ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ - Property Knowledge in Myanmar from iMyanmarHouse.com
566 Views

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ

Knowledge | Posted by Hnin Ei Khin

အရင်ဆုံးပါမစ်မြေအကြောင်း ဖော်ပြရမည်ဆိုလျှင် ပါမစ်မြေဆိုသည်မှာ လူနေထိုင်ရန်အတွက် အစိုးရ အသိအမှတ်ပြုချထားပေးသော နေအိမ်ဆောက်လုပ်နေထိုင်ခွင့်ရှိသော မြေအမျိုးအစားပင်ဖြစ်ပါသည်။ မြို့ကွက်သစ်များ စတင်ဖော်ဆောင်သည့်အခါ ပါမစ်မြေကွက်များအား ယခင်က မြို့ပြနှင့် အိုးအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စည်းတံဆိပ်တုံး ရိုက်နှက်ကာ ချထားပေးပြီး ယခု မြေချပါမစ်များအား စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲ မှုဌာနမှ ထုတ်ပေးပါသည်။

ပါမစ်မြေကွက်အား မိသားစုဓာတ်ပုံမှတ်တမ်း၊ အမည်ပေါက် ရာဇဝင်အကျဉ်းချုပ် မှတ်တမ်းစာရွက်၊ မြေ နေရာချထားပေးခံရသူများ မှီခိုသူများစာရင်း၊ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်မှတ်တမ်း (စာရွက်စာတမ်း(၄)ရွက်) တို့ ပါဝင်၍ ချထားပေးပါသည်။ ပါမစ်မြေမှာ အမည်ပေါက်ကိုယ်တိုင်သာ မိသားစုဖြင့် နေထိုင်မှုပြုရန် ချထားပေးသော်လည်း အရပ်ထဲတွင်တော့ နေထိုင်မှုအတွက် အဆင့်ဆင့်လွှဲပြောင်း ရောင်းချမှုများ ဆောင်ရွက်ကြပါသည်။

အစိုးရမှ ချထားပေးသော သက်သေခံ ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာ ရှိနေမှ လွှဲပြောင်းရောင်းချမှုပြုသည့်အခါ အဆင်ပြေမည်ဖြစ်ပါသည်။ ပါမစ်မြေဝယ်ရင်အမည်ပေါက် မှန်မမှန်၊ ပေအကျယ်အဝန်းများ မြေပြင်နှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရန်လိုသလို ပါမစ်စာရွက်စာတမ်းများ မူလထုတ်ပေးသည့် အတိုင်း မှန်ကန်မှုရှိမရှိ ဌာနတွင်သွားရောက် စုံစမ်းရန်လဲ လိုအပ်ပါသေးသည်။

ပါမစ်မြေအား အဆင့်ဆင့်လွှဲပြောင်း ဝယ်ယူသူမှဖြစ်စေ၊ အမည်ပေါက်မှဖြစ်စေ စည်ပင်သာယာရေး ကော်မတီ မြေစီမံခန့်ခွဲမှုဌာနတွင် မြေငှားဂရန် လျှောက်ထားခြင်းပြုသည့်အခါမှ ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်ပါသည်။

လက်ဝယ်ထားရှိသော ပါမစ်မြေစာရွက်စာတမ်းများ စုံလင်စွာ မရှိတော့သောအခါ၊ ပျောက်ဆုံးမှုဖြစ်ပေါ်သည့်အခါတွင်လဲ ပါမစ်ပျောက်ဖြင့် မြေငှားဂရန်လျှောက်ထားနိုင်ရန် အောက်ပါအတိုင်း ဆောင်ရွက်မှုပြုရပါမည်။

၁။ ပါမစ်မူရင်း အမှန်တကယ်ပျောက်ဆုံးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ၂။ မြို့နယ်ရဲစခန်း ထောက်ခံချက်၊ ၃။ ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ကိုယ်တိုင်ဝန်ခံကတိပြုချက်တို့ဖြင့် သက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဌာနတွင် တင်ပြလျှောက်ထားရန်တော့ လိုပါသည်။ အမွေဆက်ခံသူမှ ပါမစ်ပျောက်ဖြင့် မြေငှားဂရန် လျှောက်ထားသည့်အခါတွင် အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ၊ ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်းတို့ တင်ပြပြီး ကန့်ကွက်ရှိမရှိ သတင်းစာကြေငြာရပါမည်။ အဆင့်ဆင့်လွှဲပြောင်း ပိုင်ဆိုင်လာသူများမှလဲ ပါမစ်မြေမှ ဂရန်မြေအဖြစ် လျှောက်ထားခြင်းပြုနိုင်ပြီး လောလောဆယ်တော့ ဌာနမှ ခေတ္တရပ်ဆိုင်းထားကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

ပါမစ်မြေအား (၂၀×၆၀) ပေ ခွဲ၍ ဝယ်ယူလျှင်လဲ မြေကွက်အတွင်း နေထိုင်သူ (၂)ဦးပေါင်း၍ နှစ်ဦးနာမည်ဖြင့် မြေငှားဂရန် လျှောက်ထားမှုပြုရပါမည်။ မြေငှားဂရန် လျှောက်ထားရာတွင် မူလပါမစ်အမည်ပေါက်လဲလိုအပ်ပြီး လျှောက်ထားသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မူရင်း၊ အဆောက်အဦးဓာတ်ပုံမှတ်တမ်း၊ ကြွေးကျန်ကင်းရှင်းကြောင်း မြေခွန်ပြေစာတို့လဲ လိုအပ်ပါသည်။ ကန့်ကွက်ရှိမရှိ ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်း၊ သတင်းစာ ကြေငြာခြင်းတို့ ဆောင်ရွက်စေပြီး အရှုပ်အရှင်းကင်းရှင်းလျှင် ဌာနမှ ဂရန်ချထားပေးပါသည်။

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားသည်များလဲရှိပြီး ကန့်ကွက်မရှိ၍ ဂရန်ထုတ် ပေးသည့်တိုင် ပါမစ်မူရင်း တင်ပြကန့်ကွက်လာသည့်အခါ ဂရန်မူရင်းအား ပယ်ဖျက်မည်ကိုသိရှိကြောင်း စာသားပါသည့် တံဆိပ်တုံးပေါ်တွင် လျှောက်ထားသူအား ဌာနမှ လက်မှတ်ရေးထိုးစေခြင်းလဲရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service