မြေဂရန် မိတ္တူရှိသူထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်

မြေဂရန် မိတ္တူရှိသူထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2018 12:31 pm တွင် တင်ခဲ့သည်
7676 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

''ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ရပါသလား''ဟု မိတ်ဆွေ တစ် ဦးက စာရေးသူထံ လာရောက်မေး မြန်းဆွေးနွေးပါသည်။

''ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ မရပါဘူး။ ဂရန်မူရင်းက ပျောက်ဆုံးသွားလို့လား'' စာရေးသူက မေးခွန်းပြန်ထုတ်လိုက်မိသည်။

''မူရင်းဂရန်ကတော့ရှိပါတယ်။ ဒါပေမယ့် မြေကွက်တစ်ခြမ်း ဝယ် ထားသူက လက်ဝယ်ရယူထားလို့ ပါ''

''ရောင်းမယ်ဆိုတဲ့ မြေကွက်က အကျယ်အဝန်းဘယ်လောက်ရှိသလဲ''

''ပေ ၂ဝ x ပေ ၆ဝ မြေကွက် ပါ။ အိမ်ကတော့ ပျဉ်ထောင်အိမ် တစ်ထပ်''

''ဒါဆိုရင် မူလဂရန်မြေကွက်က ပေ ၄ဝ x ပေ ၆ဝ မြေကွက်မဟုတ် လား''

''ဟုတ်ပါတယ်။ ပေ ၂ဝ x ပေ ၆ဝ ခွဲပြီး ရောင်းထားတာပါ။ ဝယ် ထားသူတွေအနေနဲ့ တရားဝင်ခွဲစိတ် ရခြင်း မရှိသေးတော့ ဂရန်မူရင်း က ပေ ၄ဝ x ပေ ၆ဝ မြေကွက်ဂရန်ပဲ ဖြစ်နေလိမ့်မယ်ထင်တယ် ဆရာ''

''သိပ်တော့ မခဲယဉ်းပါဘူး။ မူရင်း ဂရန်ကို ငှားပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုလို့ရ ပါတယ်။ အိမ်ပွဲစားပါတယ် မဟုတ် လား''

''အိမ်ပွဲစားကတော့ ဆရာပြော သလို ဂရန်မူရင်းကို ငှားပြီးဆောင် ရွက်လို့ရတယ် ပြောပါတယ်''

''အချို့ ပုဂ္ဂိုလ်တွေက ဂရန်မူရင်း ငှားတာကို ငှားရမ်းခတောင်းတာတွေ ရှိတယ်လို့ ကြားတယ်''

''အိမ်ပွဲစားကပြောတော့ ဂရန် မူရင်းခသဘောမျိုး ငွေကြေးတော့ ပေးရမယ်ပြောပါတယ်''

''မူရင်း ဂရန်စာချုပ်ကို ရယူထားသူက မြေဂရန်အမည်ပေါက် လား''

''အဲဒါအခက်အခဲရှိနေတာ ဆရာ။ သူကလည်း နှစ်ဆင့်လောက် ပိုင်ရှင်ပြောင်းထားတယ်။ အဲဒီလိုပဲ ဂရန်မိတ္တူရထားတဲ့သူကလည်း နှစ် ဆက်လောက်ရောင်းထားတယ်။ ဒါ ကြောင့် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့ ဆရာ''

''အဓိကအချက်က မူလ အမည်ပေါက်ကို ရှာလို့ လွယ်ကူရင် တော့ ငွေကြေးအနည်းငယ်ကန်တော့ ပြီး လိုက်ပါ ဆောင်ရွက်ပေးဖို့ ပြောရ မယ်ထင်တယ်''

''မြေအမည်ပေါက်က လှိုင်သာ ယာမြို့နယ်ဘက်ပြောင်းသွားတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ သေချာမသိ တော့ ဆက်သွယ်လို့မရဖြစ်နေတယ်''

