ထရမ့်က ဖို့ဒ်မော်တော်ကားစက်ရုံကို လှည့်လည်ကြည့်ရှုရာတွင် ပြည်နယ်အမိန့်ကို အံတုကာ mask မတပ်ဘဲ လှည့်လည်ကြည့်ရှု၊ ပြည်နယ်ရှေ့နေချုပ်က mask မတပ်လျှင် နောက်တစ်ခါမလာရန် ပြောကြား

ထရမ့်က ဖို့ဒ်မော်တော်ကားစက်ရုံကို လှည့်လည်ကြည့်ရှုရာတွင် ပြည်နယ်အမိန့်ကို အံတုကာ mask မတပ်ဘဲ လှည့်လည်ကြည့်ရှု၊ ပြည်နယ်ရှေ့နေချုပ်က mask မတပ်လျှင် နောက်တစ်ခါမလာရန် ပြောကြား - Property News in Myanmar from iMyanmarHouse.com
22 May 2020 12:34 pm တွင် တင်ခဲ့သည်
1307 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်ရှိ Ford Motor ကုမ္ပဏီ၏ မော်တော်ကားစက်ရုံကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ပြည်နယ်အတွင်း မဖြစ်မနေ mask တပ်ရမည်ဟူ၍ ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည့်အမိန့်ကို အံတုကာ mask မတပ်ဘဲ လှည့်လည်ကြည့်ရှုခဲ့သည်။ Ford Motor ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဌက ထရမ့်ကို mask တပ်ရန် တောင်းဆိုခဲ့သော်လည်း mask မတပ်ဘဲ လှည့်လည်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ထရမ့်က ပြောကြားရာတွင် စက်ရုံနောက်ဘက်တွင်ရှိနေစဉ် mask တပ်ခဲ့ကြောင်း ပြောကြားကာ သမ္မတ၏တံဆိပ်နှိပ်ထားသည့် ရေတပ်ပြာရောင် mask တစ်ခုကို ပြသခဲ့သည်။

သတင်းမီဒီယာများရှေ့တွင်မူ mask တပ်လျက် တွေ့မြင်ခွင့်ပေးမည်မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားသည်။

“နောက်ဘက်မှာတုန်းက ကျွန်တော် mask တပ်ပါတယ်။ သတင်းမီဒီယာတွေကိုတော့ ဒါကိုတွေ့မြင်အရသာခံခွင့် မပေးချင်ပါဘူး။ ကျွန်တော့်မှာ လေကာမျက်မှန်ကော mask ကော ရှိပါတယ်” ဟု ဖို့ဒ် ကုမ္ပဏီ၏ Rawsonville Components Plant ကို လှည့်လည်ကြည့်ရှုစဉ် ထရမ့်က ပြောကြားသည်။

သမ္မတ ထရမ့်က mask တပ်ထားချိန်တွင် ဓာတ်ပုံရိုက်ခြင်းကို သဘောမတူချေ။ ၎င်းအနေဖြင့် lockdown ကို ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးကြိုးပမ်းနေချိန်တွင် ထိုသို့ဓာတ်ပုံရိုက်လိုက်လျှင် သတင်းစကားအမှား ပေးသကဲ့သို့ဖြစ်မည်ဖြစ်ကြောင်း ထရမ့်က ပြောသည်ဟုဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၅၈ သန်း ရှိနေပြီဖြစ်ပြီး လူပေါင်း ၁၀၀၀၀၀ နီးပါး သေဆုံးခဲ့ရပြီ ဖြစ်သည်။

ထရမ့်သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစဉ်တွင် ပလတ်စတစ်မျက်နှာအကာ တစ်ခုနှင့်မူ ဓာတ်ပုံအရိုက်ခံခဲ့သေးသည်။

ဖို့ဒ်၏ မော်တော်ကားစက်ရုံမှာ လက်ရှိအားဖြင့် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးမည့် အသက်ရှူစက် (Ventilator) များ ထုတ်လုပ်လျက်ရှိသည်။

အများပြည်သူနေရာများနှင့် ပိတ်လှောင်နေသော ရုံးခန်းနှင့် အလုပ်နေရာများတွင် မဖြစ်မနေ mask တပ်ရမည်ဟူ၍ ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာပါက နောက်ထပ်မလာရန် မီချီဂန်ပြည်နယ် ရှေ့နေချုပ်က ပြောကြားသည်။

အဆိုပါခရီးစဉ်အပြီး ဖို့ဒ် ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ အမှုဆောင်ဥက္ကဌက ထရမ့်အား mask တပ်ရန် တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်သည်။

ပြည်နယ်ရှေ့နေချုပ်ကမူ ထရမ့်သည် သူ၏ခရီးစဉ်အတွင်း mask မတပ်ခဲ့ပါက ဖို့ဒ် ကုမ္ပဏီကို တရားစွဲမည်ဟု ခြိမ်းခြောက်ထားသည်။

