စင်္ကာပူတွင် အိမ်ခြံမြေလေလံပွဲများမှ ရောင်းအား ၇ နှစ်ဆက်တိုက် ကျဆင်း

စင်္ကာပူတွင် အိမ်ခြံမြေလေလံပွဲများမှ ရောင်းအား ၇ နှစ်ဆက်တိုက် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 12:57 pm တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် ၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူအိမ်ခြံမြေလေလံပွဲများ၌ စုစုပေါင်း ရောင်းအားသည် ၂၀၁၇ ခုနှစ်အောက် ထက်ဝက်နီးပါး သိသိသာသာပင် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူအိမ်ခြံမြေလေလံပွဲများ၌ စုစုပေါင်းရောင်းအားတန်ဖိုး သည် ၂၀၁၇ ခုနှစ်အောက် ထက်ဝက်နီးပါး လျော့နည်းခဲ့ပြီး ကိန်းဂဏန်းအားဖြင့် စင်္ကာပူဒေါ်လာ ၁၀၁ ဒသမ ၅ သန်းမှ ၅၄ ဒသမ ၁၂ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ယင်းသည် ၂၀၁၂ ခုနှစ်ကတည်းက အနိမ့်ဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု

စီမံခန့်ခွဲရေးကုမ္ပဏီ JLL ၏ အစီရင်ခံစာအသစ်တစ်ရပ်က ဖော်ပြခဲ့သည်။

"ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်း သစ်တွေက ဝယ်လက်တွေကို ဘေးမှာဆက်ထိုင်စေလိုက်ပါတယ်။ အထူးသဖြင့် ၂၀၁၈ ဒုတိယနှစ်ဝက်မှာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေက တခြားဈေးကွက်တွေထက် လူနေအိမ်ခြံမြေဈေးကွက်ကို သိသိသာသာသက်ရောက်မှုရှိစေပါတယ်" ဟု JLL ၏ လေလံပွဲနှင့်ရောင်းအားကဏ္ဍဆိုင်ရာ ခေါင်းဆောင် Mok Sze Sze က ပြောကြားခဲ့သည်။

အကြွေးစနစ်ဖြင့် ရောင်းချထားခဲ့ပြီး အကြွေးပြန်မဆပ်နိုင်သဖြင့် ပြန်လည်သိမ်းယူရသော အိမ်ခြံမြေများ ဈေးကွက်ထဲသို့ ၂၀၁၉ ခုနှစ်အတွင်း ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ပမာဏအားဖြင့် ၂၀၁၈ ခုနှစ်ထက် ၂၀၁၉ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား များပြားလာနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း လေလံတင်ရောင်းခဲ့သည့် အိမ်ခြံမြေစုစုပေါင်း ၃၄ ခု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမူ ၄၄ ခု ရှိခဲ့သည်။ စုစုပေါင်းအိမ်ခြံမြေရောင်းအား စင်္ကာပူ ဒေါ်လာ ၅၄ ဒသမ ၁၂ သန်းတွင် ၈၃ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် စင်္ကာပူဒေါ်လာ ၄၅ ဒသမ ၂၇ သန်းဖိုးသည် လူနေအိမ်ခြံမြေများဖြစ်သည်။

Knight Frank အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ ထုတ်ပြန်သည့် အချက်အလက်များကလည်း စင်္ကာပူတွင် ၂၀၁၈ ခုနှစ် အိမ်ခြံမြေလေလံပွဲများမှ ရောင်းချရသည့် စုစုပေါင်းတန်ဖိုးသည် ၄၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စင်္ကာပူဒေါ်လာ ၄၆ ဒသမ ၄ သန်းသာ ရှိခဲ့ကြောင်း ပြသနေသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service