ရှေးဟောင်းအိမ်ထောင်ပရိဘောဂပစ္စည်းများ ဝယ်ယူနိုင်သည့် ကော်ဖီဆိုင်၊ စားသောက်ဆိုင်များ ဘန်ကောက်တွင် ခေတ်စား

ရှေးဟောင်းအိမ်ထောင်ပရိဘောဂပစ္စည်းများ ဝယ်ယူနိုင်သည့် ကော်ဖီဆိုင်၊ စားသောက်ဆိုင်များ ဘန်ကောက်တွင် ခေတ်စား - Property News in Myanmar from iMyanmarHouse.com
4 Sep 2018 12:30 pm တွင် တင်ခဲ့သည်
2262 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တမူထူးခြားသော ကော်ဖီဆိုင်၊ စားသောက်ဆိုင် ယဉ်ကျေးမှုတစ်ခု ပေါ်ထွန်းလာလျက်ရှိနေသည်။

ကော်ဖီဆိုင်များတွင် အလှဆင် ခင်းကျင်းပြသထားသော ရှေးဟောင်းအိမ်ထောင်ပရိဘောဂပစ္စည်းများကို ဝယ်ယူနိုင်ခြင်း ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် အိမ်တွင်းအလှဆင်ပစ္စည်းတစ်မျိုးမျိုးဝယ်ယူရေးအတွက် ညနေခင်းဈေးဝယ်ထွက်ရန်၊ အခြားဈေးဝယ်သူ များစွာအကြား တိုးဝှေ့ဝယ်ယူရန် ပျင်းရိနေလျှင် ဘန်ကောက်တွင် ထိုသို့လုပ်ဆောင်ရန် မလိုတော့ချေ။

ကော်ဖီဆိုင်များတွင် ကော်ဖီသောက်နေရင်း ဆိုင်အတွင်း အလှဆင်ထားသော ထူးခြားလှပသည့် ရှေးဟောင်းပရိဘောဂပစ္စည်း တစ်မျိုးမျိုးကို နှစ်သက်ပါက ထုတ်ပိုးခိုင်းပြီး သင့်နေအိမ်သို့ ပို့ဆောင်ခိုင်းလိုက်ရုံသာဖြစ်သည်။

ယင်းနောက် အေးအေးချမ်းချမ်း ကော်ဖီ (သို့မဟုတ်) ဘီယာ ဆက်သောက်နေနိုင်သည်။

(ဘန်ကောက်တွင် စားသောက်ရင်း ရှေးဟောင်းပရိဘောဂ ၊ အသုံးအဆောင်ပစ္စည်းဝယ်ယူနိုင်မည့် ဆိုင်များ)

၁။ အက်ကာမိုင်ဆွိုင် ၂၁ လမ်းရှိ TUBA Design Furniture & Restaurant

ဘန်ကောက်တွင် ဂန္ထဝင်မြောက် ချိန်းဆိုတွေ့ဆုံကြသည့်နေရာတစ်ခု ဖြစ်လာနေသည်။ စားသောက်ဖွယ်ရာများ စားသောက်ခြင်း၊ အရက်သောက်ခြင်း၊ ကာရာအိုကေသီဆိုခြင်းများအတွက် သီးသန့်ခန်းများစွာ စီစဉ်ပေးထားသည်။ဆိုင်တွင် ပြသထားသော ရှေးဟောင်းပစ္စည်းများကား ဈေးမသက်သာလှချေ။TUBA တွင် blue martinis တစ်ခွက်လျှင် ဘတ်ငွေ ၂၅၀(ကန်ဒေါ်လာ ၇ ဒသမ ၆ ဒေါ်လာ) ဖြင့် သောက်သုံးနိုင်သည်။

တည်နေရာ- အမှတ် ၃၄၊ အက်ကာမိုင်ဆွိုင် ၂၁ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိ (နေ့စဉ်ဆိုင်ဖွင့်သည်)

ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/tubabkk/

၂။ သောင်ဂ်လာ ၁၃ လမ်းရှိ Sundays ကော်ဖီဆိုင်

အနုပညာဆန်စွာ ပြင်ဆင်ထားပြီး ဝန်ထမ်းများမှာ နွေးထွေးဖော်ရွေကြကာ စားသောက်ဖွယ်ရာများမှာလည်း အရသာရှိလှသည့် ဆိုင်ကလေးဖြစ်သည်။ ဆိုင်တွင် လူမရှုပ်ချိန်ဆိုပါက စားသောက်သူများနှင့်အတူထိုင်ပြီး ပုံဆွဲကြလေ့ရှိသည်ဟု ဆိုသည်။ ထူးခြားချက်မှာ ဆိုင်ဝန်ထမ်းများ ဖန်တီးထားသည့် အနုပညာလက်ရာများစွာကို ခင်းကျင်းပြသထားခြင်းဖြစ်ပြီး ယင်းတို့ကို ဝယ်ယူနိုင်သည်။ ဆိုင်အတွင်း ကြီးမားသည့် indoor ပင်များ စိုက်ပျိုးထားရှိရာ အေးချမ်းသည့်ခံစားချက်တစ်မျိုး ခံစားရမည်ဖြစ်သည်။ကြီးမားသည့် အလှဆင်ပစ္စည်းများမှာ ရောင်းချရန် မဟုတ်သော်လည်း ကျန်အရာများအားလုံးကို ဝယ်ယူနိုင်သည်ဟု ဆိုသည်။

တည်နေရာ- ၄၄/၉-၁၀ သောင်ဂ်လာ ၁၃ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၁၁ နာရီမှ ည ၁၁ နာရီ (နေ့စဉ်ဖွင့်သည်) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/sundays.bkk/

၃။ Shades of Retro bar

တည်နေရာ- ၈၀၈/၁၂ ဆွိုင် သာရာရွန် ၂ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီ (နေ့စဉ်ဖွင့်သည်) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/shadesofretrobar/

၎။ Kaffe 50

တည်နေရာ- ၂၄ အက်ကာမိုင် ၂၁ လမ်း၊ ဘန်ကောက်မြို့ ဆိုင်ဖွင့်ချိန်- နံနက် ၉ နာရီမှ ညနေ ၅ နာရီ (နေ့စဉ်ဖွင့်သည်) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/kaffebyY50/

၅။ 1 of a Kind

တည်နေရာ- ရာမ ၉၊ ဆွိုင် ၄၈၊ ဘန်ကောက်မြို့ (The Nine mall ၏ မျက်နှာချင်းဆိုင်) ဆိုင်ဖွင့်ချိန်- နံနက် ၁၁ နာရီမှ ည ၉ နာရီ (ဗုဒ္ဓဟူးနေ့မှလွဲပြီး) ဆိုင်၏ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/1ofakindstyle/

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service