“ကုမ္ပဏီအမှုဆောင်ဥက္ကဌ Bill Ford သည် သမ္မတထရမ့်ရောက်ရှိလာချိန်တွင် mask တပ်ပါရန် တိုက်တွန်းခဲ့ပါသည်။ သမ္မတသည် ဖို့ဒ် ကုမ္ပဏီ ယခင်နှစ်များက ထုတ်လုပ်ခဲ့သည့် Ford GT များကို ကြည့်ရှုချိန်တွင် mask တပ်ထားခဲ့ပါသည်။ ယင်းနောက် လှည့်လည်ကြည့်ရှုသည့် ကျန်အချိန်များတွင်မူ mask ကို ဖယ်ရှားခဲ့ပါသည်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မီချီဂန်ပြည်နယ် ရှေ့နေချုပ် Dana Nessel က CNN သတင်းဌာနသို့ ပြောကြားရာတွင် “သူဟာ စည်းကမ်းလိုက်နာဖို့ ဂျစ်ကန်ကန်လုပ်နေတဲ့ စိတ်ကောက်တတ်တဲ့ ကလေးတစ်ယောက်ပါပဲရှင်။ ဒါက ပြက်လုံးတစ်ခု မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ထရမ့်က ပြောကြားရာတွင် mask တပ်ခြင်း၊ မတပ်ခြင်းမှာ မိမိ၏ ကိုယ်ပိုင်ရွေးချယ်ခွင့်ဖြစ်ကြောင်း ပြောကြားသည်။

ထရမ့်သည် စက်ရုံကိုလှည့်လည်ကြည့်ရှုစစ်ဆေးချိန်အတွင်း mask ကို လက်အတွင်း လုံးထွေးကာ ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Donald Trump brandishes a personalized POTUS mask but REFUSES to wear it in public as he defies Ford boss asking him to put it on for factory tour - then claims he DID cover up out of public view (Daily Mail)

[Zawgyi]

ထရမ့္က ဖို႔ဒ္ေမာ္ေတာ္ကားစက္ရံုကို လွည့္လည္ၾကည့္ရႈရာတြင္ ျပည္နယ္အမိန္႔ကို အံတုကာ mask မတပ္ဘဲ လွည့္လည္ၾကည့္ရႈ၊ ျပည္နယ္ေရွ ႔ေနခ်ဳပ္က mask မတပ္လွ်င္ ေနာက္တစ္ခါမလာရန္ ေျပာၾကား

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အေမရိကန္ျပည္ေထာင္စု၊ မီခ်ီဂန္ျပည္နယ္ရွိ Ford Motor ကုမၸဏီ၏ ေမာ္ေတာ္ကားစက္ရံုကို လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ရာတြင္ ျပည္နယ္အတြင္း မျဖစ္မေန mask တပ္ရမည္ဟူ၍ ျပည္နယ္အစိုးရက ထုတ္ျပန္ထားသည့္အမိန္႔ကို အံတုကာ mask မတပ္ဘဲ လွည့္လည္ၾကည့္ရႈခဲ့သည္။ Ford Motor ကုမၸဏီ၏ အမႈေဆာင္ဥကၠဌက ထရမ့္ကို mask တပ္ရန္ ေတာင္းဆိုခဲ့ေသာ္လည္း mask မတပ္ဘဲ လွည့္လည္ၾကည့္ရႈခဲ့ျခင္း ျဖစ္သည္။

ထရမ့္က ေျပာၾကားရာတြင္ စက္ရံုေနာက္ဘက္တြင္ရွိေနစဥ္ mask တပ္ခဲ့ေၾကာင္း ေျပာၾကားကာ သမၼတ၏တံဆိပ္ႏွိပ္ထားသည့္ ေရတပ္ျပာေရာင္ mask တစ္ခုကို ျပသခဲ့သည္။

သတင္းမီဒီယာမ်ားေရွ ႔တြင္မူ mask တပ္လ်က္ ေတြ႔ျမင္ခြင့္ေပးမည္မဟုတ္ေၾကာင္းလည္း ထရမ့္က ေျပာၾကားသည္။

“ေနာက္ဘက္မွာတုန္းက ကၽြန္ေတာ္ mask တပ္ပါတယ္။ သတင္းမီဒီယာေတြကိုေတာ့ ဒါကိုေတြ႔ျမင္အရသာခံခြင့္ မေပးခ်င္ပါဘူး။ ကၽြန္ေတာ့္မွာ ေလကာမ်က္မွန္ေကာ mask ေကာ ရွိပါတယ္” ဟု ဖို႔ဒ္ ကုမၸဏီ၏ Rawsonville Components Plant ကို လွည့္လည္ၾကည့္ရႈစဥ္ ထရမ့္က ေျပာၾကားသည္။

