ပစ္စည်း ခွဲဝေပေးစေလိုမှုတွင် တရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ခြင်း

ပစ္စည်း ခွဲဝေပေးစေလိုမှုတွင် တရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
25 Feb 2019 12:57 pm တွင် တင်ခဲ့သည်
1847 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကျွန်တာ်၏ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးလှတိုးလွင်သည် တွေ့ဆုံလိုကြောင်း မြို့ထဲရုံးခန်းသို့ ကားနှင့်သွားနေရင်းမြေနီကုန်းကို ကျော်လာပြီဖြစ်၍ ဒဂုံမြို့နယ် ၊ မြို့မကျောင်းလမ်းရှိ အိုရီရင့်တယ်ဟောက်စ်သို့ ချိန်းဆိုလိုက်ပါသည်။ ကျွန်တော်ရောက်ပြီး မကြာမီပင် ဦးလှတိုးလွင်ရောက်လာပြီး သူကြိုက်နှစ်သက်သော ဒင်ဆန်းနှင့် အခြားစားဖွယ်ရာများကို မှာကြား၍ စားသောက်ရင်းနှင့် စကားပြောဖြစ်ကြပါသည်။

 ဦးလှတိုးလွင်က “ သူငယ်ချင်းရယ်၊ ပြဿနာကတော့ အမွေကိစ္စပါပဲကွာ။ ကိုယ်တို့မောင်နှမ ရထားတဲ့ အမွေဆိုင်ခြံကို ခွဲဝေပေးဖို့ ဒါမှမဟုတ် မြေတန်ဖိုးတစ်ဝက်ကို ပေးချေးဖို့ ကိုယ့်နှမရဲ့သားတွေက တောင်းဆိုနေလို့ပါ။ အဲဒါကွာ ကိုယ်တို့တွေ အမွေရထားတဲ့ အချိန်နဲ့ဆိုရင်ကြာပြီဖြစ်နေပါတယ်။ ကာလစည်းကမ်းသတ် ဥပဒေပထမဇယားအပိုဒ် ၉၁ နဲ့ အကျုံဝင်မလား ဆိုတာ သိချင်လို့ပါ ”ဟု ပြောပါသည်။ ဦးတိုးလွင်သည် ကျွန်တော်နဲ့အတူ ဥပဒေဘွဲ့ကို ယူခဲ့ကြသူဖြစ်ပြီး ကျွန်တော်ကသာ ရှေ့နေဖြစ်နေပြီး သူကတော့ ကားဝယ်ရောင်း ကုမ္ပဏီထောင်ထားကာ စီးပွားရေးကောင်းမွန်သဖြင့် အဆင်ပြေကြီးပွားနေသူ ဖြစ်ပါသည်။

ထိုအခါ ကျွန်တော်က သူငယ်ချင်းရယ် မင်းလည်း သင်ခဲ့ရဖူးတယ်လေ။ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်းဖြစ်အကြောင်းအရာဟာ ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသ၍ ကာလပတ်လုံးတရားစွဲရန် နေ့စဉ်နှင့်အမျှ အကြောင်းပေါ်ပေါက်နေမည်သာဖြစ်တယ်လေ။ နောက်ပြီး ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားမှာ ပစ္စည်းခွဲဝေပေးစေလိုမှုအတွက် စည်းကမ်းသတ်ကာလနဲ့ ပတ်သက်ပြီး သီးခြားပြဌာန်းချက် ဖော်ပြမထားဘူး။

“ နောက်ပြီး ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားအပိုဒ် ၉၁ မှာ အခြားနည်းပြဌာန်းထားခြင်း မရှိသည့် စာချုပ်စာတမ်းကို ပယ်ဖျက်လိုမှု သို့မဟုတ် ဖယ်ရှားလိုမှုအား တရာလိုက စာချုပ်စာတမ်းကို ဝယ်ဖျက်သော သို့မဟုတ် ပယ်ရှားသော အကြောင်းအရာများကို တရားလိုက သိရသည့်အခါမှစ၍ သုံးနှစ်အတွင်းတရားစွဲဆိုရမယ်လို့ ပြဌာန်းထားပေမယ့် အခုလိုကိစ္စကတော့ မင်းက အကယ်၍ငြင်းဆန်မယ်ဆိုရင် သူတို့အနေနဲ့ တရားစွဲရမှာဖြစ်လို့ ကာလစည်းကမ်းသတ်မကျော်လွန်ဘူးလို့ သုံးသပ်ရမှာပဲ ”