''ကုန်ကျစရိတ်ကများမှာဖြစ် လို့ စဉ်းစားတော့ ဝယ်သင့်တယ်''

''ဟုတ်ကဲ့ ဆောင်ရွက်ရမယ့် အဆင့်တွေ သိထားချင်လို့ပါ။ ဒါမှ လည်း ကုန်ကျစရိတ်ကို မှန်းဆနိုင်မှာ ဖြစ်တယ်''

''ပထမအချက်အနေနဲ့ အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုဖို့ မြေပုံမြေရာဇဝင်ကူးယူရပါမယ်။ အဲဒီ မှာ မူရင်းဂရန်ကို တင်ပြရတယ်။ အမည်ပေါက် ဒါမှမဟုတ် အမည် ပေါက်ရဲ့ ကိုယ်စားလှယ်စာရသူက လျှောက်ထားနိုင်ပါတယ်''

''ဒါဆိုရင် မူရင်းဂရန်ရှိသူက မြေအမည်ပေါက်ထံက ကိုယ်စား လှယ်စာရှိမယ်ဆိုရင် သူက လျှောက် ထားနိုင်တာပေါ့''

''ဟုတ်ပါတယ်။ ဒါကြောင့် မြေ အမည်ပေါက်ထံက မူရင်းဂရန်ရှိသူ ကို ကိုယ်စားလှယ်လွှဲစာပေးထားခြင်း ရှိ မရှိ ဦးစွာမေးမြန်းစုံစမ်းရမှာဖြစ် တယ်။ ကိုယ်စားလှယ်လွှဲစာပေးထား တယ်ဆိုရင်တော့ မြေပုံမြေရာဇဝင် ကူးပေးဖို့ ညှိနှိုင်းတောင်းဆိုရမယ်''

''တကယ်လို့ မြေအမည်ပေါက် မြေရှင်ကို ရှာဖွေတွေ့လို့ ကျွန်တော်က သူ့ထံမှ ကိုယ်စားလှယ်လွှဲစာ တိုက် ရိုက်ယူထားရင် ဖြစ်ပါသလား''

''ဒါပေမယ့် မူရင်း ဂရန်တင်ပြမှ မြေပုံ မြေရာဇဝင်ကူးယူခွင့်နဲ့ စာချုပ် စာတမ်းမှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုနိုင်မှာဆိုတော့ မူရင်း ဂရန်ကိုတော့ ခေတ္တငှားရမှာဖြစ် တယ်''

''ဘယ်လိုပဲဖြစ်ဖြစ် မူရင်းဂရန် လက်ဝယ်ရှိသူနဲ့တော့ ညှိနှိုင်းဆောင် ရွက်ရမှာပေါ့နော်''

''ဟုတ်ပါတယ်။ ပိုင်ရှင်နှစ်ဆင့် လောက်ပြောင်းသွားပြီဆိုတော့ သူတို့ က အရပ်စာချုပ်နဲ့ ဝယ်ကြသလား။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပြုလုပ်ဝယ်ထားသလားဆိုတာ စုံစမ်း ဖို့ လိုပါတယ်''

''ပြောစကားအရတော့ ဂရန်မူ ရင်းရှိသူတွေကလည်း အရပ်စာချုပ် နဲ့ပဲ ဝယ်ကြတယ်ပြောတယ်''

''အခုရောင်းမယ်ဆိုတဲ့ ဂရန် မိတ္တူပိုင်ရှင်ကလည်း အရပ်စာချုပ်နဲ့ ပဲဝယ်ထားကြမှာပေါ့''

''မှန်ပါတယ်။ ဒါကြောင့် တရားဝင်အောင် ဆောင်ရွက်ချင်လို့ပါ''

''အစောက ပြောသလို မြေအမည်ပေါက် ပိုင်ဆိုင်သူရဲ့ ကိုယ်စား လှယ်လွှဲစာကို မူရင်းဂရန် လက်ဝယ် ရှိသူက ရရှိထားမယ်ဆိုရင် မြေပုံ မြေ ရာဇဝင်ကို သူ့အနေနဲ့ ကူးယူလျှောက် ထားရမယ်''

