စရန်စာချုပ် သို့မဟုတ် အဓိကအကျဆုံး စာချုပ်

စရန်စာချုပ် သို့မဟုတ် အဓိကအကျဆုံး စာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
3 Oct 2018 1:00 pm တွင် တင်ခဲ့သည်
7732 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

စရန်စာချုပ်ဆိုတာပြောတော့သာ စရန်စာချုပ် တကယ်တော့ အဓိကအကျဆုံးစာချုပ်ပါ။ ရောင်းဝယ်ခြင်း ပြီးဆုံး ဇာတ်သိမ်းတဲ့အထိ ပါသွားမယ့် စာချုပ်ပါ။ ဒါကြောင့် လွယ်လွယ်ဝယ်လို့ ရတဲ့ စာချုပ်ပုံစံထဲမှာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းသူဝယ်သူ တို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နှစ်ဦးနှစ်ဖက် သဘောတူအောင် ညှိပြီး  စုံစုံလင်လင်ကို ရေးကြရမှာပါ။

စာချုပ် နည်းနည်းပါးပါး ရှည်ချင်လည်း ရှည်ပါစေ ပြည့်စုံဖို့ကအဓိကပါ။ စရန်စာချုပ်မှာ လက်မှတ်ထိုးကြ တဲ့ အသိသက်သေ နှစ်ဦးကိုလည်း နာမည်၊ မှတ်ပုံတင်၊ နေရပ်၊ ဖုန်းနံပါတ်က စလို့ စုံစုံ လင်လင် ရယူထားရပါမယ်။ စာချုပ်ချုပ်တဲ့ အခါမှာလည်း မူရင်း နှစ်စောင်ရေးကြ ရပါမယ်။ ဝယ်သူ တစ်စောင်၊ ရောင်းသူတစ်စောင် ယူထားကြရပါမယ်။ ဖြစ်နိုင်ရင် မိတ္တူကူးပြီး အကျိုးဆောင်ကြီးတွေ တစ်စောင်စီ ယူထားကြဖို့လည်း လိုပါတယ်။

စရန်စာချုပ်ကို ရောင်းတာပဲ ဖြစ်ဖြစ်၊ ငှားတာပဲ ဖြစ်ဖြစ် ပြည့်ပြည့်စုံစုံ ရေးထားရင် ပျက်ဖို့ခဲယဉ်းပါတယ်။မတော်တဆ ပျက်ကြရင်လည်း ဖြေရှင်းရတာ လွယ်ပါတယ်။

ရောင်းချမယ့် ကတိကိုပိုင်ရှင်ဘက်မှလည်း ပျက်တတ်ပါတယ်။  စရန်ယူပြီးမှ ၎င်းအိမ်ခြံမြေကို အဆမတန် ဈေးပေးဝယ်ယူမယ့်သူ ပေါ်ပေါက်ခဲ့ရင် ရောင်းချသူဟာ စရန်ကို နှစ်ဆ လျော်ရရင်လဲ လျော်ပါမယ် ဆိုတဲ့အကြံ ပေါ်တတ်ပါတယ်။ စရန်ယူပြီး နောက်မှ ဖုံးအုပ်ထားတဲ့ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာတတ်ပါတယ်။ တစ်ဦးတစ်ယောက်ကို ပေးကမ်းထားခြင်း၊ ရောင်းချရန် စရန်ယူထားပြီး ဖြစ်ခြင်း၊ ပေါင်နှံထားခြင်း၊ လှူဒါန်းထားခြင်းစတဲ့ အကြောင်း ကြောင်းတွေ ပေါ်လာခဲ့ရင်လည်း ရောင်းချမယ့်သူက စရန်စာချုပ်ပါအတိုင်း ဆက်လက်မဆောင်ရွက်နိုင်ရင် စရန်ငွေရဲ့ နှစ်ဆကို ပေးလျှော်ကြရပါတယ်။

ဒါပေမဲ့ စရန်စာချုပ်ချုပ်ဆိုစဉ် နှစ်ဆပေးလျော်ပါမယ်လို့ ထည့်သွင်းရေးသားခြင်း မပြုမိတာ၊ ဘာစည်းကမ်းကိုမှ မဖော်ပြဘဲ အာမခံသဘော ငွေပေးသွင်းရာ ရောက်စေတဲ့ စရန်စာချုပ် ဖြစ်နေတာတွေ ဟာ စရန်နဲ့ လျော်ကြေးတို့ကို မရစေနိုင်တဲ့ အကြောင်းကိစ္စတွေ ဖြစ်နေပါတယ်။

ဝယ်သူဘက်မှလည်း ပျက်ကွက်တတ်ပါတယ်။စရန်ချထားစဉ် ကာလအတွင်း အဲ့သည် အိမ်ခြံမြေထက် အနေအထားသာ ပြီး ဈေးသက်သာတဲ့ အမှန်အကန်ပစ္စည်း တစ်စုံတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရင်လည်း ဝယ်သူက စရန်အဆုံးခံတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ စရန်ချထားပြီးတဲ့ အိမ်ခြံ မြေကို ဆက်လက်ဝယ်ယူဖို့  ဆန္ဒမရှိ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ငွေကြေး အကျပ်အတည်းကြောင့် အခြေအနေ မပေးတော့ဘဲ ဆက်လက်မဝယ်ယူနိုင်ခြင်း လည်း ဖြစ်တတ်ပါတယ်။

ဘယ်လို အကြောင်းကြောင့် ဖြစ်စေ စရန်စာချုပ်ချုပ်ကတည်းက ဆက်လက်မဝယ် ဖြစ်ရင် စရန်ဆုံးပါမယ် ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းဖို့ မမေ့ကြပါနဲ့။ သီးခြားပုံစံတစ်မျိုး အနေနဲ့ စရန်စာချုပ်ကို ခြွင်းချက် ရေးသားချုပ်ဆိုရင် တော့ စရန်စာချုပ် ပျက်ပြယ်ကြရမယ့် အခါမျိုးမှာ ရောင်းသူ၊ဝယ်သူနှစ်ဦးရဲ့တို့ ကတိစကား (စာချုပ်ပါအတိုင်း) တို့ကသာ အတည်ဖြစ်ပါတယ်လို့ ဥပဒေအတိုင်ပင်ခံ ဦးကြည်စိုးက ပြောပါတယ်။

 

Credit:  The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service