ရုရှားအစိုးရနှင့် ဆက်နွှယ်နေသော ဟက်ကာတို့က ဗြိတိသျှ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲခန်းမှ ဆေးစမ်းသပ်မှု မှတ်တမ်းရာပေါင်းများစွာကို ခိုးယူ
ရုရှားအစိုးရနှင့် ဆက်နွှယ်နေသော ဟက်ကာတို့က ဗြိတိသျှ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲခန်းမှ ဆေးစမ်းသပ်မှု မှတ်တမ်းရာပေါင်းများစွာကို ခိုးယူ - Property News in Myanmar from iMyanmarHouse.com
11 May 2020 12:00 pm တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် ပြုလုပ်ခဲ့သော ဆေးဝါးစမ်းသပ်မှုတွင် ပါဝင်ခဲ့သော ဗြိတိန်နိုင်ငံသား ရာပေါင်းများစွာ၏ အသေးစိတ်အချက်အလက်များ ပါဝင်သည့် ထိပ်တန်းလျှို့ဝှက် အချက်အလက်များကို covid-19 ဓာတ်ခွဲခန်းတွင် ထားရှိရာ ရုရှားအစိုးရနှင့် ဆက်နွှယ်နေသော ဟက်ကာတို့၏ ခိုးယူမှုခံလိုက်ရသည်။
ယခုကဲ့သို့ အွန်လိုင်းမှ တိုက်ခိုက်ခံရခြင်းအပေါ် ထောက်လှမ်းရေးအသိုက်အဝန်းက များစွာအံ့အားသင့်ခဲ့ကြပြီး ဝန်ကြီးချုပ်၏ ဒေါင်းနင်းလမ်း၊ အမှတ် ၁၀ ရုံးတွင် ရတက်မအေးမှုများ မြင့်တက်နေသည်။
ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်နေသော ဗြိတိသျှအင်စတီကျူးရှင်းများအပေါ် ရှုတ်ချဖွယ် တိုက်ခိုက်လာခြင်းများ၏ နောက်ကွယ်တွင် ရုရှား၊ အီရန်တို့နှင့် ဆက်နွှယ်နေသော ဟက်ကာများရှိနေကြောင်း Daily Mail သတင်းစာတွင် ပြီးခဲ့သော ရက်သတ္တပတ်ကလည်း ဖော်ပြခဲ့သည်။
အဆိုပါသတင်းကို သတင်းစာတွင်ဖော်ပြပြီး ၂ ရက်အကြာတွင် ထောက်လှမ်းရေးက တရားဝင်လမ်းညွှန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် သုတေသနဓာတ်ခွဲခန်းများအနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်မျိုးကို မိမိတို့ကိုယ်တိုင်ကာကွယ်ကြရန် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ယနေ့တွင်ကား အွန်လိုင်းတိုက်ပွဲ၏ ပြင်းထန်မှုအတိုင်းအတာကို ဖော်ထုတ်နိုင်ခဲ့ရာ ထောက်လှမ်းရေးအသိုက်အဝန်းမှာ များစွာအံ့အားသင့်ခဲ့ကြသည့်အပြင် ဝန်ကြီးချုပ်ရုံးတွင်လည်း ရတက်မအေးမှုများ မြင့်တက်လာသည်။
ဆေးဝါးနှင့် ကာကွယ်ဆေးများ စမ်းသပ်မှု ပြုလုပ်သည့် လန်ဒန်မြို့အနောက်ဘက်ရှိ ဆေးဘက်အဆောက်အအုံတစ်ခုမှာ မတ်လ အတွင်းက ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး ဟက်ကာတို့က အချက်အလက်များခိုးယူခြင်း ခံခဲ့ရသည်။
Hammersmith Medical Research (HMR) က ထုတ်ဖော်ဝန်ခံရာတွင် scan ဖတ်ထားသည့် သမိုင်းဝင်ပတ်စ်ပို့ဓာတ်ပုံများ၊ အမျိုးသား အာမခံကတ်များနှင့် ဗီဇာစာရွက်စာတမ်းများ၊ လူနာတို့၏ ဓာတ်ပုံများ၊ ကျန်းမာရေး စစ်တမ်းမေးခွန်းများနှင့် ၎င်းတို့၏ကျန်းမာရေးသမိုင်း စာရွက်စာတမ်းများကို မတ်လ ၁၄ ရက်နေ့က ဟက်ကာတို့ ခိုးယူခြင်းခံခဲ့ရကြောင်း ဝန်ခံခဲ့သည်။
The Maze အမည်ရှိ ဟက်ကာအုပ်စုက အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အချို့သော ဆေးဘက်ဆိုင်ရာ မှတ်တမ်းစာရွက်များ ကို dark web တွင် လွှင့်တင်ခြင်းများပင် ပြုလုပ်ခဲ့သေးရာ အဆိုပါဓာတ်ခွဲခန်းက ဗြိတိန် အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာသို့ အကူအညီ တောင်းခံခဲ့ရသည်။
စုံစမ်းချက်များအရ အဆိုပါဟက်ကာအုပ်စုသည် ဂျော်ဂျီယာနိုင်ငံတွင် အခြေစိုက်ပြီး ကရင်မလင်၊ ရုရှား security services တို့နှင့် အဆက်အသွယ်များရှိသည်။
ပေါင် ၂ သန်းပေးလျှင် အချက်အလက်များ ပြန်ပေးမည်ဟု ဟက်ကာတို့က ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kremlin-linked cyber hackers steal hundreds of medical trial records from British coronavirus lab (Daily Mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Magical World Apartment
Emerald Bay Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service