“ ဒါနဲ့ပတ်သက်ပြီး စီရင်ထုံးတစ်ခုရှိသေးတယ် ”

“ အဲဒါကတော့ “ မရှမ်းပါ(၅)နှင့်  ဦးသန်းမြင့်၊ ၁၉၉၀ ပြည့်နှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊စာမျက်နှာ-၈၈ ” မှာ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ တရားစွဲဆိုနိုင်ရန် အကြောင်းသည် နေ့စဉ်ထပ်တလဲလဲပေါ်ပေါက်ပြီး ကာလစည်းကမ်းသတ်ဥပဒေအပိုဒ် ၉၁ အား ကိုးကားဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်မှုမရှိကြောင်း တရားရုံးချုပ်က စီရင်ဆုံးဖြတ်ခဲ့ပါတယ် ”

“ အမှုမှာ လျှောက်ထားခံရသူဦးသန်းမြင့်က ၊ မန္တလေး အရှေ့တောင်မြို့နယ် ၊ စကြာနွယ်စဉ်ရပ်ကွက် ၊ အကွက်နံပါတ် ၆၇၇ ၊ ဦးပိုင်နံပါတ် ၂၀ ၊ စာရင်းပေါက်သည့် မြေကွက်ကို သကြီးဦးဖေက မိမိနှင့် အစ်ကို ဦးသိန်းမောင်တို့ကို ၁၉၅၆ ခုနှစ်က လွှဲပြောင်းပေးခဲ့ကြောင်း ၊ မရှမ်းတို့ (၅)ဦးသည် အစ်ကိုဦးသိန်းမောင်၏သားသမီးများဖြစ်ကြကြောင်း ၊ လျှောက်ထားသူမရှမ်းတို့၏မိခင်က မြေကိုခွဲဝေပေးမည်ဟုပြောသော်လည်း ခွဲမပေးဘဲနေ၍ လျှောက်ထားသူများအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရကြောင်း အဆိုပြုပြီး မန္တလေးတိုင်းတရားရုံးတွင် တရားမကြီးမှုအမှတ် ၂၈၁/၈၉ (အရှေ့တောင်)နဲက စွဲဆိုပါတယ်။ ”

“ မရှမ်းတို့က အခြားချေပချက်များအပြင် ၊ အမှုစွဲဆိုရာ၌ ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ချေပခဲ့၍ အဆိုအချေအရ “ ဤအမှုကို စွဲဆိုရန် ကာလစည်းကမ်းသတ်ကျော်လွန်ပါသလား ” ဟူ၍ ပမာဏငြင်းချက် ထုတ်ပေးခဲ့တယ် ” ။

“ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးနောက် မူလတရားရုံးက ကာလစည်းကမ်းသတ် ကျော်လွန်ခြင်း မရှိသေးကြောင်း တရားလိုဘက်သို့ အသာပေးဖြေဆိုပြီး အမှုကို ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့သဖြင့် မရှမ်းတို့မောင်နှမတစ်စုက မကျေနပ်၍ ဤပြင်ဆင်မှုကိုတင်သွင်းခြင်းဖြစ်ပါတယ် ”

“ ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သညဖြစ်၍ ပစ္စည်းခွဲမပေးသရွေ့ ကာလပတ်လုံး တရားစွဲရန် နေစဉ်နှင့်အမျှအကြောင်းပေါ်ပေါက်နေမည်သာဖြစ်တယ် ၊ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားတွင် ပစ္စည်းခွဲဝေပေးစေလိုမှုအတွက် စည်းကမ်းသတ်ကာလနှင့် ပတ်သက်ပြီး သီးခြားပြဌာန်းချက် ဖော်ပြမထားခြင်း ဖြစ်တယ်”

