ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ

ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jan 2019 12:16 pm တွင် တင်ခဲ့သည်
3872 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဘဏ် မှငွေချေးယူ လိုပါက ဦးစွာငွေချေးယူမည့်ဘဏ်တွင် ဘဏ်ချေးငွေ အတွက် သတ်မှတ် ပုံစံဖြင့် လျှောက်လွှာတင်ရမည်။သက်ဆိုင်ရာဘဏ်ချေးငွေဌာန မန်နေဂျာမှ တစ်ဆင့်အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

စာရွက်စာတမ်းပြည့်စုံမှုနှင့် လုပ်ငန်း အပေါ်မူတည်ပြီးဘဏ်ချေးငွေကို တစ်ပတ်ဆက်ရက်အတွင်းထုတ်ယူနိုင်သည်။

ဘဏ်ချေးငွေ ရယူလိုလျှင် ယေဘုယျအားဖြင့်အောက်ပါအချက်နှစ်ချက် ပြည်စုံရမည်။

၁ ။ ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း

၂ ။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုင်မည့်အာမခံပစ္စည်း

ဘဏ်မှငွေချေးမည်ဆိုပါကသင့်လျော်ကောင်းမွန်သည့် အာမခံပစ္စည်း တစ်ခုခု တင်ပြရပါမည်။ အာမခံပစ္စည်းတန်ဖိုး၏ ၃၀% ခန့်ကိုသာချေးငွေအဖြစ် ထုတ်ပေးသည်။ရာခိုင်နှုန်းသတ်မှတ်ခြင်းကို ဘဏ်၏ ရာဖြတ်နှင့်ဘဏ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည်။

ဘဏ်တွင် တွေ့ရသည့် အာမခံအမျိုးအစားများမှာ -

1. လူပုဂ္ဂိုလ်ဆိုင်ရာ အာမခံ 

2. မရွှေ့မပြောင်းနိုင်သော ပစ္စည်းအာမခံ 

3. ရွှေ့ပြောင်းနိုင်သော ပစ္စည်းအာမခံ

ဥပမာ- စိန်ရွှေရတနာ ၊ မော်တော်ကား၊စက်ပစ္စည်းစသည်အာမခံပစ္စည်းသည်ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင် ၊ ပုသိမ် ၊ မန္တလေးမြို့နှင့်နိုင်ငံတော်သမ္မတက ပြန်တမ်များ ကြော်ငြာပြီးသတ်မှတ်ထားသည့်မြို့များ၌ရှိလျှင် ချေးငွေစာချုပ်အတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရပြီး ၊ချေးငွေစာချုပ်ကို ဘဏ်တွင်သာ ချုပ်ဆိုကြရမည် ဖြစ်ပါသည်။

အကယ်၍အာမခံပစ္စည်းသည် အထက်ဖေါ်ပြပါမြို့များတွင် မပါဝင်ပါက အာမခံပစ္စည်းတည်နေရာ မြို့၏စာချုပ်စာတမ်း၊ မှတ်ပုံတင်ရုံးသွား၍ မှတ်ပုံတင်အရာရှိရှေ့မှောက်တွင် ငွေချေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုရမည်။

ဤအတွက် ချေးငွေ ၁၀၀ အပေါ် ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်သည်။

အာမခံပစ္စည်းသည် ရန်ကုန်မြို.၌ တည်ရှိခြင်းမဟုတ်ပါက အာမခံပစ္စည်း တည်နေရာမြို့သို့ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနှင့် မီးအာမခံတို့ကို ခေါ်ရမည် ဖြစ်သည်။ ၎င်းအတွက် အကြိုအပို့တာဝန်ကို ငွေချေးသူများကတာဝန်ယူ ကြရသည်။ ဘဏ်အနေအထားကိုလိုက်၍ ဘဏ်ရာဖြတ်ကိုသာ ခေါ်ဆိုကြခြင်းလည်း ရှိပါသည်။

ဘဏ်ရှေ့နေကိုခေါ် ခြင်းမှာ သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနှင့် မြေစာရင်းရုံးတို့တွင် ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။ ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းများကို တန်ဖိုးသတ်မှတ် ပေးရန် ဖြစ်သည်။မီးအာမခံမှာ အာမခံအတွက် လုပ်ဆောင်ရန်ဖြစ်သည်။

မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက်တင်ပြရန် လိုအပ်ချက်များ

1. လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။

2. မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁(က) ရှိရမည်။

3. မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင် စာချုပ် ၊မြေပုံ ၊မြေရာဇဝင်၊ ခြောက်လအတွင်း ဆက်စပ်စာချုပ်များ။

4. တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်းလိုင်စင် ၊ company မှတ်ပုံတင်လတ်မှတ် ၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း ၊ ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၎င်းတွင်မိမိပိုင်အိမ်အတွက်လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုက်တာ အဖွဲ.အစည်းအဝေး ဆုံးဖြတ်ချက်။

5. လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ။

6. အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတိုကို မှတ်တမ်းတင်ဓာတ်ပုံ ( ရှေ. ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံ )။

7. လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း။

8. အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံ (မြေပုံ၊ မြေရာဇဝင်)။

9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို မိမိအမှန်တကယ်ပိုင်ဆိုင်ကြောင်း ၊ လွှဲပြောင်းရောင်းချပေါင်းနှံထားခြင်း မရှိကြောင်း တရားသူကြီးထံမှ ကျမ်းကျိန်လွှာ။

10. တခြားလိုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ ၊အိမ်ထောင်စုစာရင်းမိတ္တူသုံးစုံ မှတ်ပုံတင် ) ( company အစည်းအဝေး ဆုံးဖြတ်ချက်) ၊ မှတ်ပုံတင်မိတ္တူ။

11. အဆောက်အအုံမှာ အသစ်ဖြစ်က ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် B.C.C။

ထိုကဲ့သို့ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင်ဘဏ်ရှေ့နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို့ပါရှိရမည်။ အဆိုပါ ဘဏ်ချေးငွေကို အတိုးရော အရင်းပါ တစ်နှစ်အတွင်းပြန်ဆပ်ရသည်။

ဘဏ်တွင်း ငွေသွင်းငွေထုတ်လုပ်ရန်ကြိုတင်ပြုလုပ်ထားရသောစာရင်းရှင်လက်မှတ်မှတစ်ဆင့် ( Current Account )ထုတ်ယူနိုင်ပါသည်။ ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့် လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများရှိနိုင်မည်ဖြစ်ပါသည်။

 

Credit : ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service