အိန္ဒိယနှင့် အီတလီကဲ့သို့ဖြစ်မည်စိုးသောကြောင့် lockdown ချရန် တင်ပြမှုကို အင်ဒိုနီးရှားသမ္မတ ပယ်ချ

အိန္ဒိယနှင့် အီတလီကဲ့သို့ဖြစ်မည်စိုးသောကြောင့် lockdown ချရန် တင်ပြမှုကို အင်ဒိုနီးရှားသမ္မတ ပယ်ချ - Property News in Myanmar from iMyanmarHouse.com
1 Apr 2020 1:05 pm တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများပြားလာခြင်းကြောင့် lockdown ချရန် တောင်းဆိုသံများ ကျယ်လောင်လာသော်လည်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တစ်နိုင်ငံလုံး lockdown (သို့မဟုတ်) ပြည်နယ်အလိုက် lockdown ချရန် ငြင်းပယ်လိုက်သည်။

သမ္မတ ဝီဒိုဒိုက လူမှုရေးဆိုင်ရာ တင်းကျပ်မှုများ ကြီးမားစွာပြုလုပ်ရန် မတ်လ ၃၀ ရက်က အမိန့်ပေးလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် အရပ်ဘက် အရေးပေါ်မူဝါဒများ အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာသည် Covid-19 ပြန့်ပွားရာဗဟိုချက်ဖြစ်နေခြင်းကြောင့် ပြည်နယ်ကို ဒေသဇုန် quarantine (သို့မဟုတ်) ပြည်နယ် lockdown ချမှတ်ရန် သမ္မတထံတောင်းဆိုခဲ့သည်ဟုဆိုသည်။

သို့သော် lockdown ချမှတ်မှုအားလုံးကို ဆုံးဖြတ်နိုင်သည့် ဗဟိုအစိုးရက အဆိုပါတောင်းဆိုချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖက်ဂျရို ရက်ချ်မန်က ပြောကြားရာတွင် သမ္မတက lockdown ချရန်အစား လူမှုရေးတင်းကြပ်မှုများ ကြီးမားစွာပြုလုပ်သွားရန်သာ ဆုံးဖြတ်ခဲ့ကြောင်း၊ အခြားတိုင်းပြည်များတွင် lockdown ချလိုက်ခြင်း၏ အကျိုးဆက်အဖြစ် ပရမ်းပတာ အခြေအနေများ မကြုံရစေရန် ဖြစ်ကြောင်း ပြောကြားသည်။

အိန္ဒိယသည် ပြီးခဲ့သော ရက်သတ္တပတ်မှ စတင်ပြီး တစ်နိုင်ငံလုံးကို ၂၁ ရက် lockdown ချမှတ်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ဝရုန်းသုန်းကား အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆင်းရဲသားပြည်သူများမှာ အလုပ်ပြုတ်မည့်အခြေအနေ၊ ငတ်မွတ်မည့်ဘေးတို့နှင့် ရင်ဆိုင်ရမည့် အန္တရာယ်များ ကြုံလာရသည်။ အလုပ်အတွက် အပြင်ထွက်သူများကို ရဲတပ်ဖွဲ့က တားဆီးရိုက်နှက်ခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံး lockdown ချမှတ်မှု စတုတ္ထပတ်အတွင်း ဝင်ရောက်လာပြီဖြစ်သည့် အီတလီတွင် အနည်းဆုံး အီစတာပွဲတော်ကာလအထိ lockdown ချမှတ်ကာလကို သက်တမ်းတိုးသွားရန် စီစဉ်နေရာ ပရမ်းပတာအခြေအနေများ ထပ်မံဖြစ်ပေါ်လာဦးမည့် အလားအလာပင် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coconut Jakarta

 

### Zawgyi Version ###

အိႏၵိယႏွင့္ အီတလီကဲ့သို႔ျဖစ္မည္စိုးေသာေၾကာင့္ lockdown ခ်ရန္ တင္ျပမႈကို အင္ဒိုနီးရွားသမၼတ ပယ္ခ်

