ဖြဲ႔မ်ား ခ်ထားထားေၾကာင္း၊ အဆိုပါအဖြဲ႔မ်ားတြင္ ပစ္မိန္႔ ရရွိထားေၾကာင္း ေရာဘတ္ ေအဘရာဟမ္က ေျပာၾကားသည္။

ေျမာက္ကိုရီးယား၏ အဏုျမဴစီမံကိန္းေၾကာင့္ စီးပြားေရးပိတ္ဆို႔ အေရးယူထားျခင္းမွာ တရုတ္နယ္စပ္ပိတ္လိုက္ခ်ိန္တြင္ ဆိုးက်ဳိးမ်ား ပိုမိုက်ေရာက္လာျပီး တရုတ္ႏိုင္ငံမွ သြင္းကုန္မွာ ၈၅ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ေရာဘတ္ ေအဘရာဟမ္က ဆိုသည္။

ေျမာက္ကိုရီးယားသည္ ေမဆက္ တိုင္ဖုန္းမုန္တိုင္းဒဏ္ကိုလည္း ခံထားရကာ ႏိုင္ငံပိုင္သတင္းဌာန၏ ေၾကညာခ်က္အရ ေနအိမ္ေပါင္း ၂၀၀၀ ခန္႔ ပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္သည္။

ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ မေဝးလြန္းသည့္အနာဂတ္အခ်ိန္အတြင္း ေျမာက္ကိုရီးယားသည္ ရန္လုိသည့္ ေျခလွမ္းမ်ား ျပဳလုပ္လာဖြယ္ မရွိေသးေၾကာင္း ေအဘရာဟမ္က ခန္႔မွန္းသည္။

သို႔ေသာ္ လာမည့္လတြင္ ကင္ဂ်ံဳအန္၏ အာဏာရပါတီ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ က်င္းပရာတြင္ လက္နက္သစ္တစ္မ်ဳိးမ်ဳိး ထုတ္ျပလာဖြယ္ရွိေၾကာင္းလည္း ေအဘရာဟမ္က ခန္႔မွန္းထားသည္။

လက္ရွိအခ်ိန္တြင္မူ ေျမာက္ကိုရီးယားစစ္တပ္သည္ Covid-19 ကာကြယ္ေရးကို အာရံုစိုက္ေနေၾကာင္း ေအဘရာဟမ္က ေျပာၾကားသည္။

သို႔ေသာ္ CSIS ၏ ဝက္ဘ္ဆိုက္တြင္ ေျမာက္ကိုရီးယားမွ Sinpo South ေရတပ္သေဘၤာက်င္းတစ္ခု၏ ျဂိဳဟ္တုဓာတ္ပံုတစ္ခုကို ေဖာ္ျပထားသည္။ ကၽြမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္းရာတြင္ ေျမာက္ကိုရီးယားသည္ ေရငုပ္သေဘၤာတစ္စင္းမွတဆင့္ ပဲ့ထိန္းဒံုးက်ည္ပစ္လႊတ္ စမ္းသပ္ရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သံုးသပ္ၾကသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ သူ၏ တြစ္တာအေကာင့္၌ “ကင္ဂ်ံဳအန္ က်န္းမာေရး ေကာင္းပါတယ္။ သူ႔ကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္နဲ႔” ဟု ေရးသားထားျပီး အေၾကာင္းတစံုတရာကိုမူ ထရမ့္က ရွင္းလင္းေျပာၾကားျခင္း မရွိေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: North Korea has issued shoot-to-kill orders to prevent COVID-19 outbreak: US (Deccan)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service