သမၼတ ထရမ့္က mask တပ္ထားခ်ိန္တြင္ ဓာတ္ပံုရိုက္ျခင္းကို သေဘာမတူေခ်။ ၎အေနျဖင့္ lockdown ကို ျပန္လည္ဖြင့္လွစ္ရန္ တြန္းအားေပးၾကိဳးပမ္းေနခ်ိန္တြင္ ထိုသို႔ဓာတ္ပံုရိုက္လိုက္လွ်င္ သတင္းစကားအမွား ေပးသကဲ့သို႔ျဖစ္မည္ျဖစ္ေၾကာင္း ထရမ့္က ေျပာသည္ဟုဆိုသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁ ဒသမ ၅၈ သန္း ရွိေနျပီျဖစ္ျပီး လူေပါင္း ၁၀၀၀၀၀ နီးပါး ေသဆံုးခဲ့ရျပီ ျဖစ္သည္။

ထရမ့္သည္ စက္ရံုအတြင္း လွည့္လည္ၾကည့္ရႈစဥ္တြင္ ပလတ္စတစ္မ်က္ႏွာအကာ တစ္ခုႏွင့္မူ ဓာတ္ပံုအရိုက္ခံခဲ့ေသးသည္။

ဖို႔ဒ္၏ ေမာ္ေတာ္ကားစက္ရံုမွာ လက္ရွိအားျဖင့္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ကုသမႈေပးမည့္ အသက္ရွဴစက္ (Ventilator) မ်ား ထုတ္လုပ္လ်က္ရွိသည္။

အမ်ားျပည္သူေနရာမ်ားႏွင့္ ပိတ္ေလွာင္ေနေသာ ရံုးခန္းႏွင့္ အလုပ္ေနရာမ်ားတြင္ မျဖစ္မေန mask တပ္ရမည္ဟူ၍ ျပည္နယ္အစိုးရက ထုတ္ျပန္ထားသည့္အမိန္႔ကို မလိုက္နာပါက ေနာက္ထပ္မလာရန္ မီခ်ီဂန္ျပည္နယ္ ေရွ ႔ေနခ်ဳပ္က ေျပာၾကားသည္။

အဆိုပါခရီးစဥ္အျပီး ဖို႔ဒ္ ကုမၸဏီက ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့ရာ အမႈေဆာင္ဥကၠဌက ထရမ့္အား mask တပ္ရန္ ေတာင္းဆိုခဲ့ေၾကာင္း ထုတ္ျပန္သည္။

ျပည္နယ္ေရွ ႔ေနခ်ဳပ္ကမူ ထရမ့္သည္ သူ၏ခရီးစဥ္အတြင္း mask မတပ္ခဲ့ပါက ဖို႔ဒ္ ကုမၸဏီကို တရားစြဲမည္ဟု ျခိမ္းေျခာက္ထားသည္။

“ကုမၸဏီအမႈေဆာင္ဥကၠဌ Bill Ford သည္ သမၼတထရမ့္ေရာက္ရွိလာခ်ိန္တြင္ mask တပ္ပါရန္ တိုက္တြန္းခဲ့ပါသည္။ သမၼတသည္ ဖို႔ဒ္ ကုမၸဏီ ယခင္ႏွစ္မ်ားက ထုတ္လုပ္ခဲ့သည့္ Ford GT မ်ားကို ၾကည့္ရႈခ်ိန္တြင္ mask တပ္ထားခဲ့ပါသည္။ ယင္းေနာက္ လွည့္လည္ၾကည့္ရႈသည့္ က်န္အခ်ိန္မ်ားတြင္မူ mask ကို ဖယ္ရွားခဲ့ပါသည္” ဟု ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

မီခ်ီဂန္ျပည္နယ္ ေရွ ႔ေနခ်ဳပ္ Dana Nessel က CNN သတင္းဌာနသို႔ ေျပာၾကားရာတြင္ “သူဟာ စည္းကမ္းလိုက္နာဖို႔ ဂ်စ္ကန္ကန္လုပ္ေနတဲ့ စိတ္ေကာက္တတ္တဲ့ ကေလးတစ္ေယာက္ပါပဲရွင္။ ဒါက ျပက္လံုးတစ္ခု မဟုတ္ပါဘူး” ဟု ေျပာၾကားသည္။

ထရမ့္က ေျပာၾကားရာတြင္ mask တပ္ျခင္း၊ မတပ္ျခင္းမွာ မိမိ၏ ကိုယ္ပိုင္ေရြးခ်ယ္ခြင့္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထရမ့္သည္ စက္ရံုကိုလွည့္လည္ၾကည့္ရႈစစ္ေဆးခ်ိန္အတြင္း mask ကို လက္အတြင္း လံုးေထြးကာ ဆုပ္ကိုင္ထားသည္ကို ေတြ႔ရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Donald Trump brandishes a personalized POTUS mask but REFUSES to wear it in public as he defies Ford boss asking him to put it on for factory tour - then claims he DID cover up out of public view (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service