အင္ဒိုနီးရွားတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူမ်ားျပားလာျခင္းေၾကာင့္ lockdown ခ်ရန္ ေတာင္းဆိုသံမ်ား က်ယ္ေလာင္လာေသာ္လည္း အင္ဒိုနီးရွားသမၼတ ဂ်ိဳကို ဝီဒိုဒိုက တစ္ႏိုင္ငံလုံး lockdown (သို႔မဟုတ္) ျပည္နယ္အလိုက္ lockdown ခ်ရန္ ျငင္းပယ္လိုက္သည္။

သမၼတ ဝီဒိုဒိုက လူမႈေရးဆိုင္ရာ တင္းက်ပ္မႈမ်ား ႀကီးမားစြာျပဳလုပ္ရန္ မတ္လ ၃၀ ရက္က အမိန႔္ေပးလိုက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ အရပ္ဘက္ အေရးေပၚမူဝါဒမ်ား အေကာင္အထည္ေဖာ္သြားမည္ဟု ဆိုသည္။

အင္ဒိုနီးရွားႏိုင္ငံ၏ ၿမိဳ႕ေတာ္ ဂ်ကာတာသည္ Covid-19 ျပန႔္ပြားရာဗဟိုခ်က္ျဖစ္ေနျခင္းေၾကာင့္ ျပည္နယ္ကို ေဒသဇုန္ quarantine (သို႔မဟုတ္) ျပည္နယ္ lockdown ခ်မွတ္ရန္ သမၼတထံေတာင္းဆိုခဲ့သည္ဟုဆိုသည္။

သို႔ေသာ္ lockdown ခ်မွတ္မႈအားလုံးကို ဆုံးျဖတ္ႏိုင္သည့္ ဗဟိုအစိုးရက အဆိုပါေတာင္းဆိုခ်က္ကို ျငင္းပယ္လိုက္ျခင္း ျဖစ္သည္။

သမၼတ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဖက္ဂ်႐ို ရက္ခ်္မန္က ေျပာၾကားရာတြင္ သမၼတက lockdown ခ်ရန္အစား လူမႈေရးတင္းၾကပ္မႈမ်ား ႀကီးမားစြာျပဳလုပ္သြားရန္သာ ဆုံးျဖတ္ခဲ့ေၾကာင္း၊ အျခားတိုင္းျပည္မ်ားတြင္ lockdown ခ်လိုက္ျခင္း၏ အက်ိဳးဆက္အျဖစ္ ပရမ္းပတာ အေျခအေနမ်ား မႀကဳံရေစရန္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အိႏၵိယသည္ ၿပီးခဲ့ေသာ ရက္သတၱပတ္မွ စတင္ၿပီး တစ္ႏိုင္ငံလုံးကို ၂၁ ရက္ lockdown ခ်မွတ္ခဲ့ရာ တစ္ႏိုင္ငံလုံးတြင္ ဝ႐ုန္းသုန္းကား အေျခအေနမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ဆင္းရဲသားျပည္သူမ်ားမွာ အလုပ္ျပဳတ္မည့္အေျခအေန၊ ငတ္မြတ္မည့္ေဘးတို႔ႏွင့္ ရင္ဆိုင္ရမည့္ အႏၲရာယ္မ်ား ႀကဳံလာရသည္။ အလုပ္အတြက္ အျပင္ထြက္သူမ်ားကို ရဲတပ္ဖြဲ႕က တားဆီး႐ိုက္ႏွက္ျခင္းမ်ားလည္း ျဖစ္ေပၚခဲ့သည္။

တစ္ႏိုင္ငံလုံး lockdown ခ်မွတ္မႈ စတုတၳပတ္အတြင္း ဝင္ေရာက္လာၿပီျဖစ္သည့္ အီတလီတြင္ အနည္းဆုံး အီစတာပြဲေတာ္ကာလအထိ lockdown ခ်မွတ္ကာလကို သက္တမ္းတိုးသြားရန္ စီစဥ္ေနရာ ပရမ္းပတာအေျခအေနမ်ား ထပ္မံျဖစ္ေပၚလာဦးမည့္ အလားအလာပင္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coconut Jakarta

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service