၂၀၁၉ ခုနှစ်အထိ ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းများ ဆက်လက်ကျဆင်းနေဖွယ်ရှိကြောင်း ဟောကိန်းများထွက်ပေါ်

၂၀၁၉ ခုနှစ်အထိ ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းများ ဆက်လက်ကျဆင်းနေဖွယ်ရှိကြောင်း ဟောကိန်းများထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
6 Dec 2018 11:58 am တွင် တင်ခဲ့သည်
881 ကြိမ် ကြည့်ရှု့ပြီး

ဒူဘိုင်း၏ အိမ်ခြံမြေဈေးနှုန်းများသည် လာမည့် ၂၀၁၉ ခုနှစ်အထိ ဆက်လက်ကျဆင်းနေဖွယ်ရှိကြောင်း ဟောကိန်းများ ထွက်ပေါ်လာသည်။

Cavendish Maxwell က ထုတ်ပြန်သော အချက်အလက်များအရ ဒူဘိုင်း၏ နှစ်စဉ်အိမ်ခြံမြေဈေးနှုန်းများမှာ ပြီးခဲ့သော အောက်တိုဘာလစာရင်းများအရ ၅ ဒသမ ၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။လအလိုက် နှိုင်းယှဉ်လျှင်မူ ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု အဆိုပါသုတေသနတွင် ဖော်ပြသည်။

Cavendish Maxwell ကခန့်မှန်းထားရာတွင် ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၈ နှစ်ကုန်အထိ ဆက်လက်ကျဆင်းနေမည် ဖြစ်ကာ ၂၀၁၉ နှစ်စပိုင်းအထိ ကျဆင်းမှုများ ရှိနေမည်ဟု ဆိုသည်။

ဒူဘိုင်းတွင် အရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေတို့၏ ပျှမ်းမျှဈေးနှုန်းပမာဏမှာ အာရပ်ငွေ ၂ သန်း (ကန်ဒေါ်လာ ၅၄၀၀၀၀) ဝန်းကျင်ခန့် ဖြစ်သည်။

ဆောက်လုပ်ဆဲ လူနေခန်း အရောင်းအဝယ်ဖြစ်မှု ပမာဏမှာမူ နှစ်အလိုက်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့သည်။

အဆိုပါ အစီရင်ခံစာအရ ဒူဘိုင်းတွင် လွန်ခဲ့သော ၃ နှစ်ခန့်က တိုက်ခန်းတစ်ခု၏ ပျှမ်းမျှပေါက်ဈေးမှာ အာရပ်ငွေ ၂ ဒသမ ၁ သန်းရှိခဲ့သော်လည်း ယခုအခါတွင် ပျှမ်းမျှပေါက်ဈေး ၁ ဒသမ ၉ သန်းသာရှိတော့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက လုံးချင်းအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်းမှာ အာရပ်ငွေ ၅ ဒသမ ၆ သန်းဖြစ်သော်လည်း ယခုအချိန်တွင် ၄ ဒသမ ၉ သန်းသာ ရှိတော့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service