“ မူလပိုင်ရှင်နှင့် ပူးတွဲပိုင်သူတို့ သေချာသည့်နေ့၌ တရားစွဲဆိုရန် အကြောင်းအရာပေါ်ပေါက်၍ ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း လျှောက်ထားသူ၏ ရှေ့နေတင်ပြချက်မှာ မမှန်ကန်ပါ။တရားလိုက တရားစွဲဆိုရန် အချင်းဖြစ်အောကာင်း အရာသည် တရားပြိုင်တို့က ပစ္စည်ခွဲဝေပေးရန် ငြင်းဆန်သော ၁၇-၇-၈၉ ရက်နေ့တွင်လည်းကောင်း၊ ထို့နေရက် နောက်များတွင်လည်းကောင်း ပေါ်ပေါက်ကြောင်း ဆိုပြုခဲ့ပြီး အမှုကို ၂၇-၇-၈၉ ရက်နေ့တွင် စွဲဆိုခြင်းဖြစ်ရာကာလစည်းကမ်းသတ် မကျော်လွန်သည်မှာ ထင်ရှားတယ် ”

“ သို့သော် မူလတရားရုံးက ကာလစည်းကမ်းသတ် မကျော်လွန်သေးကြောင်းကို ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အပိုဒ် ၉၁ အား ကိုးကားဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မှန်ကန်မှုမရှိသဖြင့် ကာလစည်ကမ်းကမ်းသတ် ဥပဒေ၏ပထမဇယား အပိုဒ် ၉၁ နှင့် အကျုံးဝင်သက်ဆိုင်ကြောင်း၊ ကောက်ယူသုံးသပ်ခြင်းကို ပယ်ဖျက်ပြီးကာလစည်းကမ်းသတ် ကျော်လွန်ခြင်း မရှိကြောင်း ကောက်ယူဆုံးဖြတ်ချက်အား ဆက်လက်အတည်ပြု့အမိန့်ကို တရားရုံးချုပ်မှ ဆုံးဖြတ်ထားပါတယ် ”

“ သူငယ်ချင်းရေ အဲဒီစီရင်ထုံးအတိုင်း ကျင့်သုံးရမှာ ဖြစ်နေလေတော့ မင်းရဲ့တူ၊ တူမတွေကို သူတို့ရမယ့် အမွေဆိုင်ကိစ္စအတွက် မြေကွက်ကို တိုင်းတာပြီးခွဲဝေပေးရင်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ကာလပေါက်ဈေးနဲ့ တစ်ဝက်တန်ဖိုးကို ပေးချေရင်ဖြစ်ဖြစ်လုပ်မှ အဆင်ပြေမှာပါကွာ ” ဟု ပြောလိုက်ရာ ဦးလှတိုးလွင်က “ ကိုယ်ကလည်း ခွဲဝေမပေးဘူးလို့ မပြောပါဘူး။အခုက မြေကွက်ဈေးတွေ ကျဆင်းနေပြီးပြန်ရောင်းချဖို့ရာမှာ မလွယ်ဘူး ဖြစ်နေလို့ပါ ”ဟု အားငယ်သံဖြင့် ပြောပါသည်။

ထိုအခါ ကျွန်ုတော်က “ ဒါဖြင့်လည်း သူငယ်ချင်းတို့ အမွေရတဲ့ ခြံကွက်ကို တိုင်းတာပြီး တစ်ဝက်ကို သူတို့အားခွဲဝေပေးပြီး အမည်ဖောက်ပေးလိုက်ပေါ့ကွား။ သူတို့ဖာသာ ဒီအတိုင်းထားချင်လည်းထား ၊ ဒါမှမဟုတ် ပြန်ရောင်းချင်းလည်း ရောင်းနိုင်တာပေါ့။သူငယ်ချင်းက ငွေကြေးတတ်နိုင်သူဆိုတော့ နှမအတွက်အကုန်အကျခံပေးလိုက်ပါလို့ အကြံပေးပါရစေ ”

“ တစ်ခုတော့ရှိတယ်။ ကိုယ်တို့တစ်တွေ ကျောင်းမှာ သင်ခဲ့ရတဲ့အတိုင်းပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲဝေ မပေးသရွှေ့ကာလပတ်လုံး၊ တရားစွဲဆိုရန်မှာ နေ့စဉ်နှင့်အမျှ အကြောင်းပေါ်ပေါက်နေမှာသာ ဖြစ်တယ်လို့ မှတ်ထားဦးနော် ”ဟု ရယ်မောစွာ ပြောရင်းနှင့် မိမိတို့ကား၊ မိမိတို့မောင်းပြီး လမ်းခွဲထွက်လာပါတော့သည်။

 

Credit:    ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service