မိုက်ခရိုဝေ့ဖ် မီးဖိုဖြင့်ချက်ပြုတ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အချက်(၅)ရပ်

မိုက်ခရိုဝေ့ဖ် မီးဖိုဖြင့်ချက်ပြုတ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အချက်(၅)ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
5 Dec 2018 1:16 pm တွင် တင်ခဲ့သည်
1841 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ အစာတွေကို ထုတ်ယူပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်လိုက်ရင် သုံးမိနစ်အတွင်း အစာတွေ ပူနွေးပြီး ချက်ထားခါစလို စားချင်စဖွယ် ဖြစ်သွားတတ်ပါတယ်။ ဒီလို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆိုတာကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်တဲ့အခါ အောက်ပါအချက်ငါးရပ်ကို တွေ့ရှိခဲ့ရပါတယ်။

မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာကြောင့် အစာအာဟာရဓာတ်ကို လျော့ကျစေတယ်

အစာတွေကို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးတာကြောင့် ပင်ကိုအာဟာရဓာတ်တွေ လျော့ကျစေပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အထဲမှာ ထည့်ထားတဲ့ အစာထဲကို ရေမော်လီကျူးတွေ လှည့်လည်နေပြီး မော်လီကျူး ပွတ်တိုက်မှု ဖြစ်စေပါတယ်။ နောက်ဆုံးမှာ အပူရှိန်ကြောင့် အစာထဲက မော်လီကျူး တည်ဆောက်ပုံ ပြောင်းလဲသွားပြီး ရလဒ်အနေနဲ့ အာဟာရပါဝင်မှု လျော့ကျ သွားပါတော့တယ်။

မိုက်ခရိုဝေ့ဖ်အစာဟာ သွေးထဲက ဓာတ်တွေကို ပြောင်းလဲစေတယ်

ဆွစ်ဇ်ဆေးပညာ လေ့လာမှုအရ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးထားတဲ့ နွားနို့နဲ့ ဟင်းသီးဟင်းရွက်တွေကို စားတဲ့ သူတွေရဲ့ သွေးဟာ ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ပြင်ဆင်ထားပုံ မတူညီတဲ့ အစာတွေကိုစားတဲ့ လူရှစ်ဦးအား လေ့လာခဲ့ရာ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ်ထားတဲ့ အစာစားထားရင် သွေးဖြူဥပမာဏ မြင့်တက်ပြီး သွေးနီဥပမာဏ လျော့နည်းနေတာကို လေ့လာတွေ့ရှိရပါတယ်။

မိုက်ခရိုဝေ့ဖ် မီးဖိုဟာ မိခင်နို့နဲ့ ဗီတာမင် B12 ကို လျော့ပါးစေတယ်

မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ အစာကို အပူပေးလိုက်တဲ့အခါ ဗီတာမင် B12 ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးက လျော့ပါးသွားပါတယ်။ စားနပ်ရိက္ခာဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ အပူပေးလိုက်တဲ့အခါ ဗီတာမင် B12 ဆုံးရှုံးသွားတဲ့ အစားအသောက်တွေက အမဲသား၊ ဝက်သား နဲ့ နွားနို့တွေလို ဗီတာမင် B12 ပါဝင်မှု များတဲ့ အစာတွေ ဖြစ်ပါတယ်။လေ့လာမှု ရလဒ်အရ အစာဟာ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးပြီးတဲ့အခါ ဗီတာမင် ဆုံးရှုံးမှုက ၃၀-၄၀ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ မိုက်ခရိုဝေ့ဖ် မီးဖိုနဲ့ အပူပေးလိုက်တဲ့အခါ အစာထဲက ဗီတာမင် B12 ဟာ မတက်ကြွတဲ့ ပုံစံအဖြစ်ကို ပြောင်းသွားပါတယ်။

မိခင်နို့ထဲက ဘက်တီးရီးယား တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် ပစ္စည်းတွေ ဟာလည်း မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးလိုက်တဲ့အခါ ဆုံးရှုံးသွားတတ်ပါတယ်။ အေးခဲထားတဲ့ မိခင်နို့ နမူနာ ၂၂ ခုကို စမ်းသပ်ကြည့်ရာ အပူပေးချိန် ၃၀ စက္ကန့်အတွင်း အပူရှိန်မြင့်လေ၊ အီးကိုလိုင်ဘက်တီးရီးယားပိုး ပမာဏဟာ အခန်းအပူချိန်မှာ ထားတာထက် ၁၈ ဆ ပိုပွားများလေ ဖြစ်ကြောင်း တွေ့ရပါတယ်။ အပူချိန်နည်းနည်း ပေးတဲ့အခါ လိုင်ဆိုဇိုမ်းစွမ်းအား လျော့ကျပြီး ကလေးမှာ ဘက်တီးရီးယား ကူးစက်ခံရနိုင်ခြေများကြောင်း သိရပါတယ်။

 

မိုက်ခရိုဝေ့ဖ်မီးဖိုဟာ အစာထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ကို အားပေးတယ်

မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့အစာတွေကို အပူပေးတဲ့အခါ အစာထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ထွက်ရှိ လာစေပါတယ်။ ဂျာမန်နဲ့ ရုရှားလေ့လာမှုအရ မိုက်ခရိုဝေ့ဖ် မီးဖိုအကြောင်း ကျန်းမာရေးသတိပေးချက်တွေ ဖော်ပြခဲ့ဖူးကြောင်း၊ မိုက်ခရိုဝေ့ဖ်မီးဖိုထဲက ပလတ်စတစ်ထုပ်ပိုးထားတဲ့ အစာတွေမှာ BPA၊ ပိုလီအီသိုင်လင်းတာ့ပ်သားလိတ်၊ ဘန်ဇင်း၊ တော်လင်းနဲ့ ဇိုင်လင်းတို့လို အဆိပ်ရှိဓာတုပစ္စည်းတွေ ပါဝင်ကြောင်း သိရပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ အပူပေးထားတဲ့ အစာတွေကိုပလတ်စတစ် ထုပ်ပိုးပြီး အပူပေးရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေထွက်လာပြီး အဲဒီအစာတွေစားတဲ့အခါ သင့်ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

မိုက်ခရိုဝေ့ဖ်မီးဖိုဟာ နှလုံးခုန်နှုန်းကို ပြောင်းလဲစေတယ်

မိုက်ခရိုဝေ့ဖ်မီးဖိုကို အသုံးပြုစဉ်မှာ ဓာတ်ရောင်ခြည် 2 ဒဿမ 4 GHz နှုန်းကို အဆက်မပြတ် ထုတ်လွှတ်နေတာကြောင့် သင့်ခန္ဓာကိုယ်အပေါ်သက်ရောက်မှုရှိစေပါတယ်။ ထရန့်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မိုက်ခရိုဝေ့ဖ်မီးဖိုက ထွက်လာတဲ့ဓာတ်ရောင်ခြည်ဟာ နှလုံးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲအပေါ် သက်ရောက်မှုရှိကြောင်းသိရပါတယ်။ ဒါကြောင့် မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ထားတဲ့အစာတွေကို ပုံမှန်စားရင် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာနဲ့ ရင်ဘတ်အောင့်တာတို့ကို ဖြစ်စေပါတယ်။

 

Credit: ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service