''မြေပုံမှာတော့ ပေ ၄ဝ x ပေ ၆ဝ မြေကွက်အနေနဲ့ပဲ ထွက်မှာပေါ့ နော်''

''မှန်ပါတယ်။ အဲဒီ ပေ ၄ဝ x ပေ ၆ဝ မြေကွက်ထဲက အခုရောင်း မယ့် ပေ ၂ဝ x ပေ ၆ဝ မြေကွက် အပေါ် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရပါမယ်''

''ဒါဆိုရင် ဂရန်မူရင်းရှိသူက လိုက်ပါဆောင်ရွက်ပေးရမယ့် သဘော ပေါ့''

''မှန်ပါတယ်။ ပြီးမှမြေကွက်ခွဲ စိတ်ပေးဖို့ လျှောက်ထားရမှာဖြစ် တယ်''

''မြေကွက်က တစ်ဖက်သတ်ခွဲ စိတ်လို့ရပါသလား''

''ဥပဒေအရတော့ တစ်ဖက် သတ်ခွဲစိတ်ပေးဖို့ မြေယာဌာနမှာ လျှောက်ထားရပါတယ်။ မြေတိုင်း ဌာနက လာရောက်ကြည့်ရှုစစ်ဆေး ပြီး မြေကွက်ခွဲပေးမှာဖြစ်ပါတယ်''

''မြေကွက် ခွဲလိုက်ရင် ဂရန်သီး ခြားစီ ရပါသလား''

''အကောင်းဆုံးကတော့ ဂရန်မူ ရင်းရှိသူကလည်း မြေကွက်ခွဲပေးဖို့ ပြိုင်တူလျှောက်ထားမယ်ဆိုရင်တော့ ဂရန်သီးခြားစီခွဲထွက်လာမှာဖြစ်တယ်''

''ဂရန်မူရင်းရထားသူက မြေ ကွက်ခွဲစိတ်ဖို့ အတူမလျှောက်ရင် ဘယ်လိုဖြစ်နိုင်သလဲ''

''မူရင်းဂရန်အမည်ပေါက်နဲ့ ဂရန်သီးခြားထုတ်ပေးထားတော့ရှိ တယ်''

''ဆိုလိုတာက ကျွန်တော်တို့က မြေကွက်ခွဲစိတ်ဖို့ လျှောက်ခဲ့ရင် ပေ ၂ဝ x ပေ ၆ဝ မြေကွက်ကို ကျွန်တော် တို့ အမည်နဲ့ ဂရန်သစ်ခွဲပေးမယ်။ ကျန် ပေ ၂ဝ x ပေ ၆ဝ မြေကွက်က တော့ မူလအမည်ပေါက်နဲ့ပဲ ခွဲစိတ် ပေးမယ့် သဘောပေါ့''

''ဟုတ်ပါတယ်။ ဒါကြောင့် မူရင်း ဂရန်လက်ဝယ်ရှိသူနဲ့ ဦးစွာ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပြီး မူရင်း ဂရန်လက်ဝယ်ရှိသူက ဂရန်အမည် ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာရယူ ထားခြင်းရှိ မရှိ စုံစမ်းရမှာဖြစ်တယ်''

''မူရင်း ဂရန်ရှိသူထံမှာ အမည်ပေါက်ရဲ့ ကိုယ်စားလှယ်လွှဲစာမရှိခဲ့ ရင် ဘယ်လိုဆောင်ရွက်မလဲ''

''တရားရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်ချုပ်ဆိုပေးစေလိုမှုအ ဖြစ် တရားစွဲဆို တောင်းခံရမှာဖြစ် တယ်''လို့ ရှင်းပြလိုက်ပါသည်။

 

Credit:  ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service